CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၅ ပွဲစဉ်တွေထဲက အစောဆုံးပွဲအဖြစ် ယနေ့ (ဇူလိုင် ၂၃ ရက်)မှာ ဟံသာဝတီယူနိုက်တက်နဲ့ ဂျီအက်ဖ်အေတို့ ကစားခဲ့ကြတာမှာ ဟံသာဝတီယူနိုက်တက်က ၁၀ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

ဟံသာဝတီ ယူနိုက်တက် အသင်းဟာ ဒီပွဲမှာ ဂျီအက်ဖ်အေ အသင်းကို ပထမပိုင်း ၅ ဂိုး၊ ဒုတိယပိုင်း ၅ ဂိုး သွင်းယူခဲ့တာပါ။ ဟံသာဝတီ ယူနိုက်တက်အတွက် ဂိုးတွေကို စိုးကျော်ကျော်နဲ့ အောင်မြတ်သူက ၃ ဂိုးစီ၊ ကျော်ကျော်ဇင်ဟိန်းက ၂ ဂိုး၊ ရဲလင်းထက်နဲ့ ညီညီအောင်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဟံသာဝတီယူနိုက်တက် အသင်းသားများ အောင်ပွဲခံနေစဉ်

ဒီပွဲဟာ မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့တာပါ။

ဟံသာဝတီ ယူနိုက်တက် အသင်းဟာ ဒီပွဲ အပါအဝင် အခုနှစ်ရာသီ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၅ ပွဲကစား အပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ရရှိထားတာပါ။ ဂျီအက်ဖ်အေ အသင်းကတော့ ၅ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင် ၄ ပွဲ ရှုံးနိမ့်ထားတာ ဖြစ်ပါ တယ်။