CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁

အာဖရိကဘောလုံးအဖွဲ့ချုပ်က တစ်နှစ်တာအကောင်းဆုံးတွေအတွက် ဆန်ကာတင် ၃ ဦးစာရင်း ထုတ်ပြန် လိုက်ပြီး အမျိုးသားဆုအတွက် မာနေး၊ မန်ဒီနဲ့ ဆာလတ်တို့ ၃ ဦးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

သူတို့ ၃ ဦးဟာ ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်း၊ ပြသနိုင်ခဲ့သ လို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြတာပါ။မာနေး၊ မန်ဒီတို့ဟာ ဆီနီဂေါလက်ရွေး စင်အသင်းနဲ့ အာဖရိကဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲလည်း အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ဆာလတ်ကတော့ အီဂျစ်နဲ့အတူ အာဖရိကဖလား ဗိုလ်လုပွဲတက်နိုင်ခဲ့တာကြောင့် နောက်ဆုံး ၃ ဦး စာရင်းမှာ သူတို့ ပါဝင်ခဲ့တာပါ။

၂၀၁၉ က နောက်ဆုံးအကြိမ်ပေးခဲ့တဲ့ အာဖရိကတစ်နှစ်တာအကောင်းဆုံး အမျိုးသားဆုကို မာနေးက ရယူ နိုင်ခဲ့တာဖြစ်ပြီး အခုနှစ်မှာလည်း ဒီဆုကို ထပ်မံရယူနိုင်ဖို့ ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်းမှာတော့ နိုင်ဂျီးရီးယားလက်ရွေးစင် အိုရှိုအာလာ၊ ကင်မရွန်းလက်ရွေးစင် အန်ဂျိုယာနဲ့ ဇမ်ဘီယာလက်ရွေးစင် ချန်ဒါတို့ ရွေးချယ်ခံရတာပါ။၂၀၁၉ က အမျိုးသမီးအကောင်းဆုံးဆုကို အိုရှိုအာလာက ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြဆု၊ လူငယ်ကစားသမားဆု၊ အကောင်းဆုံးသွင်းဂိုးဆုတွေ အပါအဝင် အခြားသောဆုတွေအတွက်လည်း ဆန်ကာတင် ၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့တာပါ။ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကိုဗစ် ကပ်ရောဂါအခြေအနေတွေကြောင့် ဆုပေးပွဲကို မကျင်းပနိုင်ခဲ့တာဖြစ်ပြီး အခုနှစ်မှ ပြန်လည်ကျင်းပနိုင်မှာ ဖြစ်ပါတယ်။တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုကို အီတူးက ၄ ကြိမ်အများဆုံးရရှိထားပြီး ၊ အမျိုးသမီးကစားသမားဆုကို အိုရှိုအာလာနဲ့ အန်ကွာချာတို့က ၄ ကြိမ်စီနဲ့ အများဆုံး ရရှိထားတာပါ။

၂၀၂၂ ခုနှစ်အတွက် အာဖရိကအကောင်းဆုံး ဆုပေးပွဲကို ဇူလိုင်လ ၂၁ ရက် မော်ရိုကိုနိုင်ငံ ရာဘတ်မှာ ကျင်းပ သွားမှာဖြစ်ပြီး အမျိုးသမီးအကောင်းဆုံးကစားသမားဆုကလွဲပြီး ဆုတွေအားလုံးကို ကြေညာသွားမှာ ဖြစ်ပါတယ်။ အဆိုပါဆုကိုတော့ အမျိုးသမီးအာဖရိကဖလား ဗိုလ်လုပွဲအပြီး စနေနေ့မှာ ကြေညာသွားမယ်လို့ သိရပါတယ်။

Source:BBC