CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၂ ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဇူလိုင်လ ၇ ရက်(ယနေ့)မှာ ရန်ကုန် ယူနိုက်တက်နဲ့ ရတနာပုံအသင်းတို့ ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ရတနာပုံအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ ရန်ကုန်ယူနိုက်တက် အတွက်ဂိုးတွေကို ထက်ဖြိုးဝေက ပထမပိုင်းနဲ့ ဒေးဗစ်ထန်းက ဒုတိယပိုင်းမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ရတနာပုံ အသင်းက ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ရန်ကုန်ယူနိုက်တက်ဂိုးသမား ဘုန်းသစ္စာမင်းက လက်စွမ်းပြ ကာကွယ် နိုင်ခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တာပါ။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဖွင့်ပွဲစဉ် ၂ ပွဲစလုံးနိုင်ပွဲရခဲ့တာဖြစ်ပြီး ရတနာပုံအသင်း ကတော့ ၁ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ရရှိခဲ့ပါတယ်။

ပွဲစဉ် ၂ ရဲ့ အခြားပွဲစဉ်တွေမှာတော့ ရှမ်းယူနိုက်တက်က ဂျီအက်ဖ်အေကို ၂ ဂိုး- ၁ ဂိုး၊ မြဝတီက ISPE ကို ၂ ဂိုး- ဂိုးမရှိ၊ ဧရာဝတီယူနိုက်တက်က ရခိုင်ယူနိုက်တက်ကို ၃ ဂိုး- ဂိုးမရှိ၊ မဟာ ယူနိုက်တက်က ဟံသာဝတီယူနိုက်တက်ကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

ပွဲစဉ် ၂ အပြီးမှာ ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်တို့က ၂ ပွဲစလုံးအနိုင်ရခဲ့ပြီး ဂျီအက်ဖ်အေနဲ့ ရခိုင် ယူနိုက်တက်တို့ကတော့ ၂ ပွဲစလုံးအရေးနိမ့်ထားတာဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဂ်ရဲ့ ပွဲစဉ် ၃ အဖြစ် ဇူလိုင်လ ၉ ရက်မှာ ISPE နဲ့ ဟံသာဝတီယူနိုက်တက်တို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။