CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဒါဝင်နူနက်စ်က ဝေဖန်သူတွေကို ပြီးပြည့်စုံတဲ့ တုံ့ပြန်မှုပေးနိုင်ခဲ့တယ်လို့ ကလောပ့်ပြော

By CNI
CNI
Category: အားကစား
Hits: 1821

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

လိုက်ပ်ဇစ်နဲ့ ခြေစမ်းပွဲမှာ ၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးသစ် ဒါဝင်နူနက်စ်ဟာ ဝေဖန်မှုတွေခံနေရတဲ့အပေါ်မှာ ပြီးပြည့်စုံတဲ့ တုံပြန်မှုပေးနိုင်ခဲ့တယ်လို့ လီဗာပူးလ်နည်းပြ ကလောပ့်က ပြောလိုက်ပါတယ်။

ကလောပ့်က “ဒါဝင်အတွက်တော့ ဒါဟာ ပြီးပြည့်စုံတဲ့ ညဖြစ်ခဲ့ပါတယ်။ပိုက်ဆံအများကြီးပေးရင် ကစားသမား တွေက ဖိအားမခံစားရဘူးလို့ ကျနော်တို့ အမြဲတမ်းတွေးမိပါတယ်။ဒါပေမယ့် သူတို့ကလည်း သာမန်လူသား တွေပါ။ဒါပေမယ့် ပထမဆုံးထိချက်က မပြည့်စုံခဲ့ရင်တော့ ကစားသမားအနေနဲ့ ဆိုရှယ်မီဒီယာကို ဖတ်ရတာ စမတ်ကျမှာမဟုတ်ပါဘူး။ဒီညမှာတော့ ဒါတွေကို ရပ်တန့်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။ သူက ကျနော်တို့မှာ ရှိပြီးသားနဲ့မတူတဲ့ ခြားနားတဲ့ တိုက်စစ်မှူးပါ။ဒါပေမယ့် သူကတကယ်ကို ကောင်းပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ပေါင် ၈၅ သန်းနဲ့ ဘင်ဖီကာကနေ ရောက်ရှိလာခဲ့တဲ့ ဒါဝင်နူနက်စ်ဟာ ပြီးခဲ့တဲ့ ယူနိုက်တက်၊ ပဲလေစ့်အသင်းတွေနဲ့ ပွဲတွေမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဥရုဂွေးတိုက်စစ်မှူး ဟာ လိုက်ပ်ဇစ်နဲ့ပွဲမှာတော့ အကောင်းဆုံးပုံစံ ပြန်ရှာဖွေနိုင်ခဲ့ပြီး ဝေဖန်သူတွေကို အသံတိတ်စေခဲ့တာပါ။ ဒါဝင် နူနက်စ်ဟာ ပြီးခဲ့တဲ့ရာသီ ဘင်ဖီကာအသင်းမှာ ကစားခဲ့ချိန်က ၄၁ ပွဲကစားပြီး ၃၄ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဝင်နူနက်စ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကလည်း ကြိုးပမ်းခဲ့ပေမယ့် ကစားသမားက လီဗာပူးလ်အသင်းကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။လီဗာပူးလ်အသင်းက လိုက်ပ်ဇစ်ကို ၅ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဆာလတ်ကလည်း ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်ပွဲအပါအဝင် ခြေစမ်းပွဲ ၃ ပွဲကစားထားပြီး ၂ ပွဲနိုင် ၁ ပွဲရှုံးနိမ့်ထားတာပါ။အန်ဖီးလ်ကလပ်ဟာ အခုအချိန်မှာ သြစတြီးယားကို သွားရောက်ပြီး စခန်းသွင်းလေ့ကျင့်မှု တွေပြုလုပ်မှာ ဖြစ်ပါတယ်။

ကလောပ့်က “သြစတြီးယားမှာလည်း ခက်ခဲမှုတွေရှိလိမ့်မယ်။အဲဒါက ကောင်းပါတယ်။ဒါကို ဖြတ်ကျော်ရမယ်၊ အလုပ်ကို အလွန်ကြိုးစားရမယ်။အဲဒါမှ ကျနော်တို့ အဆင်ပြေနိုင်မှာပါ။ဆဲလ်ဘတ်နဲ့ပွဲမှာ ကျနော်တို့ အဆင်ပြေ နိုင်မလားဆိုတာ မသေချာပေမယ့် ကြိုးစားလုပ်ဆောင်ရမှာပါ။ရာသီကြိုရဲ့ အရေးအကြီးဆုံးအပိုင်းက အခုမှစမှာ ပါ”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဇူလိုင်လ ၃၀ ရက်မှာ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တန်းတက် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Metro

 

 

 

Share
Tweet
Share
Share
powered by social2s

စပိန်ကို အချိန်ပိုမှာအနိုင်ရပြီး အင်္ဂလန်အသင်း အမျိုးသမီးယူရို ဆီမီးဖိုင်နယ်တက်

By CNI
CNI
Category: Watch TV
Hits: 754

Share
Tweet
Share
Share
powered by social2s

အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆု မာနေး ရရှိ

By CNI
CNI
Category: အားကစား
Hits: 1254

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

မော်ရိုကိုမြို့တော် ရာဘတ်မှာကျင်းပခဲ့တဲ့ အာဖရိကအကောင်းဆုံးဆုပေးပွဲမှာ ဆီနီဂေါနဲ့ ဘိုင်ယန်မြူးနစ် ကစားသမား မာနေးက တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

မာနေးဟာ အီဂျစ်အသင်းကို အနိုင်ရခဲ့တဲ့ အာဖရိကဖလားဗိုလ်လုပွဲမှာ ဆီနီဂေါအသင်း ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်စေမယ့် အဆုံးအဖြတ်ပင်နယ်တီကို သွင်းယူခဲ့တာပါ။အဲဒါကြောင့်လည်း မာနေးဟာ လီဗာပူးလ်အသင်းဖော် ဟောင်း ဆာလတ်နဲ့ ဆီနီဂေါလက်ရွေးစင်အသင်းဖော် မန်ဒီတို့ကို အသာရပြီး တစ်နှစ်တာအကောင်းဆုံးဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။မာနေးဟာ ၂၀၁၉ ကလည်း ဒီဆုကို ရရှိထားတာကြောင့် အခုတစ်ကြိမ်ရရှိမှုဟာ သူ့ အတွက် ဒုတိယအကြိမ်မြောက်လည်း ဖြစ်ခဲ့တာပါ။

အာဖရိကအကောင်းဆုံးဆုပေးပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။မာနေးက “အခုနှစ်အတွက် ဒီဆုကို ရယူနိုင်ခဲ့လို့ အလွန်ပျော်ရွှင်ပါတယ်။ဆီနီဂေါ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ဒီဆုကို ဆီနီဂေါလူငယ်တွေအတွက် ကျနော် ရည်ညွှန်းပါတယ်။ ကျနော် အလွန်စိတ်လှုပ်ရှားနေပြီး ခံစားချက်ကို ဖော်ပြဖို့အတွက် စကားလုံးမရှိဘူး”လို့ ဆုယူအပြီးမှာ ပြောခဲ့တာပါ။

မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ရာသီကြိုခြေစမ်းပွဲအဖြစ် ဒီစီယူနိုက်တက်အသင်းနဲ့ ကစားပြီးတာနဲ့ ရာဘတ်မြို့ကို လာရောက်ခဲ့တာဖြစ်ပါတယ်။ဆီနီဂေါအသင်းကို ပထမဆုံးအကြိမ်ချန်ပီယံဖြစ်အောင် စွမ်းဆောင် ပေးနိုင်ခဲ့တဲ့ နည်းပြ ဆစ်ဆီက အကောင်းဆုံးအမျိုးသားနည်းပြဆုကို ရရှိခဲ့ပြီး၊ ပါပီဆားက အကောင်းဆုံးလူငယ် အမျိုးသားကစားသမားဆုကို ရရှိခဲ့တာပါ။ဒီ အာဖရိကအကောင်းဆုံးဆုပေးပွဲမှာ ဆီနီဂေါက ဆု ၅ ဆုအထိ ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီနီဂေါဘောလုံးအဖွဲ့ချုပ် ဥက္ကဌက “ဒီနိုင်ငံဆုဖလားရဖို့အတွက် ကျနော်တို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာ ပါ။ဒီပြိုင်ပွဲမှာ ဆုဖလားမရသေးတဲ့ အသင်းတွေအားလုံးအတွက် ကျနော်တို့က စံနမူနာကောင်းဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။အာဖရိကတစ်နှစ်တာအကောင်းဆုံးအမျိုးသမီးဆုကိုတော့ နိုင်ဂျီးရီးယားနဲ့ ဘာစီလိုနာအသင်းက အိုရှိုအာလာက ရရှိခဲ့တာဖြစ်ပါတယ်။အိုရှိုအာလာအတွက်တော့ ဒီဆုကို ပဉ္စမအကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

မာနေး၊မန်ဒီနဲ့ ဆာလတ်တို့ ယှဉ်ပြိုင်ရမယ့် အာဖရိက အကောင်းဆုံးဆု

By CNI
CNI
Category: Watch TV
Hits: 737

Share
Tweet
Share
Share
powered by social2s

ONE Championship နဲ့ စာချုပ်ချုပ်ဆိုဖို့ ဘရော်နီကာ ကမ်းလှမ်းခံရ

By CNI
CNI
Category: အားကစား
Hits: 2298


CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁

Thai Figt မှာ နာမည်ကြီးနေတဲ့ ဘရော်နီကာကို ONE Championship က စာချုပ်ချုပ်ဆိုဖို့ တိုက်ဂါးမွေထိုင်း ကနေ တစ်ဆင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ ဘရော်နီကာက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ရေးသား ပြောဆိုခဲ့ပါတယ်။

“ဒီမနက် တိုက်ဂါးသူဋ္ဌေးက ခေါ်တွေ့ပြီး ONE Championship က ဘရော်နဲ့ စာချုပ်ချုပ်ချင်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ဒါပေမယ့် သူကလက်ခံလို့ မရသေးဘူး။ဘာဖြစ်လို့လဲဆိုတော့ ထိုင်းဖိုက်နဲ့ စာချုပ်ရှိနေသေးတဲ့ အတွက်ကြောင့်လို့ ပြောခဲ့တယ်။အဲဒီတစ်ခုပေါ့နော်။ပြီးတော့လည်း သူတို့က ပြောတယ် ဘယ်အချိန်မဆို လာလို့ရတယ်ပေါ့နော်။သူတို့အမြဲတမ်းကြိုဆိုနေမယ်။သူတို့က ဘရော်ကိုကြိုက်တဲ့ အကြောင်းတွေ၊ သဘောကျ တဲ့ အကြောင်းတွေပြောသွားခဲ့တယ်တဲ့။အဲဒါကြောင့် နင်ကြိုးစားဖို့လိုတယ်လို့ သူဌေးက ပြောခဲ့တယ်”လို့ ရေးသားထားတာပါ။

ဘရော်နီကာဟာ Thai Fight မှာ နိုင်ပွဲဆက်နေပြီး အကောင်းဆုံးပုံစံတစ်ခုကို ထိန်းသိမ်းထားနိုင်ခဲ့ကာ ကမ္ဘာ့ မွေထိုင်းအဖွဲ့အစည်းရဲ့ bantamweight အဆင့်သတ်မှတ်ချက် နံပတ် ၁ နေရာကို နိုင်ပွဲတွေနဲ့အတူ ဆက်လက် ရယူထားသူလည်းဖြစ်ပါတယ်။ဘရော်နီကာဟာ အောင်မြင်မှုအများကြီးမရသေးပေမယ့် ONE Championship ရဲ့ အခုလိုကမ်းလှမ်းမှုအပေါ်မှာ အလွန်ဝမ်းသာတယ်လို့လည်း ပြောခဲ့ပါတယ်။

“အရမ်းအောင်မြင်နေတာမျိုးလည်း မဟုတ်ပေမယ့် သူတို့က ကိုယ့်ကိုဒီလိုမျိုးလာကမ်းလှမ်းတာတွေ ကြားရတော့ တကယ်ဝမ်းသာတယ်ပေါ့နော်။ပြီးတော့ အားလည်းပိုရှိတယ်။ဒီထက်ကြိုးစားရမယ်ဆိုတဲ့ စိတ်က ကိုယ့်မှာ တာဝန် ပိုရှိသွားတာပေါ့နော်။အားလုံးလည်း ဘရော်အတွက်ဆုတောင်းပေးပါ။ဘရော်လည်း အကောင်းဆုံးကြိုးစား သွားမယ်။ချန်ပီယံကြီးဖြစ်အောင်လုပ်မယ်”လို့ ဘရော်နီကာက ပြောခဲ့ပါတယ်။

ဘရော်နီကာဟာ ပြီးခဲ့တဲ့လက နောက်ဆုံးထိုးသတ်ထားတဲ့ Thai Fight မှာလည်း အနိုင်ရခဲ့ပြီး ၅ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာပါ။ဘရော်နီကာဟာ အခုထက်ပိုမိုကောင်းမွန်လာဖို့အတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာ လည်း ဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

မာနေး၊မန်ဒီနဲ့ ဆာလတ်တို့ ယှဉ်ပြိုင်ရမယ့် အာဖရိက အကောင်းဆုံးဆု

By CNI
CNI
Category: အားကစား
Hits: 2043

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁

အာဖရိကဘောလုံးအဖွဲ့ချုပ်က တစ်နှစ်တာအကောင်းဆုံးတွေအတွက် ဆန်ကာတင် ၃ ဦးစာရင်း ထုတ်ပြန် လိုက်ပြီး အမျိုးသားဆုအတွက် မာနေး၊ မန်ဒီနဲ့ ဆာလတ်တို့ ၃ ဦးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

သူတို့ ၃ ဦးဟာ ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်း၊ ပြသနိုင်ခဲ့သ လို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြတာပါ။မာနေး၊ မန်ဒီတို့ဟာ ဆီနီဂေါလက်ရွေး စင်အသင်းနဲ့ အာဖရိကဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲလည်း အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ဆာလတ်ကတော့ အီဂျစ်နဲ့အတူ အာဖရိကဖလား ဗိုလ်လုပွဲတက်နိုင်ခဲ့တာကြောင့် နောက်ဆုံး ၃ ဦး စာရင်းမှာ သူတို့ ပါဝင်ခဲ့တာပါ။

၂၀၁၉ က နောက်ဆုံးအကြိမ်ပေးခဲ့တဲ့ အာဖရိကတစ်နှစ်တာအကောင်းဆုံး အမျိုးသားဆုကို မာနေးက ရယူ နိုင်ခဲ့တာဖြစ်ပြီး အခုနှစ်မှာလည်း ဒီဆုကို ထပ်မံရယူနိုင်ဖို့ ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်းမှာတော့ နိုင်ဂျီးရီးယားလက်ရွေးစင် အိုရှိုအာလာ၊ ကင်မရွန်းလက်ရွေးစင် အန်ဂျိုယာနဲ့ ဇမ်ဘီယာလက်ရွေးစင် ချန်ဒါတို့ ရွေးချယ်ခံရတာပါ။၂၀၁၉ က အမျိုးသမီးအကောင်းဆုံးဆုကို အိုရှိုအာလာက ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြဆု၊ လူငယ်ကစားသမားဆု၊ အကောင်းဆုံးသွင်းဂိုးဆုတွေ အပါအဝင် အခြားသောဆုတွေအတွက်လည်း ဆန်ကာတင် ၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့တာပါ။ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကိုဗစ် ကပ်ရောဂါအခြေအနေတွေကြောင့် ဆုပေးပွဲကို မကျင်းပနိုင်ခဲ့တာဖြစ်ပြီး အခုနှစ်မှ ပြန်လည်ကျင်းပနိုင်မှာ ဖြစ်ပါတယ်။တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုကို အီတူးက ၄ ကြိမ်အများဆုံးရရှိထားပြီး ၊ အမျိုးသမီးကစားသမားဆုကို အိုရှိုအာလာနဲ့ အန်ကွာချာတို့က ၄ ကြိမ်စီနဲ့ အများဆုံး ရရှိထားတာပါ။

၂၀၂၂ ခုနှစ်အတွက် အာဖရိကအကောင်းဆုံး ဆုပေးပွဲကို ဇူလိုင်လ ၂၁ ရက် မော်ရိုကိုနိုင်ငံ ရာဘတ်မှာ ကျင်းပ သွားမှာဖြစ်ပြီး အမျိုးသမီးအကောင်းဆုံးကစားသမားဆုကလွဲပြီး ဆုတွေအားလုံးကို ကြေညာသွားမှာ ဖြစ်ပါတယ်။ အဆိုပါဆုကိုတော့ အမျိုးသမီးအာဖရိကဖလား ဗိုလ်လုပွဲအပြီး စနေနေ့မှာ ကြေညာသွားမယ်လို့ သိရပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

အင်္ဂလန်အသင်း အမျိုးသမီးယူရို ဆီမီးဖိုင်နယ်တက်

By CNI
CNI
Category: အားကစား
Hits: 1477

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁

အင်္ဂလန်အသင်းဟာ လက်ရှိကျင်းပနေတဲ့ အမျိုးသမီးယူရိုပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းကို အချိန်ပိုမှာ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ စပိန်အသင်းက ပွဲချိန် ၅၄ မိနစ်မှာ ဂွန်ဇာလတ်ဇ်က ဦးဆောင်ဂိုးစတင်သွင်းယူခဲ့တာဖြစ်ပြီး အယ်လ်လာ တုန်းက ပွဲချိန် ၈၄ မိနစ်မှာ အင်္ဂလန်အတွက် ချေပဂိုးပြန်သွင်းယူခဲ့တာပါ။ပွဲချိန်မိနစ် ၉၀ ပြည့်တဲ့အထိ ၁ ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ခဲ့ရပါတယ်။အချိန်ပို ၉၆ မိနစ်အရောက်မှာ စတန်းဝေးက အင်္ဂလန် အတွက် အဖိုးတန်အနိုင်ဂိုးကို ဂိုးဧရိယာထိပ်ကနေ ကန်သွင်းယူသွားခဲ့တာပါ။အဲဒီနောက်ပိုင်း နှစ်သင်းစလုံး ဂိုးထပ် မသွင်းနိုင်တော့လို့ အင်္ဂလန်အသင်းဟာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အနိုင်ဂိုးရှင် စတန်းဝေးက “ဒါက ကျမတို့ ရောက်ရှိနေတဲ့ အဆင့်ကို ပြသတာပါပဲ။အရေးနိမ့်နေရာကနေ ပြန်လာ နိုင်ခဲ့ပါတယ်။အလုပ်ကိုအောင်မြင်စွာလုပ်နိုင်ခဲ့တယ်။အခုတော့ ဆီမီးဖိုင်နယ်ကို အာရုံစိုက်ရတော့မယ်။ ကျမတို့ ဟာ ဒီအခိုက်အတန့်ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။

ကိုဗစ်ရှိခဲ့လို့ အင်္ဂလန်အသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို မကိုင်တွယ်နိုင်ခဲ့တဲ့ နည်းပြ ဝီဂ်မန်းဟာ ဒီပွဲမတိုင်ခင် စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကိုဗစ်ရှိကြောင်းမတွေ့ရတော့လို့ ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ဒီပွဲကို ကိုင်တွယ်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပေမယ့် စောင့်ဆိုင်းနေခဲ့ရပါတယ်။

နောက်ဆုံးမှာ ကိုင်တွယ်လို့ ရပြီလို့ ပြောခဲ့ပါတယ်။အနိုင်ရခဲ့လို့ အလွန် ပျော်ရွှင်မိပါတယ်။ပွဲအပြီးမှာ ကျမ အနည်းငယ်ရူးသွပ်သွားတယ်လို့ ထင်မိပါတယ်။နှစ်သင်းစလုံးဟာ အလွန် ကောင်းမွန်ခဲ့ကြပါတယ်။အသင်းအတွက် အလွန်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဆွီဒင်နဲ့ ဘယ်လ်ဂျီယံတို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။ အင်္ဂလန်အသင်းဟာ အမျိုးသမီးယူရိုပြိုင်ပွဲသမိုင်းမှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ဒုတိယနေရာသာ ရရှိခဲ့တာ ဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာကို ထိပ်ဆုံးပြန်ပို့ပြီး ဆုဖလားတွေအားလုံးရယူပေးမယ်လို့ လီဝန်ဒေါစကီး ပြော

By CNI
CNI
Category: Watch TV
Hits: 762

Share
Tweet
Share
Share
powered by social2s

ရုရှားကျူးကျော်ပြီးနောက် ပထမဆုံးပွဲအဖြစ် ချန်ပီယံလိဂ်ပွဲကစားမယ့် ဒိုင်နမိုကိဗ်

By CNI
CNI
Category: Watch TV
Hits: 754

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် မီတာ ၁၅၀၀ ပြေးပွဲမှာ ဗြိတိန်နိုင်ငံသား ရွှေတံဆိပ်ဆုရရှိ

By CNI
CNI
Category: အားကစား
Hits: 1242

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀

ဗြိတိန်နိုင်ငံသား ဝှိုက်မန်းဟာ အော်ရီဂွန်မှာ ကျင်းပနေတဲ့ ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် မီတာ ၁၅၀၀ ပြေးပွဲမှာ ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ ဝှိုက်မန်းဟာ အိုလံပစ်ချန်ပီယံ အင်ဂါဘရစ်ဆန်ကို အသာရပြီး ၃ မိနစ် ၂၉.၂၃ စက္ကန့်နဲ့ ရွှေတံဆိပ်ဆု ရယူခဲ့တာပါ။နော်ဝေနိုင်ငံသား အင်ဂါဘရစ်ဆန်က ၃ မိနစ် ၂၉. ၄၇ စက္ကန့်နဲ့ ငွေတံဆိပ်၊ စပိန်နိုင်ငံ သား ကာတီးယားက ၃ မိနစ် ၂၉.၉၀ စက္ကန့်နဲ့ ကြေးတံဆိပ်ရရှိခဲ့တာဖြစ်ပါတယ်။

ဝှိုက်မန်းဟာ ၁၉၈၃ က စတိဗ် ခရမ်နောက်ပိုင်း ကမ္ဘာ့မီတာ ၁၅၀၀ ပြိုင်ပွဲမှာ အနိုင်ရတဲ့ ပထမဆုံး ဗြိတိန်နိုင်ငံသား ဖြစ်လာခဲ့တာပါ။ ဝှိုက်မန်းရဲ့ ဖခင်ဖြစ်သူ ဂျက်ဗ်ကတော့ ဒီပြိုင်ပွဲမှာ ကြေညာသူအဖြစ်ဆောင်ရွက်နေခဲ့တာဖြစ်ပြီး သားဖြစ်သူရဲ့အောင်ပွဲကို ကြေညာနိုင်ခဲ့ပါတယ်။

“အပြေးက အိမ်ကိုပြန်ရောက်လာပြီ။ဒါက ကျနော့်ရဲ့သား သူက ကမ္ဘာ့ချန်ပီယံပဲ”လို့ ဂျက်ဗ်က ပြောခဲ့တာပါ။ ဒီ ရွှေတံဆိပ်ဟာ အခုပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံက ရရှိတဲ့ ပထမဆုံးရွှေတံဆိပ်ဖြစ်ပြီး နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု စာရင်းမှာ ဗြိတိန်နိုင်ငံက ရရှိတဲ့ ဒုတိယမြောက်ဆုတံဆိပ်ဖြစ်ခဲ့ပါတယ်။မီရာက အမျိုးသမီး မီတာ ၁၅၀၀ ပြေးပွဲမှာ ဗြိတိန်နိုင်ငံအတွက် ကြေးတံဆိပ်ရရှိခဲ့တာပါ။

ဝှိုက်မန်းက “ဒါက တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာကို အံသြပြီး မယုံကြည်နိုင်သေးပါဘူး။အခု အသက် ၂၈ နှစ်ရှိပြီ၊ နောက်ထပ်အခွင့်အရေးတွေ ဘယ်လောက်ရနိုင်မလဲဆိုတာကို ကျနော်မသိပါဘူး။ နောက်ထပ်အများကြီး ရှိလာ ဖို့တော့ မျှော်လင့်ပါတယ်။ဒါကို အကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်။ဒီလိုသမိုင်းမှတ်တိုင်ကို ရောက်ဖို့က အရေး ကြီးပါတယ်။ဒီလိုမျိုးနေရာကို ရောက်ဖို့ ကျနော်အများကြီး စွန့်လွှတ်ခဲ့ရပါတယ်။အများကြီးလည်း ပေးဆပ်ခဲ့ရတာ ကြောင့် တန်ဖိုးရှိတယ်”လို့ ပြောခဲ့ပါတယ်။

ဝှိုက်မန်းဟာ ၂၀၁၈ ခုနှစ် ဘာလင်မှာ ကျင်းပခဲ့တဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုကို ရရှိခဲ့ပြီး အဆိုပါ နှစ်မှာပဲ သြစတြေးလျနိုင်ငံမှာကျင်းပတဲ့ ဓနသဟာယအားကစားပြိုင်ပွဲမှာ စကော့တလန်ကိုယ်စားပြုပြီး ကြေး တံဆိပ်ရရှိခဲ့တာ ဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်က အိမ်ရှင်အဖြစ် ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲ ပြင်ဆင်ထားမှု (InsideTheGames)

ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့တဲ့ အာရှအားကစားပြိုင်ပွဲကို ၂၀၂၃ မှာ တရုတ်ပြန်ကျင်းပမယ်

By CNI
CNI
Category: အားကစား
Hits: 1936

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀

ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ၂၀၂၂ အာရှအားကစားပြိုင်ပွဲကို ၂၀၂၃ မှာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ပြန်ကျင်းပမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒီပွဲကို ဟန်ကျိုးမှာ စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိ ကျင်းပသွားမယ်လို့ အာရှအိုလံပစ်ကောင်စီက ပြောခဲ့တာ ဖြစ်ပါတယ်။

အာရှအားကစားပြိုင်ပွဲကို မူလက အခုနှစ် စက်တင်ဘာလမှာ ကျင်းပဖို့ သတ်မှတ်ထားခဲ့ပေမယ့် တရုတ်နိုင်ငံဟာ နိုင်ငံအတွင်း မှာ ကြီးမားတဲ့ ကိုဗစ် ပြန်လည် ဖြစ်ပွားနေမှုကို တိုက်ဖျက်ဖို့ ကြိုးပမ်းနေတဲ့အတွက် ပွဲစီစဉ်သူတွေက မေလမှာ ရွှေ့ဆိုင်းခဲ့ တာ ဖြစ်ပါတယ်။

ဟန်ကျိုးဟာ အခုနှစ် အစောပိုင်းက လအတန်ကြာ လောဒ့်ဒေါင်းချခံခဲ့ရတဲ့ နိုင်ငံရဲ့ အကြီးဆုံးမြို့ ရှန်ဟိုင်းကနေ ကီလိုမီတာ ၂၀၀ အောက်သာ ကွာဝေးတာပါ။

အခြား နိုင်ငံတကာ အားကစားပွဲကြီးတွေနဲ့ ပဋိပက္ခကို ရှောင်ရှားနိုင်ဖို့အတွက် နေ့ရက် အသစ်တွေကို ရွေးချယ်ခဲ့ရတယ်လို့ အာရှအိုလံပစ်ကောင်စီက အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

တရုတ်က အိမ်ရှင်အဖြစ် ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲ ပြင်ဆင်ထားမှု (France 24)

အာရှအားကစားပြိုင်ပွဲဟာ ပုံမှန်ဆိုရင် ဒေသတွင်းက အားကစားသမားပေါင်း ၁ သောင်းကျော်ကို ဆွဲဆောင်လေ့ရှိတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကပ်ရောဂါ စတင်ကတည်းက ဘေဂျင်းမှာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲက လွဲပြီး ပြိုင်ပွဲတွေ အားလုံးကို ဖျက်သိမ်းတာ ဒါမှမဟုတ် ရွှေ့ဆိုင်းတာတွေကို ပြုလုပ်ခဲ့ပြီး နိုင်ငံရဲ့ နိုင်ငံတကာအားကစား ရည်မှန်းချက်တွေကို ထိခိုက်စေခဲ့ ပါတယ်။

တရုတ်နိုင်ငံဟာ အာရှဖလား ပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရခဲ့ပေမယ့် ကိုဗစ်ကြောင့်ပဲ အိမ်ရှင်အဖြစ် ကနေ နုတ်ထွက်ခဲ့ပါတယ်။

အဲ့ဒါကြောင့် တောင်ကိုရီးယား၊ သြစတြေးလျ၊ ကာတာနဲ့ အင်ဒိုနီးရှားတို့က အိမ်ရှင်အဖြစ် ပြုလုပ်ဖို့ အာရှဘောလုံးအဖွဲ့ချုပ်ထံ လျှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ဒူးမှာ ဇွန်လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ကမ္ဘာ့တက္ကသိုလ်များ အားကစား ပြိုင်ပွဲကို ၂၀၂၃ အထိ ထပ်မံရွှေ့ဆိုင်းထားခဲ့တာပါ။

ဒါပေမယ့် တရုတ်စူပါလိဂ် ပြိုင်ပွဲကိုတော့ ဇွန်လ ၃ ရက်မှာ ပြန်လည် စတင်နိုင်ခဲ့ပြီး အသင်းပေါင်း ၁၈ သင်း ဝင်ရောက် ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။

Source: CNA

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားကျူးကျော်ပြီးနောက် ပထမဆုံးပွဲအဖြစ် ချန်ပီယံလိဂ်ပွဲကစားမယ့် ဒိုင်နမိုကိဗ်

By CNI
CNI
Category: အားကစား
Hits: 1267

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀

ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အသင်းဟာ ရုရှားကျူးကျော်မှုခံရပြီးကတည်းက ပထမဆုံးပွဲစဉ်အဖြစ် ချန်ပီယံလိဂ် ခြေစစ်ပွဲယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဒိုင်နမိုကိဗ်အသင်းဟာ ဖီနာဘာချီအသင်းနဲ့ ကစားရမယ့် ပထမအကျော့ပွဲစဉ်ကို ပိုလန်နိုင်ငံ လိုဒ့်ဇ်မှာ အိမ်ကွင်း ပွဲစဉ်အဖြစ် ယှဉ်ပြိုင်မှာပါ။ဒီပွဲဟာ ဒိုင်နမိုကိဗ်အသင်းအတွက်တော့ ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ပွဲအဖြစ် ကစားရမယ့်ပွဲဖြစ်ပါတယ်။ဒိုင်နမိုကိဗ်အသင်းနည်းပြ လူဆက်စ်ကူဟာ ကျူးကျော်မှု အစောပိုင်း ကာလတွေအတွင်းမှာ နိုင်ငံအတွင်းကနေ ထွက်ခွာခြင်းမပြုခဲ့ဘဲ ယူကရိန်းတော်လှန်ရေးအတွက် ဦးဆောင်ခဲ့သေး တာပါ။လူဆက်စ်ကူဟာ ဧပြီလမှာတော့ လုံခြုံမှုအတွက် အသင်းကို ဘူခါရတ်စ်ထံ စေလွှတ်ခဲ့တာဖြစ်ပြီး အဲဒီ နောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ခြေစမ်းပွဲတွေ ကစားခဲ့ပါတယ်။

ယူအီးအက်ဖ်အေက ယူကရိန်းနိုင်ငံအတွင်းမှာ စစ်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် အဆိုပါနိုင်ငံရဲ့ကလပ် တွေမှာပါဝင်တဲ့ အိမ်ကွင်းပွဲစဉ်တွေကို ကြားကွင်းတွေမှာသာ ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။အဲဒါကြောင့် ဒိုင်နမိုကိဗ် အသင်းအပြင် ရှက်တာဒိုးနက်အသင်းကလည်း ပိုလန်နိုင်ငံမှာ အိမ်ကွင်းကစားဖို့ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ ရှက်တာဒိုးနက်အသင်းကတော့ ပြီးခဲ့တဲ့ရာသီက လိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တဲ့အတွက် အုပ်စုအဆင့်ကနေ စတင်ယှဉ်ပြိုင်ရမှာပါ။

လူဆက်စ်ကူက “ဘောလုံးဆိုတာ လူတိုင်းရဲ့ဘဝအစိတ်အပိုင်းတစ်ခုပါ။ဒါဟာ ကပ်ရောဂါအခြေအနေဆိုးတွေ အတွက် အရေးကြီးပြီး အခုအချိန်မှာတော့ ဘဝအတွက် မျှော်လင့်ချက်၊ စိတ်အားထက်သန်မှုနဲ့ လှုံ့ဆော်မှုတွေ ကိုပေးပါတယ်။ဥရောပမှာကြောက်စရာအကောင်းဆုံး စစ်ပွဲဖြစ်ပွားနေပြီး ဒါကမပြီးသေးဘူးဆိုတာ လူတိုင်းကို သတိပေးဖို့ပါ”လို့ ပြောခဲ့ပါတယ်။

ယူကရိန်းကလပ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာ၊ ဘာစီလိုနာ အသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ၅ ပွဲရှုံး ၁ ပွဲသရေနဲ့ အုပ်စုကနေ လှည့်ပြန်ခဲ့ရတာပါ။ အခုနှစ် ရာသီသစ်အတွက် ယူကရိန်းပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ ၂၀ ရက်မှာ ပြန်လည်စတင် ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

Source:The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာကို ထိပ်ဆုံးပြန်ပို့ပြီး ဆုဖလားတွေအားလုံးရယူပေးမယ်လို့ လီဝန်ဒေါစကီး ပြော

By CNI
CNI
Category: အားကစား
Hits: 1381

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀

ဘာစီလိုနာတိုက်စစ်မှူးသစ် လီဝန်ဒေါစကီးကတော့ အသင်းကို ထိပ်ဆုံးပြန်ပို့ပြီး ရရှိနိုင်တဲ့ဆုဖလားတွေ အားလုံး ကို ရယူပေးသွားမယ်လို့ ပြောလိုက်ပါတယ်။

လီဝန်ဒေါစကီးက “နောက်ဆုံးတော့ ကျနော်ဒီကိုရောက်လာခဲ့ပါပြီ။ဘာစီလိုမှာရှိနေတဲ့အတွက် အလွန်ဝမ်းသာ မိပါတယ်။ပြီးခဲ့တဲ့ ရက်အနည်းငယ်က အလွန်ရှည်ကြာခဲ့ပေမယ့် အခုတော့ အားလုံးပြီးဆုံးသွားခဲ့ပါပြီ။အခု ကျနော့် ဘဝရဲ့ အခန်းအသစ်နဲ့စိန်ခေါ်မှုအသစ်တွေကို အာရုံစိုက်လို့ရပါပြီ။ ကျနော် အမြဲတမ်းလာလီဂါနဲ့ ကလပ်အသင်း ကြီးအတွက် ကစားချင်ခဲ့ပါတယ်။ဘာစီလိုနာကို ထိပ်ဆုံးရောက်အောင်နဲ့ ရရှိနိုင်တဲ့ ဆုဖလားတွေအားလုံး ရနိုင် အောင်ကူညီပေးဖို့ ဒီကိုရောက်လာတာ” လို့ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးကို ယူရိုသန်း ၅၀ နဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီလို့ တရားဝင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ လီဝန်ဒေါစကီးကို ရောင်းချဖို့ တွန့်ဆုတ်နေခဲ့ပေမယ့် နောက်ဆုံးမှာ လိုချင်တဲ့ပြောင်းရွှေ့ကြေးရခဲ့လို့ လက်လွှတ်ခဲ့တာပါ။လီဝန်ဒေါစကီးနဲ့ ဘာစီလိုနာတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၅၀၀ ပါဝင်ခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၆ ပွဲကစားပြီး ဂိုး ၅၀ သွင်းယူကာ အသင်း ကို ဘွန်ဒစ်လီဂါဖလား ၁၀ ကြိမ်ဆက်တိုက်ရရှိနိုင်အောင် ကူညီပေးနိုင်ခဲ့တာပါ။သူဟာ ဂျာမန်ကလပ်အတွက် ၃၇၄ ပွဲကစားကာ ၃၄၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ဂတ်မူလာရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ အမေရိကန်မှာ ခြေစမ်းပွဲကစားဖို့ ရောက်နေတဲ့ ဘာစီလိုနာအသင်းနဲ့ မိုင်ယာမီမှာ ပူးပေါင်း နေခဲ့တာပါ။ဘာစီလိုနာအသင်းဟာ ဇူလိုင်လ ၂၀ ရက် မနက်ပိုင်းက ရာသီကြိုခြေစမ်းပွဲအဖြစ် အင်တာမိုင်ယာမီ အသင်းနဲ့ ကစားခဲ့ရာမှာ ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။လီဝန်ဒေါစကီးဟာ ဒီပွဲမှာ ဘာစီလိုနာ အသင်းရဲ့ လူစာရင်းမှာမပါဝင်ခဲ့ဘဲ ပွဲကြည့်စင်ကနေ အသင်းရဲ့ပွဲကို ကြည့်ရှုခဲ့တာပါ။ လီဝန်ဒေါစကီးဟာ ရီးရယ်လ်အသင်းနဲ့ကစားမယ့် ခြေစမ်းပွဲမှာတော့ ဘာစီလိုနာအတွက် ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့တဲ့အတွက် အခုအပြောင်းအရွှေ့မှာ ကစားသမား တချို့ကိုခေါ်ယူပြီး အသင်းကို ပြင်ဆင်နေခဲ့တာပါ။ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ကတ်ဆီနဲ့ ခရစ်တန်ဆန်တို့ကို ခေါ်ယူခဲ့ပြီး ဒမ်ဘီလီကိုလည်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ဖီဖာကို နစ်နာကြေးပေးဖို့ ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်း တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 860

Share
Tweet
Share
Share
powered by social2s

ဝှေးစေ့မှာ အကျိတ်တွေ့လို့ ကာလကြာရှည်အနားယူရဖွယ်ရှိနေတဲ့ ဟော်လာ

By CNI
CNI
Category: Watch TV
Hits: 980

Share
Tweet
Share
Share
powered by social2s

ရဲတပ်ဖွဲ့ရဲ့တားဆီးစစ်ဆေးခြင်း ခံခဲ့ရတဲ့ ဘာကာယိုကို

By CNI
CNI
Category: အားကစား
Hits: 1296

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉

ဘာကာယိုကိုဟာ သေနတ်ပစ်ခတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ သံသယရှိသူကို ရဲများက ရှာဖွေခဲ့ချိန်မှာ အဲဒီ ပတ်ခတ်မှုနဲ့ အနီးတဝိုက်မှာရှိနေတဲ့ ၎င်းကိုပါ စစ်ဆေးမှုခံယူရန် ရပ်တန့်တားဆီးခဲ့ပြီးနောက်မှာတော့ ရဲတပ်ဖွဲ့က ပြန်လည်တောင်းပန်ပြီး လွှတ်ပေးခဲ့တယ်လို့ အေစီမီလန်အသင်းက ပြောပါတယ်။

“ဘာကာယိုကိုရှိခဲ့တဲ့ ဧရိယာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ရဲတွေက စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ ကစားသမားကို ရပ်တန့်ခဲ့ပေမယ့် ဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ သူနဲ့ ဘာမှသက်ဆိုင်မှုမရှိကြောင်း စစ်ဆေး အတည်ပြုခဲ့ပါတယ်။အဲဒီနောက် သူ့ကိုတောင်းပန်ပြီး ပြန်လွှတ်ပေးခဲ့တယ်”လို့ အေစီမီလန်အသင်းရဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ ဇူလိုင်လ ၃ ရက်နေ့က မီလန်မှာဖြစ်ပွားခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ လှုမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပြန်လည်ဝေမျှလာကာ ပျံ့နှံ့သွားခဲ့တာပါ။ချယ်လ်ဆီးအသင်းကနေ အငှားလာရောက်ကစားနေတဲ့ ဘာကာယိုကိုဟာ ရဲတပ်ဖွဲ့ရဲ့ ရှာဖွေမှုတွေခံခဲ့ရပြီး နောက်ထပ်ရဲတပ်ဖွဲ့ ၂ ဦးက ကားတစ်စီးကို သေနတ်နဲ့ ချိန်ထားခဲ့တာဖြစ်ပါတယ်။ရဲတပ်ဖွဲ့အရာရှိတွေနဲ့ စကားပြောဆိုပြီးနောက်မှာ ဘာကာယိုကိုဟာ ပြန်လည်လွတ်လာခဲ့တာပါ။

အေစီမီလန်အသင်းမှာ ၂၀၁၈-၁၉ ရာသီကလည်း အငှားကစားခဲ့တဲ့ ဘာကာယိုကိုဟာ ပြီးခဲ့တဲ့ရာသီက ၂ နှစ် အငှားစာချုပ်နဲ့ ထပ်မံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ပြင်သစ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန် အသင်းအတွက် ၁၈ ပွဲပါဝင်ကစားခဲ့ပြီး စီးရီးအေဖလား ဆွတ်ခူးနိုင်ခဲ့တာပါ။ဘာကာယိုကိုဟာ ၂၀၁၇ က မိုနာကို ကနေ ချယ်လ်ဆီးအသင်းကို ပေါင်သန်း ၄၀ နဲ့ ရောက်ရှိလာခဲ့ပြီး ပထမရာသီမှာ ပွဲပေါင်း ၄၃ ပွဲ ပါဝင် ကစားခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာ ဘာကာယိုကိုဟာ အငှားတွေသာ စေလွှတ်ခံခဲ့ရပြီး ၂၀၁၉ မှာ အသင်းဟောင်း မိုနာကိုနဲ့ ၂၀၂၀ မှာ နာပိုလီအသင်းတွေထံ အငှားသွားရောက်ကစားခဲ့ရတာပါ။ဘာကာယိုကိုဟာ ပြင်သစ်လက်ရွေးစင်အတွက် ၂၀၁၇ က ၁ ပွဲသာပါဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s
  • 53
  • 54
  • 55
  • 56
  • 57
  • 58
  • 59
  • 60
  • 61
  • 62

Page 58 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar