CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အာရှယူ-၂၀ ခြေစစ်ပွဲအုပ်စု နောက်ဆုံးပွဲမှာ မော်လ်ဒိုက်ကို မြန်မာအနိုင်ရ

By CNI
CNI
Category: Watch TV
Hits: 744

Share
Tweet
Share
Share
powered by social2s

ငွေညှစ်ဖို့ ကြံစည်မှုနဲ့ ပေါ့ဘာရဲ့ အစ်ကိုဖြစ်သူ ထိန်းသိမ်းခံထားရ

By CNI
CNI
Category: အားကစား
Hits: 1224

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

မာသီးယက်စ်ပေါ့ဘာဟာ ညီဖြစ်သူ ပေါလ်ပေါ့ဘာဆီကနေ ငွေညှစ်ဖို့ ကြံစည်မှုနဲ့ ထိန်းသိမ်းခံထားရပြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ငွေညှစ်ဖို့နဲ့ ရာဇဝတ်ဆိုင်ရာပူးပေါင်းကြံစည်မှုတို့အတွက် အခြားလူ ၄ ဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တရားရေးဆိုင်ရာရင်းမြစ်တွေက ရိုက်တာနဲ့ ပြင်သစ်သတင်းဌာနတွေကို ပြောခဲ့ တာပါ။မာသီးယက်စ်ရဲ့ ရှေ့နေဖြစ်သူကတော့ သူ့ရဲ့ အမှုသည်မှာ အပြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ရှေ့နေဖြစ်သူ ယာဆင်ဘိုဇရူးက “ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ဘက်က စိန်ခေါ်ပြီး ရင်ဆိုင်သွားမှာပါ” လို့ ပြင်သစ်ရုပ်သံ BFMTV ကို ပြောခဲ့တာပါ။

မာသီးယက်စ်ဟာ ညီဖြစ်သူရဲ့ အကြောင်းနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေဟာ ပြီးခဲ့တဲ့လက အွန်လိုင်းပေါ် မှာ ထွက်ပေါ်လာခဲ့ပြီးနောက် ဒီဗွီဒီယိုရဲ့ နောက်ကွယ်မှာ သူရှိနေကြောင်း ဝန်ခံထားတာ ဖြစ်ပါတယ်။ ပေါ့ဘာက သူ့ကို ဂိုဏ်းအဖွဲ့အစည်းတစ်ခုက ခြိမ်းခြောက်ငွေညှစ်ဖို့ ပစ်မှတ်ထားနေတယ်လို့ ပြောခဲ့ပြီး နောက် ပြင်သစ်အစိုးရရှေ့နေတွေဟာ စက်တင်ဘာလအစောပိုင်းက တရားစီရင်ရေးဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေကို စတင်ခဲ့တာပါ။

ပြင်သစ်ကွင်းလယ်ကစားသမားက သူဟာ ယူရို ၁၃ သန်းပေးချေဖို့ ပစ်မှတ်ထားတောင်းခံနေရတယ်လို့ ဇူလိုင်လ ၁၆ ရက်က တူရင်အစိုးရရှေ့နေတွေထံ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ နွေရာသီ အ ပြောင်းအရွှေ့က ဂျူဗင်တပ်စ်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ ဒဏ်ရာကို ခွဲစိတ် ကုသမှုခံယူရမှာ ဖြစ်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ မာသီးယက်စ်ဟာ ဂီနီလက်ရွေးစင်ကို ကိုယ်စားပြု ပါဝင်ကစားခဲ့ကာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ခရူဝီ၊ ရက်ဇ်ဟမ်း၊ ခရော်လေစတဲ့ အသင်းတွေအပြင် ဥရောပကလပ်တွေမှာ ကစားခဲ့တာလည်း ဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဗီနီစီးယက်စ်ကို အသလက်တီကိုပရိသတ်တွေ လူမျိုးရေးခွဲခြားမှု ပြုလုပ်

By CNI
CNI
Category: အားကစား
Hits: 1136

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉

အသလက်တီကိုမက်ဒရစ်အသင်း ပရိသတ်တွေဟာ ရီးရယ်လ်မက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ မက်ဒရစ် ဒါဘီပွဲ မစတင်ခင် ဗီနီစီးယက်စ်ကို လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အေးဂျင့်တစ်ဦးဖြစ်တဲ့ ဘရာဗိုက ဂိုးသွင်းအပြီးမှာ ကခုန်အောင်ပွဲခံတဲ့ ဗီနီစီးယက်စ်ကို ရည်ညွှန်းပြီး မျောက်လိုလုပ်တာ ရပ်လိုက်ပါလို့ ပြောခဲ့ပြီးနောက် ကစားသမားဖြစ်သူက စပိန်ဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှုကို ရှုတ်ချကြောင်းပြောထားတာပါ။ဘရာဇီးလ်နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ပီလီ၊ နေမာတို့ အပါအဝင် ကစားသမားတချို့က ဗီနီစီးယက်စ်ဘက်က ရပ်တည်ကြောင်း ထုတ်ပြောခဲ့ ကြပါတယ်။

အသလက်တီကိုအသင်း ပရိသတ်တချို့ကတော့ မက်ဒရစ်ဒါဘီပွဲမစခင်မှာ “မင်းဟာ မျောက်ပဲ၊ ဗီနီစီးယက်စ် မင်းဟာ မျောက်ပဲ” ဆိုပြီး ကြွေးကြော်နေကြတဲ့ ဗွီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရောက်ရှိသွားခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဗီနီစီးယက်စ်အပေါ် လူမျိုးရေးခွဲခြားတာနဲ့ပတ်သက်ပြီး ရီးရယ်လ်အသင်းက “ဒီလိုလူမျိုးရေးခွဲခြားမှုအပြုအမူတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ ကျနော် တို့ ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်ပေးတဲ့သူတိုင်းကို တရားဥပဒေအရအရေးယူဖို့ လုပ်ဆောင်ထားတယ်လို့” ထုတ်ပြန်ထားပါတယ်။

ဗီနီစီးယက်စ်ကတော့ ဘာနေဗျူးမှာ ဒါမှမဟုတ် ဘယ်ကွင်းမှာပဲဖြစ်ဖြစ် ကခုန်အောင်ပွဲခံမှုကိုတော့ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ပြောထားခဲ့တာပါ။ဘရာဇီးလ်ကစားသမားဟာ အသလက်တီကိုအသင်း နဲ့ပွဲမှာ အသင်းဖော် ရိုဒရီဂို ဂိုးသွင်းအပြီး ဆမ်ဘာအကနဲ့ ပြိုင်ဘက်ပရိသတ်တွေ ရှေ့မှာ ကခုန်အောင်ပွဲခံ သွားခဲ့တာ ဖြစ်ပါတယ်။ဒီပွဲမှာ ရီးရယ်လ်အသင်းက အသလက်တီကိုအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။

ဘရာဇီးလ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲမှာ ဂိုးသွင်းအပြီး ဗီနီစီးယက်စ်ကို ထောက်ခံတဲ့အနေနဲ့ ကခုန်အောင်ပွဲခံသွားခဲ့တာ ဖြစ်ပါတယ်။

Source:Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာအသင်းကိုတွေ့ရစဉ် (MFF)

အာရှယူ-၂၀ ခြေစစ်ပွဲအုပ်စု နောက်ဆုံးပွဲမှာ မော်လ်ဒိုက်ကို မြန်မာအနိုင်ရ

By CNI
CNI
Category: အားကစား
Hits: 1366

CNI International News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉

မြန်မာအသင်းဟာ ၂၀၂၃ အာရှယူ-၂၀ ချန်ပီယံရှစ် ပြိုင်ပွဲခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မော်လ်ဒိုက်အသင်း နဲ့ ကစားခဲ့တာမှာ ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းက ဆော်ဒီမှာ ကစားခဲ့တဲ့ ဒီပွဲမှာ မြန်မာအသင်းဟာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရှာဖွေ သွားနိုင်ခဲ့တာပါ။

မြန်မာအသင်းအတွက် ဂိုးတွေကို ကောင်းထက်ပိုင်၊ စွမ်းထက်နဲ့ လမင်းထွေးတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ မော်လ်ဒိုက်အသင်းကို အနိုင်ရခဲ့ပေမယ့် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးနဲ့ ခြေစစ်ပွဲ အောင်မြင်ခြင်း မရှိခဲ့တာပါ။

မြန်မာအသင်းဟာ ခြေစစ်ပွဲမှာ ဥဇဘတ်ကစ္စတန်၊ ဆော်ဒီ၊ တရုတ်၊ မော်လ်ဒိုက်တို့နဲ့ တစ်အုပ်စုတည်း ကျရောက် ခဲ့တာ ဖြစ်ပါတယ်။

မော်လ်ဒိုက်သတင်းနဲ့ မြန်မာအသင်း ယှဉ်ပြိုင်နေစဉ် (MFF)

ဒါပေမယ့် ဥဇဘတ်ကစ္စတန် အသင်းဟာ နောက်ဆုံးအဆင့် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်လို့ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ထားတာပါ။

အဲ့ဒါကြောင့် ဥဇဘတ်ကစ္စတန်နဲ့ ကစားတဲ့ ရလဒ်တွေကို ထည့်သွင်းတွက်ချက်ခြင်း မရှိပါဘူး။ မြန်မာအသင်းဟာ အုပ်စုတွင်းပွဲတွေမှာ တရုတ်အသင်းကို ၃ ဂိုး- ၁ ဂိုး၊ ဆော်ဒီအသင်းကို ၅ ဂိုး- ဂိုးမရှိဆိုတဲ့ ရလဒ်တွေနဲ့ အရေးနိမ့်ခဲ့ ပြီး မော်လ်ဒိုက်အသင်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ အာရှယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအပြီးမှာ အုပ်စုထိပ်ဆုံး အသင်းတွေဖြစ်တဲ့ ဆော်ဒီ၊ ကာတာ၊ ဂျပန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ အိုမန်၊ တာဂျစ်ကစ္စတန်၊ အီရန်တို့ ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗီယက်နမ်၊ ကာဂျစ္စတန်၊ တရုတ်၊ ဆီးရီးယားနဲ့ ထိုင်းအသင်းတို့ဟာ အကောင်းဆုံး အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။ သြစတြေးလျ၊ အီရတ်၊ အိန္ဒိယနဲ့ ကူဝိတ်တို့ ပါဝင်တဲ့ အုပ်စု H ခြေစစ်ပွဲကိုတော့ အောက်တိုဘာလမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

၂၀၂၃ အာရှယူ-၂၀ နောက်ဆုံးအဆင့် ပြိုင်ပွဲကို မတ်လ ၁ ရက်ကနေ ၁၈ ရက်အထိ အသင်းပေါင်း ၁၆ သင်းနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေနဲ့ မိတ်ဆက် (အပိုင်း ၁၁)

By CNI
CNI
Category: Watch TV
Hits: 731

Share
Tweet
Share
Share
powered by social2s

အီကွေဒေါကို ကမ္ဘာ့ဖလားဝင်ခွင့်ပေးတဲ့ ဖီဖာဆုံးဖြတ်ချက်ကို ချီလီ အယူခံဝင်မယ်

By CNI
CNI
Category: Watch TV
Hits: 884

Share
Tweet
Share
Share
powered by social2s
တော့တီနဲ့ သူ၏ မိသားစုကို တွေ့ရစဉ်

အိမ်ထောင်ရေးပြိုကွဲမှုဒဏ်ကို ရင်ဖွင့်ခဲ့တဲ့ ရိုးမားဂန္တဝင် တော့တီ

By CNI
CNI
Category: ဆောင်းပါး
Hits: 2567

CNI Article

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈

ရိုးမားအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တော့တီက ဇနီးသည်ဖြစ်သူ ဘလာစီနဲ့ အိမ်ထောင်ရေး ပြိုကွဲသွားခဲ့ရတဲ့ အကြောင်းအရင်းတွေကို ထုတ်ပြောလာခဲ့ပါတယ်။

တော့တီဟာ ဘောလုံးလောကကနေ အနားယူခဲ့ပြီး ဖခင်ဖြစ်သူကလည်း ကိုဗစ်ကြောင့် ကွယ်လွန်ချိန်မှာ ဘလာစီ ဆီကနေ တော့တီတစ်ယောက် အားပေးမှုတွေကို မရရှိခဲ့တာက အိမ်ထောင်ရေးပြိုကွဲရတဲ့ အကြောင်းအရင်းတွေ ထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

တော့တီဟာ ၂၀၀၅ မှာ ရုပ်သံတင်ဆက်သူဖြစ်တဲ့ ဘလာစီနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့ တာပါ။

ဒါပေမယ့် သူတို့နှစ်ဦးဟာ ဇူလိုင်လမှာ လမ်းခွဲပြတ်စဲခဲ့တာဖြစ်ပြီး တော့တီက ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။ ၄၅ နှစ်အရွယ်ရှိ ဂန္တဝင်ကစားသမား တော့တီဟာ ၂၀၁၇ မှာ ဘောလုံးသမားဘဝက အနားယူခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူကိုတော့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှာ ဆုံးရှုံးခဲ့ရတာပါ။

တော့တီနဲ့ ဇနီးသည် ဘလာစီ

ဒီလိုခက်ခဲနေတဲ့ အချိန်အတွင်းမှာ ဇနီးသည်ဖြစ်သူဟာ သူ့ကို နှစ်သိမ့်ပေးခဲ့ခြင်းမရှိလို့ တော့တီက ခံစားခဲ့ရတာ ဖြစ်ပါတယ်။

တော့တီက “ ကျနော်ဟာ ခက်ခဲတဲ့ ကာလတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ ကျနော်ဟာ ကစား သမားဘဝကို ရပ်နားလိုက်ပါတယ်။ နောက်ပြီး ဖခင်ဖြစ်သူက ကိုဗစ်ကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ ကျနော်လည်း ပြင်းထန်တဲ့ ကိုဗစ်ကြောင့် ၁၅ ရက်ကြာ ဖျားနာခဲ့ပါတယ်။ ဒါပေမယ့် ကျနော့် ဇနီးကတော့ ကျနော် သူမကို အလိုအပ်ဆုံးအချိန်မှာ အဲ့ဒီနေရာမှာ မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

သူတို့နှစ်ဦး လမ်းခွဲပြီးနောက် တော့တီဟာ ချစ်သူအသစ်ဖြစ်တဲ့ ဘော့ချီနဲ့ တွဲခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ တော့တီက ဘလာစီကို လိမ်လည်လှည့်ဖြားနိုင်တယ်လို့ ထင်ကြေးတွေလည်း ရှိခဲ့တာပါ။

ဒါပေမယ့် တော့တီက ဇနီးသည်ဖြစ်သူဟာ သူ့ကို လှည့်စားခဲ့တယ်ဆိုတာ မနှစ်တုန်းက သိခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

 တော့တီကိုတွေ့ရစဉ်

“ကျနော်က စပြီး သစ္စာဖောက်ခဲ့တယ်ဆိုတာ မမှန်ပါဘူး။ ကျနော် ဒါကို မပြောချင်ပေမယ့် မကြာသေးခင် ရက်သတ္တပတ်အတွင်းမှာ လိမ်လည်လှည့်ဖြားမှု အများအပြားကို ဖတ်ခဲ့ရပါတယ်။ တချို့သတင်းတွေဆို ကလေး တွေကိုပါ နာကျင်စေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကောလာဟာလတွေက ကျနော့်ဆီကို ရောက်လာခဲ့ပါ တယ်။ သူ့ဆီမှာ နောက်တစ်ယောက် ရှိနေတယ်ဆိုပြီးတော့ပေါ့။ အမှန်တော့ တစ်ယောက်ထက်တောင် ပိုပါတယ်။ ကျနော်ဟာ နှစ်ပေါင်း ၂၀ အတွင်းမှာ သူ့ရဲ့ ဖုန်းကို ဘယ်တုန်းကမှ မစစ်ဖူးပါဘူး။ ဒါပေမယ့် ကျနော်ယုံကြည်ရတဲ့ သူတွေဆီက သတိပေးတာတွေရလာတဲ့ အခါမှာတော့ သံသယဝင်လာပါတယ်။ သူ့ဖုန်းကို ကြည့်လိုက်တဲ့အချိန်မှာ တတိယလူတစ်ဦးကို တွေ့ခဲ့ရပါတယ်။ သူက ဇနီးသည်နဲ့ နောက်တစ်ယောက်အကြားကို ကြားခံအဖြစ် ဆောင် ရွက်ပေးနေတဲ့ သူပေါ့ဗျာ”လို့ ပြောခဲ့တာပါ။
တော့တီဟာ ဇနီးသည် ဖောက်ပြန်တာကို သိရှိပြီးနောက် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေခဲ့ကြောင်းနဲ့ သူ့ဘဝအတွက် ခက်ခဲတဲ့ ကာလကို ဖြတ်ကျော်နိုင်ဖို့အတွက် ဘော့ချီက အကူအညီပေးခဲ့ကြောင်း ပြောခဲ့ပါတယ်။

“ဒါတွေက အဖြစ်မှန်တွေပါ။ အဲ့ဒါက ကျနော့်ကို စိတ်ဓါတ်ကျစေခဲ့ပါတယ်။ ဘာမှမဖြစ်ဘူးဆိုပြီး ကျနော် ဟန်ဆောင်နေလို့ မရတော့ပါဘူး။ ဒါပေမယ့် အဲ့ဒါက ကျနော် မဟုတ်တော့ဘူး။ တခြားတစ်ယောက်ပါ။ ဘော့ချီရဲ့ ကျေးဇူးကြောင့်သာ ကျနော် အဲ့လို အဖြစ်အပျက်တွေက ထွက်လာနိုင်ခဲ့တာ”လို့ တော့တီက ပြောပါတယ်။

တော့တီနဲ့ ဘလာစီတို့ဟာ သူတို့ရဲ့ ပြဿနာတွေကို တရားရုံးမှာ ဖြေရှင်းနိုင်ပေမယ့် ရိုးမားဂန္တဝင်ကတော့ အဲ့ဒီ အဆင့်ကို မရောက်နိုင်ဘူးလို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

တော့တီနဲ့ ဇနီးသည် ဘလာစီ

တော့တီက “ သူမနဲ့ တရားရုံးမှာ အဆုံးသတ်လိုက်ရမှာကို ကျနော်ကြောက်မိပါတယ်။ သဘောတူညီမှု တစ်ခုရနိုင် ဖို့တော့ ကျနော် မျှော်လင့်နေတုန်းပါပဲ။ အခု ကျနော် တိတ်တဆိတ် ရှိနေပါတယ်။ ဒီမွန်းလွဲပိုင်းက ကျနော့်ဘဝရဲ့ ၆ လကို ကုန်ဆုံးသွားစေခဲ့တာပါ။ ဘောလုံးနဲ့ ရိုးမားအကြောင်းပြောဖို့ဆို အကြိမ်ပေါင်း ၁၀၀၀ လောက် ပြောရ လည်း ကျနော်သဘောကျပါတယ်။ ဒါက ကျနော့်နှလုံးသားထဲမှာ အမြဲတမ်းရှိနေတာပါ”လို့ သူ့ရဲ့ သဘောထားကို ပြောပြပါတယ်။

ဘလာစီကတော့ ဒါနဲ့ ပတ်သက်ပြီး ပြောဖို့ကို ငြင်းဆန်ထားပြီး သူမကိုယ်စား ရှေ့နေဖြစ်သူ အလက်ဆန်ဒရိုဆီ မြွန်နီက “ကျမ ကလေးတွေကို အမြဲတမ်း ကာကွယ်ပေးခဲ့ပြီး သူတို့ကို ဆက်ပြီး ကာကွယ်ပေးသွားမှာပါ” လို့ ပြောပါတယ်။

တော့တီနဲ့ ဘလာစီတို့ရဲ့ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ ၂ လက လမ်းခွဲပြီးနောက်ပိုင်းမှာ ပိုမိုဆိုးရွားလာခဲ့တယ်လို့ အီတလီကလာတဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။

တော့တီဟာ ရိုးမားအသင်းမှာပဲ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဖြတ်သန်းခဲ့တာဖြစ်ပြီး ၁၉၉၃ ကနေ ၂၀၁၇ အထိ ကစားခဲ့တာ ဖြစ်ပါတယ်။ တော့တီဟာ ရိုးမားအသင်းနဲ့ စီးရီးအေဖလား ၁ ကြိမ်၊ ကိုပါအီတာလီယာနဲ့ စူပါကိုပါအီတာလီယာဖလား ၂ ကြိမ် ရယူနိုင်ခဲ့တာပါ။ ရိုးမားဂန္တဝင်ဟာ အီတလီ လက်ရွေးစင်အသင်းနဲ့ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘတ်စကတ်ဘောကြယ်ပွင့် ဂရိုင်နာမိသားစုနဲ့ ဘိုင်ဒန် အိမ်ဖြူတော်မှာ တွေ့ဆုံ

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s

ဖက်ဒဲရားအနားယူတာက ဝမ်းနည်းဖို့ကောင်းတဲ့နေ့လို့ နာဒယ်လ်ပြော

By CNI
CNI
Category: Watch TV
Hits: 711

Share
Tweet
Share
Share
powered by social2s

ရှရစ်ဖ်နဲ့ပွဲ ဂိုးက ရော်နယ်ဒိုအတွက် တကယ်လိုအပ်တယ်လို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: Watch TV
Hits: 675

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 823

Share
Tweet
Share
Share
powered by social2s

ရှရစ်ဖ်နဲ့ပွဲ ဂိုးက ရော်နယ်ဒိုအတွက် တကယ်လိုအပ်တယ်လို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: အားကစား
Hits: 1262

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆

ရှရစ်ဖ်ကို အနိုင်ရတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးက ရော်နယ်ဒိုအတွက် တကယ်ကိုလိုအပ်နေတာလို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ရော်နယ်ဒိုက အဲ့ဒီဂိုးကိုလိုအပ်ပါတယ်။သူဟာ အကြိမ်ပေါင်းများစွာနီးစပ်ခဲ့ပေမယ့် အရမ်းကို လိုချင်နေတာပါ။သူ ဂိုးသွင်းနိုင်လို့ ကျနော်တို့ အလွန်ပျော်ရွှင်နေပါတယ်။အသင်းကလည်း သူ့ကို ဂိုးတွေသွင်းစေချင်နေတာပါ။ရော်နယ်ဒို ပင်နယ်တီသွင်းယူနိုင်မယ်ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ကြံခိုင်မှုပိုင်း ပိုကောင်းလာရင် သူဟာ ဂိုးတွေပိုပြီး သွင်းလာပါလိမ့်မယ်။ အသင်းစီမံကိန်း ကိုလည်း စိတ်နှစ်ပြီး အပြည့်အဝပူးပေါင်းနေပါတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ရှရစ်ဖ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဆန်ချိုနဲ့ ရော် နယ်ဒိုတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုအတွက်တော့ ဒီဂိုးဟာ ဒီရာသီ ယူနိုက်တက် အသင်း အတွက် ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ ဂိုးလည်းဖြစ်ခဲ့တာပါ။ဒါ့အပြင် ယူရိုပါလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့ ကစားသမား ဘ၀ ပထမဆုံးသွင်းဂိုးကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုက “ဂိုးသွင်းပြီး အသင်းကို အနိုင်ရအောင်ကူညီပေးနိုင်လို့ ပျော်ရွှင်ပါတယ်။အရေးကြီးတဲ့ ၃ မှတ်ပါ”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။ရော်နယ်ဒိုအတွက် ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ၁၆ နှစ်အတွင်း အဆိုးရွားဆုံး ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ဒီဂိုးကြောင့် ပေါ်တူဂီ ကစားသမားဟာ ကလပ်ကစားသမားဘ၀ သွင်းဂိုး ၆၉၉ ဂိုးအထိ ရှိသွားခဲ့ပြီး ဂိုး ၇၀၀ ပြည့်ဖို့ ၁ ဂိုးသာ လိုအပ်တော့တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အသင်းက ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက် အသင်း ဟာ ရောင်းချဖို့ ငြင်းဆန်ခဲ့လို့ အပြောင်းအရွှေ့ပိတ်တဲ့အချိန်ထိ အသင်းမှာပဲ ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ရှရစ်ဖ်နဲ့ ပွဲအပါအဝင် ဆိုစီဒက်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ယူနိုက်တက်အတွက် ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အခုအပတ်မှာ ကစားဖို့ရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာကြောင့် အောက်တိုဘာလ ၂ ရက်မှ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒေါ့မွန်အသင်းက သူ့ကို မရပ်တန့်နိုင်ခဲ့ဘူးလို ဟာလန်းပြော

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုရဲ့ စံချိန်ကိုပါ ကျော်ဖြတ်ကာ ချန်ပီယံလိဂ်မှာ မက်ဆီ စံချိန်သစ်တင်

By CNI
CNI
Category: Watch TV
Hits: 740

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်လူစာရင်းမှာ ပါဝင်နေပေမယ့် ဆိုင်းငံ့ခံထားရဆဲဖြစ်တဲ့ ဂရင်းဝုဒ်

By CNI
CNI
Category: အားကစား
Hits: 1720

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ဂရင်းဝုဒ်ဟာ ၂၀၂၂-၂၃ ရာသီအတွက် ယူနိုက်တက်အသင်းရဲ့ တရားဝင်လူစာရင်းမှာ ပါဝင်နေပေမယ့် သူ့ကို ဆိုင်းငံ့ထားဆဲဖြစ်တယ်လို့ အသင်းက ပြောလိုက်ပါတယ်။

အသက် ၂၀ အရွယ်ရှိ ဂရင်းဝုဒ်ဟာ ကစားသမား ၂၅ ဦးစာရင်းမှာမပါဝင်ပေမယ့် အသင်းကြီးအတွက် ဒီရာသီ ပရီးမီးယားလိဂ်ကစားခွင့်ရမယ့် ယူ-၂၁ ကစားသမားစာရင်းမှာ ပါဝင်နေတာပါ။

ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အသက် ၁၈ နှစ်အရွယ်ရှိ ကျောင်းသားကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ဂရင်းဝုဒ်ဟာ ဇန်နဝါရီလက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇွန်လကပြုလုပ်ခဲ့တဲ့ သီးသန့်ကြားနာမှုမှာ သူ့ရဲ့အာမခံကို သက်တမ်းတိုးခဲ့တာပါ။

ဂရင်းဝုဒ်ဟာ ဖမ်းဆီးခံရပြီးနောက် ရဲစခန်းမှာ ၃ ညတာနေခဲ့ရပြီး သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် နောက်ပိုင်းမှာစစ်ဆေးမေးမြန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ယူရိုပါလိဂ်လူစာရင်းမှာ မပါဝင်တဲ့ ဂရင်းဝုဒ်ဟာ အာမခံနဲ့ ပြန်လွတ်ခဲ့ပြီး နောက်ပိုင်းမှာ အာမခံကို ၂ ကြိမ်သက်တမ်းတိုးခဲ့တာပါ။

ဂရင်းဝုဒ်ရဲ့ ကစားသမားပရိုဖိုင်ဟာ အဖမ်းဆီးခံရပြီးကတည်းက အွန်လိုင်း ပေါ်မှာ ရှိနေပေမယ့် ယူနိုက်တက်အသင်းက သူ့ရဲ့နာမည်နဲ့ ကျောနံပတ် ၁၁ ပါ ဂျာစီကို မဝယ်ယူဖို့ ပရိသတ်တွေကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ရှိနေတာကြောင့် ကစားသမားရဲ့ တစ်ပတ် လုပ်ခ ပေါင် ၇၅,၀၀၀(ခုနှစ်သောင်းခွဲ)ကို ဆက်လက်ပေးချေနေရတာပါ။ဂရင်းဝုဒ်ဟာ ဇန်နဝါရီ ၂၂ ရက် က ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

သူဟာ အင်္ဂလန်လက်ရွေးစင်အတွက် ၂၀၂၀ စက်တင်ဘာလက အိုက်စလန်နဲ့ပွဲစဉ်မှာ ပွဲ ထွက်ခွင့်ရခဲ့ပေမယ့် ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်လို့ နေအိမ်ပြန်ပို့ခြင်း ခံခဲ့ရတာပါ။ဂရင်းဝုဒ်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၈၃ ပွဲပါဝင်ကစားထားပြီး ၂၂ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ချစ်သူမိန်းကလေးဖြစ်သူကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု တွေ ပြုလုပ်နေတဲ့ ပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့သွားပြီးနောက် ဇန်နဝါရီ ၃၀ ရက်မှာ ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့တာပါ။ဂရင်းဝုဒ်နဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ဇွန်လ ၃၀ ရက်မှ ကုန် ဆုံးမယ်လို့ သိရပါတယ်။

Source:Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ခြေစမ်းပွဲကိုဆန့်ကျင်တာ ရုရှားကစားသမားတွေကို ဆန့်ကျင်တာမဟုတ်ဘူးလို့ ယာနစ်ပြော

By CNI
CNI
Category: အားကစား
Hits: 1246

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ဘော့စနီးယားကြယ်ပွင့် ယာနစ်က မကြာသေးခင်က ကြေညာခဲ့တဲ့ နှစ်နိုင်ငံခြေစမ်းပွဲကို ဆန့်ကျင် ပေမယ့် ရုရှားကစားသမားတွေအပေါ်မှာ ဆိုးရွားတဲ့ သဘောထားမရှိပါဘူးလို့ ပြောဆိုလိုက်ပါတယ်။

ယာနစ်က “ကျနော်ဟာ နိုင်ငံအသင်း အားကစားဒါရိုက်တာဆီကနေ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပါတယ်။သူက ကျနော့်ကို ဒီပွဲနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေကို ရှင်းပြခဲ့ပါတယ်။အခုအချိန်မှာ ဒါဟာ လုံးဝအဓိပ္ပါယ်မရှိဘူး လို့ ကျနော် ပြောလိုက်ပါတယ်။သူတို့ကို ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က ပိတ်ပင်ထားသလို တကမ္ဘာလုံး က ဒါကို ဆန့်ကျင်နေတာပါ။ကျနော့်မှာ ရုရှားကစားသမားတွေကို ဆန့်ကျင်တာမရှိပါဘူး။ဒါပေမယ့် လူတိုင်းက ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်တယ်ဆိုရင်တော့ ကျနော်တို့လည်း သူတို့နောက်ကို လိုက်ရမှာပါ”လို့ DAZN နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဘော့စနီးယားအသင်းရဲ့ ပုံရိပ်မြှင့်ကစားသမားတွေဖြစ်တဲ့ ဂျက်ကိုနဲ့ ယာနစ်တို့ဟာ ရုရှားနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်တာကို မကြာသေးခင်က မေးခွန်းတွေထုတ်ခဲ့ကြတာဖြစ်ပါတယ်။ဒီပွဲကို ကာတာကမ္ဘာ့ ဖလား စတင်ကျင်းပမယ့် ၁ ရက်မတိုင်ခင် စိန့်ပီတာစဘတ်မှာ ကျင်းပသွားဖို့ သတ်မှတ်ထားတာပါ။ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကတော့ ဒီခြေစမ်းပွဲကို ကြားဝင်စွက်ဖက်ပေးဖို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေကို တောင်းဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။

ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ရုရှားကို ပြိုင်ပွဲတွေယှဉ်ပြိုင်ခွင့်သာ ပိတ်ပင်ထားတာပါ။ရုရှားကတော့ ဘော့စနီးယားနဲ့အပြင် အီရန်၊ ကာဂျစ္စတန်တို့နဲ့လည်း ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာက ဖိအားပေးမှုတွေရှိနေတာကြောင့် ဘော့စနီးယားအသင်းဟာ ရုရှားနဲ့ ခြေစမ်းမယ့် အစီ အစဉ်ကို ပြန်လည်သုံးသပ်သွားမယ်လို့ ဝန်ခံထားတာပါ။ဖီဖာကလည်း ဒီခြေစမ်းပွဲနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

ရုရှားအသင်းဟာ ၂၀၂၁ နိုဝင်ဘာလက ခရိုအေးရှားအသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြီး ကတည်းက ပွဲတွေယှဉ်ပြိုင်ကစားခြင်းမရှိတော့ပါဘူး။ရုရှားအသင်းဟာ စက်တင်ဘာ ၂၄ ရက်မှာ ပထမဆုံးပွဲစဉ်အဖြစ် ကာဂျစ္စတန်နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Source:အာရ်တီ

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45
  • 46
  • 47

Page 43 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar