CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဒိန်းမတ် လက်ရွေးစင် ကစားသမား အဲရစ်ဆန်

သေရွာပြန်ကနေ အမြင့်ဆုံးကို ပျံသန်းနေတဲ့ အဲရစ်ဆန်

By CNI
CNI
Category: ဆောင်းပါး
Hits: 1888

CNI Article News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၀

ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆန်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ၃ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီဆိုတဲ့ သတင်းဟာ အားကစားသတင်း စာမျက်နှာတွေမှာ ဖုံးလွှမ်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်က နှလုံးရောဂါကြောင့် ကွင်းထဲလဲကျခဲ့တဲ့ ကစားသမား တစ်ယောက်ဟာ အခုဆိုရင် ကမ္ဘာ့ထိပ်တန်း အသင်းကြီးတွေထဲက တစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ လာတော့မှာပါ။ အဲရစ်ဆန်ဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝအစကို အေဂျတ်စ်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အဲရစ်ဆန်ဟာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး အဲ့ဒီတုန်းက ဒိန်းမတ် ကစားသမားကို လိုချင်တဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက် အသင်းလည်း အပါအဝင်ပါ။

ဒါပေမယ့် အဲရစ်ဆန်ဟာ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီး အီတလီကလပ်ကို စကူဒတ်တိုဆုဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ကစားသမားဘဝ အရှိန်အမြှင့်ဆုံး ရနေတဲ့ အဲရစ်ဆန်ဟာ မမျှော်လင့်ဘဲနဲ့ သူ့ရဲ့အောင်မှု အရှိန်တွေကို ကန့်သတ်ခံရမယ့် အဖြစ်အပျက်ကြီး တစ်ခု ဝင်ရောက်လာခဲ့ပါတယ်။ ဒါကတော့ ဒိန်းမတ်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲ ကစားနေရင်း ဖြစ်ပျက် ခဲ့တာပါ။

ဒိန်းမတ်နဲ့ ဖင်လန်တို့ ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ ပထမပိုင်းပြီးကာနီးမှာ အဲရစ်ဆန် တစ်ယောက် ကစားနေရင်း ဘယ်သူနဲ့မှ ထိခိုက်ခြင်း မရှိဘဲ ကွင်းထဲ အရုပ်ကြိုးပျက်သလို လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ နှစ်ဖက်အသင်းသားတွေ၊ တာဝန်ရှိသူတွေ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြပါတယ်။

အဲရစ်ဆန် တစ်ယောက် အခန့်မသင့်ရင် အသက် သေဆုံးသွားနိုင်တဲ့ မြင်ကွင်းကို ကမ္ဘာပေါ်မှာရှိတဲ့ ပရိသတ်တွေအားလုံး မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဒိန်းမတ် အသင်းခေါင်းဆောင် ကေဂျာက ကွင်းထဲ ဆရာဝန် တွေ မရောက်ခင်မှာ ရှေးဦးသူနာပြု နည်းနဲ့ အသင်းဖော်ရဲ့ အသက်ကို ဦးစွာ ကယ်တင်ပေးခဲ့တာပါ။

ကွင်းထဲ လဲကျသွားတဲ့ အဲရစ်ဆန်

 

ဒီအချိန်မှာ ဒိန်းမတ် ကစားသမားတွေဟာ အဲရစ်ဆန်ကို ဆေးကုသနေတဲ့ အချိန်အတွင်း ဝိုင်းပြီး ပတ်ပတ်လည် ကာထားကြ သလို ငိုကြွေးနေတဲ့ အဲရစ်ဆန်ရဲ့ ဇနီးကို ကေဂျာနဲ့ ကတ်စပါ ရှမိုက်ကယ်တို့က နှစ်သိမ့်ပေးနေခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ အဲရစ်ဆန်ရဲ့ အသက်ကို ကာကွယ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် အဲရစ်ဆန်ဟာ ဒီနှလုံးရပ်သွားတဲ့ အခြေအနေကြောင့် ဘောလုံးသမားဘဝကို ဆုံးရှုံးရဖို့ နီးစပ်ခဲ့ပါတယ်။ ဆရာဝန်တွေက အဲရစ်ဆန် ဘောလုံးပြန်ကစားနိုင်ဖို့ တော်တော်လေး ခက်ခဲမယ်လို့ သုံးသပ်ခဲ့ကြပြီး ကစားသမားဟာ နှလုံးမှာ စက်ကိရိယာ တပ်ဆင်ခဲ့ရပါတယ်။

အဲရစ်ဆန်ဟာ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာခဲ့ပေမယ့် အင်တာမီလန် အသင်းကတော့ သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။ စီးရီးအေက နှလုံးမှာ စက်တပ်ဆင်ထားတဲ့ သူတွေကို ကစားခွင့် မပြုဘူးဆိုတဲ့ စည်းမျဉ်း တွေကြောင့် အင်တာမီလန်အသင်းက ကစားသမားနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ဆန်ဟာ နှလုံးမှာ စက်တပ်ဆင်ထားရတဲ့ အခြေအနေတွေကြောင့် အသင်း တော်တော်များများက ခေါ်ယူဖို့ တွန့်ဆုတ် နေခဲ့တာပါ။ အဲရစ်ဆန်ဟာ သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ ဒိန်းမတ်လက်ရွေး စင်အသင်းနဲ့ ကမ္ဘာ့ဖလား ကစား ချင်တာကြောင့် လွယ်လွယ်နဲ့ အရှုံးမပေးဘဲ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

အဲရစ်ဆန်ဟာ ကြံခိုင်မှုပိုင်း ပြန်လည် ကောင်းမွန်ဖို့အတွက် လူငယ်ဘဝက အသင်းဖြစ်တဲ့ အိုဒန့်စ်အသင်းမှာ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့သလို ကစားသမားဘဝ စတင်ခဲ့တဲ့ အေဂျတ်စ်အသင်းမှာလည်း လေ့ကျင့်မှုတွေ သွားရောက် ပြုလုပ်ခဲ့ပါတယ်။

အဲရစ်ဆန်ရဲ့ ကြိုးစားမှုတွေကြောင့် ကစားသမားဘဝ ရောင်နီပြန်သန်းလာမယ့် နေ့ရက်တွေ ရောက်ရှိလာခဲ့ပါတယ်။ ဒါက တော့ ဒိန်းမတ်လက်ရွေးစင်တွေ အများကြီးရှိတဲ့ ပရီးမီးယားလိဂ်ကလပ် ဘရန်ဖို့ဒ် အသင်းက အဲရစ်ဆန်ကို ၆ လ ကာလတို စာချုပ်နဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

အဲရစ်ဆန်ရဲ့ အမျိုးသမီးကို နှစ်သိမ့်ပေးနေစဉ်

 အဲရစ်ဆန်ဟာ ဘရန်ဖို့ဒ်အသင်းရဲ့ ကစားသမားဘဝ အစပိုင်းမှာ အရန်အသင်းနဲ့သာ ကစားခဲ့ရပြီး နယူးကာဆယ် အသင်းနဲ့ ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ ဒါဟာ အဲရစ်ဆန် အတွက်တော့ ၈ လကျော်ကြာ ဘောလုံးပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပြန်လည် ပါဝင်ကစားခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။

အဲရစ်ဆန်ဟာ ဒီပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဘရန်ဖို့ဒ် အသင်းအတွက် နောက်ပိုင်းပွဲတွေမှာ ပွဲစကတည်းက ပါဝင်ခွင့် ရခဲ့ပါတယ်။ ဘရန်ဖို့ဒ် အသင်းကလည်း အဲရစ်ဆန်ရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့် ရလဒ်ပိုင်း ကောင်းမွန်ခဲ့ပြီး တန်းဆင်း ဇုန်နဲ့ ဝေးရာမှာ ရပ်တည်ကာ ရာသီအကုန်မှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

အဲရစ်ဆန်ဟာ မနှစ်က ရာသီမှာ ဘရန်ဖို့ဒ် အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၁ ဂိုး သွင်းယူကာ ၄ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဘရန်ဖို့ဒ်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အဲရစ်ဆန်ဟာ သူအမျှော်လင့်ဆုံး အရာဖြစ်တဲ့ ဒိန်းမတ် လက်ရွေးစင်အသင်းမှာ ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။

အဲရစ်ဆန်ဟာ နယ်သာလန်၊ ဆားဘီးယားတို့နဲ့ ခြေစမ်းတဲ့ ဒိန်းမတ်လက်ရွေးစင်မှာ ပါဝင်ခွင့်ရခဲ့ပြီး ၂ ပွဲစလုံး ဂိုးသွင်းယူနိုင် ကာ သူ့ရဲ့ ခြေစွမ်းတွေကို သက်သေ ပြသသွားခဲ့ပါတယ်။ ဒီနောက်ပိုင်း ဒိန်းမတ်အသင်း ကစားတဲ့ နေးရှင်းလိဂ် ပွဲတွေမှာ လည်း အဲရစ်ဆန် တစ်ယောက် ပုံမှန် ပါဝင်ခွင့်ရခဲ့ပါတယ်။

အဲ့ဒါကြောင့် အဲရစ်ဆန်အတွက် ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရမယ့် မျှော်လင့်ချက်တွေ ပြည့်ဝဖို့ အခြေအနေ ကောင်းတွေကို ပိုင်ဆိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အဲရစ်ဆန် အနေနဲ့ ဒီလိုမျိုး ခြေစွမ်းတွေ၊ ယုံကြည်တွေ တည်ဆောက်နိုင်ခဲ့တာမှာ ဘရန်ဖို့ဒ် အသင်းက သူ့အတွက် ကျေးဇူးအများကြီးရှိခဲ့ပါတယ်။

အဲရစ်ဆန် လဲကျသွားတာကို အသင်းဖော်တွေ ကာကွယ်ပေးနေစဉ်

အဲရစ်ဆန်ကို လိုချင်ကြပေမယ့် သူ့ရဲ့ ကျန်းမာရေးကြောင့် တချို့အသင်းတွေ မခေါ်ရဲချိန်မှာ ဘရန်ဖို့ဒ် အသင်းက သူ့ကို နေရာ ပေးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ ကုန်ဆုံးသွားချိန်မှာတော့ အဲရစ်ဆန်နဲ့ ဘရန်ဖို့ဒ်အသင်းတို့ ချုပ်ဆိုခဲ့တဲ့ ကာလတို စာချုပ်ကလည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

အဲရစ်ဆန်ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် စပါး၊ မန်ချက်စတာ ယူနိုက်တက် အသင်းတို့က စောင့်ကြည့်လာခဲ့ပြီး ဘရန်ဖို့ဒ် အသင်းကလည်း သူ့ကို ဆက်ထိန်းသိမ်းဖို့ လုပ်ဆောင်လာခဲ့တာပါ။ ဒီအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ သစ် အဲရစ်တန်ဟတ်ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပြန်တည်ဆောက်နိုင်ဖို့ အဲရစ်ဆန်ကို အဓိက ပစ်မှတ်ထားခဲ့တာ ဖြစ်ပါ တယ်။

ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက အဲရစ်ဆန်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ ကစားသမားနဲ့ နှုတ်ဖြင့် သဘောတူညီမှု ရရှိသွားခဲ့ကာ ၃ နှစ် စာချုပ် ချုပ်ဆိုတော့မှာပါ။ အဲရစ်ဆန် အနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်က နှလုံးမှာ စက်တပ် ထားတဲ့ အခြေအနေတွေကြောင့် ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ဒီလိုအခြေအနေထိ ရောက်လာနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ၅ မိနစ်ကြာ သေဆုံးတာကနေ ပြန်လာခဲ့တဲ့ အဲရစ်ဆန်ကတော့ လွယ်လွယ်နဲ့ အရှုံးမပေးဘဲ သူလိုချင်တဲ့ ရည်မှန်း ချက်ကို မဖြစ်ဖြစ်အောင် သွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုတွေကြောင့် နောက်ဆုံးမှာ အမြင့်ကို ပျံသန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဝင်ဘယ်လ်ဒန်ချန်ပီယံဆုကို ၄ ကြိမ်ဆက်ရယူဖို့ ဗိုလ်လုပွဲတက်လှမ်းခဲ့တဲ့ ဂျိုကိုဗစ်

By CNI
CNI
Category: Watch TV
Hits: 676

Share
Tweet
Share
Share
powered by social2s
ထိုင်းရောက် မန်ယူအသင်းသားများ

ယူနိုက်တက်အသင်းအား ထိုင်းပရိသတ်များ နွေးထွေးစွာ ကြိုဆို

By CNI
CNI
Category: အားကစား
Hits: 1122

 

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ရာသီကြို ခရီးစဉ်မတိုင်ခင် ဘန်ကောက်ကို ရောက်ရှိ လာခဲ့ရာ ထိုင်းပရိသတ် အများအပြားက ကြိုဆို နှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။

ရော်နယ်ဒို မပါဝင်ပေမယ့် ကစားသမား ၃၁ ဦး ပါဝင်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စနေနေ့က ထိုင်းမြို့တော် ဘန်ကောက်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ ထိုင်းပရိသတ်တွေဟာ လေဆိပ်မှာ ယူနိုက်တက်အသင်းကို ကြိုဆိုခဲ့ကြပါတယ်။ ပရိသတ်တွေဟာ ဂျာစီတွေ၊ ယူနိုက်တက် အမှတ်အသားပါ နဖူးစည်းတွေ၊ စာတန်းတွေကို ကိုင်ဆောင်ပြီးတော့ ကြိုဆိုခဲ့ကြပါတယ်။ ယူနိုက်တက် အသင်းဟာ အင်္ဂါနေ့ ဘန်ကောက်မှာ လီဗာပူးလ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီပွဲပြီးရင် သြစတြေးလျနိုင်ငံကို သွားရောက်ကာ မဲလ်ဘုန်းဗစ်ထရီ၊ ပဲလေစ့်၊ အက်စတွန်ဗီလာ အသင်းတို့နဲ့ ရာသီကြို ခြေစမ်း ပွဲ ခရီးစဉ်အဖြစ် ယှဉ်ပြိုင်မှာပါ။

လီဗာပူးလ်နဲ့ပွဲဟာ အဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲဖြစ်ပြီး အသင်းရဲ့ ခြေစွမ်းကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

မန်ယူအသင်းသားများကို ထိုင်းပရိသတ်များ ကြိုဆိုနေစဉ်

ရာသီကြို ခြေစမ်းပွဲအတွက် ယူနိုက်တက်အသင်းရဲ့ လူစာရင်းမှာ ပထမအသင်း ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ ဖီးလ် ဂျုံးစ်၊ ပါရဲရားနဲ့ ဘရန်ဒန်ဝီလျံတို့ မပါဝင်ခဲ့တာပါ။

ရော်နယ်ဒို ကတော့ မိသားစု ကိစ္စတွေကြောင့် ဒီခရီးစဉ်ကို မလိုက်ပါနိုင်ခဲ့တာ ဖြစ်သလို အသင်းက ထွက်ခွာခွင့်လည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်၊ မက်ဂွဲယား စတဲ့ အဓိက ကစားသမား အများအပြား ပါဝင်ခဲ့ပြီး ဂါနာချို၊ ဇီဒိန်း၊ ချာလီဆားဗေ့ချ် စတဲ့ လူငယ် ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။

နွေရာသီ အပြောင်းအရွှေ့မှာ ပထမဆုံး ဝယ်ယူထားတဲ့ နောက်ခံလူ မာလာစီယာကလည်း ဒီခရီးစဉ်ကို လိုက်ပါခဲ့ပါတယ်။

ယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ လီဆန်ဒရို၊ အဲရစ်ဆန်နဲ့ ဒီဂျောင်တို့ရဲ့ အပြောင်းအရွှေ့အတွက်လည်း ဆက်လက် ကြိုးပမ်းနေပါတယ်။ အဲရစ်ဆန်ကိုတော့ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီး လီဆန်ဒရိုကိုလည်း ခေါ်ယူဖို့ အခြေအနေ ကောင်းနေခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီခြေစမ်းပွဲတွေပြီးရင် အော်စလိုမှာ အသလက်တီကို မက်ဒရစ်၊ အိုးထရက်ဖို့ဒ်မှာ ဗယ်လက်ကာနို အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ဆက်လက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၇ ရက်မှာ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s
ဘလတ္တာကိုတွေ့ရစဉ် (InsideTheGames)

ဘလတ္တာနှင့် ပလာတီနီ အပြစ်မရှိ၍ တရားသေလွတ်

By CNI
CNI
Category: အားကစား
Hits: 1596

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉

ဆွစ်ဇာလန်မှာ လိမ်လည်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာနဲ့ ဒုဥက္ကဋ္ဌဟောင်း ပလာတီနီတို့မှာ အပြစ် မရှိကြောင်း တွေ့ရှိခဲ့ရတဲ့အတွက် တရားရုံးက တရားသေ ပြန်လွှတ်ပေးခဲ့တယ်လို့ ဘီဘီစီ အင်္ဂလိပ်ပိုင်းမှာ ဖော်ပြထားပါ တယ်။

ဘလတ္တာဟာ ၂၀၁၁ က ပလာတီနီထံ ပေါင် ၁.၆ သန်း ပေးချေမှုအတွက် ရုံးတင် စစ်ဆေးခံခဲ့ရပါတယ်။ နှစ်ဦးစလုံးက ဒါကိုငြင်းဆိုထားပြီး ဖီဖာအတွက် ပလာတီနီ လုပ်ဆောင်ပေးခဲ့တဲ့ အကြံပေးအလုပ်အတွက် နောက်ကျမှ ပေးချေခဲ့တဲ့ ငွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

အသက် ၈၆ နှစ်အရွယ်ရှိ ဘလတ္တာနဲ့ ၆၇ နှစ်အရွယ်ရှိ ပလာတီနီတို့ဟာ ၂၀၁၅ က ဘောလုံးလောက ကနေ ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပြီး မနှစ်က နိုဝင်ဘာလမှာ စွဲချက်တင် ခံခဲ့ရပါတယ်။

ပလာတီနီက “ ၇ နှစ်ကြာ လိမ်လည်ခြယ်လှယ်အပြီး နောက်ဆုံးမှာ တရားမျှတမှု ပြီးမြောက်သွား ပြီဖြစ်တဲ့အတွက် ကျနော့်ရဲ့ ချစ်ရသူတွေ အားလုံးအတွက် ပျော်ရွှင်မှုကို ဖော်ပြချင်ပါတယ်။ ဒီတရားခွင်အတွင်းမှာ အမှန်တရားက ပေါ်ပေါက်လာခဲ့ပြီး သူတို့ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်မှုအတွက် ခုံရုံးတရားသူကြီးတွေကို ကျေးဇူးတင်ပါတယ်။ ကျနော့်ရဲ့ တိုက်ပွဲက မတရားမှုကို တိုက်ဖျက်တာဖြစ်ပြီး ပထမပွဲမှာ အနိုင်ရခဲ့ပါပြီ။ အရှုံးမပေးဘဲ အမှန်တရားကို ရှာဖွေဖို့ ဆက်သွားကြမှာ ဖြစ်တဲ့အတွက် ပြန် တွေ့ဆုံကြမယ်”လို့ ပြောခဲ့ပါတယ်။

ပလာတီနီကိုတွေ့ရစဉ် (Insider)

ပလာတီနီဟာ ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပြီး ဘောလွန်းဒီအော ၃ ကြိမ် ရယူနိုင်ခဲ့တာပါ။ သူ ဟာ ပြင်သစ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့စဉ် ၁၉၈၄ ဥရောပချန်ပီယံဖလား ရရှိအောင် ဦးဆောင်နိုင်ခဲ့ ပါတယ်။

ဒီနောက်မှာတော့ လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး ၂၀၀၇ မှာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ဖြစ်လာ ခဲ့ပါတယ်။ ဖီဖာ ကျင့်ဝတ်ကော်မတီက သူ့ရဲ့ အမူအကျင့်ကို စုံစမ်းတဲ့ အချိန်မှာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌရာထူးကနေ နုတ် ထွက်ခဲ့တာပါ။

စီရင်ချက်ချပြီးနောက် ဘလတ္တာက “ကျနော် အေးအေးဆေးဆေး နေတော့မှာပါ။ ဘာကြောင့်လဲဆိုရင် ၇ နှစ်တာ ကာလ အတွင်းမှာ တရားရုံးက အမှုဖွင့်ထားတဲ့အတွက် အမြဲတမ်း ဖိအားပေးခံနေရပါတယ်။ အခု ပြီးဆုံးသွားပြီဆိုတော့ ကျနော်ပျော် နေပါတယ်။ နိုင်ငံတကာ ဘောလုံးလောကအတွက်လည်း ပျော်ပါတယ်။ ဒါဟာ တရားမျှတမှု၊ ကျနော့်ရဲ့ အောင်ပွဲပါပဲ”လို့ ပြောခဲ့ပါတယ်။

ဘလတ္တာဟာ ၁၉၇၅ မှာ ဖီဖာကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၁၉၈၁ မှာ အထွေထွေအတွင်းရေးမှူး ဖြစ်လာကာ ၁၉၉၈ က စတင်ပြီး ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ရတာပါ။ ဘလတ္တာဟာ ဖီဖာဥက္ကဋ္ဌရာထူးကို ၁၇ နှစ်ကြာ ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ဝင်ဘယ်လ်ဒန်ချန်ပီယံဆုကို ၄ ကြိမ်ဆက်ရယူဖို့ ဗိုလ်လုပွဲတက်လှမ်းခဲ့တဲ့ ဂျိုကိုဗစ်

By CNI
CNI
Category: အားကစား
Hits: 1321

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉

ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဗြိတိန်တင်းနစ်သမား နော်ရီကို အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

နော်ရီဟာ အိမ်ကွင်းပရိသတ်တွေရှေ့မှောက်မှာ ဂျိုကိုဗစ်ကို အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် ဆားဘီးယား ကစား သမားကပဲ ၂-၆၊ ၆-၃၊ ၆-၂၊ ၆-၄ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။ဂျိုကိုဗစ်အတွက်တော့ ၄ ကြိမ် ဆက်တိုက်နဲ့ စုစုပေါင်း ၇ ကြိမ်မြောက် ဝင်ဘယ်လ်ဒန်ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ဗိုလ်လုပွဲမှာ သြစတြေးလျ တင်းနစ်သမား ဂရိုင်ဂျီယို့စ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ဂျိုကိုဗစ်အနေနဲ့ ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ဂရမ်းဆလမ်း ချန်ပီယံဆု ၂၁ ကြိမ်နဲ့ ရာဖေးလ်နာဒယ်လ်ရဲ့နောက် ၁ ကြိမ်သာ ကွာဟတော့မှာပါ။

ဂရမ်းဆလမ်းချန်ပီယံဆု ၂၂ ကြိမ်ရထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ဝမ်းဗိုက်ဒဏ်ရာကြောင့် ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဂျိုကိုဗစ်အနေနဲ့ ရာဖေးလ်နာဒယ်လ် နဲ့ ဂရမ်းဆလမ်းကွာဟမှုကို လျှော့ချနိုင်ဖို့ အခွင့်အရေးရှိနေတာပါ။

ဂျိုကိုဗစ်က “နော်ရီဟာ ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး သူ့ကို ကျနော်လေးစားမှုအများကြီး ရှိပါတယ်။သူဟာ ဒီ ကစားပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် ဒုတိယပွဲမှာ သူစပေးဘောလွဲချော်သွားခဲ့လို့ ကျနော်ကံကောင်းသွားခဲ့တာ ပါ။သူက ကျနော့်ကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ကျနော့်ရဲ့ အရှိန်အဟုန် ပြောင်းသွားတယ်လို့ ထင်ပါတယ်။ဂရမ်းဆလမ်းရဲ့ ဆီမီးဖိုင်နယ်မှာ ဒီလိုမျိုးတွေက ဖြစ်တတ်ပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဂျိုကိုဗစ်အတွက် ဝင်ဘယ်လ်ဒန်အိုးပန်းဗိုလ်လုပွဲဟာ သူ့ရဲ့ကစားသမားဘ၀ ၃၂ ကြိမ်မြောက် ဂရမ်းဆလမ်း ဗိုလ်လုပွဲဖြစ်ပြီး ဖက်ဒဲရားရဲ့စံချိန်ကို ၁ ပွဲအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။ “ကျနော့်မှာ ဂရမ်းဆလမ်း ဆီမီးဖိုင်နယ် တွေ အများကြီးရှိခဲ့ပါတယ်။ဒါပေမယ့် ကွင်းထဲကနေ ထွက်ခွာဖို့ဆိုတာ ဘယ်တော့မှ မလွယ်ကူခဲ့ပါဘူး။ ကိုယ့်ကို ကိုယ်ရော အခြားသူတွေဆီကပါ ဖိအားတွေနဲ့ မျှော်လင့်ချက်တွေ အများကြီးရှိပါတယ်။ပွဲအစပိုင်းမှာ ခက်ခဲခဲ့ပေ မယ့် နောက်ပိုင်းမှာ အရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။အခု ကျနော့်အလုပ်တွေ မပြီးဆုံးသေးပါဘူး”လို့ ဂျိုကိုဗစ်က ပြောခဲ့ပါတယ်။

ဂျိုကိုဗစ်နဲ့ ဂရိုင်ဂျီယို့စ်တို့ရဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းဗိုလ်လုပွဲကို ဇူလိုင်လ ၁၀ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ဒဏ်ရာကြောင့် ဝင်ဘယ်လ်ဒန် အိုးပန်းဆီးမီးဖိုင်နယ်မှ နာဒယ်လ်နုတ်ထွက်

By CNI
CNI
Category: Watch TV
Hits: 744

Share
Tweet
Share
Share
powered by social2s

မူးယစ်ဆေးဝါးအမှုစွဲချက်မှာ အပြစ်ရှိကြောင်း ဘရစ်တနီဂရိုင်နာ ဝန်ခံ

By CNI
CNI
Category: Watch TV
Hits: 700

Share
Tweet
Share
Share
powered by social2s

ဂျိတ်ပေါလ်နဲ့ ထိုးသတ်ဖို့ တွမ်မီဗျူရီနေရာ အစားဝင်မယ့် ဟာဆင်ရာမန်

By CNI
CNI
Category: အားကစား
Hits: 990

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈

ဂျိတ်ပေါလ်နဲ့ လာမယ့်လ အမေရိကန်မှာ ထိုးသတ်ဖို့အတွက် တွမ်မီဗျူရီရဲ့နေရာမှာ ဟာဆင်ရာမန်က အစား ထိုးဝင်ရောက်သွားမှာဖြစ်ပါတယ်။

တွမ်မီဗျူရီဟာ ဂျိတ်ပေါလ်နဲ့ သြဂုတ်လ ၆ ရက် နယူးယော့ခ်မှာ ထိုးသတ်ဖို့ စီစဉ်ထားပေမယ့် အမေရိကန်နိုင်ငံ ထဲကို ဝင်ရောက်ခွင့် ငြင်းပယ်ခြင်းခံခဲ့ရတာပါ။တွမ်မီဗျူရီဟာ ခရီးသွားလာမှုပြဿနာကို ဖြေရှင်းဖို့ သတ်မှတ် ထားတဲ့ နောက်ဆုံးရက်မတိုင်ခင်အထိ မဖြေရှင်းနိုင်ခဲ့ဘူးလို့ ဂျိတ်ပေါလ်က ပြောခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ ဟာဆင်ရာမန်က တွမ်မီဗျူရီနေရာ အစားဝင်ထိုးသတ်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဟာဆင်ရာမန်ဟာ ပွဲပေါင်း ၁၃ ပွဲထိုးသတ်ထားခဲ့တာမှာ ၁၂ ပွဲအနိုင်ရခဲ့ပြီး ၆ ပွဲကို အလဲထိုးနဲ့အနိုင်ရခဲ့တဲ့သူပါ။ တွမ်မီဗျူရီဟာ ဂျိတ်ပေါလ်ကို ကြားနေနိုင်ငံတစ်နိုင်ငံမှာ ထိုးသတ်ဖို့ ပြောခဲ့ပေမယ့် ဂျိတ်ပေါလ်က “မတိုက်ခိုက် ချင်လို့လား ဒါမှမဟုတ် စီးပွားရေးကို နားလည်တာလား ကြောက်နေတဲ့ ကောင်လေး” ဆိုပြီး ပြန်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် ဗြိတိန်မှာ ထိုးသတ်ဖို့အတွက် တွမ်မီဗျူရီကို ဒေါ်လာ ၅ သိန်းပေးမယ်လို့ ထပ်မံပြောခဲ့တာပါ။

ဒီအချိန်မှာ တွမ်မီဗျူရီက “ဒေါ်လာ ၅ သိန်းကြောင့် ခင်ဗျားနဲ့ထိုးသတ်ဖို့ အိပ်ရာကနေထမှာတောင် မဟုတ်ပါဘူး။ လေးလေးနက်နက်စကားပြောဖို့ အဆင်သင့်ဖြစ်တယ်ဆိုရင် ခင်ဗျားကျနော့်ကို အသိပေးလိုက်ပါ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ဒီတစ်ကြိမ်နဲ့ဆို သူတို့နှစ်ဦး ထိုးသတ်ဖို့ စီစဉ်တာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမတစ်ကြိမ်တုန်း ကလည်း တွမ်မီဗျူရီ ဒဏ်ရာရနေတာကြောင့် ပွဲပျက်ခဲ့တာပါ။

Youtube ကြယ်ပွင့်ဖြစ်တဲ့ ဂျိတ်ပေါလ်ဟာ ၂၀၂၀ မှာ ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲ စတင်ထိုးသတ်ခဲ့တာဖြစ်ပြီး ၅ ပွဲထိုးသတ်ထားခဲ့တာမှာ ၅ ပွဲစလုံးအနိုင်ရခဲ့ပြီး ၄ ပွဲကို အလဲထိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။တိုင်ဆန်ဗျူရီနဲ့ အမျိုးတော်တဲ့ တွမ်မီဗျူရီကတော့ ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲပေါင်း ၈ ပွဲထိုးသတ်ခဲ့ရာ ၈ ပွဲစလုံး နိုင်ပွဲရရှိ ထားတာဖြစ်ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်း၊သြစတြေးလျသို့ သွားရောက်မည့် ယူနိုက်တက်၏ ရာသီကြိုခရီးစဉ် ရော်နယ်ဒို လွဲချော်

By CNI
CNI
Category: အားကစား
Hits: 1464

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈

ရော်နယ်ဒိုဟာ မိသားစုပြဿနာကြောင့် ထိုင်း၊သြစတြေးလျထံ ရာသီကြိုခြေစမ်းခရီးသွားရောက်မယ့် မန်ချက် စတာယူနိုက်တက်အသင်းနဲ့အတူ လိုက်ပါနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားပြီး သူ့ရဲ့ မန်ချက်စတာ ကလပ် အနာဂတ်ဟာ မသေချာမှုတွေ ရှိနေတာပါ။

ပေါ်တူဂီကစားသမားဟာ တနင်္လာနေ့ကစပြီး အသင်းနဲ့လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ပြန်လာရမှာဖြစ်ပေမယ့် အခုအချိန်ထိ မိသားစုအကြောင်းပြချက်နဲ့ လေ့ကျင့်မှုတွေ လာရောက်ပြုလုပ်ခဲ့ ခြင်းမရှိသေးပါဘူး။အဲဒါကြောင့် ရာသီကြိုခြေစမ်းပွဲကစားဖို့ ခရီးထွက်မယ့် မန်ချက်စတာယူနိုက်တက် လူစာရင်း မှာ ရော်နယ်ဒိုမပါဝင်တော့တာပါ။

မန်ချက်စတာယူနိုက်တက်ကတော့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ ရော်နယ်ဒိုကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောထားတာဖြစ်ပါတယ်။

မန်ချက်စတာကလပ်ဟာ ဇူလိုင် ၁၂ ရက် ဘန်ကောက်မှာ လီဗာပူးလ် အသင်း၊ မဲလ်ဘုန်းမှာ ဇူလိုင် ၁၅ ရက် မဲလ်ဘုန်းဗစ်ထရီ၊ ဇူလိုင် ၁၉ ရက် ပဲလေစ့်အသင်း၊ ဇူလိုင် ၂၃ ရက် ပါ့ချ်မှာ ဗီလာအသင်းနဲ့ ယှဉ်ပြိုင်မှာပါ။ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်ဟာ ကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် အသင်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်နွေရာသီကမှ မန်ချက်စတာယူနိုက်တက်ထံ ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်း ယူပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တာပါ။

ဒါပေမယ့် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာရပ်တည်ကာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးပြီး ယူရိုပါလိဂ်သာ ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ကစားချင်ပြီး ဆုဖလားတွေရယူနိုင်ဖို့ ရည်မှန်းချက်ကို မန်ချက် စတာယူနိုက်တက် မဖြည့်ဆည်းပေးနိုင်ဘူးလို့ ယုံကြည်နေခဲ့တာပါ။

အဲဒါကြောင့်လည်း သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် သူ့ကို ထွက်ခွာခွင့်ပေးဖို့ ရော်နယ်ဒိုက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ရော်နယ်ဒိုကို ထွက်ခွာခွင့်ပြုခဲ့မယ်ဆိုရင်တောင် ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းကြီးတွေဆီ ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောထားတာပါ။ဒါပေမယ့် လက်ရှိအချိန်မှာ ရော်နယ်ဒိုကိုခေါ်ယူဖို့ ချယ်လ်ဆီးအသင်းက ရေပန်းစားနေတယ်လို့ အားကစားသတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအပြောင်းအရွှေ့ဈေးကွက်မှာ ဘယ်နောက်ခံလူ မာလာစီယာ တစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်ပြီး သဘောတူညီမှုရရှိထားတဲ့ အဲရစ်ဆန်ရဲ့အပြောင်းအရွှေ့ကိုလည်း အမြန်ဆုံးအပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

 

Share
Tweet
Share
Share
powered by social2s

မူးယစ်ဆေးဝါးအမှုစွဲချက်မှာ အပြစ်ရှိကြောင်း ဘရစ်တနီဂရိုင်နာ ဝန်ခံ

By CNI
CNI
Category: အားကစား
Hits: 1004

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈

ရုရှားနိုင်ငံမှာ အကျဉ်းကျနေတဲ့ အမေရိကန်ဘတ်စကတ်ဘောကြယ်ပွင့် ဘရစ်တနီဂရိုင်နာဟာ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနဲ့ မှောင်ခိုမှုတွင် အပြစ်ရှိကြောင်း တရားခွင်မှာ ဝန်ခံလိုက်ပါတယ်။ဒါပေမယ့် ဒီလိုပြစ်မှု ကျူးလွန်ဖို့တော့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဘရစ်တနီဂရိုင်နာက “ အပြစ်ကို ဝန်ခံချင်ပါတယ်။ဒါပေမယ့် ရည်ရွယ်ချက်တော့ မရှိပါဘူး။ဥပဒေကိုလည်း မချိုးဖောက်ချင်ပါဘူး။နောက်မှ သက်သေပြချင်ပါတယ်။အဲဒီအတွက် ပြင်ဆင်ဖို့ အချိန်လိုပါတယ်”လို့ ထွက်ဆို ခဲ့တာဖြစ်ပါတယ်။

ဘရစ်တနီဂရိုင်နာဟာ မော်စကိုမြို့ရှိ လေဆိပ်တစ်ခုတွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်က ဆေးခြောက်ဆီတွေ ပါဝင်တဲ့အရာတွေကို သူ့ရဲ့ ခရီးဆောင်အိတ်အတွင်းမှာ တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြစ်မှု ထင်ရှားခဲ့ရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တာလည်း ဖြစ်ပါတယ်။

ကြာသပတေးနေ့ ကြားနာမှုမပြုလုပ်ခင် ဘရစ်တနီဂရိုင်နာဟာ အနီရောင်တီရှပ်နဲ့ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး ရုရှားရဲတွေက သူ့ကို လက်ထိပ်ခတ် ကာ ခေါ်ဆောင်သွားခဲ့တာပါ။သူမရဲ့ ရှေ့နေဖြစ်သူကတော့ သက်ညှာမှုအရှိဆုံး စီရင်ချက်ချဖို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဘရစ်တနီဂရိုင်နာ လွတ်မြောက်နိုင်ဖို့အတွက် တတ်နိုင်သမျှအကောင်းဆုံး လုပ်ဆောင်နေကြောင်းကို သူ့ရဲ့ ဇနီးဖြစ်သူ ချီရယ်လ်ဂရိုင်နာကို ပြောဆိုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန် ထားတာပါ။

ဘရစ်တနီဂရိုင်နာကလည်း ဘယ်တော့မှ အိမ်ပြန်မလာရတော့မှာကို စိုးရိမ်မိကြောင်း လက်ရေးနဲ့ စာရေးသားကာ သမ္မတ ဂျိုးဘိုင်ဒန်ထံ အကူအညီတောင်းခံထားတာဖြစ်ပါတယ်။

ဘရစ်တနီဂရိုင်နာရဲ့ လာမယ့်တရားရုံးကြားနာမှုကို ဇူလိုင်လ ၁၄ ရက် ချိန်းဆိုထားပြီး သူမရဲ့ ချုပ်နှောင်ထားခွင့် ကို ဒီဇင်ဘာ ၂၀ ရက်အထိ ခွင့်ပြုထားတယ်လို့ သိရပါတယ်။

Source:Aljazeera.com

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရာဖေးလ်နာဒယ်လ်ကိုတွေ့ရစဉ် (The New York Times)

ဒဏ်ရာကြောင့် ဝင်ဘယ်လ်ဒန် အိုးပန်းဆီးမီးဖိုင်နယ်မှ နာဒယ်လ်နုတ်ထွက်

By CNI
CNI
Category: အားကစား
Hits: 1415

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈

ရာဖေးလ်နာဒယ်လ်ဟာ ဝမ်းဗိုက်ဒဏ်ရာကြောင့် ဂရိုင်ဂျီယို့စ်နဲ့ ယှဉ်ပြိုင်ရမယ့် ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ စပိန်ကစားသမားဟာ တေလာဖရစ်ဇ်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကုသမှု ခံယူခဲ့ရပေမယ့် အဆုံးထိကစားကာ နိုင်ပွဲရယူနိုင်ခဲ့တာပါ။

“ကျနော့်ရဲ့ ကစားသမားဘဝမှာ အကြိမ်ပေါင်းများစွာ ကြိုးစားပြီး လုပ်ဆောင်ခဲ့ပေမယ့် ဒဏ်ရာက ပိုပြီး ဆိုးလာတော့မယ် ဆိုတာ သိသာလာပါတယ်”လို့ နာဒယ်လ်က ပြောခဲ့ပါတယ်။

စပိန်ကစားသမား နုတ်ထွက်ခဲ့တာကြောင့် ဂရိုင်ဂျီယို့စ်ဟာ အလိုအလျောက် ဝင်ဘယ်လ်ဒန် အိုးပန်းဗိုလ်လုပွဲကို တက်နိုင်ခဲ့ တာပါ။

နာဒယ်လ်ဟာ ဝမ်းဗိုက်ကြွက်သား နာကျင်မှုကြောင့် ငိုကြွေးခဲ့ရကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ ဂရမ်းဆလမ်း ချန်ပီယံ ဆု ၂၂ ကြိမ် ရရှိထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ဆီမီးဖိုင်နယ်ပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ ပြိုင်ပွဲက နုတ်ထွက်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားခဲ့တာပါ။

နာဒယ်လ်က “ ကျနော် တစ်နေ့လုံး ဆုံးဖြတ်ချက်ချဖို့အကြောင်း တွေးနေခဲ့ပါတယ်။ ဆက်ကစားဖို့ အဓိပ္ပါယ်မရှိဘူးလို့ ကျနော်ထင်ပါတယ်။ ဒီလိုပြောရတာကိုက အလွန်ဝမ်းနည်းရပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

နာဒယ်လ်ဟာ တေလာဖရစ်ဇ်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ ၄ ပွဲမြောက်မှာ ဝမ်းဗိုက်ဖိပြီး နာကျင်မှု ခံစားနေရတာကို မြင်တွေ့ခဲ့ရတာပါ။

အဲ့ဒါကြောင့် ပွဲချိန်အတွင်း ဆေးကုသချိန် ကုန်ဆုံးသွားခဲ့တာမှာ ဒီပြိုင်ပွဲကနေ ထွက်လိုက်ဖို့ ဖခင်နဲ့ ညီမဖြစ်သူက အချက်ပြ ခဲ့ပေမယ့် နာဒယ်လ်က ဒါကို လျစ်လျူရှုပြီး အဆုံးထိ ယှဉ်ပြိုင်ကာ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝင်ဘယ်လ်ဒန် အိုးပန်း ချန်ပီယံဆုကို ၂ ကြိမ် ရရှိထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ အခုနှစ်မှာ သြစတြေးလျအိုးပန်းနဲ့ ပြင်သစ်အိုးပန်းမှာ အနိုင် ရထား ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါတယ်။

ဝင်ဘယ်လ်ဒန် အိုးပန်းဗိုလ်လုပွဲ တက်ခဲ့တဲ့ ဂရိုင်ဂျီယို့စ်ကတော့ နာဒယ်လ်ရဲ့ ကျန်းမာရေး အမြန်ဆုံး ပြန်ကောင်းလာဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

“ရာဖေးလ်နာဒယ်လ်ရေ ခင်ဗျား အမြန်ဆုံး ပြန်ကောင်းလာဖို့ ကျနော်မျှော်လင့်ပါတယ်။ မကြာခင်မှာ ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ကြမယ်။ နောက်တစ်ကြိမ် တွေ့ဆုံကြမယ်”လို့ ဂရိုင်ဂျီယို့စ်က သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားထားတာပါ။

ဂရိုင်ဂျီယို့စ်ဟာ ဂျိုကိုဗစ်နဲ့ နော်ရီတို့ ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ အခုလာမယ့် တနင်္ဂနွေနေ့မှာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Source: BBC/Metro

 

 

 

Share
Tweet
Share
Share
powered by social2s

ပရိသတ်စံချိန်တင်ကြည့်ခဲ့တဲ့ အမျိုးသမီးယူရိုအဖွင့်ပွဲမှာ အင်္ဂလန်အနိုင်ရ

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s

ရုရှားတွင် ထိန်းသိမ်းခံထားရသော ဂရိုင်နာ၏ ဇနီးဖြစ်သူနဲ့ ဘိုင်ဒန်စကားပြောဆို

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s

ရတနာပုံကို ရန်ကုန်ယူနိုက်တက် အနိုင်ရရှိ

By CNI
CNI
Category: အားကစား
Hits: 2085

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၂ ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဇူလိုင်လ ၇ ရက်(ယနေ့)မှာ ရန်ကုန် ယူနိုက်တက်နဲ့ ရတနာပုံအသင်းတို့ ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ရတနာပုံအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ ရန်ကုန်ယူနိုက်တက် အတွက်ဂိုးတွေကို ထက်ဖြိုးဝေက ပထမပိုင်းနဲ့ ဒေးဗစ်ထန်းက ဒုတိယပိုင်းမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ရတနာပုံ အသင်းက ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ရန်ကုန်ယူနိုက်တက်ဂိုးသမား ဘုန်းသစ္စာမင်းက လက်စွမ်းပြ ကာကွယ် နိုင်ခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တာပါ။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဖွင့်ပွဲစဉ် ၂ ပွဲစလုံးနိုင်ပွဲရခဲ့တာဖြစ်ပြီး ရတနာပုံအသင်း ကတော့ ၁ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ရရှိခဲ့ပါတယ်။

ပွဲစဉ် ၂ ရဲ့ အခြားပွဲစဉ်တွေမှာတော့ ရှမ်းယူနိုက်တက်က ဂျီအက်ဖ်အေကို ၂ ဂိုး- ၁ ဂိုး၊ မြဝတီက ISPE ကို ၂ ဂိုး- ဂိုးမရှိ၊ ဧရာဝတီယူနိုက်တက်က ရခိုင်ယူနိုက်တက်ကို ၃ ဂိုး- ဂိုးမရှိ၊ မဟာ ယူနိုက်တက်က ဟံသာဝတီယူနိုက်တက်ကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

ပွဲစဉ် ၂ အပြီးမှာ ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်တို့က ၂ ပွဲစလုံးအနိုင်ရခဲ့ပြီး ဂျီအက်ဖ်အေနဲ့ ရခိုင် ယူနိုက်တက်တို့ကတော့ ၂ ပွဲစလုံးအရေးနိမ့်ထားတာဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဂ်ရဲ့ ပွဲစဉ် ၃ အဖြစ် ဇူလိုင်လ ၉ ရက်မှာ ISPE နဲ့ ဟံသာဝတီယူနိုက်တက်တို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားနွယ်ဖွား ရိုင်ဘာကီနာကိုတွေ့ရစဉ် (independent)

ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်စေချင်ကြောင်း ရုရှားနွယ်ဖွား ရိုင်ဘာကီနာပြော

By CNI
CNI
Category: အားကစား
Hits: 1540

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

ရုရှားနွယ်ဖွား ရိုင်ဘာကီနာက ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်စေချင်တယ်လို့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ဆီမီးဖိုင်နယ် တက်ရောက်ပြီးနောက် ပြောလိုက်ပါတယ်။

ရိုင်ဘာကီနာက “ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲကို အမြန်ဆုံး ပြီးဆုံးစေချင်ပြီး ငြိမ်းချမ်းရေး ရစေချင်တယ်”လို့ ပြောပါတယ်။

ကာဇက်စတန် ကိုယ်စားပြုထားတဲ့ ရိုင်ဘာကီနာဟာ သြစတြေးလျ တင်းနစ်မယ် တွမ်ယာနိုဗစ်ကို ၄-၆၊ ၆-၂၊ ၆-၃ နဲ့ အနိုင်ရခဲ့ ပြီး ဆီမီးဖိုင်နယ်မှာ ၂၀၁၉ ချန်ပီယံဖြစ်ခဲ့တဲ့ ရိုမေးနီးယား တင်းနစ်မယ် ဆီမွန်နာဟာလပ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ယူကရိန်းကို ကျူးကျော်တဲ့ လုပ်ရပ်ကြောင့် ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပါတယ်။ ရိုင်ဘာကီနာဟာ ဒီပွဲအပြီးမှာ ရုရှား ဒါမှမဟုတ် ကာဇတ်စတန်လို့ ခံစားရ သလားလို့ မေးမြန်းခြင်း ခံခဲ့ရပါတယ်။

ရိုင်ဘာကီနာ နဲ့ ပြိုင်ဘက် ကစားသမား နှုတ်ဆက်နေစဉ် (Yahoo Sports)

မော်စကို(ရုရှား)မှာ မွေးဖွားပြီး လွန်ခဲ့တဲ့ ၄ နှစ်ကမှ ရုရှားနိုင်ငံကနေ ကာဇတ်စတန်နိုင်ငံကို ပြောင်းခဲ့တဲ့ သူမအတွက်တော့ ဒါဟာ ခက်ခဲတဲ့ မေးခွန်းလို့ ဖြေခဲ့ပါတယ်။

ရိုင်ဘာကီနာက “ကျမက ရုရှားမှာ မွေးဖွားခဲ့ပေမယ့် ကာဇတ်စတန်ကို ကိုယ်စားပြုပါတယ်။ ဒါက ကျမအတွက် ခရီးအရှည် ကြီး ဖြစ်နေပါပြီ။ အရင်က အိုလံပစ်ပြိုင်ပွဲတွေ၊ Fed Cup ပြိုင်ပွဲတွေ ကစားခဲ့တယ်။ အကူအညီတွေရော အားပေး ထောက်ခံ မှုတွေ အများကြီး ရခဲ့ပါတယ်။ အခု ကျမ ခံစားနေရတာကို အတိအကျပြောဖို့ ခက်တဲ့မေးခွန်းပါပဲ”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ရိုင်ဘာကီနာက “လူတိုင်းက ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ချင်ကြပါတယ်။ ဝင်ဘယ်ဒန်လို အကြီးမားဆုံး ပြိုင်ပွဲမှာ အားလုံးက ယှဉ်ပြိုင်ချင်ကြတာကြောင့် ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေအတွက် ကျမ ခံစားရပါတယ်။ လာမယ့်နှစ်မှာတော့ ပုံမှန် အတိုင်း ပြန်ဖြစ်နိုင်ဖို့ ကျမ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

ကမ္ဘာ့အဆင့် ၂၃ နေရာမှာ ရပ်တည်နေတဲ့ ရိုင်ဘာကီနာဟာ ကစားသမားဘဝ ပထမဆုံးအကြိမ် ဂရမ်းဆလမ်းပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးအသင်းနဲ့ စတာလင် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိ

By CNI
CNI
Category: အားကစား
Hits: 1153

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

မန်စီးတီးအသင်းတိုက်စစ်ကစားသမား စတာလင်ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘော တူညီမှုရရှိသွားပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ စတာလင်ကိုခေါ်ယူဖို့ အသင်းကြီး အများအပြားက စိတ်ဝင်စားခဲ့ကြတာပါ။၂၀၁၅ က လီဗာပူးလ်အသင်းကနေ ပေါင် ၄၉ သန်းနဲ့ ရောက်ရှိလာတဲ့ စတာလင်ဟာ မန်စီးတီးအသင်းအတွက် ၃၃၉ ပွဲပါဝင်ကစားထားကာ ၁၃၁ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်း အနေနဲ့ စတာလင်ရဲ့အပြောင်းအရွှေ့ကို အပြီးသတ်ခဲ့မယ်ဆိုရင် ကစားသမားဟာ ပိုင်ရှင်သစ်တော့ဒ်ဘိုလီ လက်ထက် ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာမှာပါ။

အင်္ဂလန်ကစားသမားဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းရရှိမှာဖြစ်ပြီး အသင်းရဲ့လုပ်ခလစာ အများဆုံး ကစားသမားဖြစ်လာမယ်လို့လည်း တယ်လီဂရပ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ အပြောင်းအရွှေ့အပြီးသတ်ဖို့ လုပ်ဆောင်နေပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့အပြောင်းအရွှေ့ဖြစ်ဖို့ မျှော်လင့်နေတာပါ။လန်ဒန်ကလပ်ကတော့ လာမယ့်အပတ် ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်ကို မသွားရောက်ခင် အပြောင်းအရွှေ့အပြီးသတ်ချင်နေပြီး ကစားသမားကို အဲဒီ သွားမယ့်ခရီးစဉ်ရဲ့ လူစာရင်းထဲ ထည့်သွင်းချင်နေတာဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက စတာလင်ကိုအသင်းမှာ ဆက်ထိန်းသိမ်းချင်နေပေမယ့် ကစားသမားကတော့ စိန်ခေါ်မှုအသစ်တွေနဲ့အတူ ပုံမှန်ကစားခွင့်ရနိုင်မယ့် ချယ်လ်ဆီးအသင်းကိုသွားဖို့ ရွေးချယ်ခဲ့တာပါ။

စတာလင်ဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားအပါအဝင် ဆုဖလား အများအပြားကို ရယူထားနိုင်ပေမယ့် ချန်ပီယံ လိဂ်ဖလားမရဖူးသေးတာကြောင့် ဒီဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

စတာလင်ဟာ ဂွာဒီယိုလာ မန်စီးတီးအသင်းကို ကိုင်တွယ်တဲ့ ၂၀၁၆ ကတည်းက မန်ချက်စတာကလပ်မှာ သူ့ထက်ဂိုးပိုသွင်း နိုင်တဲ့ ကစားသမားအဖြစ် အဂွေရို တစ်ဦးတည်းသာ ရှိခဲ့တာပါ။

ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ်ဟာ အင်တာမီလန်အသင်းထံ လူကာကူ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့ပြီးနောက် တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အဓိကထားဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းထားတဲ့ ရော်နယ်ဒိုနဲ့လည်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 56
  • 57
  • 58
  • 59
  • 60
  • 61
  • 62
  • 63
  • 64
  • 65

Page 61 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar