CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဗယ်လာဒိုးလစ် တန်းတက်ခဲ့လို့ မိုင် ၂၈၀ ခရီးကို စက်ဘီးနဲ့ သွားခဲ့တဲ့ ရော်နယ်ဒို

By CNI
CNI
Category: Watch TV
Hits: 775

Share
Tweet
Share
Share
powered by social2s
လီဝန်ဒေါစကီး ကိုတွေ့ရစဉ် (SPORT)

ဘိုင်ယန်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေ သေဆုံးသွားပြီလို့ လီဝန်ဒေါစကီး ပြော

By CNI
CNI
Category: အားကစား
Hits: 1340

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

အခုနွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ လီဝန်ဒေါစကီး ဟာ နောက်ထပ် တစ်ကြိမ် ထွက်ခွာမယ့် အကြောင်းကို ပြောလိုက်ပါတယ်။

လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်ရာသီသာ ကျန်ရှိတော့တာဖြစ်ပြီး ကစားသမား က အသင်းနဲ့ သက်တမ်းတိုးမှာ မဟုတ်ဘဲ ထွက်ခွာမှာလို့ အတည်ပြုထားပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းကတော့ လီဝန်ဒေါစကီး ကို စာချုပ်ကုန်ဆုံး အချိန်ထိ အသင်းမှာပဲ ဆက်ရှိစေချင်ကြောင်း ပြောထား တာ ဖြစ်ပါတယ်။ ပိုလန်လက်ရွေးစင် တိုက်စစ်မှူးကို ခေါ်ယူဖို့ ဘာစီလိုနာ အသင်းက ကြိုးစားနေပါတယ်။

လီဝန်ဒေါစကီး ဟာ ပိုလန်ချန်နယ်လ် ဖြစ်တဲ့ Onet Sport ကို ဂျာမနီကလပ်ကနေ ထွက်ခွာမယ့် အကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

လီဝန်ဒေါစကီး က “ ကျနော်လိုချင်တဲ့ တစ်ခုတည်းသော အရာက ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ပါပဲ။ သစ္စာရှိမှုနဲ့ လေးစား မှုက အလုပ်ထက် ပိုပါတယ်။ အကောင်းဆုံးကတော့ အတူတူအဖြေရှာဖို့ပါ။ ကျနော့်ရင်ထဲမှာ တစ်ခုခု သေဆုံးသွားပါပြီ။ ကျနော့် ဘဝမှာ စိတ်လှုပ်ရှားစရာ အရာတွေ ရှာဖွေဖို့ ဘိုင်ယန်မြူးနစ်ကနေ ထွက်သွားချင်ပါတယ်”လို့ ပြောပါတယ်။

လီဝန်ဒေါစကီး က လာမယ့်ရာသီ စပိန်လာလီဂါမှာ ကစားချင်ကြောင်းကိုလည်း ပြောထားပါတယ်။

ဘိုင်ယန်မြူးနစ်ကနေ ထွက်ချင်နေတဲ့ လီဝန်ဒေါစကီး(The Mirror)

“ဘာစီလိုနာက လွဲပြီး တခြားကမ်းလှမ်းမှုတွေကို ကျနော် မစဉ်းစားထားပါဘူး။ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာချင်တယ် ဆိုတာ သေချာပါတယ်”လို့ လီဝန်ဒေါစကီး က ပြောခဲ့တာ ဖြစ်ပါတယ်။

လီဝန်ဒေါစကီး ဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ လာမယ့် ရာသီသစ်အတွက် ရာသီကြို လေ့ကျင့်မှု ပြုလုပ်ဖို့ ပြန်လာလို ခြင်း မရှိတော့တာပါ။

ဘိုင်ယန်မြူးနစ် အသင်းဟာ လီဝန်ဒေါစကီး ကို ထွက်ခွာခွင့်ပေးဖို့ တွန့်ဆုတ်နေပြီး အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အခက်အခဲ တွေ ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ လက်ရှိအချိန်မှာ လီဗာပူးလ် တိုက်စစ်မှူး မာနေး ကို ခေါ်ယူဖို့ ကြိုးစားနေပြီး ပထမအကြိမ် ကမ်းလှမ်းမှု ပယ်ချခံထားရတာကြောင့် ဒုတိယအကြိမ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။ မာနေး ကလည်း လီဗာပူးလ်ကနေ ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။

၂၀၁၄ က ဒေါ့မွန်ကနေ ရောက်ရှိလာခဲ့တဲ့ လီဝန်ဒေါစကီး ဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ၃၇၅ ပွဲ ကစားထားပြီး ၃၄၄ ဂိုး သွင်းယူကာ ဆုဖလားအောင်မြင်မှုတွေနဲ့ တစ်ဦးချင်း အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: Besoccer

 

 

 

 

Share
Tweet
Share
Share
powered by social2s

လမ်းခွဲထားပေမယ့် သားဖြစ်သူရဲ့ ဘေ့စ်ဘောပွဲမှာ အတူရှိခဲ့တဲ့ ပီကေးနဲ့ ရှာကီရာ

By CNI
CNI
Category: အားကစား
Hits: 1667

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

ပီကေးနဲ့ ရှာကီရာတို့ဟာ တရားဝင်လမ်းခွဲကြောင်း ကြေညာထားခဲ့ပေမယ့် သားဖြစ်သူ ကစားတဲ့ ဘေ့စ်ဘောပွဲကို ကြည့်ရှုဖို့ အတူရှိခဲ့ကြတယ်လို့ The Sun က ဖော်ပြထားပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိ ပေါ့ပ်အဆိုတော် ရှာကီရာက ၁၁ နှစ်ကျော်ကြာ လက်တွဲခဲ့တဲ့ ပီကေးနဲ့ လမ်းခွဲလိုက်ပြီလို့ တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ဒါပေမယ့် ပီကေးနဲ့ရှာကီရာတို့ဟာ အတူတကွရှိခဲ့ကြပြီး မိတ်ဆွေတွေ အဖြစ် ဆက်ရှိနိုင်ဖို့ ကြိုးစားနေကြတယ်လို့ El Periodico က ဖော်ပြခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ချက်နိုင်ငံ မှာ နိုင်ငံတကာဘေ့စ်ဘောပြိုင်ပွဲ ပါဝင်ကစားနေတဲ့ အသက် ၈ နှစ်အရွယ်ရှိ သားဖြစ်သူ မီလန် ကစားနေပုံအား ကြည့်ရှုနေကြတာကို တွေ့ခဲ့ရတာပါ။

မီလန်ဟာ ကတ်တလန်အခြေစိုက်အသင်းအတွက် ကိုယ်စားပြု ပါဝင်ကစားနေတာဖြစ်ပြီး ဓါတ်ပုံတွေထဲမှာ သူတို့ နှစ်ဦးအတူရှိနေတဲ့ပုံကို တွေ့မြင်ခဲ့ရခြင်းမရှိပါဘူး။ရှာကီရာဟာ လူငယ်လေးတွေနဲ့ ပျော်ရွှင်စွာ စကားပြော နေခဲ့တာဖြစ်ပြီး ပီကေးကတော့ ခေါင်းငုံ့ပြီး လမ်းလျှောက်နေခဲ့တာပါ။

သတင်းရင်းမြစ်တွေက သူတို့နှစ်ဦးကြား ဆက်ဆံရေးက တင်းမာနေခဲ့ပေမယ့် သားသမီးတွေအတွက် မိတ်ဆွေတွေအဖြစ် ဆက်ရှိနေနိုင်ဖို့ ကြိုးစားနေတယ် လို့ El Periodico ကို ပြောခဲ့တာဖြစ်ပါတယ်။

ရှာကီရာဟာ သားဖြစ်သူရဲ့ ဘေ့စ်ဘောပွဲတွေကို ဘယ်တော့မှ လက်လွှတ်ခြင်း မရှိခဲ့ဘူးလို့သိရပါတယ်။သူတို့ နှစ်ဦးဟာ မီလန်၊ ဆက်ရှ်ဟာ တို့ရဲ့ မိဘတွေဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ လက်တွဲခဲ့ပေမယ့် လက်ထပ် ထားခြင်း မရှိသေးပါဘူး။

ရှာကီရာဟာ ပီကေးကို အခြားအမျိုးသမီးတစ်ဦးနဲ့ အတူရှိနေတာကို သိခဲ့ပြီးနောက် လမ်းခွဲတော့မယ်ဆိုတဲ့ သတင်းတွေပျံနှံ့ခဲ့တာဖြစ်ပါတယ်။အဲဒီနောက် သိပ်မကြာခင်မှာ နှစ်ဦးသား လမ်းခွဲပြီလို့ အတည်ပြုခဲ့တာပါ။

ရှာကီရာက “လမ်းခွဲကြောင်း အတည်ပြုရတဲ့အတွက် ဝမ်းနည်းမိပါတယ်။ကျမတို့ရဲ့ ဦးစားပေးအရာက သား၊ သမီး တွေဖြစ်ပြီး ကျမတို့ရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားဖို့ တောင်းဆိုပါတယ်။အားလုံးရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်”လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရှာကီရာနဲ့ပီကေးတို့ဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အထင်ကရသီချင်းဖြစ်တဲ့ ဝါကာ ဝါကာ သီချင်းရုပ်သံမှာ ပထမဆုံးအကြိမ်တွေ့ဆုံပြီး တွဲခဲ့ကြကာ ၁၁ နှစ်ကျော်အကြာမှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

Source:TheSun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် ဘတ်ပီ သတ်မှတ်ခံရ

By CNI
CNI
Category: အားကစား
Hits: 1719

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီဟာ CIES ဘောလုံးစောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့ရဲ့ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဘတ်ပီဟာ ရီးရယ်လ်အသင်းကို ငြင်းပယ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ၃ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ကာ ပြောင်းရွှေ့ကြေး ပေါင် ၁၇၅.၇ သန်းနဲ့ အဲဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းဘက်ကို အနိုင်ဂိုးသွင်းယူခဲ့တဲ့ ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်က ပေါင် ၁၅၈.၃ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့တာပါ။မန်စီးတီး တိုက်စစ်မှူးသစ် ဟာလန်းကတော့ ပေါင် ၁၃၀.၄ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

CIES ဟာ ကစားသမားရဲ့ အသက်အရွယ်၊ စွမ်းဆောင်ရည်၊လစာ၊စာချုပ်သက်တမ်း၊ကလပ်အသင်းရဲ့ စီးပွားရေး တန်ဖိုးစတဲ့ အချက်အလက်တွေကို ထည့်သွင်းတွက်ချက်တာပါ။

ဒေါ့မွန်အသင်း ကွင်းလယ်ကစားသမား ဘယ်လင် ဂမ်က အင်္ဂလန်ကစားသမားတွေထဲမှာ တန်ဖိုးအကြီးဆုံးအဖြစ် ပေါင် ၁၁၄.၁ သန်းနဲ့ ပဉ္စမနေရာမှာရှိနေပြီး မန်စီးတီး ကွင်းလယ်ကစားသမား ဖိုဒန်က ပေါင် ၁၀၅.၉ သန်းနဲ့ ဆဌမနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

CIES က ထုတ်ပြန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကစားသမား အယောက် ၁၀၀ စာရင်းမှာ ပရီးမီးယားလိဂ်က ၄၁ ဦးနဲ့ အများဆုံးပါဝင်ပြီး ဒီစာရင်းကို ကြီးစိုးထားတာပါ။

အသက် ၃၀ အရွယ်ရှိ မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းက ဒီစာရင်းထဲမှာ ပါဝင်တဲ့ အသက်အကြီးဆုံး ကစားသမားဖြစ်ပြီး ၁၇ နှစ်အရွယ်ရှိ ဘာစီလိုနာ ကစား သမား ဂါဗီက အသက်အငယ်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။အခုအပြောင်းအရွှေ့မှာ အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင်နူနက်စ်ဟာ ဥရောပထိပ်တန်း ၅ လိဂ်ရဲ့ အပြင်ဘက်မှာ တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့တာပါ။

ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကတော့ အခု CIES က ထုတ်ပြန်တဲ့ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အယောက် ၁၀၀ စာရင်းမှာ မပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
စက်ဘီးစီးနေတဲ့ ရော်နယ်ဒို (The Sun)

ဗယ်လာဒိုးလစ် တန်းတက်ခဲ့လို့ မိုင် ၂၈၀ ခရီးကို စက်ဘီးနဲ့ သွားခဲ့တဲ့ ရော်နယ်ဒို

By CNI
CNI
Category: အားကစား
Hits: 2170

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

ဘရာဇီးလ် ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဗယ်လာဒိုးလစ်အသင်း လာလီဂါ ကို တန်းတက် နိုင်ခဲ့တာကြောင့် မိုင် ၂၈၀ ခရီးကို စက်ဘီးနဲ့ သွားရောက်ခဲ့ပါတယ်။

ရော်နယ်ဒို က ဗယ်လာဒိုးလစ်အသင်း လာလီဂါကို တန်းပြန်တက်ခဲ့မယ်ဆိုရင် အခုလို စက်ဘီးစီးပြီး သွားမယ်လို့ ကတိပေး ထားခဲ့တာပါ။ ဘရာဇီးလ် ဂန္တဝင် ကစားသမားဟာ ၂၀၁၈ က ဗယ်လာဒိုးလစ် အသင်းရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ဗယ်လာဒိုးလစ် အသင်းဟာ လာလီဂါကနေ ဆီဂန်ဒါကို တန်းဆင်းခဲ့ရပါတယ်။ ဒါပေမယ့် အခုရာသီ အကုန်မှာတော့ ဆီဂန်ဒါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်ကာ လာလီဂါ ကို တန်းပြန်တက် နိုင်ခဲ့တာ ဖြစ်ပါ တယ်။

ဒါကြောင့်လည်း ရော်နယ်ဒို ဟာ ပေးထားတဲ့ ကတိတည်အောင် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို က “လာလီဂါ ကို တန်းပြန်တက်ရင် ဒီလိုလုပ်ပေးမယ်လို့ ကတိပေးထားခဲ့တာပါ။ ကျနော် မပြေးနိုင်တဲ့အတွက် စက်ဘီးနဲ့ ခရီးနှင်မှာပါ။ ကျနော်နဲ့ ကျနော့်ရဲ့ ဇနီးသည်တို့ဟာ တနင်္ဂနွေနေ့က ဗယ်လာဒိုးလစ်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး စက်ဘီးနဲ့ Santiago de Compostela ကို သွားမှာပါ။ ဒါဟာ အလွန်လှပပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ခံစားရမယ်ဆိုတာ သိပါ တယ်။ ဒါပေမယ့် ဒါက မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာမှာပါ”လို့ စပိန်မီဒီယာကို ပြောခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ဗယ်လာဒိုးလစ် အသင်း ပရိသတ်များ(The Daily Star)

ရော်နယ်ဒို တို့ ဇနီးမောင်နှံဟာ ခရီးစဉ်ကို ဗယ်လာဒိုးလစ်အသင်း အိမ်ကွင်းကနေ စတင်ခဲ့တာဖြစ်ပြီး မိုင်ပေါင်း ၂၈၀ ကို ခရီး နှင်ကြရမှာပါ။ ရော်နယ်ဒို ဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ၆၂ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အထက်မှာ ဂိုး အများဆုံးအဖြစ် ပီလီ နဲ့ နေမာ တို့သာရှိတာ ဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် ကစားသမားဘဝ ကာလတိုခဲ့ပေမယ့် ၁၉၉၇ နဲ့ ၂၀၀၂ မှာ ဘောလွန်းဒီအောဆု တွေကို ရယူနိုင်ခဲ့တာပါ။ ရော်နယ်ဒို ဟာဆိုရင် ဘရာဇီးလ် လက်ရွေးစင် အသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆု ၂ ကြိမ် ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဘရာဇီးလ် ကစားသမားဟောင်း ဟာ ၁၉၉၃ က ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ခရူဇီယို အသင်းမှာလည်း ရှယ်ယာတွေ ပိုင်ဆိုင်ထားပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြင်သစ်အိုးပန်း အနိုင်ရပြီး ဂရမ်းဆလမ်း ၂၂ ကြိမ်မြောက် နာဒယ်လ် ရရှိ

By CNI
CNI
Category: Watch TV
Hits: 929

Share
Tweet
Share
Share
powered by social2s

ဝေးလ်စ်ရဲ့ အကြီးအကျယ်ဆုံးရလဒ်လို့ ကမ္ဘာ့ဖလားဝင်ခွင့်ရပြီးနောက် ဘေးလ် ပြော

By CNI
CNI
Category: Watch TV
Hits: 754

Share
Tweet
Share
Share
powered by social2s
လီဗာပူးလ်အသင်းနဲ့အတူ တွေ့ရတဲ့ မာနေး(Goal)

မာနေး အတွက် ပေါင်၂၅ သန်းနဲ့ ဘိုင်ယန်ရဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ် ပယ်ချ

By CNI
CNI
Category: အားကစား
Hits: 1797

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆

လီဗာပူးလ် အသင်းဟာ တိုက်စစ်မှူး မာနေး ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ဆီနီဂေါ လက်ရွေးစင် ကစားသမားဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးလ်ကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ပြု လုပ် နေပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ မာနေး ကို အပိုဆုကြေး ပေါင် ၄ သန်း အပြင် ပေါင် ၂၁ သန်းနဲ့ လီဗာပူးလ် အသင်းထံ ကမ်းလှမ်းခဲ့တယ်လို့ The Times က ဖော်ပြထားပါတယ်။

အဆိုပါ အပိုဆုကြေးဟာ ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ်မှာ အခြေခံပြီး ချန်ပီယံလိဂ်ဖလား ရယူနိုင်ခြင်းလည်း ပါဝင်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် လီဗာပူးလ်ကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက လီဗာပူးလ်အသင်း ဆုဖလား ၂ လုံးရယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိခဲ့တာမှာ မာနေး ရဲ့ စွမ်းဆောင်မှု တွေက အဓိက ကျခဲ့ပါတယ်။ မာနေး က သူ လီဗာပူးလ်ကနေ ထွက်ခွာတော့မယ်လို့ အရိပ်အမြွက် ပြောလာခဲ့တာပါ။

ဆီနီဂေါ ပြည်သူတွေ အများစုက သူ့ကို လီဗာပူးလ် ကနေ ထွက်ခွာ စေချင်နေတာကြောင့် သူလည်း အဲ့ဒီလိုပဲ လုပ်မယ်လို့ မာနေး က ပြောခဲ့ပါတယ်။ မာနေး ဟာ ဘီနင်အသင်းကို အနိုင်ရတဲ့ပွဲမှာ ဆီနီဂေါ အတွက် ဟတ်ထရစ် ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဆီနီဂေါနဲ့အတူ တွေ့ရတဲ့ မာနေး (The Sun)

မာနေး က သူအကြိုက်ဆုံး အသင်းဟာ မာဆေးလ် ဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

မာနေး က “ ဘိုင်ယန်နဲ့ ဘာစီလိုနာ နှစ်သင်းလုံးက အသင်းကောင်းတွေပါ။ ဒါပေမယ့် ကျနော်က ဒီအသင်းတွေရဲ့ ပရိသတ် မဟုတ်ဘူးဆိုတာကို ခင်ဗျားသိပါတယ်။ ကျနော် အကြိုက်ဆုံးအသင်းက မာဆေးလ်”ပါလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးလ်ကနေ ထွက်ခွာချင်တယ်ဆိုပြီး ပြောခဲ့တာကလည်း နောက်ပြောင်ခဲ့တာလို့ ပြောပါတယ်။

မာနေး က “ မနေ့က ဟာသတွေနဲ့အတူ ရယ်မောပြီး ပြောခဲ့ပါတယ်။ ဒါက နေရာတိုင်းလိုလိုမှာ ရှိတာပါ။ လီဗာပူးလ် က ကျနော် အလွန်လေးစားရတဲ့ အသင်းပါ။ ပရိသတ်တွေဟာ ကျနော် အသင်းကို စရောက်တဲ့ ပထမနေ့ကတည်းက ချစ်ခင်ခဲ့ ကြပါတယ်။ အနာဂတ်ကိုတော့ ကျနော်တို့ တွေ့ရမှာပါ”လို့ ပြောပါတယ်။

မာနေး ဟာ လီဗာပူးလ် အသင်းမှာ ကစားခဲ့တဲ့ ၆ ရာသီအတွင်း ၁၂၀ ဂိုး သွင်းယူကာ အသင်းကို ဥရောပမှာ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

မာနေးနဲ့ လီဗာပူးလ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်ရာသီသာ ကျန်ရှိတော့တာဖြစ်ပြီး ကလပ်အသင်းကတော့ စာချုပ်သက်တမ်းတိုးပြီး အသင်းမှာ ဆက်ထိန်းသိမ်းချင်နေတာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

Share
Tweet
Share
Share
powered by social2s
မက်ဆီကိုတွေ့ရစဉ်(The Sun)

နိုင်ငံတကာဘောလုံး ဂိုးသွင်းအများဆုံး စတုတ္တနေရာကို မက်ဆီ ရောက်ရှိ

By CNI
CNI
Category: အားကစား
Hits: 2260

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ဟာ အက်စ်တိုးနီးယားနဲ့ ပွဲမှာ ၅ ဂိုး သွင်းယူပြီးနောက် နိုင်ငံတကာဘောလုံး သမိုင်းရဲ့ ဂိုးသွင်းအများဆုံး စတုတ္တနေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းက အက်စ်တိုးနီးယား အသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ မက်ဆီ တစ်ဦးတည်းက ၅ ဂိုး စလုံးကို သွင်းယူနိုင်ခဲ့တာပါ။ မက်ဆီ ဟာ အီတလီကို အနိုင်ရခဲ့တဲ့ Finalissima ပွဲအပြီးမှာ နောက်ထပ် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ထပ်မံ ထုတ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီ ဟာ အက်စ်တိုးနီးယားနဲ့ ပွဲမှာ ၅ ဂိုး သွင်းယူခဲ့တာကြောင့် အာဂျင်တီးနား လက်ရွေးစင်အတွက် ၁၆၂ ပွဲကစားပြီး ၈၆ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

အဲ့ဒါကြောင့် ပွတ်စ်ကတ်ရဲ့ ၈၄ ဂိုး သွင်းယူတာကို ကျော်ဖြတ်ပြီး နိုင်ငံတကာဘောလုံးသမိုင်းရဲ့ ဂိုးသွင်းအများဆုံး စတုတ္တ နေရာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ မက်ဆီ ထက် ဂိုးသွင်းအများဆုံး ကစားသမား ၃ ဦးကတော့ ရော်နယ်ဒို ၁၁၇ ဂိုး၊ အလီဒါယီ ၁၀၉ ဂိုးနဲ့ ဒါဟာရီ ၈၉ ဂိုး တို့ ဖြစ်ပါတယ်။

မက်ဆီကိုတွေ့ရစဉ်(FotMob)

မက်ဆီ အတွက်တော့ ပထမဆုံးအကြိမ် အာဂျင်တီးနား ကစားသမားဘဝ တစ်ပွဲတည်း ၅ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ပွဲတည်း ၅ ဂိုး သွင်းယူနိုင်ခဲ့တာကတော့ မက်ဆီ ရဲ့ ကစားသမားဘဝမှာ ဒုတိယအကြိမ်မြောက် ဖြစ်ခဲ့တာပါ။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ၂၀၁၂ က လေဗာကူဆင် အသင်းကို ၇ ဂိုး -၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘာစီလိုနာ အတွက် ၅ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မက်ဆီ ဟာ ၁၉၂၅ က ဆီယိုနီနဲ့ ၁၉၄၁ က မာဗတ်ဇီ တို့နဲ့ အတူ အာဂျင်တီးနား အတွက် တစ်ပွဲတည်း ၅ ဂိုး သွင်းယူနိုင်တဲ့ မှတ်တမ်းချင်း တူညီသွားခဲ့တာပါ။

အာဂျင်တီးနား အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၃၃ ပွဲဆက် ရှုံးပွဲမရှိသေးတာလည်း ဖြစ်ပါတယ်။

မက်ဆီ က “ ကျနော်တို့ဟာ ဆက်လက်ပြီး ကြီးထွားနေရမှာဖြစ်ပြီး ဒါကို ကျနော်တို့ ရှာဖွေနေတာပါ။ အခုထက်ပိုပြီး တိုး တက်ဖို့ နေ့စဉ်တိုင်း အလုပ်တွေကို ကြိုးစားပြီး လုပ်နေတာပါ။ ကျနော်တို့ဟာ လူကြိုက် အများဆုံး မဟုတ်ပေမယ့် မျှော်လင့် ချက်ရှိပြီး ရှင်းလင်းတဲ့ ရည်မှန်းချက်တွေကြောင့် ဘယ်သူ့နဲ့ အဆို တိုက်ပွဲဝင်သွားမှာပါ။ ကျနော်တို့ ဆက်ပြီး တိုးတက်နေ ရမှာပါ”လို့ အခုအပတ် အစောပိုင်းက အာဂျင်တီးနား နဲ့ ပတ်သက်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

ပြင်သစ်အိုးပန်း အနိုင်ရပြီး ဂရမ်းဆလမ်း ၂၂ ကြိမ်မြောက် နာဒယ်လ် ရရှိ

By CNI
CNI
Category: အားကစား
Hits: 1140

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆

နာဒယ်လ်ဟာ ကတ်စပါရုဒ်ကို အနိုင်ရပြီး ပြင်သစ်အိုးပန်း ချန်ပီယံဆုကို စံချိန်တင် ၁၄ ကြိမ်မြောက်အဖြစ် ရယူ နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ်အိုးပန်းဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ နာဒယ်လ်ဟာ ကတ်စပါရုဒ်ကို ၆-၃၊ ၆-၃၊ ၆-၀ နဲ့ အနိုင်ရရှိခဲ့တာ ပါ။နာဒယ်လ်ဟာ ပဲရစ်မြေစေးကွင်းမှာ ကစားခဲ့တဲ့ ၁၁၅ ပွဲမှာ ၁၁၂ ပွဲအထိ အနိုင်ရခဲ့ပြီး မြေစေးကွင်းဘုရင်အဖြစ် သတ်မှတ်ခြင်းခံထားရတာလည်းဖြစ်ပါတယ်။

နာဒယ်လ်ဟာ ပြီးခဲ့တဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာလည်း ဗိုလ်စွဲ နိုင်ခဲ့တဲ့အတွက် ဂရမ်းဆလမ်းဆုဖလားကို စံချိန်တင် ၂၂ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာပါ။

နာဒယ်လ်ဟာ ပြိုင်ဘက်ကြီးတွေဖြစ်တဲ့ ဖက်ဒဲရားနဲ့ ဂျိုကိုဗစ်တို့ထက် ဂရမ်းဆလမ်းဆုဖလား ၂ ကြိမ် အသာရရှိ သွားခဲ့တာလည်းဖြစ်ပါတယ်။

စပိန်တင်းနစ်ကစားသမားဟာ အသက် ၃၆ နှစ်အရွယ်မှာ ပြင်သစ်အိုးပန်း ချန်ပီယံဆု ကို ရယူနိုင်ခဲ့တာကြောင့် အသက်အကြီးဆုံး ပြင်သစ်အိုးပန်းပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း ချန်ပီယံလည်း ဖြစ်လာ ခဲ့တာပါ။ကတ်စပါရုဒ်ကတော့ တင်းနစ်ကစားသမားဘ၀ ပထမဆုံးအကြိမ် ဂရမ်းဆလမ်းဗိုလ်လုပွဲကို တက်နိုင်ခဲ့ တာဖြစ်ပါတယ်။

နာဒယ်လ်က “ဆက်သွားနိုင်ဖို့အတွက် စွမ်းအင်တွေအများကြီးလိုပါတယ်။အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာမသိပေမယ့် ကျနော်ကတော့ ဆက်ပြီးကြိုးစားသွားမှာပါ”လို့ ဆုဖလားရယူအပြီးမှာ ပြောခဲ့တာပါ။

နာဒယ်လ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ဘယ်ဘက်ခြေထောက် နာကျင်မှုတွေကို ခံစားနေရတာဖြစ်ပါတယ်။ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ နာဒယ်လ်ဟာ ဆေးတွေအများကြီးထိုးပြီး ယှဉ်ပြိုင်ခဲ့ရတာပါ။

ခြေထောက်ကို ဆေးတွေထပ်ထိုးဖို့ လိုအပ်မယ်ဆိုရင် ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ နာဒယ်လ်က ပြောခဲ့တာဖြစ်ပါတယ်။

နာဒယ်လ်က “ခြေထောက်တွေကို ထုံစေဖို့အတွက် အာရုံကြောတွေကို ဆေးထိုးပြီး ကစားနေတာကြောင့် ဒီ နှစ်ပတ်အတွင်းမှာ ကစားနိုင်ခဲ့ပါတယ်။ ကျနော့်ဆရာဝန်တွေက အာရုံကြောတွေကို ထုံဆေးထိုးပေးနေတဲ့ အတွက် ခြေထောက်မှာ ဘာခံစားချက်မှုမှ မရှိပါဘူး။ကျနော့် ခန္ဓာကိုယ်က ဝင်ဘယ်လ်ဒန်အတွက် အဆင့်သင့် ဖြစ်တယ်ဆိုရင်တော့ သွားမှာပါ။ဝင်ဘယ်လ်ဒန်ကို ဘယ်သူကမှ မလွဲချော်ချင်ပါဘူး။ဒါပေမယ့် ထုံဆေးတွေထိုးပြီး တော့ မယှဉ်ပြိုင်ချင်ဘူး”လို့ ပြောခဲ့ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဝေးလ်စ်ရဲ့ အကြီးအကျယ်ဆုံးရလဒ်လို့ ကမ္ဘာ့ဖလားဝင်ခွင့်ရပြီးနောက် ဘေးလ် ပြော

By CNI
CNI
Category: အားကစား
Hits: 1076

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆

ယူကရိန်းကို အနိုင်ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ခဲ့တာဟာ ဝေးလ်စ်ဘောလုံးသမိုင်းရဲ့ အကြီး ကျယ်ဆုံးရလဒ်ဖြစ်တယ်လို့ အသင်းခေါင်းဆောင် ဂါရတ်ဘေးလ် က ပြောလိုက်ပါတယ်။

“ဒါဟာ ဝေးလ်စ် ဘောလုံးသမိုင်းရဲ့ အကြီးအကျယ်ဆုံးရလဒ်ပါပဲ။ဒါက အရာအားလုံးကို ဆိုလိုတာဖြစ်ပြီး ကျနော် တို့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တာပါ။ကျနော် အရမ်းပျော်ရွှင်နေလို့ စကားတောင် မပြောတတ် တော့ပါဘူး။ဒီအချိန်မှာ ကျနော်တို့ ဘယ်လိုခံစားနေရတယ်ဆိုတာကို စကားလုံးတွေနဲ့ ဖော်ပြလို့ မရပါဘူး။ဒါဟာ ကျနော်တို့ အမြဲတမ်းဂုဏ်ယူနေရမယ့် အရာဖြစ်သွားပါပြီ။ဒါဟာ ကျနော်တို့ အားလုံးလိုချင်တဲ့ ဂျစ်ဆောရဲ့ နောက်ဆုံးအပိုင်းလည်းဖြစ်ပါတယ်” Sky Sports၊ BBC Radio Wales တို့နဲ အင်တာဗျုးမှာ ဂါရတ်ဘေးလ်က ပြောခဲ့တာပါ။

ကမ္ဘာ့ဖလားဝင်ခွင့်နေရာအတွက် ကစားခဲ့တဲ့ ပလေးအောဖ့် ဗိုလ်လုပွဲမှာ ဝေးလ်စ်အသင်းက ယူကရိန်း အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲချိန် ၃၄ မိနစ်မှာ ရတဲ့ ဝေးလ်စ် ရဲ့ပြစ်ဒဏ်ဘော ကို ဂါရတ်ဘေးလ် ကန်သွင်းခဲ့ရာမှာ ယူကရိန်းအသင်းခေါင်းဆောင် ယာမိုလန်ကိုက ကိုယ့်ဂိုးကိုယ်သွင်းယူ သွားခဲ့တာဖြစ်ပါတယ်။

 

ဒီနိုင်ပွဲဟာ ဝေးလ်အသင်းအတွက် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရဖို့ ၆၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ် နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ ဝေးလ်စ် ဂိုးသမား ဟန်နက်ဆီဟာ ယူကရိန်း အသင်း ဂိုးရနိုင်မယ့် အခွင့်အရေးအများအပြားကို လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တာပါ။ဝေးလ်စ်နည်းပြ ရော့ဘ်ပေ့ချ် က “ ကောင်လေးတွေအတွက် အလွန်ဂုဏ်ယူပါတယ်။ ဒါဟာ သူတို့နဲ့ ထိုက်တန်ပါတယ်။ကောင်လေးတွေအတွက် ပျောက်ဆုံးနေတဲ့ တစ်ခုတည်းသောအရာက ကမ္ဘာ့ ဖလားဖြစ်ပြီး အခုသူတို့ ရောက်သွားပါပြီ”လို့ ပြောခဲ့ပါတယ်။

ယူကရိန်းနောက်ခံလူ ဇင်ချန်ကိုက “ဝေးလ်စ် ဂိုးသမားဟာ အံအားသင့်စရာကောင်းအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆိုတာ အသေအချာပါပဲ။ကျနော်တို့ ပရိသတ်တွေအတွက် စိတ်မကောင်း ဖြစ်ပေ မယ့် ဝေးလ်စ် အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးကြောင်း” ပြောခဲ့တာ ဖြစ်ပါ တယ်။
ဝေးလ်စ်အသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု B မှာ အင်္ဂလန်၊ အမေရိကန်၊အီရန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂါရတ်ဘေးလ်ကို တွေ့ရစဉ် (Wales)

ယူကရိန်းကို အနိုင်ရခဲ့ရင် တောင်းပန်နေမှာ မဟုတ်ဘူးလို့ ဂါရတ်ဘေးလ် ပြော

By CNI News
CNI News
Category: အားကစား
Hits: 1117

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၅

ဝေးလ်စ် အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က  ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် နာကျင်ရပေမယ့် သူတို့ ကို အနိုင်ရခဲ့ရင် တောင်းပန်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ယူကရိန်းနဲ့ ဝေးလ်စ် အသင်းတို့ဟာ ဥရောပဇုန်က ကမ္ဘာ့ဖလားဝင်ခွင့် လက်ကျန် တစ်နေရာအတွက် ပလေးအော့ဖ် ဗိုလ်လုပွဲ အဖြစ် ဒီနေ့ည ကာဒစ်ဖ်မှာ ယှဉ်ပြိုင်ကြမှာပါ။ ဒီပွဲမှာ ဝေးလ်စ်အသင်း အနိုင်ရခဲ့ရင် ယူကရိန်း ကစားသမားတွေကို တောင်းပန်မှာလားလို့ ဂါရတ်ဘေးလ် မေးမြန်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဂါရတ်ဘေးလ် က "တောင်းပန်သွားမှာ မဟုတ်ပါဘူး။ ဒါက ဘောလုံးပွဲ တစ်ပွဲဖြစ်ပြီး ကျနော်တို့လည်း အနိုင်ရချင်တဲ့ ပွဲပါ။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက ယူကရိန်းအတွက် ခံစားနေရပါတယ်။ ယူကရိန်းအတွက် ဘာတွေ လုပ်ပေးမယ်ဆိုတာ ကျနော် တို့ နားလည်ပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ကမ္ဘာ့ဖလား သွားချင်တာပါပဲ"လို့ ပြောပါတယ်။

ယူကရိန်းအသင်း ပရိသတ်များ (The Sun)

ဝေးလ်စ် အသင်းဟာ ၆၄ နှစ်အကြာမှ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ယူကရိန်း ကွင်းလယ်ကစားသမား ကာရာဗေ့စ် ကတော့ သူတို့ မိသားစုဟာ ဒီပွဲကို ကြည့်ရှုနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကာရာဗေ့စ် က "သူတို့ ဆီမှာ အင်တာနက် မရှိဘူး။ ဒါပေမယ့် မက်စ်ဆေ့ခ်ျ ကနေ ဆက်သွယ်ကြပါတယ်။ အားကစားက အားကစားပါပဲ။ အဲ့ဒါကြောင့် ဝေးလ်စ် ဆီကနေ လက်ဆောင်တွေ ဒါမှမဟုတ် တရားမမျှတတဲ့ နိုင်ပွဲတွေရဖို့ မမျှော်လင့်ထား ဘူး"လို့ ပြောခဲ့ပါတယ်။

Source: The Sun

 

Share
Tweet
Share
Share
powered by social2s

ဆွန်ဟောင်မင်ကို အားကစားဆိုင်ရာအမြင့်ဆုံးဆု တောင်ကိုရီးယားသမ္မတ ပေးအပ်

By CNI
CNI
Category: Watch TV
Hits: 717

Share
Tweet
Share
Share
powered by social2s

ဆီနီဂေါ ပြည်သူတွေလိုချင်တဲ့အတိုင်း လီဗာပူးလ်ကနေ ထွက်မယ့် မာနေး

By CNI
CNI
Category: Watch TV
Hits: 792

Share
Tweet
Share
Share
powered by social2s
ပီကေးနဲ့ ရှာကီရာကို တွေ့ရစဉ်

တရားဝင် လမ်းခွဲလိုက်ပြီဖြစ်တဲ့ ပီကေးနဲ့ ရှာကီရာ

By CNI
CNI
Category: အားကစား
Hits: 1729

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

ဘာစီလိုနာ နောက်ခံလူ ပီကေးနဲ့ နာမည်ကျော် ကိုလံဘီယာ အဆိုတော် ရှာကီရာတို့ နှစ်ဦးဟာ တရားဝင် လမ်းခွဲလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်တွဲခဲ့ကြတဲ့ သူတို့ နှစ်ဦးဟာ ၁၂ နှစ်အကြာမှာ လမ်းခွဲခဲ့တာပါ။ ရှာကီရာဟာ ပီကေး အခြား အမျိုးသမီး တစ်ဦးနဲ့အတူ တွဲနေတာကို မိခဲ့ပြီးနောက် အခုလို လမ်းခွဲဖို့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ပီကေးနဲ့ ရှာကီရာကို တွေ့ရစဉ်

ပီကေးနဲ့ ရှာကီရာတို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ "ကျနော်တို့ လမ်းခွဲလိုက်တဲ့ အကြောင်းကို အတည်ပြုလိုက်ရတဲ့ အတွက် စိတ်မကောင်းပါဘူး။ ကလေးတွေက ဦးစားပေးဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားမှုရှိဖို့ တောင်းဆိုပါတယ်။ ခင်ဗျားတို့ရဲ့ နားလည်မှုအတွက် ကျေးဇူးတင်ပါတယ်"လို့ ဖော်ပြ ထားပါတယ်။

ပီကေးနဲ့ ရှာကီရာတို့ နှစ်ဦးဟာ လက်မထပ် ရသေးပေမယ့် သား/သမီး ၂ ဦး ထွန်းကားခဲ့တယ်လို့ သိရပါတယ်။

Source: Bleacher Report Football

 

 

 

Share
Tweet
Share
Share
powered by social2s

အာရှဖလားခြေစစ်ပွဲဝင်ဖို့ အပြီးသတ်လူစာရင်း မြန်မာ ထုတ်ပြန်

By CNI
CNI
Category: အားကစား
Hits: 1777

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

အာရှဖလား ၂၀၂၃ နောက်ဆုံးအဆင့် ပွဲစဉ်တွေယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းကို နည်းပြချုပ် အန်တွမ်နီဟေးက ဇွန်လ ၃ ရက်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းမှာ ကစားသမား ၂၃ ဦးကို ရွေးချယ်ထားတာပါ။လက်ရွေးစင် အသင်းကို ပဏာမ ကစားသမား ၂၇ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံမှာ ဟောင်ကောင်၊ ဘာရိန်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဟောင်ကောင်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ဘာရိန်းအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ဒီပွဲတွေအပြီးမှာတော့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ အပြီးသတ်လူစာရင်းမှာတော့ ဂိုးသမားတွေအဖြစ် ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးသူနဲ့ ထွန်းနန္ဒဦး၊ နောက်တန်းမှာ ဒေးဗစ်ထန်း၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ကျော်ဇင်လွင် ၊ ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော်၊ ရဲမင်းသူနဲ့ ဝင်းမိုးကျော်တို့ ပါဝင်ခဲ့တာပါ။

အလယ်တန်းမှာတော့ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ မြတ်ကောင်းခန့်၊ မောင်မောင်လွင်၊ ဆမ်လန်မန်၊ ဇော်ဝင်းသိန်းနဲ့ အောင်နိုင်ဝင်း၊ ရှေ့တန်းမှာ ဝင်းနိုင်ထွန်း၊ သန်းပိုင်နဲ့ အောင်ကောင်းမာန်တို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာရှဖလား ခြေစစ်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ်တွေအဖြစ် အုပ်စု F မှာ အိမ်ရှင် ကာဂျစ္စတန်၊ တာဂျီကစ္စတန်၊ စင်ကာပူ အသင်းတို့နဲ့ ကျရောက်နေတာပါ။ဒီခြေစစ်ပွဲမှာ အုပ်စုတွင်း ပထမနဲ့ ဒုတိယ ရရှိမယ် ဆိုရင် ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိမှာလည်းဖြစ်ပါတယ်။

မြန်မာအသင်း ဟာ ဇွန်လ ၈ ရက်မှာ တာဂျီကစ္စတန်၊ ၁၁ ရက်မှာ အိမ်ရှင် ကာဂျစ္စတန်နဲ့ ၁၄ ရက်မှာ စင်ကာပူအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ သမိုင်းတစ်လျှောက် ၁၉၆၈ က အီရန်မှာ ကျင်းပခဲ့တဲ့ အာရှဖလားပြိုင်ပွဲ တစ်ကြိမ်တည်းသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တာပါ။အဲဒီတုန်းက မြန်မာအသင်းဟာ အစ္စရေးနဲ့ ဟောင်ကောင်ကို အနိုင်ရခဲ့ကာ တရုတ်နဲ့ သရေဖြစ်ပြီး၊ အီရန်ကို အရေးနိမ့်ကာ ဒုတိယရရှိခဲ့တာလည်းဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 67
  • 68
  • 69
  • 70
  • 71
  • 72
  • 73
  • 74
  • 75
  • 76

Page 72 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar