CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ရော်နယ်ဒိုရဲ့ စံချိန်ကိုပါ ကျော်ဖြတ်ကာ ချန်ပီယံလိဂ်မှာ မက်ဆီ စံချိန်သစ်တင်

By CNI
CNI
Category: Watch TV
Hits: 613

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်လူစာရင်းမှာ ပါဝင်နေပေမယ့် ဆိုင်းငံ့ခံထားရဆဲဖြစ်တဲ့ ဂရင်းဝုဒ်

By CNI
CNI
Category: အားကစား
Hits: 1534

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ဂရင်းဝုဒ်ဟာ ၂၀၂၂-၂၃ ရာသီအတွက် ယူနိုက်တက်အသင်းရဲ့ တရားဝင်လူစာရင်းမှာ ပါဝင်နေပေမယ့် သူ့ကို ဆိုင်းငံ့ထားဆဲဖြစ်တယ်လို့ အသင်းက ပြောလိုက်ပါတယ်။

အသက် ၂၀ အရွယ်ရှိ ဂရင်းဝုဒ်ဟာ ကစားသမား ၂၅ ဦးစာရင်းမှာမပါဝင်ပေမယ့် အသင်းကြီးအတွက် ဒီရာသီ ပရီးမီးယားလိဂ်ကစားခွင့်ရမယ့် ယူ-၂၁ ကစားသမားစာရင်းမှာ ပါဝင်နေတာပါ။

ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အသက် ၁၈ နှစ်အရွယ်ရှိ ကျောင်းသားကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ဂရင်းဝုဒ်ဟာ ဇန်နဝါရီလက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇွန်လကပြုလုပ်ခဲ့တဲ့ သီးသန့်ကြားနာမှုမှာ သူ့ရဲ့အာမခံကို သက်တမ်းတိုးခဲ့တာပါ။

ဂရင်းဝုဒ်ဟာ ဖမ်းဆီးခံရပြီးနောက် ရဲစခန်းမှာ ၃ ညတာနေခဲ့ရပြီး သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် နောက်ပိုင်းမှာစစ်ဆေးမေးမြန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ယူရိုပါလိဂ်လူစာရင်းမှာ မပါဝင်တဲ့ ဂရင်းဝုဒ်ဟာ အာမခံနဲ့ ပြန်လွတ်ခဲ့ပြီး နောက်ပိုင်းမှာ အာမခံကို ၂ ကြိမ်သက်တမ်းတိုးခဲ့တာပါ။

ဂရင်းဝုဒ်ရဲ့ ကစားသမားပရိုဖိုင်ဟာ အဖမ်းဆီးခံရပြီးကတည်းက အွန်လိုင်း ပေါ်မှာ ရှိနေပေမယ့် ယူနိုက်တက်အသင်းက သူ့ရဲ့နာမည်နဲ့ ကျောနံပတ် ၁၁ ပါ ဂျာစီကို မဝယ်ယူဖို့ ပရိသတ်တွေကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ရှိနေတာကြောင့် ကစားသမားရဲ့ တစ်ပတ် လုပ်ခ ပေါင် ၇၅,၀၀၀(ခုနှစ်သောင်းခွဲ)ကို ဆက်လက်ပေးချေနေရတာပါ။ဂရင်းဝုဒ်ဟာ ဇန်နဝါရီ ၂၂ ရက် က ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

သူဟာ အင်္ဂလန်လက်ရွေးစင်အတွက် ၂၀၂၀ စက်တင်ဘာလက အိုက်စလန်နဲ့ပွဲစဉ်မှာ ပွဲ ထွက်ခွင့်ရခဲ့ပေမယ့် ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်လို့ နေအိမ်ပြန်ပို့ခြင်း ခံခဲ့ရတာပါ။ဂရင်းဝုဒ်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၈၃ ပွဲပါဝင်ကစားထားပြီး ၂၂ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ချစ်သူမိန်းကလေးဖြစ်သူကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု တွေ ပြုလုပ်နေတဲ့ ပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့သွားပြီးနောက် ဇန်နဝါရီ ၃၀ ရက်မှာ ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့တာပါ။ဂရင်းဝုဒ်နဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ဇွန်လ ၃၀ ရက်မှ ကုန် ဆုံးမယ်လို့ သိရပါတယ်။

Source:Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ခြေစမ်းပွဲကိုဆန့်ကျင်တာ ရုရှားကစားသမားတွေကို ဆန့်ကျင်တာမဟုတ်ဘူးလို့ ယာနစ်ပြော

By CNI
CNI
Category: အားကစား
Hits: 1047

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ဘော့စနီးယားကြယ်ပွင့် ယာနစ်က မကြာသေးခင်က ကြေညာခဲ့တဲ့ နှစ်နိုင်ငံခြေစမ်းပွဲကို ဆန့်ကျင် ပေမယ့် ရုရှားကစားသမားတွေအပေါ်မှာ ဆိုးရွားတဲ့ သဘောထားမရှိပါဘူးလို့ ပြောဆိုလိုက်ပါတယ်။

ယာနစ်က “ကျနော်ဟာ နိုင်ငံအသင်း အားကစားဒါရိုက်တာဆီကနေ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပါတယ်။သူက ကျနော့်ကို ဒီပွဲနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေကို ရှင်းပြခဲ့ပါတယ်။အခုအချိန်မှာ ဒါဟာ လုံးဝအဓိပ္ပါယ်မရှိဘူး လို့ ကျနော် ပြောလိုက်ပါတယ်။သူတို့ကို ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က ပိတ်ပင်ထားသလို တကမ္ဘာလုံး က ဒါကို ဆန့်ကျင်နေတာပါ။ကျနော့်မှာ ရုရှားကစားသမားတွေကို ဆန့်ကျင်တာမရှိပါဘူး။ဒါပေမယ့် လူတိုင်းက ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်တယ်ဆိုရင်တော့ ကျနော်တို့လည်း သူတို့နောက်ကို လိုက်ရမှာပါ”လို့ DAZN နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဘော့စနီးယားအသင်းရဲ့ ပုံရိပ်မြှင့်ကစားသမားတွေဖြစ်တဲ့ ဂျက်ကိုနဲ့ ယာနစ်တို့ဟာ ရုရှားနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်တာကို မကြာသေးခင်က မေးခွန်းတွေထုတ်ခဲ့ကြတာဖြစ်ပါတယ်။ဒီပွဲကို ကာတာကမ္ဘာ့ ဖလား စတင်ကျင်းပမယ့် ၁ ရက်မတိုင်ခင် စိန့်ပီတာစဘတ်မှာ ကျင်းပသွားဖို့ သတ်မှတ်ထားတာပါ။ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကတော့ ဒီခြေစမ်းပွဲကို ကြားဝင်စွက်ဖက်ပေးဖို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေကို တောင်းဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။

ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ရုရှားကို ပြိုင်ပွဲတွေယှဉ်ပြိုင်ခွင့်သာ ပိတ်ပင်ထားတာပါ။ရုရှားကတော့ ဘော့စနီးယားနဲ့အပြင် အီရန်၊ ကာဂျစ္စတန်တို့နဲ့လည်း ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာက ဖိအားပေးမှုတွေရှိနေတာကြောင့် ဘော့စနီးယားအသင်းဟာ ရုရှားနဲ့ ခြေစမ်းမယ့် အစီ အစဉ်ကို ပြန်လည်သုံးသပ်သွားမယ်လို့ ဝန်ခံထားတာပါ။ဖီဖာကလည်း ဒီခြေစမ်းပွဲနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

ရုရှားအသင်းဟာ ၂၀၂၁ နိုဝင်ဘာလက ခရိုအေးရှားအသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြီး ကတည်းက ပွဲတွေယှဉ်ပြိုင်ကစားခြင်းမရှိတော့ပါဘူး။ရုရှားအသင်းဟာ စက်တင်ဘာ ၂၄ ရက်မှာ ပထမဆုံးပွဲစဉ်အဖြစ် ကာဂျစ္စတန်နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Source:အာရ်တီ

 

 

 

 

Share
Tweet
Share
Share
powered by social2s
မန်စီးတီးတိုက်စစ်မှူး ဟာလန်းကိုတွေ့ရစဉ် (Sportskeeda)

ဒေါ့မွန်အသင်းက သူ့ကို မရပ်တန့်နိုင်ခဲ့ဘူးလို့ ဟာလန်းပြော

By CNI
CNI
Category: အားကစား
Hits: 1301

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

မန်စီးတီးအသင်းက ဒေါ့မွန်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းဟောင်းရဲ့ နောက်ခံ လူတွေက သူ့ကို မရပ်တန့်နိုင်ခဲ့ဘူးလို့ ဟာလန်းက ပြောလိုက်ပါတယ်။

ဟာလန်းက “ သူတို့ ကျနော့်ကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ကျနော် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူတို့ ကောင်းမွန်စွာ ကစားခဲ့သလို ကောင်းလည်းကောင်းပါတယ်။ သူတို့နည်းပြ တာဇစ်က ကျနော့်အကြောင်း ကောင်းကောင်းသိလို့ တစ်ပွဲလုံး လူကပ် ကစားခံရမယ်ဆိုတာကို သိပြီးသားပါ။ ဒီနေ့ ဒေါ့မွန်အသင်းက တကယ်ကို ကောင်းတာပါ။ ဒါပေမယ့် ၃ မှတ်ရဖို့က အရေးကြီးပါတယ်”လို့ ပြောပါတယ်။

ဒီပွဲမှာ ဘယ်လင်ဂမ်က ဒေါ့မွန်အတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပေမယ့် ဂျွန်စတုန်းစ်က မန်စီးတီးအတွက် ချေပဂိုး သွင်းယူခဲ့ပြီး ဟာလန်းက အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

နော်ဝေလက်ရွေးစင် တိုက်စစ်မှူးလည်းဖြစ်တဲ့ ဟာလန်းဟာ ဒီဂိုးသွင်းယူခဲ့တာမှာ ကန်ဆယ်လို ပေးပို့လိုက်တဲ့ ဘောလုံးကို လေပေါ်မှာ ခုန်ပြီး ခြေထောက်နဲ့ လမ်းကြောင်း ပြောင်းပေးခဲ့တာပါ။ ဟာလန်းဟာ ဂိုးသွင်းပြီးချိန်မှာ အသင်းဟောင်းကို လေးစားမှုပြတဲ့ အနေနဲ့ အောင်ပွဲခံခဲ့ခြင်း မရှိပါဘူး။

ဒေါ့မွန်အသင်းဘက်ကို ဂိုးသွင်းနေတဲ့ ဟာလန်း (Football365)

ဟာလန်းက “ အဆုံးသတ်မှာ ကျနော်တို့က ဘာလဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ဒါကိုပဲ ကျနော်တို့ လိုချင်ခဲ့တာ ပါ။ နောက်ဆုံး ၂၅ မိနစ်အတွင်းမှာ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူမိပါတယ်။ ကန်ဆယ်လိုရဲ့ ဖြတ် တင်ပေးမှုက အလွန်ကောင်းမွန်ပါတယ်။ ဒါဟာ အလွန်အရေးကြီးတဲ့ နိုင်ပွဲပါ”လို့ ပွဲအပြီး BT Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဟာလန်းရဲ့ သွင်းဂိုးကို ဂန္တဝင် ကစားသမားကြီး ဂျိုဟန်ခရိုက်ဖ်ရဲ့ သွင်းဂိုးနဲ့ နှိုင်းယှဉ် သွားခဲ့ပါတယ်။

“ကျနော့်ဘဝမှာ ဂျိုဟန်ခရိုက်ဖ်ရဲ့ လွှမ်းမိုးမှုကို ခင်ဗျားတို့လည်း သိမှာပါ။ လူပုဂ္ဂိုလ်အနေနဲ့ရော၊ နည်းပြပိုင်းရော၊ အရာအားလုံးပါပဲ။ အသလက်တီကိုနဲ့ပွဲမှာ သွင်းတဲ့ ဂျိုဟန်ခရိုက်ဖ်ရဲ့ ဂိုးက ဟာလန်းနဲ့ တော်တော်လေးကို တူတာ ပါ။ ဟာလန်း ဂိုးသွင်းတဲ့အချိန်မှာ ကျနော် ဂျိုဟန်ခရိုက်ဖ် အကြောင်းကို တွေးမိခဲ့ပါတယ်။ အလွန်ကောင်းမွန်တဲ့ ဂိုးပါ”လို့ ပြောပါတယ်။

ဟာလန်းကတော့ ဒီရာသီ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၉ ပွဲ ကစားအပြီးမှာ ၁၃ ဂိုးအထိ သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။

Source: The Athletic

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံတော်သီချင်းဖွင့်ပေးဖို့ ဗြိတိန်ကလပ် ၃ သင်းရဲ့တောင်းဆိုမှုကို UEFA ပယ်ချ

By CNI
CNI
Category: Watch TV
Hits: 608

Share
Tweet
Share
Share
powered by social2s

ဘိုင်ယန်ထက်ပိုကောင်းခဲ့ပြီး အနိုင်ရခဲ့သင့်တာလို့ ဘာစီလိုနာနည်းပြ ဇာဗီပြော

By CNI
CNI
Category: Watch TV
Hits: 620

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 667

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 744

Share
Tweet
Share
Share
powered by social2s
စတီပန်တိုမတ်စ်နဲ့ ယူနိုက်တက်အသင်းနည်းပြ တန်ဟတ် (GETTY IMAGES)

ပြီးခဲ့တဲ့နှစ်က ရီးရယ်လ်ကို အနိုင်ရခဲ့တယ်လို့ ယူနိုက်တက်ကို ရှရစ်ဖ်နည်းပြ သတိပေး

By CNI
CNI
Category: အားကစား
Hits: 845

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃

ရှရစ်ဖ်နည်းပြ စတီပန်တိုမတ်စ်က သူတို့ဟာ ပြီးခဲ့တဲ့နှစ်က ရီးရယ်လ်ကို အနိုင်ရခဲ့တယ်လို့ ယူရိုပါလိဂ်ပွဲ မတိုင်ခင် ယူနိုက်တက်အသင်းကို သတိပေးလိုက်ပါတယ်။

စတီပန်တိုမတ်စ်က “ ယူနိုက်တက်က ကမ္ဘာ့အကျော်ကြားဆုံး အသင်းတစ်သင်းပါ။ ကျနော်တို့ဟာ ဒီပွဲအတွက် ပြင်ဆင် ပြီးသွားပြီ ဖြစ်ပြီး ရလာမယ့် အခွင့်အရေးတွေကို အရယူဖို့ ကြိုးစားသွားမှာပါ။ ခံစစ်ကစားပုံ ကောင်းအောင်လုပ်ဖို့က အရေး ကြီးပါတယ်။ ကျနော်တို့အတွက် အခိုက်အတန့်တွေ အများကြီးရှိမှာ မဟုတ်ပေမယ့် ရလာမယ့် အခွင့်အရေးတွေကိုတော့ ရအောင် အသုံးချရမယ်”လို့ ပြောပါတယ်။

မော်လ်ဒိုဗာကလပ် ရှရစ်ဖ်အသင်းဟာ ယူနိုက်တက်အသင်းကို ကြာသပတေးနေ့ အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

ရှရစ်ဖ်အသင်းကိုတွေ့ရစဉ် (UEFA)

ရှရစ်ဖ်အသင်းဟာဆိုရင် အုပ်စုအဖွင့်ပွဲစဉ်မှာ အိုမိုနီးယားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက် အသင်း ကတော့ ဆိုစီဒက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ ရှရစ်ဖ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အုပ်စု အဆင့် မှာတုန်းက ရီးရယ်လ်အသင်းကို အဝေးကွင်းမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

စတီပန်တိုမတ်စ်က “ ဒီလိုအသင်းနဲ့ ကစားရတာက ကြီးမားတဲ့ တွန်းအားတစ်ခုပါ။ ရော်နယ်ဒို ပါဝင်မလား၊ မပါဝင်ဘူးလား ဆိုတာ မသိပါဘူး။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းကို အနိုင်ရခဲ့ပါတယ်။ အခု ကျနော်တို့က အတွေ့အကြုံ ရှိတဲ့ အသင်းတစ်သင်း ဖြစ်နေပါပြီ။ ကျနော်တို့ဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ပွဲတွေအများကြီး ကစားပြီးသွားပါပြီ။ ကျနော်တို့ အတွေ့အကြုံ ရှိတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ရှရစ်ဖ်ဟာ မော်လ်ဒိုဗာ စူပါလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ် ၆ ပွဲ ကစားအပြီးမှာ ၄ ပွဲနိုင် ၂ ပွဲရှုံး ရလဒ် ထွက် ပေါ်ထားတာ ဖြစ်ပါတယ်။

Source: Sport

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခံရမယ့်အရေးနဲ့ အီကွေဒေါ ရင်ဆိုင်နေရ

By CNI
CNI
Category: အားကစား
Hits: 843


CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃

ညာနောက်ခံလူ ကတ်စတီလိုက မွေးစာရင်းအတုပြုလုပ်ခဲ့တယ်လို့ ဝန်ခံလိုက်တာကြောင့် အီကွေဒေါ အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အီကွေဒေါအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန်ကနေ ခြေစစ်ပွဲ အောင်မြင်ထားတာပါ။ချီလီဘောလုံးအဖွဲ့ချုပ်ဟာ ဧပြီလက ဖီဖာထံ တရားဝင်တိုင်ကြားမှုတစ်ခု စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကတ်စတီလိုဟာ မွေးစာရင်းအတုပြုလုပ်ကာ တရားမဝင်ရွှေ့ပြောင်း နေထိုင်သူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ကတ်စတီလိုဟာ ၁၉၉၅ ခုနှစ်၊ ကိုလံဘီယာနိုင်ငံ တူမာကိုမှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၉၈ ခုနှစ်၊ အီကွေဒေါမှာ မွေးဖွားခဲ့တာမဟုတ်ဘူးလို့ ချီလီဘောလုံးအဖွဲ့ချုပ်က သက်သေအထောက်အထားတွေ ပြသခဲ့တာပါ။

ဖီဖာဟာ ဒီကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပြီး ချီလီရဲ့တိုင်ကြားမှုကို ပယ်ချခဲ့ကာ ကစားသမားဟာ အီကွေဒေါ က ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမယ့် ဒေးလီးမေးလ်သတင်းဌာနက ကတ်စတီလိုဟာ ကိုလံ ဘီယာနိုင်ငံသား ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ချပြလိုက် တာပါ။၂၀၁၈ ဒီဇင်ဘာလက FEF စုံစမ်းစစ်ဆေးရေးကော်မရှင်အကြီးအကဲနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အသံဖိုင်မှာ ကတ်စတီလိုဟာ ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကတ်စတီလိုက “ကျနော်နယ်စပ်ကို ဖြတ်သွားခဲ့တာပါ။ဘာကြောင့်လဲဆိုရင် တူမာကိုက အသင်းတွေက ဆန်လော်ရန်ဇိုမှာ ကစားနေတယ်ဆိုတာ ခင်ဗျားတို့လည်း သိနေတာပါပဲ။ကျနော် ဆန်လော်ရန်ဇိုမှာ အစမ်းသပ်ခံချင်ခဲ့ပါတယ်။ဒါကိုတော့ ကောင်းကောင်းမှတ်မိပါတယ်။ဒီအစမ်းသပ်ခံရမှုမှာ ဘယ်အသင်း ကမှ မရွေးချယ်ခဲ့ပါဘူး”လို့ ပြောထားပါတယ်။

အီကွေဒေါမွေးစာရင်းမှာ သူ့ရဲ့ နာမည်အပြည့်အစုံက ဘိုင်ရွန်ဒေးဗစ်ကတ်စတီလိုဆီဂူယာ ဖြစ်ပြီး ကိုလံဘီယာစာရွက်စာတမ်းမှာတော့ ဘိုင်ရွန်ဂျာဗီယားကတ်စတီလိုဆီဂူယာ ဖြစ်တယ်လို့ သိရတာပါ။ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်မှာ အဆင့် ၄ နေရာရပ်တည်ကာ ခြေစစ်ပွဲအောင်ခဲ့တဲ့ အီကွေဒေါအတွက် ကတ်စတီလိုဟာ ပွဲပေါင်း ၈ ပွဲပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။သူဟာ ချီလီနဲ့ ကစားခဲ့ တဲ့ ခြေစစ်ပွဲ ၂ ပွဲစလုံးပါဝင်ကစားခဲ့တာပါ။

အီကွေဒေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင်ကာတာ၊ နယ်သာလန်၊ ကင်မရွန်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာ ဖြစ်ပါတယ်။ဖီဖာဟာ ကတ်စတီလိုနဲ့ပတ်သက်ပြီး ကြာသပတေးနေ့ မှာ အပြီးသတ် ဆုံးဖြတ်ချက်ချသွားမယ်လို့ သိရပါတယ်။

Source:Sportbible

 

 

 

 

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးမှာ အဆုံးသတ်ခဲ့ရလို့ ဝမ်းနည်းကြောင်း တူချယ်လ်ပြော

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

လာမယ့်ပွဲတွေကို ကွင်းလဲလှယ်ပြီးကျင်းပဖို့ ပရီးမီးယားလိဂ်စဉ်းစား

By CNI
CNI
Category: Watch TV
Hits: 642

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

ယူနိုက်တက်က ထွက်ဖို့ ဇန်နဝါရီမှာ ရော်နယ်ဒိုလုပ်ဆောင်ဦးမယ်လို့ ယုံကြည်နေကြ

By CNI
CNI
Category: အားကစား
Hits: 980

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

ယူနိုက်တက်ကြယ်ပွင့်တွေက ရော်နယ်ဒိုဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်ဦးမယ်လို့ ယုံကြည်နေကြပါတယ်။

ရော်နယ်ဒိုဟာ ရာသီသစ် မစတင်ခင်ကတည်းက ယူနိုက်တက်ကနေ ထွက်ခွာချင်ကြောင်း အသိပေးထား ခဲ့တာပါ။ ဒါပေမယ့် အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်က ရော်နယ်ဒိုကို ခေါ်ယူမယ့်အသင်းကို ရှာဖွေခဲ့တာမှာ အဆင်မပြေ ခဲ့လို့ ကစားသမားဟာ အသင်းမှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ အသလက်တီကိုနဲ့ ပီအက်စ်ဂျီ အသင်းတို့ အခွင့် အရေး ရခဲ့ပေမယ့် သူတို့က ပယ်ချခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ရော်နယ်ဒိုထက် ရက်ရှ်ဖို့ဒ်ကိုသာ အဓိကဦးစားပေး အသုံးပြုချင်နေပြီး အင်္ဂလန်ကစားသမားရဲ့ ဦးဆောင်မှုနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

 နည်းပြ တန်ဟတ်နဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်

ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁ ပွဲသာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲစလုံး လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာပါ။ ဒါပေမယ့် ဆိုစီဒက်ကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ တော့ ပေါ်တူဂီကစားသမားဟာ ပွဲစကတည်းက ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်တစ်ခုက “ ရော်နယ်ဒို ယူနိုက်တက်ကို ပြန်လာတာ အားလုံးက သဘောကျခဲ့ပေမယ့် ရာသီကြို ခြေစမ်းပွဲ မပါဝင်ခဲ့လို့ စိတ်ပျက်နေကြပါတယ်။ မန်နေဂျာကလည်း အသင်းအတွက် သူလုပ်ချင်တာနဲ့ ဘယ်လို ကစားချင်လဲဆိုတာကို အသေးစိတ် အချက်အလက်တွေပေးဖို့ အလုပ်တွေ အများကြီးလုပ်ခဲ့ပါတယ်။ တန်ဟတ်နဲ့ ကစားသမားတွေက ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်ကို အလွန်သဘောကျပေမယ့် သူဟာ နည်းစနစ်မှာ အလုပ်မဖြစ် ပါဘူး။ ရော်နယ်ဒို အနေနဲ့ တန်ဟတ်ရဲ့ အစီအစဉ် ၁၀ ခုအတိုင်းလိုက်ပြီး လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဒါက အလုပ် ဖြစ်မယ်ဆိုတာကို သူသဘောပေါက်ရမယ်”လို့ ပြောပါတယ်။

ရော်နယ်ဒိုဟာဆိုရင် ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ၃၈ ပွဲကစားပြီး ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီ ၇ ပွဲကစားအပြီးမှာ ဂိုးပေါက် ပျောက်ဆုံးနေပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကမ္ဘာ့နံပတ် ၁ အယ်လ်ကာရတ်ဇ်ကိုတွေ့ရစဉ်

US Open မှာ ဗိုလ်စွဲပြီး အသက်အငယ်ဆုံး ကမ္ဘာ့နံပတ် ၁ အယ်လ်ကာရတ်ဇ်ဖြစ်လာ

By CNI
CNI
Category: အားကစား
Hits: 846

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

စပိန်ဆယ်ကျော်သက် တင်းနစ်သမား အယ်လ်ကာရတ်ဇ်ဟာ နော်ဝေတင်းနစ်သမား ကတ်စပါရုဒ်ကို အနိုင်ရပြီး အမေရိကန်အိုးပန်းမှာ ချန်ပီယံဖြစ်ခဲ့သလို အသက်အငယ်ဆုံး ကမ္ဘာ့နံပတ် ၁ ဖြစ်လာခဲ့ပါတယ်။

အယ်လ်ကာရတ်ဇ်ဟာ အမေရိကန်အိုးပန်း ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ၆-၄၊ ၂-၆၊ ၇-၆၊ ၆-၃ နဲ့ အနိုင်ရပြီး ပထမဆုံး ဂရမ်းဆလမ်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

အသက် ၁၉ နှစ်အရွယ်ရှိ အယ်လ်ကာရတ်ဇ်ဟာ ၂၀၀၅ ခုနှစ်က ပြင်သစ်အိုးပန်းမှာ ဗိုလ်စွဲခဲ့တဲ့ ရာဖေးလ်နာဒယ်လ် နောက်ပိုင်း အသက်အငယ်ဆုံး ဂရမ်းဆလမ်း ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ အယ်လ်ကာရတ်ဇ်ဟာ အဓိကပြိုင်ပွဲ ၂ ခုရဲ့ ဗိုလ်လုပွဲမှာ အရေးနိမ့် ထားခဲ့ပေမယ့် ဒီပွဲအနိုင်ရခဲ့လို့ ကမ္ဘာ့နံပတ် ၁ နေရာကို ရယူနိုင်ခဲ့တာပါ။

အယ်လ်ကာရတ်ဇ်ဟာ မက်ဗီဒက်ဗ်နေရာ အစားဝင်ပြီး ကမ္ဘာ့နံပတ် ၁ နေရာကို ရယူခဲ့တာဖြစ်ပြီး ATP အဆင့် သတ်မှတ်ချက် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ဆယ်ကျော်သက် တင်းနစ်သမားအဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။

ကမ္ဘာ့နံပတ် ၁ အယ်လ်ကာရတ်ဇ်နဲ့ ပြိုင်ဘက်ကိုတွေ့ရစဉ် 

အယ်လ်ကာရတ်ဇ်ဟာ အမေရိကန်အိုးပန်းမှာ ဗိုလ်စွဲနိုင်ဖို့အတွက် ပွဲစဉ် ၇ ပွဲ စုစုပေါင်းကို ၂၃ နာရီ မိနစ် ၄၀ ကြာ ကစားခဲ့ရတယ်လို့ အချက်အလက်တွေအရ သိရတာပါ။

အယ်လ်ကာရတ်ဇ်က “ ကမ္ဘာ့နံပတ် ၁ ဖြစ်ဖို့နဲ့ ဂရမ်းဆလမ်းမှာ ချန်ပီယံဖြစ်ဖို့ အတွက်က ကျနော် ငယ်ငယ်လေး ကတည်းက အိမ်မက်မက်ခဲ့ရတဲ့ အရာပါ။ ဒီလိုဖြစ်လာဖို့ ကျနော့်မိသားစု၊ အသင်းနဲ့အတူ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရ တာပါ။ ကျနော့်ဟာ အခုမှ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတာကြောင့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေဟာ မိသား စု၊ အသင်းနဲ့အတူတူ ရှိနေတာပါ။ ဒါက ကျနော့်အတွက်တော့ တကယ်ကို ထူးခြားတဲ့အရာတွေပါ” လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ကတ်စပါရုဒ်ကလည်း ထိပ်တန်းပြိုင်ပွဲမှာ အောင်ပွဲခံနိုင်တဲ့ ပထမဆုံး နော်ဝေလူမျိုး ဖြစ်လာဖို့ ကြိုးစားခဲ့ပေမယ့် အယ်လ်ကာရတ်ဇ်ကို အရေးနိမ့်သွားခဲ့တာပါ။ ကတ်စပါရုဒ်ဟာ ဒီပွဲ အရေးနိမ့်ခဲ့ပေမယ့် ကမ္ဘာ့အဆင့် ၇ ကနေ ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကတ်စပါရုဒ်က “ ကျနော် ဘာအတွက်ကြောင့် ကစားနေလဲဆိုတာ ကျနော်တို့ သိပါတယ်။ နံပတ် ၂ ဆိုတာ အရမ်းကြီးဆိုးတာ မဟုတ်ပါဘူး။ကျနော့်အတွက် ပထမဆုံး ဂရမ်းဆလမ်းနဲ့ နံပတ် ၁ နေရာကို ရယူနိုင်ဖို့ ဆက်ပြီး ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကွယ်လွန်သွားတဲ့ ဘုရင်မကြီး အဲလိဇဘတ်ကို ပရီးမီးယားလိဂ်အသင်းတွေက ဝမ်းနည်းကြောင်း ဖော်ပြ

လာမယ့်ပွဲတွေကို ကွင်းလဲလှယ်ပြီးကျင်းပဖို့ ပရီးမီးယားလိဂ်စဉ်းစား

By CNI
CNI
Category: အားကစား
Hits: 916

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

ပရီးမီးယားလိဂ်ဟာ လာမယ့်အပတ်မှာ ကစားမယ့် ပွဲစဉ်တွေအတွက် ကွင်းနေရာတွေ လဲလှယ်ပြီး ကျင်းပသွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ကြာသပတေးနေ့က ဘုရင်မကြီး အဲလိဇဘတ် ၂ ကွယ်လွန်ခဲ့တာကြောင့် ပြီးခဲ့အပတ်က ကစားဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ဘုရင်မကြီးရဲ့ ဈာပန အခမ်းအနားကို ကျင်းပသွားဖို့ ရှိနေတာကြောင့် လန်ဒန်ကို လာရောက်မယ့် သူတွေများနေပါတယ်။ ဒါကြောင့် လာမယ့် အပတ်မှာ ကျင်းပမယ့် ပွဲတွေအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

ဒီနောက်မှာတော့ မြို့တော်မှာ စီစဉ်ထားတဲ့ ပွဲတွေအပေါ် စိုးရိမ်မှုတွေ ရှိလာပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အခြေအနေတွေကြောင့် စပါးနဲ့ လက်စတာ၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်၊ ဘရန်ဖို့ဒ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်တွေအပေါ်မှာ သံသယတွေ ရှိစေခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးပွဲ ပရိသတ်များ လက်မှတ်၀ယ်နေစဉ်

ပရီးမီးယားလိဂ် ကလပ်တွေဟာ လာမယ့်အပတ်မှာ ပွဲစဉ်တွေကို ကျင်းပနိုင်ဖို့ မျှော်လင့်နေကြပေမယ့် ပွဲကျင်းပ မယ့် နေရာနဲ့ ပတ်သက်ပြီးတော့ သဘောထားကွဲလွဲမှုတွေ ရှိနိုင်တယ်လို့ The Athletic သတင်းဌာနက ဖော်ပြ ထားပါတယ်။

ဆွေးနွေးမှုတွေမှာ လန်ဒန်ကလပ်တွေဖြစ်တဲ့ စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အိမ်ကွင်းအစား လက်စတာ၊ လီဗာပူးလ် အသင်းတို့ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားဖို့ဆိုတဲ့ အချက် ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လန်ဒန် ၂ သင်း ထိပ်တိုက်တွေ့ဆုံမယ့် ဘရန်ဖို့ဒ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ကတော့ ဘယ်လိုဖြစ်မလာဆိုတာ စောင့်ကြည်ရမယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

“ပွဲတွေဆက်လုပ်မလားဆိုတာ ဘောလုံးတာဝန်ရှိသူတွေရဲ့ ကိစ္စပါ။ ပြိုင်ပွဲတွေ ရှိလာပြီဆိုရင်တော့ ရဲတပ်ဖွဲ့က သက်ဆိုင်ရာအဖွဲ့တွေနဲ့ လက်တွဲပြီး အစီအစဉ်တွေ ထားရှိသွားမယ်လို့” Metropolitan ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဘုရင်မကြီးရဲ့ လန်ဒန်မြို့ အပြင်ဘက်ရှိ ပွဲတွေကိုတော့ ထိခိုက်နိုင်ဖွယ် မရှိဘူးလို့ သိရတာပါ။

အဲ့ဒါကြောင့် ဝုလ်ဗ်စ်နဲ့ လိဒ်စ်တို့ဟာ မန်စီးတီး၊ ယူနိုက်တက်တို့နဲ့ ကစားဖို့ မန်ချက်စတာကို သွားရောက်မယ့် ခရီးစဉ်အတွက် အနှောက်အယှက် နည်းပါးနိုင်တာလည်း ဖြစ်ပါတယ်။ EFL အောက်က ပွဲစဉ်တွေဖြစ်တဲ့ ချန်ပီယံ ရှစ်၊ လိဂ်ဝမ်းနဲ့ လိဂ်တူး ပွဲစဉ်တွေကိုတော့ ကျင်းပနိုင်ဖွယ် ရှိ/မရှိဆိုတာ အချိန်မီ ထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေနဲ့ မိတ်ဆက် (အပိုင်း ၁၀)

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45
  • 46
  • 47

Page 43 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar