CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

PFA တစ်နှစ်တာ အကောင်းဆုံးအသင်းရဲ့ လူစာရင်းမှာ ဆွန်ဟောင်မင် မပါ

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s
ဘလတ္တာကို တွေ့ရစဉ် (Reuters)

ပလာတီနီကို ပေးချေမှုက လူကြီးလူကောင်း သဘောတူညီမှုကို လိုက်နာတာလို့ ဘလတ္တာပြော

By CNI
CNI
Category: အားကစား
Hits: 1247

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀

ဖီဖာဥက္ကဌဟောင်း ဘလတ္တာက ပလာတီနီထံ ၂၀၁၁ က ပေးချေခဲ့တဲ့ ငွေပေးချေမှုဟာ သူတို့နှစ်ဦးကြား လူကြီးလူကောင်း ဆန်သော သဘောတူညီမှု တစ်ခုကို လိုက်နာခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဘလတ္တာက “ ဒါက အားကစားနဲ့ သက်ဆိုင်သူနှစ်ဦးရဲ့ သဘောတူညီမှုပါ။ ကျနော်တို့ ဘာအမှားမှ မတွေ့ခဲ့ရပါဘူး”လို့ ပြောပါတယ်။

အစိုးရရှေ့နေတွေက ပလာတီနီထံ ဘလတ္တာပေးတဲ့ ပေါင် ၁.၆ သန်းဟာ ဥပဒေနဲ့မညီဘူးလို့ ပြောခဲ့ကြပြီးနောက် တရားစွဲ ဆိုထားပါတယ်။ ဒီတရားစွဲဆိုခံရမှုကြောင့် ပလာတီနီနဲ့ ဘလတ္တာတို့ နှစ်ဦးဟာ ဆွစ်ဇာလန်နိုင်ငံ ဘယ်လင်ဇိုနာမှာ တရား ရင်ဆိုင် နေကြရပါတယ်။

ဒီနောက်မှာတော့ ဘလတ္တာက သူ ရင်ဘတ်အောင့်ပြီး အသက်ရှူရခက်နေတဲ့အတွက် ဗုဒ္ဓဟူးနေ့က ရုံးချိန်းကို တစ်ရက် ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

ဘလတ္တာနဲ့ ပလာတီနီတို့ကို တွေ့ရစဉ် (ESPN)

ဘလတ္တာသည် ၁၉၉၈ မှာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ပလာတီနီကို သူ့ရဲ့အကြံပေး အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဒီလို ခန့်အပ်ခံရချိန်မျာ ပြင်သစ်အသင်း ခေါင်းဆောင်ဟောင်း ပလာတီနီက တစ်နှစ်ကို ဆွစ်ဖရန့် ၁ သန်း လိုချင်ခဲ့ပေမယ့် ဖီဖာက ဒီငွေကြေးပေးဖို့ မတက်နိုင်ဘူးလို့ ဘလတ္တာက ပြန်ပြောခဲ့ပါတယ်။ ဒီငွေကြေးအစား တစ်နှစ်ကို ဆွစ်ဖရန့် ၃ သိန်း ပေးချေပြီး ကျန်တဲ့ငွေတွေကို နောက်ပိုင်းမှ ပေးချေဖို့ ပလာတီနီနဲ့ သဘောတူညီခဲ့ကြပါတယ်။

ဒီနောက် ၂၀၀၂ ခုနှစ်မှာတော့ ပလာတီနီဟာ ဖီဖာမှာ သူတာဝန်ယူထားတဲ့ အလုပ်ကနေ နုတ်ထွက်ခဲ့ပြီး သူရရှိမယ့် ငွေကို တော့ ၂၀၁၁ မှာပဲ ရရှိခဲ့ပါတယ်။ ဒီလို ငွေပေးချေမှုတွေဟာ ရှုပ်ထွေးပြီး ဉပဒေနဲ့ မညီဘူးလို့ အစိုးရ ရှေ့နေတွေက ပြောခဲ့ပြီး တရားစွဲဆိုလို့ အခု တရားရင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။

အခု ပလာတီနီနဲ့ ဘလတ္တာတို့ အမှုကို ဇွန်လ ၂၂ ရက်မှာ အပြီးသတ် စစ်ဆေး ကြားနားမှာ ဖြစ်ပြီး ဇူလိုင် ၈ ရက်မှာ စီရင်ချက် ချမှာ ဖြစ်ပါတယ်။ အပြစ်ရှိကြောင်း တွေ့ရှိခဲ့မယ်ဆိုရင်တော့ သူတို့ နှစ်ဦးဟာ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s
စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင် (Yahoo Finance)

PFA တစ်နှစ်တာ အကောင်းဆုံးအသင်းရဲ့ လူစာရင်းမှာ ဆွန်ဟောင်မင် မပါ

By CNI
CNI
Category: အားကစား
Hits: 1354

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်း(PFA)က တစ်နှစ်တာ အကောင်းဆုံးအသင်းရဲ့ လူစာရင်းကို ထုတ်ပြန်ခဲ့ရာ စပါးအသင်း တိုက်စစ်မှူး ဆွန်ဟောင်မင် မပါဝင်တာ တွေ့ရပါတယ်။

PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းရဲ့ လူစာရင်းမှာ မန်စီးတီးနဲ့ လီဗာပူးလ် ကစားသမားတွေသာ ကြီးစိုးထားတာ တွေ့ရပြီး ဂိုးသမားအဖြစ် လီဗာပူးလ်အသင်း ဂိုးသမား အလီဆန်၊ နောက်တန်းမှာဆို အာနိုးလ်၊ ဗန်ဒိုက်၊ ရူဒီဂါနဲ့ ကန်ဆယ်လို၊ အလယ်တန်းမှာတော့ ဘာနာဒိုဆေးလ်ဗား၊ သီယာဂိုနဲ့ ဒီဘရိုင်းတို့ကို ရွေးချယ်ထားပါတယ်။

ရှေ့တန်းမှာတော့ ဆွန်ဟောင်မင်ကို ချန်လှပ်ခဲ့ပြီး ဆာလတ်၊ မာနေးနဲ့ ရော်နယ်ဒိုတို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပင်နယ်တီသွင်းဂိုး မပါဘဲ ၂၃ ဂိုးသွင်းပြီး ဆာလတ်နဲ့အတူ ဂိုးသွင်းအများ ဆုံး ရွှေဖိနပ်ဆုကို ပူးတွဲ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ဆွန်ဟောင်မင်ဟာ ဂိုးသွင်းရွှေဖိနပ်ဆုရရှိတဲ့ ပထမဆုံး အာရှ ကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဒါပေမယ့် PFA တစ်နှစ်တာ အကောင်းဆုံးအသင်း လူစာရင်းမှာ မပါဝင်ခဲ့သလို PFA တစ်နှစ်တာ အကောင်းဆုံးဆုအတွက် ဆန်ကာတင် စာရင်းမှာလည်း မပါဝင်ခဲ့တာကို တွေ့ရပါတယ်။

PFA   တစ်နှစ်တာ အကောင်းဆုံးအသင်း လူစာရင်း (The Sun)

ဆွန်ဟောင်မင်ရဲ့ ပရိသတ်တွေကတော့ အခုလို ဆွန်ဟောင်မင် မပါဝင်ခဲ့တဲ့အပေါ် မေးခွန်းထုတ်နေကြပါတယ်။

ဒီနောက်မှာတော့ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆာလတ်က ဒီဘရိုင်းကို ကျော်လွန်ပြီး ရရှိခဲ့ပါတယ်။ 

ဆာလတ်အတွက်တော့ ဒီဆုဟာ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆာလတ်က “ဆုဖလားတွေ၊ တစ်ဦးချင်း ဆုရတာတွေကို ဂုဏ်ယူမိပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့အတွက် အလွန်ပျော်ပြီး ဂုဏ်ယူမိပါတယ်။ ဒီဆုရတာ တကယ်ကို ကောင်းပါတယ်။ ကစားသမားတွေက မဲပေးခဲ့ကြလို့ပါ။ ဒါက တကယ်ကြိုးစားပြီး လုပ်ခဲ့တာကြောင့် ရရှိခဲ့တဲ့ အရာဆိုတာကို ပြသနေပါတယ်။ ကျနော့် အခန်းထဲက ဗီရိုထဲမှာ ဆုဖလားတွေနဲ့ အခန်းတစ်ခန်း ရှိပါတယ်။ နောက်ထပ် တစ်ခု ထပ်လာဖို့အတွက် နေရာတွေ လုပ်ထားတယ်ဆိုတာ အသေအချာပါပဲ”လို့ ပြောခဲ့ပါတယ်။

PFA အကောင်းဆုံး လူငယ်ကစားသမားဆုကို မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဖိုဒန်က ၂ နှစ်ဆက်တိုက်ရရှိခဲ့ပြီး အကောင်း ဆုံး အမျိုးသမီးဆုကိုတော့ ချယ်လ်ဆီးအသင်းက ဆမ်ခါးနဲ့ လူငယ်အမျိုးသမီးဆုကို မန်စီးတီးအသင်းက လော်ရန်ဟမ့်ပ်တို့က အသီးသီး ရရှိခဲ့ကြ ပါတယ်။

Source: Daily Mail/Goal

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

မက်ဆီ စကားပြောရင် သမ္မတတောင် ပါးစပ်ပိတ်နေရတယ်လို့ မာတီးနတ်စ် ပြော

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s

အနီကတ်နဲ့ပင်နယ်တီကြောင့် တာဂျီကစ္စတန်ကို အရေးနိမ့်ခဲ့တာလို မြန်မာနည်းပြ ပြော

By CNI
CNI
Category: Watch TV
Hits: 717

Share
Tweet
Share
Share
powered by social2s

သြဂုတ်လမှာ ထိုးသတ်ဖို့ရှိနေတဲ့ အူဆက်ခ်နဲ့ ဂျိုရွှာတို့ရဲ့ မကျေပွဲ

By CNI
CNI
Category: အားကစား
Hits: 948

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

အူဆက်ခ်နဲ့ ဂျိုရွှာတို့ ထိုးသတ်မယ့်မကျေပွဲကို သြဂုတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းမှာ ကျင်းပသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အူဆက်ခ်ဟာ ပြီးခဲ့တဲ့နှစ်က ထိုးသတ်ခဲ့တဲ့ပွဲမှာ ဂျိုရွှာကို အမှတ်နဲ့အနိုင်ရပြီး WBO, IBF နဲ့ WBA (Super) ချန်ပီယံ ခါးပတ်တွေကို ရရှိခဲ့တာပါ။

အစောပိုင်းက မကျေပွဲကို ဇူလိုင် ၂၃ ရက်မှာ ကျင်းပဖို့သတ်မှတ်ထားပေမယ့် အူဆက်ခ်ရဲ့ ပွဲစီစဉ်သူ အိုလက်ဆန်းဒါးက နောက်ပိုင်းရက်စွဲအတွက်ပြင်ဆင်ဖို့ ပြန်လည်ပြောခဲ့တာဖြစ်ပါတယ်။ နိုင်ငံရဲ့လူ့အခွင့်အရေးမှတ်တမ်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေပေမယ့် ဒီမကျေပွဲကို ဆော်ဒီနိုင်ငံမှာ ကျင်းပဖို့ ရှိနေတာပါ။

အသက် ၃၂ နှစ်အရွယ်ရှိ ဂျိုရွှာဟာ ၂၀၁၉ က အန်ဒီရူးဝစ်နဲ့ မကျေပွဲမှာအနိုင်ရခဲ့ပြီးနောက် ဆော်ဒီမှာ နောက်ထပ် တစ်ပွဲအဖြစ် ထပ်မံထိုးသတ်ရဖွယ်ရှိနေတာဖြစ်ပြီး အူဆက်ခ်နဲ့ ဂျိုရွှာတို့ရဲ့ မကျေပွဲဟာ ဒုတိယအကြိမ်မြောက် ထပ်မံနှောင့်နှေးခဲ့ရတာလည်း ဖြစ်ပါတယ်။

အူဆက်ခ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စပါးကွင်းတွင် ဂျိုရွှာကို ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ အသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဂျိုရွှာဟာ ဒီပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် မကျေပွဲ အဖြစ်ထိုးသတ်မယ့်စာချုပ်ပါအချက်ကို ချက်ချင်းပဲအသက်သွင်းပြီး မေလမှာ ထိုးသတ်ဖို့မျှော်လင့်ခဲ့တာပါ။

ဒီအချိန်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်မှုတွေကြောင့် အူဆက်ခ်ဟာ စစ်ပွဲကိုကူညီနိုင်ဖို့အတွက် ယူကရိန်းမှာပဲဆက်ရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ပွဲစီစဉ်သူတွေကို နှောင့်နှေးစေခဲ့တာပါ။အသက် ၃၅ နှစ်အရွယ်ရှိ အူဆက်ခ်ဟာ လေ့ကျင့်မှုတွေပြန်လည်စတင်ဖို့ မတ်လက နိုင်ငံတွင်းကနေပြန်ထွက်ခွာလာခဲ့ တာဖြစ်ပါတယ်။အူဆက်ခ်ဟာ ခါးပတ်ကိုထိန်းသိမ်းနိုင်ဖို့အတွက် လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် ပြုလုပ်နေခဲ့တာပါ။

ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၁၉ ပွဲထိုးသတ်ခဲ့တဲ့ အူဆက်ခ်ဟာ ၁၉ ပွဲလုံးအနိုင်ရရှိထားသူလည်းဖြစ်ပါတယ်။ ဂျိုရွှာကတော့ ၂၆ ပွဲထိုးသတ်ထားခဲ့ရာ ၂၄ ပွဲအနိုင်ရခဲ့ပြီး ၂ ပွဲအရေးနိမ့်ထားတာဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဖျားနာမှုကြောင့် နှောင့်နှေးခဲ့ရတဲ့ ဘလတ္တာနဲ့ ပလာတီနီတို့ရဲ့ ရုံးချိန်း

By CNI
CNI
Category: အားကစား
Hits: 1056

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

ဘလတ္တာ ဖျားနာနေတာကြောင့် သူနဲ့ ပလာတီနီကို စတင်စစ်ဆေးမယ့် ရုံးချိန်းကို တစ်ရက်နှောင့်နှေးစေခဲ့ တယ်လို့ ဘီဘီစီက ဖော်ပြခဲ့ပါတယ်။

တစ်ချိန်က ကမ္ဘာ့ဘောလုံးလောကမှာ သြဇာအာဏာကြီးမားတဲ့ ဘလတ္တာနဲ့ ပလာတီနီတို့ နှစ်ဦးဟာ လိမ်လည်မှု နဲ့ စွပ်စွဲခံထားရတာကို ဗုဒ္ဓဟူးနေ့မှာ ရုံးတင်စစ်ဆေးခံရမှာပါ။

ဒါပေမယ့် ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာဟာ ရင်ဘတ် အောင့်နေတဲ့အတွက် ဆွစ်ဇာလန်ရှိ တရားရုံးကြားနာမှုမှာ သက်သေထွက်ဆိုနိုင်ခြင်းမရှိဘူးလို့ ပြောခဲ့တာ ဖြစ်ပါ တယ်။

"နာကျင်မှုတွေ ပြန်လည်ခံစားနေရပြီး အသက်ရှုရခက်နေတယ်"လို့ အသက် ၈၆ နှစ်အရွယ်ရှိ ဘလတ္တာက တိုးတိုးလေးပြောခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

တရားသူကြီးတွေက ဘလတ္တာကို ကြာသပတေးနေ့မှာ ထွက်ဆိုဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။၂၀၁၁ က ဘလတ္တာ ဟာ ပလာတီနီထံကို ပေါင် ၁.၆ သန်းပေးချေမှုဟာ ဥပဒေမဲ့လုပ်ရပ်ဆိုပြီး ဆွစ်ဇာလန်အစိုးရရှေ့နေတွေက ပြောခဲ့တာပါ။

သူတို့နှစ်ဦးကတော့ ဒါဟာ အမှားအယွင်းတွေသာဖြစ်တယ်လို့ ငြင်းဆိုထားတာဖြစ်ပါတယ်။ ဒီလို ပေးချေမှုဟာ ၁၉၉၈ ကနေ ၂၀၀၂ ခုနှစ်အထိ ဖီဖာမှာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့လို့ ပေးတာဖြစ်ကြောင်း ပြောခဲ့တာပါ။

ဘလတ္တာနဲ့ပလာတီနီတို့ဟာ ၂၀၁၅ ခုနှစ်က ဘောလုံးလောကကနေ ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး မနှစ်က နိုဝင်ဘာမှာ စွဲချက်တင်ခံခဲ့ရတာပါ။ဘလတ္တာက “ကျနော်ဟာ ဥပဒေကိုဆန့်ကျင်ပြီး ဘာမှမလုပ်ဘူးဆိုတာ သိပါတယ်။ ကျနော်ဟာ ဖီဖာမှာ ၄၅ နှစ်ကြာရှိခဲ့ပြီး ကျနော့်ဘဝက ဘောလုံးပါပဲ”လို့ သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီရုံးချိန်းကို ဇွန်လ ၂၂ ရက်မှာ အပြီးသတ်စစ်ဆေးမှာဖြစ်ပြီး ဇူလိုင်လ ၈ ရက်မှာ စီရင်ချက်ချမယ်လို့ ခန့်မှန်းရတာပါ။

အပြစ်ရှိကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် နှစ်ဦးစလုံးဟာ ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

မက်ဆီ စကားပြောရင် သမ္မတတောင် ပါးစပ်ပိတ်နေရတယ်လို့ မာတီးနတ်စ် ပြော

By CNI
CNI
Category: အားကစား
Hits: 2451

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

အာဂျင်တီးနား ဂိုးသမား မာတီးနတ်စ်က မက်ဆီ စကားပြောတဲ့အချိန်မှာ အာဂျင်တီးနား သမ္မတကတောင် ငြိမ်သက်စွာ နားထောင်နေရတာလို့ ပြောလိုက်ပါတယ်။

မာတီးနတ်စ်က “ဒါက သူ့ရဲ့ နောက်ဆုံးထဲက တစ်ခုဖြစ်မှာဖြစ်ပြီး အရာအားလုံးကို သူပေးသွားမယ်လို့ ပြောခဲ့တာပါ။ကျနော်ကတော့ မက်ဆီ စကားပြောတဲ့အချိန်မှာ နည်းနည်းတော့ တုန်လှုပ်နေသလို ဖြစ်နေပါတယ်။အားလုံးက ပါးစပ်ပိတ်နေကြပါတယ်။အာဂျင်တီးနား သမ္မတပဲဖြစ်ဖြစ်၊ မန်နေဂျာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်ပါ။အားလုံးက ပါးစပ်တွေပိတ်နေကြတာ”လို့ Prime Video မှာပြောခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းကိုပါ အမေရိကဖလား အောင်ပွဲခံတဲ့နေ့မှာ မက်ဆီပြောခဲ့တာကို မာတီးနတ်စ် အသေးစိတ် ပြန်လည်ချပြခဲ့တာပါ

။မက်ဆီနဲ့အာဂျင်တီးနားအသင်းတို့ဟာ ပြီးခဲ့တဲ့နွေရာသီက ကိုပါအမေရိကဖလား ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။ဒီဆုဖလားဟာ မက်ဆီရဲ့လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးဆုဖလားလည်း ဖြစ်ခဲ့ ပါတယ်။

အဆိုပါနေ့မှာ မက်ဆီရဲ့ ဦးဆောင်ကြွေးကြော်မှုတွေကြောင့် ပါဝင်တဲ့သူတွေအားလုံးကို စိတ်လှုပ်ရှား စေခဲ့တယ်လို့ မာတီးနတ်စ်က ဝန်ခံခဲ့တာပါ။

မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၁၆၂ ပွဲပါဝင်ကစားထားပြီး ၈၆ ဂိုးသွင်းယူထားတာပါ။သူဟာ လက်ရွေးစင်အသင်းရဲ့ ပွဲအများဆုံးကစားသမားနဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ အဆိုပါ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆု၊ ရွှေဘောလုံးဆုကို ရယူခဲ့ပြီး အဆုံးသတ်မှာ ဘောလွန်းဒီအောဆုကိုပါ ရယူနိုင်ခဲ့တာပါ။မက်ဆီဟာ မကြာသေးခင်က အီတလီကို အနိုင်ရပြီး အာဂျင်တီးနားနဲ့အတူ Finalissima ဆုဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဆုဖလားဟာ မက်ဆီရဲ့ လက်ရွေးစင်ကစားသမားဘ၀ ဒုတိယမြောက်နိုင်ငံတကာဆုဖလားလည်း ဖြစ်ခဲ့တာပါ။ မကြာခင်မှာ အသက် ၃၅ နှစ်ပြည့်တော့မယ့် မက်ဆီဟာ အခုနှစ်ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းကို ဦးဆောင်မှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆော်ဒီ၊ ပိုလန်၊ မက္ကဆီကို အသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်နေခဲ့တာဖြစ်ပါတယ်။

Source:Goal.com

 

 

 

 

Share
Tweet
Share
Share
powered by social2s

အနီကတ်နဲ့ပင်နယ်တီကြောင့် တာဂျီကစ္စတန်ကို အရေးနိမ့်ခဲ့တာလို့ မြန်မာနည်းပြ ပြော

By CNI
CNI
Category: အားကစား
Hits: 1358

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးက အနီကတ်နဲ့ ထုတ်ပယ်ပြီး မကြာခင်မှာ ပင်နယ်တီ အပေးခံခဲ့ရတာကြောင့် တာဂျီကစ္စတန်ကို အရေးနိမ့်တာလို့ ပြောလိုက်ပါတယ်။

မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက “ကျနော်တို့ ပထမပိုင်းမှာ ပြိုင်ဘက်နဲ့ သူတင်ကိုယ်တင် ကစားပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။တာဂျီကစ္စတန် အသင်းကို ဂိုးပေးလိုက်ရပေမယ့် အသင်းလိုက် ကစားပုံကောင်းပါတယ်။ပထမပိုင်းမှာ အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ အားလုံးက ချေပဂိုးနဲ့ ရလဒ်ကောင်း ရဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် အနီကတ်နဲ့ တစ်ယောက်ထုတ်ပယ်ခံခဲ့ရသလို မကြာခင်မှာ ပင်နယ်တီပေးလိုက် ရတာကြောင့် ကျနော်တို့ ပြန်ကစားဖို့ ခက်သွားခဲ့ပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မြန်မာအသင်းဟာ ၂၀၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စုအဆင့်အဖွင့်ပွဲစဉ်အဖြစ် တာဂျီကစ္စတန်အသင်းနဲ့ ဇွန်လ ၈ ရက်က ကစားခဲ့ရာ ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်သွားခဲ့တာပါ။

မြန်မာအသင်းဟာ ဒီပွဲမှာ ၅-၄-၁ ကစားကွက်နဲ့ တာဂျီကစ္စတန်အသင်းကို ရင်ဆိုင်လာခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းကလည်း အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၉ မိနစ်မှာကတည်းက တာဂျီကစ္စတန်အသင်းက ဦးဆောင်ဂိုး ရခဲ့တာပါ။ မြန်မာအသင်းဟာ ချေပဂိုးရဖို့ အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ တာဂျီကစ္စတန် အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ တာဂျီကစ္စတန်အသင်းက ဖိအားပေးကစားလာမှုကို ဖျက်ထုတ်ရင်းနဲ့ မြန်မာအသင်း နောက်ခံလူ စိုးမိုးကျော်ဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲခဲ့ရတာပါ။

အဆိုပါပြစ်ဒဏ်ဘောကနေ ပင်နယ်တီပေးခဲ့ရပြီး တာဂျီကစ္စတန်အသင်း ဒုတိယဂိုးရသွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာ တစ်ယောက်လျော့နေတဲ့ မြန်မာ အသင်းကို ဆက်တိုက်ဖိအားပေးလာခဲ့ကာ တာဂျီကစ္စတန်အသင်း တတိယဂိုးနဲ့စတုတ္တဂိုး ရရှိသွားခဲ့တာပါ။

အဲဒါကြောင့် တာဂျီကစ္စတန်အသင်းဟာ မြန်မာအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

အုပ်စုအဖွင့်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မြန်မာအသင်းဟာ ဇွန်လ ၁၁ ရက်မှာ ကာဂျစ္စတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ခြေစစ်ပွဲအောင်ဖို့ဆိုရင် ဒီပွဲကို အနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ကာဂျစ္စတန်အသင်းဟာ အဖွင့်ပွဲမှာ စင်ကာပူ အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဝိန်းရွန်နီရဲ့စံချိန်ကို ကျော်ဖြတ်ဖို့ ၄ ဂိုးသာလိုတော့တဲ့ ဟာရီကိန်း

By CNI
CNI
Category: Watch TV
Hits: 774

Share
Tweet
Share
Share
powered by social2s

ထိုင်းကလပ် College of Asian Scholars အသင်းမှာ ကစားမယ့် ခင်မာလာထွန်း

By CNI
CNI
Category: Watch TV
Hits: 800

Share
Tweet
Share
Share
powered by social2s
တိုက်ဂါးဝုဒ် ကိုတွေ့ရစဉ် (The42)

အမေရိကန်အိုးပန်းမှာ ပါဝင်နိုင်မှာ မဟုတ်တဲ့ တိုက်ဂါးဝုဒ်

By CNI
CNI
Category: အားကစား
Hits: 1061

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈

တိုက်ဂါးဝုဒ် ဟာ လာမယ့်အပတ်မှာ ကျင်းပမယ့် အမေရိကန် အိုးပန်းပြိုင်ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘဲ လာမယ့်လ စိန့်အန်ဒရူး မှာ ကျင်းပမယ့် ပြိုင်ပွဲမှာတော့ ပါဝင်နိုင်ဖို့ ရှိနေတယ်လို့ အတည်ပြု လိုက်ပါတယ်။

အဓိက ဆုဖလား ၁၅ ကြိမ် ရရှိထားတဲ့ နာမည်ကြီး ဂေ့ါဖ်ကစားသမားဟာ မေလက ကျင်းပခဲ့တဲ့ အမေရိကန် ပီဂျီအေ ချန်ပီယံ ရှစ် ပြိုင်ပွဲကနေလည်း နုတ်ထွက်ခဲ့တာပါ။

တိုက်ဂါးဝုဒ် က “ ကျနော် အမေရိကန်အိုးပန်းမှာ ပါဝင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ အဓိက ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အတွက် ကျနော့် ခန္ဓာကိုယ် ပိုပြီး သန်မာနေဖို့ အချိန်လိုအပ်ပါတယ်”လို့ သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

ဒီပွဲကို LIV Golf Invitational Series ပြိုင်ပွဲက ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ အမေရိကန် အိုးပန်းပြိုင်ပွဲကိုတော့ ဇွန်လ ၁၆ ရက် ဘရွတ်ကလင်းမှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

တိုက်ဂါးဝုဒ် ကိုတွေ့ရစဉ်(NY Post)

တိုက်ဂါးဝုဒ် က “အိုင်ယာလန်မှာ ကျင်းပမယ့် ပွဲနဲ့ လာမယ့်လ The Open ပြိုင်ပွဲမှာ ပါဝင်ပြီး ကစားနိုင်ဖို့ ကျနော် မျှော်လင့် ထားပါတယ်။ မကြာခင် ပြန်လည် ယှဉ်ပြိုင်နိုင်ဖို့ စိတ်လှုပ်ရှားနေတယ်”လို့ ပြောပါတယ်။

တိုက်ဂါးဝုဒ် ဟာဆိုရင် ပြင်းထန်တဲ့ ကားတိုက်မှု ဖြစ်ပွားခဲ့အပြီး ၁၄ လအကြာ ဧပြီလက မာစတာပြိုင်ပွဲမှာ ပြန်လည် ယှဉ်ပြိုင် လာခဲ့တာပဲ ဖြစ်ပါတယ်။ အမေရိကန်နာမည်ကျော် ကစားသမားဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ဂေါ့ဖ် ပြိုင်ပွဲရဲ့ အမြင့် ဆုံး အဆင့်တွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အစပိုင်းမှာ မေးခွန်း ထုတ်ခံခဲ့ရပါတယ်။

(၁၅၀)ကြိမ်မြောက်အဖြစ် စိန့်အန်ဒရူးမှာ ကျင်းပမယ့် အိုးပန်းချန်ပီယံရှစ် ပြိုင်ပွဲကို ဇူလိုင်လ ၁၀ ရက်ကနေ ၁၇ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

၂၀၀၀၊၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ်တွေတုန်းက ကျင်းပခဲ့တဲ့ အိုးပန်းချန်ပီယံရှစ် ပြိုင်ပွဲတွေမှာ တိုက်ဂါးဝုဒ်ဟာ ချန်ပီယံဆု ၃ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

တိုက်ဂါးဝုဒ် ဟာဆိုရင် ၂၀၁၉ က မာစတာ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး ကတည်းက အဓိက ပြိုင်ပွဲတွေမှာ ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ တိုက်ဂါးဝုဒ် ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ခန့်မှန်းခြေ ဒေါ်လာ သန်း ၈၀၀ ရှိတယ်လို့ အချက် အလက်တွေအရ သိရပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s
ဩစတြေးလျ အသင်းကိုတွေ့ရစဉ်(The Austrailan)

ပီရူးကို နိုင်ချင်ရင် ဒီထက်တိုးတက်ရမယ်လို့ သြစတြေးလျ နည်းပြ ပြော

By CNI
CNI
Category: အားကစား
Hits: 999

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈

သြစတြေးလျ အသင်းနည်းပြ ဂရာဟမ်အာနိုးလ် က ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့အတွက် ပီရူး ကို အနိုင်ရချင်တယ်ဆိုရင် ဒီထက် တိုးတက်ရမယ်လို့ ယူအေအီးကို အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။

သြစတြေးလျ အသင်းဟာ အာရှဇုန်ပလေးအော့ဖ် ပွဲစဉ်အဖြစ် ယူအေအီး အသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ တာပါ။ သြစတြေးလျ အသင်းဟာ ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့အတွက် နောက်ဆုံးအဆင့် ပွဲစဉ်အဖြစ် တောင်အမေရိကဇုန် အသင်းဖြစ်တဲ့ ပီရူး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

သြစတြေးလျ အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်ဆက် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ဂရာဟမ်အာနိုးလ် က “ကျနော်တို့ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုပါတယ်။ ဒီပွဲအပြီးမှာ ဒီထက်ကြီးမားတဲ့ တိုးတက်မှုမျိုးကို ကျနော် မျှော်လင့်နေတာပါ။ ယူအေအီးက ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပေမယ့် ကျနော်တို့မှာ ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေရှိခဲ့ပြီး ကစားပုံနဲ့လည်း ပိုပြီးတော့ ကိုက်ညီမှု ရှိခဲ့ပါတယ်။ ပီရူး နဲ့ ပွဲမှာတော့ ဒီထက်ပိုပြီး ကောင်းမွန်လာဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်”လို့ ပြောခဲ့တာပါ။

ဩစတြေးလျအသင်း ယူအေအီးအသင်းနဲ့ ယှဉ်ပြိုင်နေစဉ် (Sport)

ယူအေအီး အတွက်တော့ ၁၉၉၀ နောက်ပိုင်း ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေဟာ ပွဲပြီးကာ နီးမှာ ပေးခဲ့ရတဲ့ ဂိုးကြောင့် ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။

ယူအေအီး နည်းပြကတော့ သူတို့ ကစားသမားတွေဟာ နောက် ဆုံး ၁၅ မိနစ်မှာ ခံနိုင်ရည် အားနည်းခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။ သြစတြေးလျ ကစားသမား မာတင်ဘိုလီ က သူတို့ ဟာ အလုပ်တစ်ဝက်ပဲ ပြီးမြောက်သေးတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မာတင်ဘိုလီ က “ ကျနော်တို့ဟာ ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေကို ပြသခဲ့ပြီး ပွဲချိန်အများစုကို လွှမ်းမိုးခဲ့ပါတယ်။ အခွင့်အရေးတွေ ရောက်လာတဲ့ အချိန်မှာတော့ အရယူခဲ့ပါတယ်။ အခု အလုပ်တစ်ဝက် ပြီးသွားပါပြီ။ လာမယ့် ပွဲအတွက် ပြင်ဆင်ပြီး ထပ်သွားရပါမယ်”လို့ ပြောခဲ့တာပါ။

ပီရူး နဲ့ သြစတြေးလျ တို့ဟာ ဇွန်လ ၁၃ ရက် အယ်လ်ရေယန်မှာ ယှဉ်ပြိုင် သွားကြမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းဟာ ပြင်သစ်၊ ဒိန်းမတ်၊ တူနီးရှား အသင်းတို့နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

Share
Tweet
Share
Share
powered by social2s

 ဝိန်းရွန်နီရဲ့စံချိန်ကို ကျော်ဖြတ်ဖို့ ၄ ဂိုးသာလိုတော့တဲ့ ဟာရီကိန်း

By CNI
CNI
Category: အားကစား
Hits: 1961

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈

ဟာရီကိန်းဟာ ဂျာမနီနဲ့ အင်္ဂလန်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ဂိုးသွင်းယူပြီးနောက် သွင်းဂိုး ၅၀ ပြည့်မြောက်သွားခဲ့တာဖြစ်ပါတယ်။

ဟော့ဖ်မန်းက ဂျာမနီအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့တာကို ဟာရီကိန်းက ပွဲပြီးခါနီးမှာရတဲ့ ပင်နယ်တီကနေ အင်္ဂလန်အတွက် အဖိုးတန်ချေပဂိုး ပြန်သွင်းယူပေးခဲ့တာပါ။

ဟာရီကိန်းဟာ ဒီပွဲမှာ ဂိုးသွင်းခဲ့တဲ့အတွက် အင်္ဂလန် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဆာဘော်ဘီချာလ်တန်ကို ကျော်ပြီး ဒုတိယနေရာကို ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားကတော့ ဝိန်းရွန်နီဖြစ်ပြီး ၅၃ ဂိုးသွင်းယူ ထားတာပါ။

အဲဒါကြောင့် ဟာရီကိန်းအနေနဲ့ အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ဖို့ဆိုရင် ဝိန်းရွန်နီရဲ့ စံချိန် ကို ကျော်ဖြတ်ဖို့ ၄ ဂိုးသာ လိုတော့တာလည်းဖြစ်ပါတယ်။

စပါးအသင်း တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင် ခင်မှာ ဝိန်းရွန်နီရဲ့ စံချိန်ကိုချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ အရင်ကတည်းက ပြောထားခဲ့ တာပါ။

ဟာရီကိန်းက “ဂိုးတွေသွင်းရတာကို တကယ်နှစ်သက်ပါတယ်။အထူးသဖြင့် ကိုယ့်နိုင်ငံအတွက်ဆိုရင် အမြဲတမ်း နှစ်သက်ပါတယ်။ဂိုးတွေသွင်းပြီး အသင်းကို ကူညီနိုင်တဲ့အချိန်တိုင်း အလွန်ဝမ်းသာရပါတယ်။ အလွန်ကောင်းမွန် တဲ့ စိတ်ဓါတ်ကိုပြသဖို့ အလွန်အရေးကြီးပါတယ်။ ၁ ဂိုး- ဂိုးမရှိနဲ့ အနောက်ကနေ လိုက်ကစားနေတဲ့အချိန်မှာ ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေကို ပြသခဲ့ပြီး ရလဒ်ကောင်းရယူနိုင်ခဲ့ပါတယ်။

ကျနော်တို့ဟာ အလွန်ကောင်း မွန်တဲ့ ဂျာမနီအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတာပါ။ကျနော်တို့မှာ အလွန်အရေးပါတဲ့ပွဲတွေရှိသေးတယ်”လို့ Channel 4 ကို ပြောခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ နေရှင်းလိဂ်အဖွင့်ပွဲစဉ်မှာ ဟန်ဂေရီအသင်းကို အရေးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်မှာ ဂျာမနီအသင်း နဲ့ သရေကျခဲ့တာကြောင့် အုပ်စုတွင်း နောက်ဆုံးနေရာမှာ ရပ်တည်နေခဲ့တာပါ။

အင်္ဂလန်အသင်းဟာ စနေနေ့မှာ နေးရှင်းလိဂ် တတိယပွဲစဉ်အဖြစ် အုပ်စုတွင်း ဦးဆောင်နေတဲ့ အီတလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းကလပ် College of Asian Scholars အသင်းမှာ ကစားမယ့် ခင်မာလာထွန်း

By CNI
CNI
Category: အားကစား
Hits: 1575

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ခေါင်းဆောင် ခင်မာလာထွန်းဟာ ထိုင်းအမျိုးသမီးကလပ် အသင်းဖြစ်တဲ့ College of Asian Scholars အသင်းမှာ ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုဆိုရင် ခင်မာလာထွန်း ဟာ ထိုင်းကလပ်နဲ့ သြဂုတ်လအကုန်ထိ ၃ လ စာချုပ် ချုပ်ဆိုထားပါတယ်။ ကစားသမားရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး စာချုပ်သက်တမ်း ဆက်လက် တိုးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းခေါင်းဆောင် ခင်မာလာထွန်း ဟာ ကစားသမားဘဝ ပထမဆုံးအကြိမ် ပြည်ပထွက် ကစားတာလည်း ဖြစ်ပါတယ်။ ခင်မာလာထွန်း ဟာ လက်ရှိအချိန်မှာ အသင်းနဲ့အတူ ပူးပေါင်းပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ လည်း ဖြစ်ပါတယ်။

ခင်မာလာထွန်းဟာ ဝင်းသိင်္ဂထွန်း နောက်ပိုင်း ပြည်ပကို ထွက်ကစားတဲ့ ဒုတိယမြောက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း က အမျိုးသမီး ဖြစ်ပါတယ်။

ခင်မာလာထွန်း ကတော့ ၂၀၀၉ ကတည်းက မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် ပွဲထွက်ခွင့် ရခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်နေသူ ဖြစ်ပါတယ်။

ခင်မာလာထွန်း ဟာ ပြီးခဲ့တဲ့ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အခုလို ပြည်ပထွက်ကစားဖို့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲကလည်း ၂၀၁၈-၁၉ ရာသီအပြီးမှာ ရပ်နားထားခဲ့ရတာပါ။ အဲ့ဒီတုန်း က ပြိုင်ပွဲမှာ ISPE အသင်း ချန်ပီယံဖြစ်အောင် ခင်မာလာထွန်းက အဓိက စွမ်းဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

တခြား တစ်ဖက်မှာတော့ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားဖြစ်တဲ့ ဝင်းသိင်္ဂထွန်း ဟာဆိုရင်လည်း အိန္ဒိယ ကလပ် ဂိုကူလမ် အသင်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက သွားရောက်ကစားနေပြီး ဂိုး အများအပြား သွင်းယူပြီးတော့ ခြေစွမ်း ပြသနေပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် ဘတ်ပီ သတ်မှတ်ခံရ

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s
  • 66
  • 67
  • 68
  • 69
  • 70
  • 71
  • 72
  • 73
  • 74
  • 75

Page 71 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar