CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁

နိုင်ဂျီးရီးယား အမျိုးသမီး ကစားသမားတွေဟာ အမျိုးသမီးအာဖရိကနိုင်ငံ ဖလားပြိုင်ပွဲ တတိယနေရာလုပွဲ မတိုင်ခင်မှာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ အငြင်းပွားမှုတွေ ဖြစ်နေပြီး လေ့ကျင့်ခန်း မဆင်းဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

ဘော့ဆွာနာ၊ ဘူရန်ဒီနဲ့ ကင်မရွန်းတို့ကို အနိုင်ရခဲ့တဲ့အတွက် သူတို့ရရှိမယ့် ခံစားခွင့် ဒါမှမဟုတ် အပိုဆုကြေး ဒေါ်လာ ၁ သောင်းကျော်ကို တစ်ဦးမှ မရရှိခဲ့ပါဘူး။

အဲ့ဒါကြောင့် နိုင်ဂျီးရီးယား ကစားသမားတွေဟာ လေ့ကျင့်ခန်း မဆင်းဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

“ကစားသမားတွေဟာ အခကြေးငွေ မရဘဲ ကာဆန် ဘလန်ကာမှာရှိတဲ့ ဟိုတယ်ကနေ ထွက်ခွာဖို့ ငြင်းဆန်ထား ပါတယ်။ ကစားသမားတွေဟာ သူတို့ရဲ့ ဘဏ်အကောင့်ထဲမှာ ပိုက်ဆံရောက်လာဖို့ မျှော်လင့်ခဲ့ပေမယ့် မရောက်သေးဘူး”လို့ နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိုင်ဂျီးရီးယားနဲ့ အမေရိကန် အသင်းယှဉ်ပြိုင်နေစဉ်

အစိုးရဆီကနေ ထောက်ပံ့ကြေးငွေတွေ ရရှိထားတဲ့ နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ရဲ့ ၁၀ ရက်ကြာ ခံစားခွင့်ကို ကာမိစေဖို့အတွက် ကစားသမား တစ်ဦးချင်းဆီကို ဒေါ်လာ ၁၀၀၀ ပေးခဲ့တယ်လို့ သိရပါတယ်။
နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပင်နစ်ခ်က သူတို့အဖွဲ့အစည်းဟာ ဒီပြဿနာကို ကိုင်တွယ် ဖြေရှင်းနေပေမယ့် ငွေပေး ချေမှု မပြုလုပ်ခင် နိုင်ငံရဲ့ အားကစားဝန်ကြီးဌာန ဆီကနေ ထောက်ပံ့ကြေး ငွေတွေရရှိဖို့ လိုအပ်တယ်လို့ ဗုဒ္ဓဟူးနေ့က BBC Sport Africa ကို ပြောခဲ့တာပါ။

အားကစားဝန်ကြီးရဲ့ အထူးအကြံပေး ဖြစ်သူကတော့ ပြဿနာတွေ အားလုံးကို ဖြေရှင်းပြီးပြီလို့ ပြောပါတယ်။ နိုင်ဂျီးရီးယား အမျိုးသမီး ဘောလုံး အသင်းအနေနဲ့လည်း နှုတ်နဲ့ အာမခံချက် ရရှိထားပြီး ဖြစ်ကြောင်း သိရပါတယ်။ အပိုဆုကြေးတွေ မရ တာနဲ့ ပတ်သက်ပြီး နိုင်ဂျီးရီးယား ကစားသမားတွေ ဆန္ဒပြ သပိတ်မှောက်တာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

နိုင်ဂျီးရီးယား အမျိုးသမီးအသင်းဟာ အရင် အာဖရိကဖလား ပြိုင်ပွဲတွေမှာလည်း ဟိုတယ်တွေမှာ ထိုင်နေတဲ့ ဆန္ဒပြမှုတွေမှာ ၂ ကြိမ် ပါဝင်ခဲ့ဖူးပါတယ်။ ပထမဆုံးအကြိမ်က ၂၀၀၄ တောင်အာဖရိကမှာ ဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ ၂၀၁၆ အဘူဂျာ မှာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားအသင်းဟာ အမျိုးသမီး အာဖရိကဖလားမှာ စံချိန်တင် ချန်ပီယံဆုကို ၁၁ ကြိမ် ရရှိထားတာဖြစ်ပြီး တတိယ နေရာလုပွဲအဖြစ် ဇမ်ဘီယာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC