CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ဂရင်းဝုဒ်ဟာ ၂၀၂၂-၂၃ ရာသီအတွက် ယူနိုက်တက်အသင်းရဲ့ တရားဝင်လူစာရင်းမှာ ပါဝင်နေပေမယ့် သူ့ကို ဆိုင်းငံ့ထားဆဲဖြစ်တယ်လို့ အသင်းက ပြောလိုက်ပါတယ်။

အသက် ၂၀ အရွယ်ရှိ ဂရင်းဝုဒ်ဟာ ကစားသမား ၂၅ ဦးစာရင်းမှာမပါဝင်ပေမယ့် အသင်းကြီးအတွက် ဒီရာသီ ပရီးမီးယားလိဂ်ကစားခွင့်ရမယ့် ယူ-၂၁ ကစားသမားစာရင်းမှာ ပါဝင်နေတာပါ။

ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အသက် ၁၈ နှစ်အရွယ်ရှိ ကျောင်းသားကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ဂရင်းဝုဒ်ဟာ ဇန်နဝါရီလက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇွန်လကပြုလုပ်ခဲ့တဲ့ သီးသန့်ကြားနာမှုမှာ သူ့ရဲ့အာမခံကို သက်တမ်းတိုးခဲ့တာပါ။

ဂရင်းဝုဒ်ဟာ ဖမ်းဆီးခံရပြီးနောက် ရဲစခန်းမှာ ၃ ညတာနေခဲ့ရပြီး သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် နောက်ပိုင်းမှာစစ်ဆေးမေးမြန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ယူရိုပါလိဂ်လူစာရင်းမှာ မပါဝင်တဲ့ ဂရင်းဝုဒ်ဟာ အာမခံနဲ့ ပြန်လွတ်ခဲ့ပြီး နောက်ပိုင်းမှာ အာမခံကို ၂ ကြိမ်သက်တမ်းတိုးခဲ့တာပါ။

ဂရင်းဝုဒ်ရဲ့ ကစားသမားပရိုဖိုင်ဟာ အဖမ်းဆီးခံရပြီးကတည်းက အွန်လိုင်း ပေါ်မှာ ရှိနေပေမယ့် ယူနိုက်တက်အသင်းက သူ့ရဲ့နာမည်နဲ့ ကျောနံပတ် ၁၁ ပါ ဂျာစီကို မဝယ်ယူဖို့ ပရိသတ်တွေကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ရှိနေတာကြောင့် ကစားသမားရဲ့ တစ်ပတ် လုပ်ခ ပေါင် ၇၅,၀၀၀(ခုနှစ်သောင်းခွဲ)ကို ဆက်လက်ပေးချေနေရတာပါ။ဂရင်းဝုဒ်ဟာ ဇန်နဝါရီ ၂၂ ရက် က ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

သူဟာ အင်္ဂလန်လက်ရွေးစင်အတွက် ၂၀၂၀ စက်တင်ဘာလက အိုက်စလန်နဲ့ပွဲစဉ်မှာ ပွဲ ထွက်ခွင့်ရခဲ့ပေမယ့် ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်လို့ နေအိမ်ပြန်ပို့ခြင်း ခံခဲ့ရတာပါ။ဂရင်းဝုဒ်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၈၃ ပွဲပါဝင်ကစားထားပြီး ၂၂ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ချစ်သူမိန်းကလေးဖြစ်သူကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု တွေ ပြုလုပ်နေတဲ့ ပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့သွားပြီးနောက် ဇန်နဝါရီ ၃၀ ရက်မှာ ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့တာပါ။ဂရင်းဝုဒ်နဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ဇွန်လ ၃၀ ရက်မှ ကုန် ဆုံးမယ်လို့ သိရပါတယ်။

Source:Daily Mail