CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆

အီတလီနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းက လူဖြူကစားသမား ၃ ဦးသာ ပင်နယ်တီလွဲရင် လူမျိုးရေး ခွဲခြားခံရမှာ မဟုတ်ဘူးလို့ ရက်ရှ်ဖို့ဒ်က ပြောလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်က “ အရိုးသားဆုံးပြောရရင် လူဖြူတွေသာ ပင်နယ်တီလွဲရင် လူမျိုးရေးခွဲခြားခံရမှာ မဟုတ်ပါဘူး။ ကျနော်ကတော့ ဒီလိုပဲ ခံစားရပါတယ်။ ဒီလိုလည်း ဖြစ်လာမယ် မထင်ပါဘူး။ တစ်ချိန်တည်းမှာပဲ လူတွေလည်း ဒါကို သတိပြုမိမယ် မထင်ပါ ဘူး။ လူမည်း ၃ ယောက်ပဲဖြစ်ဖြစ် လူဖြူ ၃ ယောက်ပဲဖြစ်ဖြစ်ပေါ့၊ သူတို့ ခံစားချက်ကို တုံ့ပြန်လိုက်တယ်လို့ ခံစားရပါတယ်” လို့ ပြောပါတယ်။

အင်္ဂလန်အသင်းဟာ အီတလီအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ယူရိုဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး အင်္ဂလန် အသင်းဘက်က ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ ဆာကာတို့ မဝင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် အင်္ဂလန်အသင်း အရေးနိမ့်သွားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ နည်းပြ ဆောက်ဂိတ် တို့ကို တွေ့ရစဉ်

ဒီအဖြစ်အပျက် ပြီးနောက်မှာ သူတို့ ၃ ဦး စလုံးဟာ လူမှုကွန်ရက်တွေပေါ်မှာ လူမျိုးရေးခွဲခြားခံ ခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန် ပရိသတ်တွေကတောင် သူတို့တွေကို လူမျိုးရေး ခွဲခြားခဲ့တာပါ။

ကစားသမားတွေရဲ့ အင်စတာဂရမ်မှာ “မင်းတို့ ဒီနိုင်ငံက ထွက်သွားတော့”၊ “ နိုက်ဂျီးရီးယားကို ပြန်သွားတော့” အစရှိတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြသလို ငှက်ပျောသီးပုံ၊ မျောက်ပုံ စတဲ့ အီမိုဂျီတွေလည်း ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက သူတို့ ၃ ဦးကို လူမျိုးရေး ခွဲခြားခဲ့တဲ့ ဂျွန်နသန်ဘတ်စ် ဆိုတဲ့ ပရိသတ်တစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၀ ပတ် ချမှတ်ခဲ့ပါသေးတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း လူမျိုုးရေးခွဲခြားတဲ့ အဖြစ်အပျက် တွေ ရှိနေသေးတာ ဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတောင် လာမယ့်ပြိုင်ပွဲတွေမှာ လူမည်း ကစားသမားတွေကို ပင်နယ်တီ ကန်ခိုင်းဖို့ အတော် လေး စဉ်းစားနေရတယ်လို့ မကြာသေးခင်က ပြောခဲ့ပါသေးတယ်။ အကြောင်းရင်းကတော့ လူမည်း ကစားသမားတွေ အပေါ် မှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တာကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Source: Daily Mail