CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မာတာရာဇီကို ခေါင်းနဲ့တိုက်ခဲ့တဲ့ ဖြစ်ရပ်က ဂုဏ်ယူစရာမဟုတ်ဘူးလို့ ဇီဒန်းပြော

By CNI
CNI
Category: အားကစား
Hits: 1317

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀

ပြင်သစ်ဂန္တဝင်ကစားသမား ဇီဒန်းက သူ့ရဲ့ ကစားသမားဘဝကို နာမည်ဆိုးနဲ့ အဆုံးသတ်စေခဲ့တဲ့ ခေါင်းတိုက် ချက်နဲ့ ပတ်သက်ပြီး ဂုဏ်ယူစရာမရှိဘူးလို့ ပြောလိုက်ပါတယ်။

ဇီဒန်းက “ကျနော်လုပ်ခဲ့တဲ့အရာအတွက် ဂုဏ်ယူစရာမရှိပါဘူး။ဒါပေမယ့် ဒါက ကျနော့်အတိတ်မှာ ဖြစ်ခဲ့တဲ့ အရာတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီ”လို့ Telefoot နဲ့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပါတယ်။

အီတလီနဲ့ ပြင်သစ်အသင်းတို့ ကစားခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဒီ အဖြစ်အပျက်ဖြစ်ခဲ့ပြီးနောက်မှာ ဇီဒန်းဟာ ၂၀၀၆ ခုနှစ်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့တာပါ။ဇီဒန်းဟာ ဗိုလ်လုပွဲရဲ့ အချိန်ပို ဒုတိယ ပိုင်းမှာ မာတာရာဇီရဲ့ရင်ဘတ်ကို ခေါင်းနဲ့တိုက်ပစ်ခဲ့တာဖြစ်တဲ့အတွက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရ တာဖြစ်ပြီး ဇီဒန်းအတွက်တော့ သူ့ရဲ့ နာမည်ကျော်ကစားသမားဘဝကို ဝမ်းနည်းစရာကောင်းစွာနဲ့ အဆုံးသတ်ခဲ့ ရတာပါ။

ဇီဒန်းဟာ ဒီပွဲစဉ်ရဲ့ အစောပိုင်းမှာ ပြင်သစ်အတွက် panenka စတိုင်ကန်သွင်းချက်နဲ့ ပင်နယ်တီသွင်းယူခဲ့ပေမယ့် မာတာရာဇီက အီတလီအတွက် ပြန်ချေပခဲ့တာကြောင့် ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျခဲ့ပြီး အချိန်ပိုအထိ ခရီး ဆက်ခဲ့ရတာဖြစ်ပါတယ်။အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး အီတလီက ၅ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရကာ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာပါ။ဇီဒန်းဟာ ဒီပွဲအပြီးမှာ အနားယူဖို့ စီစဉ်ထားခဲ့ပေမယ့် အနီကတ်ကြောင့် ကစားသမားဘဝကို စောစီးစွာအဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်ကစားသမားဘဝကို ၁၀၈ ပွဲကစားပြီး ၃၁ ဂိုးသွင်းယူကာ ၁၉၉၈ ကမ္ဘာ့ဖလား ချန်ပီယံဆု၊ယူရို ၂၀၀၀ ချန်ပီယံဆုရယူပြီး အဆုံးသတ်ခဲ့တာပါ။အဲဒီနောက်ပိုင်းမှာ ဇီဒန်းဟာ နည်းပြလောကထဲကို ဝင်ရောက်ခဲ့ပြီး ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက်တိုက်ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ဇီဒန်းဟာ ၂၀၁၈ မှာ ရီးရယ်လ်အသင်းက ထွက်ခွာခဲ့ပေမယ့် ၂၀၁၉ ကနေ ၂၀၂၁ အထိ စပိန်ကလပ်ကို ပြန်လည်ကိုင်တွယ်ခဲ့တာပါ။

ပြင်သစ်ကစားသမားဟောင်းဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပေမယ့် မကြာခင်နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်မယ်လို့လည်း ပြောခဲ့တာဖြစ်ပါတယ်။ဇီဒန်းက “ကျနော့်ရဲ့ နည်းပြဘဝကို ဆက်သွားချင် ပါတယ်။ကျနော် ဆန္ဒရှိနေဆဲဖြစ်ပြီး ဒါက ကျနော့်ရဲ့ ဝါသနာပါ”လို့ ဖြေခဲ့တာပါ။ဇီဒန်းကို ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့က နည်းပြအဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Source:DailyMail

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းလိဂ် ၃ ကလပ် ကန်ချနာဘူရီနဲ့ သန်းပိုင် တစ်ရာသီစာချုပ်ပြီ

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဆီယံနိုင်ငံတွေမှာ ကျင်းပနိုင်ဖို့ ဟွန်ဆန် တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s
တင်းနစ် ကစားသမား နာဒယ်လ် (Bksfe)

ဝင်ဘယ်လ်ဒန်အိုးပန်းမှာ ကစားဖို့ ရည်ရွယ်ထားကြောင်း နာဒယ်လ် ပြော

By CNI
CNI
Category: အားကစား
Hits: 1328

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈

စပိန်နာမည်ကျော် တင်းနစ် ကစားသမားဖြစ်တဲ့ နာဒယ်လ်က ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ရည်ရွယ်ထားတဲ့ အကြောင်း ပြောလိုက်ပါတယ်။
နာဒယ်လ်က “ကျနော့် ရည်ရွယ်ချက်က ဝင်ဘယ်လ်ဒန်မှာ ကစားဖို့ပါ။ ဒီတစ်ပတ်မှာ ကောင်းမွန်စွာ လေ့ကျင့်ထားခဲ့ပြီး တနင်္လာနေ့ ကျနော် ထွက်ခွာသွားမှာက လန်ဒန်အတွက် သက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် ကျနော့် ခြေထောက် အခြေအနေကို နေ့တိုင်း အကဲဖြတ်ရပါမယ်။ ဒါကြောင့် ဒီအချိန်မှာ ကစားနိုင်ဖို့ မသေချာ သေးပါဘူး။ ပြိုင်ပွဲကို ကစားချင် တယ်ဆိုတာပဲ သိပေမယ့် သတိထားရပါမယ်”လို့ ပြောပါတယ်။

နာဒယ်လ်ဟာ ၂၀၁၉ ကတည်းက ဒီပြိုင်ပွဲမှာ ပါဝင် မကစားနိုင်ခဲ့တာဖြစ်ပြီး ခြေထောက်ဒဏ်ရာကြောင့် အခုနှစ်မှာ ကျင်းပ မယ့် ပြိုင်ပွဲမှာလည်း ပါဝင်ဖို့ သံသယရှိခဲ့ပါတယ်။

မကြာသေးခင်ကမှ ပြင်သစ်အိုးပန်း ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ နာဒယ်လ်ဟာ နာကျင်မှုတွေကြောင့် ပွဲမစခင်မှာ ဆေးထိုးပြီး ယှဉ်ပြိုင်နေရတာကြောင့် ဒီပွဲကို ပါဝင်နိုင်ဖို့ မသေချာဘူးလို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။

ဒါပေမယ့် သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဝင်ဘယ်လ်ဒန်အိုးပန်းမှာ ပါဝင်ကစားနိုင်ဖို့ ရည်ရွယ် ထားကြောင်း ပြောပါတယ်။
နာဒယ်လ်က “ပထမနေ့မှာ ခံစားချက်တွေ ရှုပ်ထွေးလာခဲ့ပေမယ့် တစ်နေ့ထက်တစ်နေ့ ပိုပြီး ကောင်းလာခဲ့ပါတယ်။ လန်ဒန် မှာ နောက်ထပ် တစ်ပတ် လေ့ကျင့်မှုလုပ်ပြီး ဝင်ဘယ်လ်ဒန်မှာ ကစားနိုင်ဖို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ကြောင်း” ပြောပါတယ်။

တင်းနစ် ကစားသမား နာဒယ်လ် (Athletistic)

ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲကို ဇွန်လ ၂၇ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။

နာဒယ်လ်ဟာဆိုရင် သူ့ရဲ့ ကစားသမားဘဝ အစောပိုင်းတုန်းက မြက်ခင်းပြိုင်ပွဲတွေမှာ အောင်မြင်မှု ရခဲ့ပေမယ့် မကြာသေး ခင် နှစ်တွေကတော့ သူ့အတွက် ခက်ခဲတဲ့ နှစ်တွေ ဖြစ်ခဲ့ပါတယ်။

စပိန်ကစားသမားဟာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ဗိုလ်လုပွဲကို ၂၀၁၁ က နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က နောက်ဆုံးအကြိမ် သူကစားခဲ့တဲ့ ပွဲမှာတော့ ဆီမီးဖိုင်နယ်မှာ ဖက်ဒဲရားကို အရေးနိမ့်ခဲ့ပါတယ်။ ဖက်ဒဲရားဟာ ဒဏ်ရာ တွေကြောင့် အခုနှစ် ပြိုင်ပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ဝင်ဘယ်လ်ဒန်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဂျိုကိုဗစ်က ဒီပြိုင်ပွဲမှာ နာဒယ်လ်ရဲ့ အကြီးအမားဆုံး ပြိုင်ဘက်အဖြစ် ရှိနေပါတယ်။ နာဒယ်လ်ဟာ လက်ရှိအချိန်မှာ ဂျိုကိုဗစ်နဲ့ ဖက်ဒဲရားတို့ကို အသာရပြီး ဂရမ်းဆလမ်းချန်ပီယံဆု ၂၂ ကြိမ်နဲ့ ဂရမ်းဆလမ်း အကြိမ် အရေအတွက် အများဆုံးရ အမျိုးသားကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Metro

 

 

 

Share
Tweet
Share
Share
powered by social2s
လီဝန်ဒေါစကီး ကိုတွေ့ရစဉ် (Bavarian Football)

ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လီဝန်ဒေါစကီး ပယ်ချ

By CNI
CNI
Category: အားကစား
Hits: 1563

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈

လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းကိုပဲ ပြောင်းရွှေ့ချင်နေတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချ လိုက်တယ်လို့ သိရပါတယ်။

လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သစ် အတွက်လည်း သဘောတူညီမှု မရရှိတာကြောင့် ကစားသမားဟာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီကမှ အင်တာမီလန်အသင်းကနေ ပြန်ရောက်လာတဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ လူကာကူကို ချယ်လ်ဆီး အသင်းက အီတလီပြန်ပို့ဖို့ အသင်းဟောင်း အင်တာမီလန်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ လူကာကူကို ထွက်ခွာခွင့်ပြုပြီး လီဝန်ဒေါစကီးကို ပထမဦစားပေး အစားထိုးဖို့ နည်းပြ တူချယ်လ်က ပစ်မှတ်ထားနေပါတယ်။

တူချယ်လ်ဟာ လီဝန်ဒေါစကီးကို အလွန် သဘောကျတဲ့သူဖြစ်ပြီး ကစားသမားဟာ သြဂုတ်လမှာ အသက် ၃၄ နှစ်ပြည့်တော့ မှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးကို ချယ်လ်ဆီး အသင်းအပြင် ပီအက်စ်ဂျီကလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

လီဝန်ဒေါစကီးနဲ့ လူကာကူ ကိုတွေ့ရစဉ် (NewsXpro)

ပိုလန် ကစားသမားကတော့ နူးကမ့်ပ်ကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အခက်အခဲတွေ ရှိနေပေမယ့် လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းကို ယူရိုသန်း ၄၀ ပေးချေရမှာပါ။

ဘာစီလိုနာအသင်းဟာ ဒီလို အခက်အခဲတွေကြောင့် အသစ်ခေါ်ယူထားတဲ့ ခရစ်တန်ဆန်နဲ့ ကတ်ဆီကို အသင်း လူစာရင်းထဲ စာရင်းသွင်းလို့ မရသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလပ်ရဲ့ တိုးတက်မှုတွေက ဒီဖိအားတွေကို လျော့ကျစေဖို့ ရှိနေပြီး နည်းပြ ဇာဗီကို အခုရာသီ အသင်းအတွက် လိုအပ်တဲ့ အပြောင်းအလဲတွေကို ပြုလုပ်ဖို့ ခွင့်ပြုထားတာပါ။

ဘာစီလိုနာအသင်း အဖွဲ့ဝင်တွေဟာ အသင်းရဲ့ ကုန်အမှတ်တံဆိပ် ရောင်းချဖို့နဲ့ ရုပ်သံထုတ်လွှင့် ရောင်းချခြင်းတို့အတွက် မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။
ကုန်အမှတ်တံဆိပ် ရောင်းချမှုအတွက် ၄၉ ရာခိုင်နှုန်း၊ ရုပ်သံထုတ်လွှတ်ခွင့် ၂၅ ရာခိုင်နှုန်းကို ဘာစီလိုနာအသင်းက ရောင်းချ သွားမှာပါ။ အဆိုပါ လုပ်ဆောင်မှုကနေ ယူရိုသန်း ၆၀၀ နီးပါးရရှိဖို့ ရှိနေပြီး ပေါင် ၁ ဘီလီယံရှိတဲ့ ကလပ်ရဲ့ ကြွေးမြီကို ချေဖျက်နိုင်ဖို့နဲ့ အသင်းရဲ့ လူစာရင်းကို တိုးတက်အောင် ပြုလုပ်ဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ ဇာဗီရဲ့ လက်အောက်မှာ တိုးတက်မှုတွေ ရှိခဲ့ပေမယ့် ဆုဖလား လက်မဲ့ ဖြစ်ခဲ့တာကြောင့် လာမယ့် ရာသီသစ်မှာ ဆုဖလားရယူနိုင်ဖို့ ကြိုတင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Source: Metro

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းလိဂ် ၃ ကလပ် ကန်ချနာဘူရီနဲ့ သန်းပိုင် တစ်ရာသီစာချုပ်ပြီ

By CNI
CNI
Category: အားကစား
Hits: 1763

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင်ဟာ ထိုင်းလိဂ် ၃ ကလပ်အသင်းဖြစ်တဲ့ ကန်ချနာဘူရီအသင်းနဲ့ တစ်ရာသီစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရ မြန်မာ ယူ-၂၀ အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ သန်းပိုင်ဟာ ၂၀၂၀ မှာ ရန်ကုန်ယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ရှမ်းယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာပါ။ဒါပေမယ့် ရှမ်း ယူနိုက်တက်အသင်းအတွက် ပွဲမကစားခဲ့ရဘဲ ထိုင်းလိဂ် ၃ ကလပ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။သန်းပိုင် ပြောင်းရွှေ့ခဲ့တဲ့ ကန်ချနာဘူရီအသင်းဟာ မြောင်ကန်အသင်း ကလပ်လိုင်စင် မရခဲ့တာကြောင့် ကန်ချနာဘူရီမြို့ အတွက် အစားထိုးဝင်ရောက်လာတဲ့အသင်း ဖြစ်တယ်လို့ သိရပါတယ်။

သန်းပိုင်နဲ့ ကန်ချနာဘူရီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ဂိုးသွင်း၊ဂိုးဖန်တီးမှုပြုလုပ်နိုင်ပြီး အသင်းနိုင်ပွဲရရင် အပိုဆုကြေးတွေပါ ပေးမယ်လို့ အသင်းဥက္ကဋ္ဌက ကတိပေးထားကြောင်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ပြောထားတာဖြစ်ပြီး ရာသီဝက်မှာ သန်းပိုင်က ခြေစွမ်းပြဂိုးတွေသွင်းနိုင်ခဲ့လို့ လိဂ် ၁ နဲ့ လိဂ် ၂ အသင်းတွေက ကမ်းလှမ်းလာခဲ့ရင် အသင်းက ခွင့်ပြုပေးသွားမယ်လို့လည်း သိရပါတယ်။သန်းပိုင်ကိုခေါ်ယူဖို့ လမ်ဖွန်နဲ့ ချင်းမိုင် ယူနိုက်တက်တို့က စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကို တကယ်လိုချင်တဲ့ ကလပ်နဲ့ပဲ စာချုပ်ချုပ်ခဲ့တာလို့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာပါ။

ဒါ့အပြင် သန်းပိုင်က ပြည်ပမှာ မကစားရရင် ပြည်တွင်းလိဂ်မှာ မကစားတော့ဘဲ ကစားသမားဘဝက အနားယူ တော့မယ်လို့လည်း သူက ဆက်ရေးသားထားပါသေးတယ်။

ကန်ချနာဘူရီစီးတီးအသင်းဟာ စုဖွဲ့မှုအသစ်နဲ့ မြို့တော်ဝန်ရဲ့ပံ့ပိုးမှုရှိနေတဲ့အသင်းဖြစ်ကြောင်းလည်း သိရပါတယ်။ မကြာသေးခင်ကမှ သန်းပိုင်ရဲ့ လက်ရွေးစင်အသင်းဖော် ငြိမ်းချမ်းအောင်ဟာ ထိုင်းလိဂ် ၂ ကလပ် နာခွန်ဆီအသင်းနဲ့ တစ်ရာသီစာချုပ်ချုပ်ခဲ့တာပါ။

သန်းပိုင်ဟာ မကြာသေးခင်က အာရှဖလားခြေစစ်ပွဲဝင်ခဲ့တဲ့ မြန်မာလက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပြီး မြန်မာလက်ရွေးစင်အတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားထားကာ ၂ ဂိုးသွင်းယူထားတယ်လို့ အချက်အလက် တွေအရ သိရပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကို ကမ္ဘာ့ဖလား ဆုဖလားနဲ့အတူ တွေ့ရစဉ် (NST)

ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဆီယံနိုင်ငံတွေမှာ ကျင်းပနိုင်ဖို့ ဟွန်ဆန် တိုက်တွန်း

By CNI
CNI
Category: အားကစား
Hits: 1342

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့ အာဆီယံအဖွဲ့ဝင်တွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ ကြိုးပမ်းဆောင်ရွက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။

ဟွန်ဆန်က “၂၀၂၂ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ အနေဖြင့် ၂၀၃၄ ဒါမှမဟုတ် ၂၀၃၈ မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံ ကျင်းပနိုင်ဖို့ အာဆီယံရဲ့ မျှော်မှန်းချက်နဲ့ အစီအစဉ်တွေကို မြင်တွေ့ချင်ပါတယ်။ဖြစ်နိုင်ခြေကို လေ့လာပြီး လက်တွေ့ ကျနိုင်တဲ့ အလားအလာ ဖြစ်ဖို့အတွက် အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ဒီအစဉ်ကို ထောက်ခံအားပေးဖို့ တောင်းဆို ချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို ကမ္ဘာ့ဖလား ဆုဖလား ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီးနောက် ဟွန်ဆန်က အခုလို တိုက်တွန်း ခဲ့ခြင်းဖြစ်ပါတယ်။

ဟွန်ဆန်က “ အစိုးရကိုယ်စား အခြားနိုင်ငံတွေက အကြီးအကဲတွေလို ဒီလို အဓိပ္ပာယ် များစွာနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာ့ဖလား ကြီးကို ကိုင်မြှောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီဆုဖလားဟာ ဘောလုံးရဲ့ တရားမျှတမှုကို နှစ်သက်တဲ့ ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာ လူတွေရဲ့ သင်္ကေတဖြစ်တယ်”လို့ ပြောပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကို တွေ့ရစဉ်(EAC News)

ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၂၃ မှာ ကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲကို နိုင်ငံရဲ့ သမိုင်းတစ်လျှောက် အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလတွင် ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် နိုင်ငံတချို့ကို အဆိုပါ ဆုဖလားကို လှည့်လည် ပြသနေ တာပါ။ ဒီကမ္ဘာ့ဖလား ဆုဖလားကို ပြင်သစ်အသင်းနဲ့ ၁၉၉၈ ကမ္ဘာ့ဖလားရခဲ့တဲ့ ကာရမ်ဘူက ကမ္ဘောဒီးယားနိုင်ငံကို သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဟွန်ဆန်ကတော့ အာဆီယံဒေသတွင်း အင်အားကို ကမ္ဘာပေါ်မှာရှိတဲ့ အခြားနိုင်ငံတွေကို ပြသနိုင်ဖို့ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို အာဆီယံက အိမ်ရှင်အဖြစ် ကျင်းပဖို့ ဆန္ဒရှိနေတာပါ။ ဟွန်ဆန်က ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ မဖြစ်မနေ တွန်းအားပေး သွားမှာလို့လည်း ပြောခဲ့ပါတယ်။

အာရှကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၀၂ က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့ ပါတယ်။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကာတာနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: Phnom Penh Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

လာမယ့်အပတ်မှာ အာမခံကြားနာစစ်ဆေးခံရမယ့် ဂရင်းဝုဒ်

By CNI
CNI
Category: Watch TV
Hits: 810

Share
Tweet
Share
Share
powered by social2s

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် ကွင်း ၁၆ ကွင်းကို ဖီဖာထုတ်ပြန်

By CNI
CNI
Category: Watch TV
Hits: 896

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဘယ်အသင်းတွေ ယှဉ်ပြိုင်ခွင့်ရသလဲ

By CNI
CNI
Category: Watch TV
Hits: 878

Share
Tweet
Share
Share
powered by social2s

မော်ရင်ဟိုနဲ့ ဆက်ဆံရေးပျက်ပြားသွားခဲ့တဲ့ အခိုက်အတန့်ကို ပေါ့ဘာ ပြော

By CNI
CNI
Category: အားကစား
Hits: 2467

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈

မီယာမီမှာ ပြန်လည်ထူထောင်ရေးအစီအစဉ်အတွက်ရောက်နေချိန်မှာ မော်ရင်ဟိုက သူ့ရဲ့ဒဏ်ရာကို မေးခွန်း ထုတ်ခဲ့ပြီးနောက် သူတို့နှစ်ဦးကြားဆက်ဆံရေးပျက်ပြားသွားခဲ့တာလို့ ပေါ့ဘာက ပြောလိုက်ပါတယ်။

ပေါ့ဘာဟာ သူ့ရဲ့ မှတ်တမ်းရုပ်ရှင်မှာ မော်ရင်ဟိုနဲ့ ဆက်ဆံရေးပျက်ပြားသွားခဲ့တဲ့ အကြောင်းအရင်းကို ပြောပြ ရာမှာ “ကျနော်ဒဏ်ရာ ရသွားခဲ့တဲ့ အချိန်ကစခဲ့တာပါ။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် တွေကိုလုပ်ဖို့ မီယာမီကို သွားမယ်လို့ ကျနော်ပြောခဲ့ပါတယ်။

ဒီအချိန်မှာ ပါပါရာဇီတစ်ယောက်က ကျနော်နဲ့ ကျနော့်ဇနီးရဲ့ ပုံကို ဓါတ်ပုံရိုက်လိုက်ပါတယ်။ဒီပုံကို မော်ရင်ဟိုဆီ ပို့လိုက်ပါတယ်။မော်ရင်ဟိုက ရွိုင်အိုလာဆီကို ပြန်ပို့လိုက်ပါတယ်။ ဒီလိုလုပ်တာကို ကျနော်သဘောမကျပါဘူး”လို့ ဆိုပါတယ်။

မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်နည်းပြဘ၀ ပထမဆုံးရာသီမှာ ပေါ့ဘာကို ခေါ်ယူခဲ့တာပါ။ပေါ့ဘာဟာ ပထမဆုံးရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး မော်ရင်ဟိုနဲ့အတူ ယူရိုပါလိဂ်၊လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒုတိယရာသီရောက်တဲ့အချိန်မှာ နှစ်ဦးသားဆက်ဆံရေးတွေ ယိုယွင်းလာခဲ့ပြီး မော်ရင်ဟိုက ပေါ့ဘာကို ဗိုင်းရပ်စ်လို့တောင် နာမည်ပေးခဲ့တာဖြစ်ပါတယ်။အဲဒီနောက် မော်ရင်ဟိုဟာ ၂၀၁၈ ဒီဇင်ဘာလမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

ဒါ့အပြင် ပေါ့ဘာက “သူတို့က အလုပ်ကိုကြိုးစားပမ်းစားလုပ်နေတဲ့အချိန်မှာ ကျနော်က အားလပ်ရက်အပန်း ဖြေ နေတယ်ဆိုပြီး မော်ရင်ဟိုက ရွိုင်အိုလာကို ပြောခဲ့ပါသေးတယ်။ကျနော် မော်ရင်ဟိုကို ပြောလိုက်တယ် ခင်ဗျား တော်တော်လေးအရေးကြီးနေလားပေါ့။ကျနော်ဒဏ်ရာရနေတယ်။ကျနော် ဒီမှာတစ်နေ့ ၃ ကြိမ်လောက် လေ့ကျင့် နေတယ်။ကျနော့်နည်းပြနဲ့ ပြဿနာရှိနေတာက ကျနော့်အတွက် အသစ်အဆန်းလိုပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။

ပေါ့ဘာနဲ့ မော်ရင်ဟိုတို့ဟာ လေ့ကျင့်ရေးကွင်းမှာ တစ်ဦးနဲ့တစ်ဦး အငြင်းအခုံဖြစ်နေကြတဲ့ ဗီဒီယိုတွေလည်း ထွက်ပေါ်ခဲ့တာပါ။လက်ရှိအချိန်မှာတော့ ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံး ပြီး အသင်းက အလွတ်နဲ့ ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။ပေါ့ဘာဟာ အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းကို ပြန်ရောက် ဖို့ နီးစပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

Source:Goal

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်လို့ သတ်ခံရနိုင်တယ်လို့ ဒန်နီဆော့ဗ် ပြော

By CNI
CNI
Category: အားကစား
Hits: 1412

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇

ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲမှုကို ဆန့်ကျင်ကြောင်း ပြောခဲ့လို့ သူ အသတ်ခံရနိုင်တယ်လို့ ရုရှားအသင်း ခေါင်းဆောင်းဟောင်း ဒန်နီဆော့ဗ်က ပြောပါတယ်။

ဒန်နီဆော့ဗ် ဟာ လက်ရှိအချိန်ထိ ရုရှားနိုင်ငံအတွင်းမှာပဲ နေထိုင်ဆဲ နာမည်ကြီး အားကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။

ဒန်နီဆော့ဗ်က အားကစား ဂျာနယ်လစ် တစ်ဦးနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဒန်နီဆော့ဗ်က ဒီကျူးကျော်ဟာ ကပ်ဆိုးနဲ့ အလွန် ထိတ်လန့်စရာ ကောင်းတဲ့ အရာလို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒန်နီဆော့ဗ်က “ကျနော်ပြောခဲ့တဲ့ စကားလုံးတွေကြောင့် ကျနော့်ကို ဖမ်းပြီး ထောင်ထဲထည့်တာ ဒါမှမဟုတ် သတ်ပစ်နိုင်ပါ တယ်။ ဒါပေမယ့် ကျနော်ကတော့ ဒီအတိုင်းပဲ ပြောနေမှာပါပဲ”လို့ ပြောခဲ့ပါတယ်။

ဒန်နီဆော့ဗ်ကတော့ သူ နိုင်ငံကို ချစ်မြတ်နိုးလို့ ရုရှားကနေ မထွက်သွားချင်ဘူးလို့လည်း ပြောခဲ့ပါတယ်။ ဒီနောက် ဒန်နီဆော့ဗ်ဟာ ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့တဲ့ ကျူးကျော်မှုကို ဆန့်ကျင်ကြောင်း ရုရှားသမ္မတ ပူတင်ထံကို စာရေး သားပေးပို့ ထားပါတယ်။

ဒန်နီဆော့ဗ်ဟာဆိုရင် ၂၀၀၈ ကနေ ၂၀၁၆ အထိ ရုရှားလက်ရွေးစင် ဘောလုံးအသင်းအတွက် ၅၄ ပွဲ ပါဝင်ကစားခဲ့တဲ့ ရုရှား ကစားသမား ဖြစ်ပါတယ်။

ကလပ်အသင်းအနေနဲ့ဆိုရင် ဇင်းနစ်အသင်းအတွက် ပွဲပေါင်း ၃၀၀ ကျော် ပါဝင်ကစားခဲ့ပြီး ၂၀၁၉ မှာတော့ လိုကိုမိုးတစ် မော်စကို အသင်းမှာ ပါဝင်ကစားပြီးနောက် ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

ဒန်နီဆော့ဗ်က “သူသာ ဒီစစ်ပွဲတွေကို ရပ်တန့်ပေးမယ်ဆိုရင် သူ့ရှေ့မှာ ဒူးထောက်ဖို့ အဆင်သင့် ဖြစ်နေပြီလို့တောင် ကျနော် ပြောခဲ့တယ်”လို့ အင်တာဗျူးမှာ ပြောသွားပါတယ်။

စပိန်နိုင်ငံမှာ နေထိုင်နေတဲ့ ရုရှားလက်ရွေးစင် အမျိုးသမီး တိုက်စစ်မှူး ကာပိုဗာ ကလည်း မကြာသေးခင်က ဒီစစ်ပွဲကို ဆန့်ကျင်ကြောင်း ပြောထားပါတယ်။

ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ အရာတွေအတွက် စစ်ပွဲ ဒါမှမဟုတ် ကျူးကျော်တယ်ဆိုတဲ့ စကားလုံးကို အသုံးပြုပြီး ဖော်ပြခဲ့ မယ်ဆိုရင် ရုရှားမီဒီယာတွေဟာ ဒဏ်ရိုက်ခြင်း ဒါမှမဟုတ် ပိတ်ပင်ခြင်းတောင် ခံရနိုင်တာပါ။

ယူကရိန်းအပေါ် ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် ရုရှားဟာ ဘောလုံးလောကကနေ ဖယ်ကျဉ်ခြင်း ခံထားရသလို တခြား အားကစား နည်းတွေမှာလည်း ရုရှား အားကစားသမားတွေကို ပိတ်ပင်တဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။

ရုရှား အားကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုရင်လည်း ကြားနေ အလံအောက်မှာသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပေးတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

လာမယ့်အပတ်မှာ အာမခံကြားနာစစ်ဆေးခံရမယ့် ဂရင်းဝုဒ်

By CNI
CNI
Category: အားကစား
Hits: 1909

CNI International News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇

ဂရင်းဝုဒ်ဟာ ဖမ်းဆီးခံရပြီးနောက် စုံစမ်းစစ်ဆေးမှုတွေဆက်လက်ပြုလုပ်ခံနေရပြီး လာမယ့်အပတ် တရားရုံးမှာ အာမခံကြားနာမှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကစားသမားဟာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု၊ ကျူးလွန်မှုသံသယ တို့နဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒါကြောင့် ကစားသမားဟာ လာမယ့်အပတ် တရားရုံးမှာ သူ့ရဲ့ အာမခံလျှောက်ထားမှု ကို ကြားနာရမှာဖြစ်ပါတယ်။ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေကာ ဂရိတ် မန်ချက်စတာရဲတပ်ဖွဲ့က ဂရင်းဝုဒ်ရဲ့ အာမခံသက်တမ်းတိုးဖို့အတွက် တရားရုံးတွေကို လျှောက်ထားခဲ့တာပါ။

ကြားနာမှုကို ဇွန်လ ၂၃ ရက် မန်ချက်စတာရှိ ဆဲလ်ဖိုဒ့် Magistrates တရားရုံးမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီ ကြားနာမှုကို မီဒီယာတွေနဲ့ ပြည်သူတွေတက်ရောက်ခွင့်ရမှာမဟုတ်သလို ဂရင်းဝုဒ်လည်း ဒီနေရာကို တက်ရောက် သွားဖို့ မရှိပါဘူး။

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်တွေကို အမျိုးသမီးတစ်ဦးက သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေတင်ခဲ့တာဖြစ်ပါတယ်။ဒါကို ရဲတပ်ဖွဲ့က လက်ခံရရှိပြီးနောက် ဂရင်းဝုဒ်ကို ဇန်နဝါရီမှာ ဖမ်းဆီးခဲ့တာပါ။

အင်္ဂလန်တိုက်စစ်မှူးကို ကနဦးက မုဒိမ်းမှု၊စော်ကားမှု သံသယတို့နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေနဲ့ပါ ထပ်တိုး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ အာမခံမရရှိခင် အချုပ်မှာ ၃ ရက်ကြာနေထိုင်ခဲ့ရတာပါ။ဧပြီလမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ စွပ်စွဲချက်တွေကို ဆက်လက်စုံစမ်းနေပြီး ဂရင်းဝုဒ်ရဲ့အာမခံကို သက်တမ်းတိုးဖို့ ကြိုးပမ်းသွားမယ်လို့ ပြောခဲ့တာပါ။

ဆဲလ်ဖိုဒ့် Magistrates တရားရုံးက ဂရင်းဝုဒ်ရဲ့ ကြားနာမှုကို လာမယ့်ကြာသပတေးနေ့မှာ ပြုလုပ် သွားမယ်လို့ အတည်ပြုခဲ့ပြီး ဂရင်းဝုဒ်တက်ရောက်ဖို့ မလိုအပ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

မန်ချက်စတာအသင်းကတော့ နောက်ထပ်ထုတ်ပြန်ချက်တွေ မထုတ်ပြန်ခင်အချိန်ထိ ဂရင်းဝုဒ်ကို အသင်းလူ စာရင်းမှာ ရွေးချယ်သွားမှာမဟုတ်သလို လေ့ကျင့်ခန်းလည်း ဆင်းခွင့်ပြုမှာမဟုတ်ဘူးလို့ အတည်ပြုထားတာပါ။

ဂရင်းဝုဒ်ဟာ ဇန်နဝါရီ ၂၂ ရက်က ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ အသင်းအတွက်နောက်ဆုံး ပါဝင်ကစားထားခဲ့တာဖြစ်ပါ တယ်။သူဟာ အဖမ်းဆီးမခံရခင်အချိန်အထိ အသင်းအတွက် ပြိုင်ပွဲစုံ ၆ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Source:The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် ကွင်း ၁၆ ကွင်းကို ဖီဖာထုတ်ပြန်

By CNI
CNI
Category: အားကစား
Hits: 1562

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြောက်အမေရိကနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲ အိမ်ရှင်အဖြစ်ကျင်းပသွားမှာဖြစ်ပြီး ကျင်းပမယ့် ကွင်း ၁၆ ကွင်းကို ဖီဖာက ထုတ်ပြန်ခဲ့ပါတယ်။

မက္ကဆီကိုက ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၈၆ က နောက်ဆုံးအကြိမ်အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး အမေရိကန်က ၁၉၉၄ က နောက်ဆုံးကျင်းပခဲ့တာပါ။ကနေဒါကတော့ ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့်ရမှာဖြစ်ပါတယ်။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၄၈ သင်းနဲ့ ပထမဆုံးအကြိမ် ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာကလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ပွဲပေါင်း ၈၀ အထိတိုးပြီးကျင်းပသွားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပမယ့် မြို့တွေနဲ့ အားကစား ကွင်းစာရင်းတွေကို ဖီဖာက ဇွန်လ ၁၆ ရက်က ထုတ်ပြန်ခဲ့တာပါ။အမေရိကန်နိုင်ငံက ကွင်း ၁၁ ကွင်း၊ မက္ကဆီကို နိုင်ငံက ကွင်း ၃ ကွင်းနဲ့ ကနေဒါနိုင်ငံက ကွင်း ၂ ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အမေရိကန်မှာ ကျင်းပမယ့် ကွင်း ၁၁ ကွင်းကတော့ အတ္တလန်တာက မာစီဒီးစ်ဘန့်စ်ကွင်း၊ဘော်စတွန်က ဂျေလတ်ကွင်း၊ ဒါလတ်စ်က AT&T ကွင်း၊ဟော်စတန်က NRG ကွင်း၊ ကန်ဇက်က အဲရိုးဟတ်ကွင်းတို့ ဖြစ်ပါတယ်။

ဒါ့အပြင် လော့စ်အိန်ဂျလိစ်က ရို့စ်ဘိုးလ်ကွင်း၊ မီယာမီက ဟာ့ဒ်ရောဒ့်ကွင်း၊ဖီလာဒဲလ်ဖီးယားက လင်ကွန်းကွင်း၊ နယူးယော့ခ်က မတ်လိုက်ဖ်ကွင်း၊ဆန်ဖရန်စ္စကိုက လီဗီကွင်းနဲ့ ဆီတဲလ်က လူမန်ဖီးလ်တို့မှာ ကျင်းပသွားမှာပါ။

ကနေဒါမှာ ကျင်းပမယ့် ကွင်း ၂ ကွင်းကတော့ တိုရွန်တိုက ဘီအိုမန်ဖီးလ်နဲ့ ဗန်ကူးဗားက ဘီစီပလေ့စ်တို့ ဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံက ကွင်း ၃ ကွင်းကတော့ ဂွာဒဲလ်လာဟာရာက အက်စတာဒီယိုကွင်း၊ မက္ကဆီကို မြို့က အက်စ်တက်ကာကွင်းနဲ့ မွန်တာရေးက BBVA ကွင်းတို့ ဖြစ်ပါတယ်။ဒီကွင်းတွေအားလုံးဟာ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကျင်းပဖို့ ပြိုင်ဆိုင်နေကြပေမယ့် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ဒီဆုံးဖြတ်ချက်အတွက် အချိန်ယူရမယ်လို့ ပြောထားပါတယ်။

အင်ဖန်တီနိုက “ဆက်လက်ဆွေးနွေးဖို့ အချို့ကျန်ရှိနေသေးပြီး ဖွင့်ပွဲနဲ့ ဗိုလ်လုပွဲအတွက် အကောင်းဆုံးမြို့တွေကို ကျနော်တို့ သေချာပေါက်ရွေးချယ်သွားမှာပါ။ဒါပေမယ့် ဒီ ကမ္ဘာ့ဖလားမှာတော့ ပြိုင်ပွဲတိုင်းက ဗိုလ်လုပွဲဖြစ်ပါ လိမ့်မယ်”လို့ Fox TV ကို ပြောခဲ့တာဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

လူကာကူကို အင်တာပြန်ပို့ဖို့ အငှားကြေးပါ လျှော့ယူမယ့် ချယ်လ်ဆီး

By CNI
CNI
Category: Watch TV
Hits: 776

Share
Tweet
Share
Share
powered by social2s

၂၀၂၂-၂၃ ရာသီအတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယား ထုတ်ပြန်

By CNI
CNI
Category: အားကစား
Hits: 1979

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆

လာမယ့် ၂၀၂၂-၂၃ ရာသီအတွက် ပရီးမီးယားလိဂ်က ပွဲစဉ်ဇယားတွေကို ဇွန်လ ၁၆ ရက်က ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ ၅ ရက်မှာ စတင်သွားတော့မှာပါ။ပွဲစဉ် ၁ ရဲ့ အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းက အဝေးကွင်းမှာ ပဲလေစ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

နာမည်ကြီးအသင်းတွေဖြစ်တဲ့ မန်စီးတီးအသင်းက အဝေးကွင်းမှာ ဝက်စ်ဟမ်းအသင်း၊ မန်ချက်စတာ ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ ဘရန်ဖိုဒ့်အသင်း၊ချယ်လ်ဆီးအသင်းက အဝေးကွင်းမှာ အဲဗာတန်အသင်း၊လီဗာပူးလ်ကလည်း အဝေးကွင်းမှာ ဖူလ်ဟမ်၊စပါးအသင်းကတော့ အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အခြားပွဲစဉ်တွေအဖြစ် ဘုန်းမောက်နဲ့ ဗီလာ၊ လိဒ်စ်နဲ့ ဝုလ်ဗ်၊လက်စတာနဲ့ ဘရန်ဖိုဒ့်၊နယူးကာဆယ်နဲ့ နော်တင်ဟမ် ဖောရတ်စ်တို့ ယှဉ်ပြိုင်ကြမှာပါ။ပွဲစဉ် ၂ မှာတော့ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံကြမယ့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးနဲ့ စပါးတို့ တွေ့ဆုံကြမှာဖြစ်ပါတယ်။

ပွဲစဉ် ၃ မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ တွေ့ဆုံမယ့် ပွဲစဉ်ရှိနေတာပါ။ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေတာကြောင့် ရာသီအလယ်မှာ အားလပ်ချိန် ပါဝင်နေတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေတဲ့အတွက် နိုဝင်ဘာ ၁၂ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်အထိ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရပ်နားထားမှာပါ။ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှာ စတင်သွားမှာဖြစ်ပြီး ရပ်နားထားတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်မစခင် ၈ ရက်အလို ဒီဇင်ဘာ ၁၈ ရက်မှာ ဗိုလ်လုပွဲကျင်းပသွားမှာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၂၀၂၃ မေလ ၂၈ ရက်မှာ အပြီးသတ်မှာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ မန်စီးတီးအသင်းဖြစ်ပြီး မနှစ်ကရာသီက လီဗာပူးလ်အသင်းကို ၁ မှတ်ဖြတ်ကာ ချန်ပီယံဆုကို ၈ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:BBC

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 63
  • 64
  • 65
  • 66
  • 67
  • 68
  • 69
  • 70
  • 71
  • 72

Page 68 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar