CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ချန်ပီယံလိဂ်မှာ ကိုယ့်စံချိန်ကိုယ်ပြန်ချိုးပြီး မက်ဆီ စံချိန်သစ်တင်

By CNI
CNI
Category: Watch TV
Hits: 874

Share
Tweet
Share
Share
powered by social2s

ဟာလန်းကို လူသားမဟုတ်ဘူးလို့ ကိုပေဟေဂင်အသင်းဂိုးသမားပြော

By CNI
CNI
Category: Watch TV
Hits: 695

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ အိုလီဗာခန်းကိုတွေ့ရစဉ်

ရော်နယ်ဒိုကို ခေါ်ယူဖို့ အကျဉ်းချုံးဆွေးနွေးခဲ့တယ်လို့ အိုလီဗာခန်းဝန်ခံ

By CNI
CNI
Category: အားကစား
Hits: 1597

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆

ဘိုင်ယန်မြူးနစ်အသင်းဟာ နွေရာသီက ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် အကျဉ်းချုံး ဆွေးနွေးခဲ့တယ်လို့ ဘိုင်ယန် မြူးနစ်အသင်းရဲ့ စီအီးအို အိုလီဗာခန်းက ပြောပါတယ်။

အိုလီဗာခန်းက “ ဘိုင်ယန်က ရော်နယ်ဒိုအတွက် အကျဉ်းချုံး ဆွေးနွေးခဲ့ပါတယ်။ဒေါ့မွန်လည်း ဒီလိုဖြစ်နိုင်ပါ တယ်။ ဘွန်ဒစ်လီဂါရဲ့ ကြီးမားတဲ့ ရုပ်ပုံကိုလည်း ကျနော်တို့ မြင်တွေ့ရပါမယ်။ ရော်နယ်ဒိုလို စူပါစတားတွေက လိဂ်ပြိုင်ပွဲကို အာရုံစိုက်နိုင်ဖို့အတွက် အရေးပါတဲ့ အချက်ပါ။ သူဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အကြီးကျယ် ဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ ဒါပေမယ့် ကျနော်တို့ ဒီဆွေးနွေးမှုကို အမြန်ဆုံး ပယ်ချခဲ့ပါတယ်”လို့ Bild ကို ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီက အသင်းကထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီး ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ အသင်းရဲ့ ရာသီကြိုခရီးစဉ်ကို ပူးပေါင်းခြင်း မရှိခဲ့ပါဘူး။

ရော်နယ်ဒိကို တွေ့ရစဉ်

ဒါပေမယ့် အပြောင်းအရွှေ့ ပိတ်တဲ့အချိန်ထိ အပြောင်းအရွှေ့ မဖြစ်ခဲ့တာကြောင့် အသက် ၃၇ နှစ်အရွယ်ရှိ ကစားသမားဟာ ယူနိုက်တက်မှာပဲ ဆက်ရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင် ပေါ်တူဂီအသင်းရဲ့ အသင်း ခေါင်းဆောင်ဟာ ဘရန်ဖို့ဒ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲသာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ မှာ ယူနိုက်တက်အတွက် ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာပါ။

ရော်နယ်ဒိုဟာ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာသာ ပွဲထွက်ခွင့်ရနေပြီး မန်စီးတီးအသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပွဲမှာ လူစားဝင် ကစားသမားအဖြစ်တောင် ပါဝင်ခွင့်မရခဲ့လို့ စိတ်ပျက်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကလည်း ရော်နယ်ဒိုဟာ ဒီပွဲကို ပါဝင်ခွင့်မရတာကြောင့် စိတ်ပျက်နေတယ်လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဈေးကွက်ထဲမှာ တိုက်စစ်မှူးအသစ် ခေါ်ယူဖို့ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ဂျာမန်ကလပ်ဟာ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့သာ အဓိကပစ်မှတ်ထား လှုပ်ရှား နေတာဖြစ်ပြီး အင်္ဂလန်အသင်း ခေါင်းဆောင်ရဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
မက်ဆီကိုတွေ့ရစဉ် (SPORT)

ချန်ပီယံလိဂ်မှာ ကိုယ့်စံချိန်ကိုယ်ပြန်ချိုးပြီး မက်ဆီ စံချိန်သစ်တင်

By CNI
CNI
Category: အားကစား
Hits: 1417

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆

မက်ဆီဟာ ဘင်ဖီကာအသင်းကို သရေကျ ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပီအက်စ်ဂျီ အသင်းအတွက် ဂိုးသွင်း ယူပြီးနောက် ဒီပြိုင်ပွဲမှာ သူကိုယ်တိုင် တင်ရှိထားတဲ့ စံချိန်တွေထဲက တစ်ခုကို ချိုးဖျက်ပြီး စံချိန်သစ် တင်ခဲ့ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီအသင်းက ဘင်ဖီကာအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပြီး မက်ဆီဟာ နေမာ၊ ဘတ်ပီတို့နဲ့ တွဲဖက်မှုနဲ့ လှပတဲ့ ဂိုးကို သွင်းယူခဲ့တာပါ။

အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီပွဲမှာ ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ အသင်း ၄၀ ကို ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ မက်ဆီဟာ အရင်က ၃၉ သင်းကို ဂိုးသွင်းပြီး စံချိန်တင် ထားကို ပြန်ချိုးဖျက်ပြီး စံချိန်သစ် ထပ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မပါဝင်တဲ့ ရော်နယ်ဒိုဟာ မတူညီတဲ့ ၃၈ သင်းကို ဂိုးသွင်းပြီး မက်ဆီရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဂျင်တီးနား ကစားသမားဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရော်နယ်ဒိုရဲ့ နောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာပါ။ ရော်နယ်ဒိုက ၁၄၀ ဂိုးသွင်းယူထားပြီး မက်ဆီက ၁၂၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

မက်ဆီ အသင်းဖော်တွေနဲ့ အောင်ပွဲခံနေစဉ် (Sports)

မက်ဆီဟာ ပြီးခဲ့တဲ့ မက္ကာဘီဟိုင်ဖာအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းယူပြီးနောက် ဒီပြိုင်ပွဲမှာ ၁၈ ရာသီ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း စံချိန်သစ် တင်ထားတာပါ။

ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ မက်ဆီဟာ ဒီရာသီမှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်လည်ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုး သွင်းယူထားတာပါ။

ပီအက်စ်ဂျီအသင်းဟာ ဘင်ဖီကာအသင်းနဲ့ သရေကျခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စုတွင်း ၃ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်ရရှိထားပြီး အုပ်စုတွင်းကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနောက်မှာ ဘင်ဖီကာက ၇ မှတ်နဲ့ ဒုတိယ၊ ဂျူဗင်တပ်စ်က ၃ မှတ်နဲ့ တတိယ၊ မက္ကာဘီဟိုင်ဖာ အသင်း ကတော့ ရမှတ်မရသေးပဲ အုပ်စုတွင်း နောက်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အခုလာမယ့် အပတ်မှာ ဘင်ဖီကာအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် အိမ်ကွင်းပွဲစဉ် အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: The Athletic

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဟာလန်းကို လူသားမဟုတ်ဘူးလို့ ကိုပေဟေဂင်အသင်းဂိုးသမားပြော

By CNI
CNI
Category: အားကစား
Hits: 1241

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက လူသားမဟုတ်ဘူးဆိုပြီး ကိုပေဟေဂင်အသင်းဂိုးသမားက ပြောခဲ့တယ်လို့ အသင်းဖော် ဂရီလစ်ရှ်က ပြောလိုက်ပါတယ်။

ဂရီလစ်ရှ်က “ ရိုးရိုးသားသားပြောရရင် သူက မယုံကြည်နိုင်စရာကောင်းပါတယ်။ကျနော့်ဘဝမှာ ဒီလိုမျိုးတစ်ခါ မှမမြင်တွေ့ဖူးပါဘူး။ပထမဂိုးနဲ့ ဒုတိယဂိုးမှာဆို ကျနော်ရယ်မောနေခဲ့ပါတယ်။သူဟာ အမြဲတမ်းဂိုးသွင်းမယ့် နေရာမှာရှိနေတာပါ။ကျနော်ပြန်ထွက်လာချိန်မှာ သူတို့ဂိုးသမားက တစ်ခုခုပြောခဲ့ပါတယ်။အဆိုပါဂိုးသမားက ဟာလန်းက လူသားမဟုတ်ဘူးဆိုပြီးပြောခဲ့တာပါ။ခင်ဗျား ကျနော့်ကိုပြောတာလားဆိုပြီး ကျနော့်က ပြန်ပြော လိုက်ပါသေးတယ်။ဟာလန်းအနေနဲ့ ဒီပုံစံအတိုင်းပဲ ဆက်သွားပြီး ကျနော်တို့ကို အောင်မြင်မှုရအောင်ယူပေးဖို့ မျှော်လင့်တယ်” လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းက ကိုပေဟေဂင်အသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု အဆင့်ပွဲစဉ်မှာ ဟာလန်းက ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။နော်ဝေတိုက်စစ်မှူးဟာ ဒေါ့မွန်ကနေ ရောက်ရှိလာပြီးကတည်းက မန်စီးတီးအတွက် ၁၂ ပွဲကစားထားပြီး ၁၉ ဂိုးအထိ သွင်းယူထားတာပါ။ဒီပွဲမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဟာလန်းကို ဒုတိယပိုင်းအစမှာပဲ လူစားလဲပြီး အနားပေးခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “ဟာလန်းက မိနစ်တွေအများကြီးကစားခဲ့ပါတယ်။ကျနော်တို့ဟာ ဒီပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပွဲက ခက်ခဲနေတယ်ဆိုရင်တော့ ဟာလန်းက ကွင်းထဲမှာ ဆက်ရှိနေမှာဖြစ်ပေမယ့် စနေနေ့ ဆောက်သမ်တန်နဲ့ ကစားမယ့်ပွဲအတွက် အနားပေးလိုက်တာက ပိုပြီးကောင်းပါတယ်” လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ဟာလန်းဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၂ ပွဲကစားထားအပြီး ၂၈ ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။အသက် ၂၂ နှစ်အရွယ်ရှိ ဟာလန်းရဲ့အထက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံးကစားသမားဆိုလို့ ၂၇ ဦးသာ ရှိတော့တာလည်းဖြစ်တာပါ။မန်စီးတီးအသင်းဟာ ကိုပေဟေဂင်အသင်း ကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ပွဲကစား ၃ ပွဲနိုင်နဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်း သွားခဲ့ပြီ ဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ချင်တဲ့ ယူကရိန်းအကြံအစည် စိတ်ကူးယဉ်ဆန်တယ်လို့ ရုရှား ပြော

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s

အင်တာမီလန်ကို ရှုံးတဲ့ပွဲမှာ မတရားမှုကို ခံစားခဲ့ရတယ်လို့ ဇာဗီပြော

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s
ဇာဗီ၊ ဒိုင်လူကြီးနဲ့ ဘာစီလိုနာ ကစားသမားတို့ကိုတွေ့ရစဉ် (GETTY IMAGES)

အင်တာမီလန်ကို ရှုံးတဲ့ပွဲမှာ မတရားမှုကို ခံစားခဲ့ရတယ်လို့ ဇာဗီပြော

By CNI
CNI
Category: အားကစား
Hits: 1338

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မတရားမှုကို ခံစားခဲ့ ရပြီးနောက် ဒိုင်လူကြီးဆီကနေ သူတို့ဆုံးဖြတ်ချက်တွေ ဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ဇာဗီက “ကျနော် စိတ်ပျက်မိပါတယ်။ ဒါဟာ မတရားမှုဖြစ်ပြီး ကျနော်တို့ ပြန်မလာနိုင်ခဲ့ပါဘူး။ ဒိုင်လူကြီးဆီကနေ ရှင်းပြတာကို ကျနော်လိုချင်ပါတယ်။ ဒါဟာ လက်ထိဘောဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ။ ကျနော် တကယ်ကို ဒေါသ ထွက်မိပါတယ်”လို့ ပြောပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ အင်တာမီလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ ဒုတိယပိုင်းမှာ ပီဒရီက ဘာစီလိုနာအတွက် ချေပဂိုး သွင်းယူခဲ့ပေမယ့် အန်ဆုဖာတီ လက်ထိတယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီး ဗင်ဆစ်က ဂိုးမပေးခဲ့တာပါ။

ဒီပွဲရဲ့ ပွဲပြီးကာနီးမှာ အင်တာမီလန်အသင်း နောက်ခံလူ ဒွန်ဖရိုင်း ဂိုးဧရိယာအတွင်းမှာ လက်ထိခဲ့ပေမယ့် ဒိုင် လူကြီးက VAR ကို ပြန်မကြည့်ခဲ့တဲ့အပေါ် ဇာဗီက ဒေါသထွက်နေခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ ကစားသမား တွေကလည်း ဒီအဖြစ်အပျက်ကို မစစ်ဆေးခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို အံ့အားသင့် နေခဲ့ကြတာပါ။

ဘာစီလိုနာနဲ့ အင်တာမီလန်တို့ ယှဉ်ပြိုင်နေစဉ် (MARCA)

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင် ၂ ပွဲရှုံး ရလဒ်ကြောင့် နောက်တဆင့် တက်ဖို့ဆို ရင် လက်ကျန် ၃ ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေကြောင့် ယူရိုပါလိဂ် ဆင်းကစားခဲ့ရတာပါ။

ဇာဗီက “ ကျနော်တို့ အခုဆို ဗိုလ်လုပွဲ ၃ ပွဲကစားဖို့ ရှိပါတယ်။ သူတို့က ၆ မှတ်၊ ကျနော်တို့က ၃ မှတ်နဲ့ ဘိုင်ယန် က ၉ မှတ်အထိ ရရှိထားပါတယ်။ ဒါပေမယ့် နောက်ထပ် ၃ ပွဲမှာ ၂ ပွဲက အိမ်ကွင်းမှာ ကစားရမှာပါ။ ဒီပွဲတွေကို တကယ့် ဗိုလ်လုပွဲလို ပြင်းပြင်းထန်ထန် ကစားရမှာပါ။ ဒီပွဲမှာဆိုရင် ကျနော်တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် မယူနိုင်ခဲ့ပါဘူး။ သူတို့ကတော့ အဝေးကန်ချက်နဲ့ ဂိုးယူသွားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ်လာလီဂါ ပွဲစဉ် အဖြစ် ဆယ်လ်တာဗီဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ အင်တာမီလန်အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို ဇန်နဝါရီမှာ ထွက်ခွာခွင့်ပေးမယ့် ယူနိုက်တက်

By CNI
CNI
Category: Watch TV
Hits: 661

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 733

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

လန်ဒန်မာရသွန် အပြေးသမားတစ်ဦး ပြိုင်ပွဲဝင်နေချိန် လဲကျသေဆုံး

By CNI
CNI
Category: Watch TV
Hits: 715

Share
Tweet
Share
Share
powered by social2s
ယူကရိန်းအသင်းနဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်

၂၀၃၀ ကမ္ဘာ့ဖလားကို ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပဖို့ ယူကရိန်းစီစဉ်

By CNI
CNI
Category: အားကစား
Hits: 1259

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄

ယူကရိန်းဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီ၊ စပိန်တို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ စီစဉ်နေတယ်လို့ The Times သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြထားပါတယ်။

ယူကရိန်းသမ္မတ ဇာလန်းစကီး၊ စပိန်နဲ့ ပေါ်တူဂီ အာဏာပိုင်တို့ဟာ နားလည်မှုတွေ ရရှိပြီးနောက် ဒီပြိုင်ပွဲရဲ့ အုပ်စု တစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ The Times က ဖော်ပြထားတာ ဖြစ်ပါတယ်။

စပိန်နဲ့ ပေါ်တူဂီဘောလုံး အကြီးအကဲတွေဟာ သူတို့ရဲ့ ပူးပေါင်းမှုအသစ်ကို ဗုဒ္ဓဟူးနေ့ ယူအီးအက်ဖ်အေ ရုံးချုပ်မှာ ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ ကြေညာသွားမယ်လို့ အဆိုပါသတင်းက ဆက်လက် ဖော်ပြထားပါတယ်။

အာဖရိတိုက်က မော်ရိုကို၊ တောင်အမေရိတိုက်က ဥရုဂွေး၊ ချီလီ၊ အာဂျင်တီးနားနဲ့ ပါရာဂွေးတို့က ပူးတွဲအိမ်ရှင်၊ အီဂျစ်၊ ဂရိ၊ ဆော်ဒီတို့ကလည်း ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ပြုလုပ်ဖို့ လျှောက်ထားကြပါတယ်။

ယူကရိန်းပရိသတ်တစ်ဦးကို တွေ့ရစဉ် (Reuters)

 

အဲ့ဒါကြောင့် စပိန်၊ပေါ်တူဂီနဲ့ ယူကရိန်းတို့ဟာ အဆိုပါနိုင်ငံတွေနဲ့ အိမ်ရှင်အဖြစ် ရရှိဖို့ ပြိုင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

တောင်အမေရိကတိုက်က ၄ နိုင်ငံကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ခဲ့တဲ့ သူတို့တိုက်မှာပဲ နှစ် ၁၀၀ ပြည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ စီစဉ်နေတာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ က ဥရုဂွေးနိုင်ငံမှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုဒဏ် ခံနေရတဲ့ ယူကရိန်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့် မရရှိ သေးပါဘူး။

လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက် ကာတာနိုင်ငံမှာ စတင်ကျင်းပသွားတော့မှာ ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ကွန်ကာကပ်ဖ်ဇုန်က အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s

လန်ဒန်မာရသွန် အပြေးသမားတစ်ဦး ပြိုင်ပွဲဝင်နေချိန် လဲကျသေဆုံး

By CNI
CNI
Category: အားကစား
Hits: 1323

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄

လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အပြေးသမားတစ်ဦးဟာ ပြိုင်ပွဲဝင်နေစဉ်မှာပဲ လဲကျပြီးနောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ပြိုင်ပွဲဝင်အပြေးသမားဟာ ၂၃ မိုင်နဲ့ ၂၄ မိုင်ကြားမှာ ဒီလိုထိတ်လန့်ဖွယ် အဖြစ်အပျက် ဖြစ်ခဲ့တာပါ။လူနာတင်ယာဉ်ဟာ အခင်းဖြစ်ပွားရာနေရာကို ၃ မိနစ်အတွင်းရောက်ရှိလာခဲ့ပြီး ဆေးရုံကို အမြန် ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် အသက်ကိုမကယ်တင်နိုင်ခဲ့ဘဲ သေဆုံးသွားခဲ့တာပါ။ လန်ဒန်မာရသွန် ပြိုင်ပွဲစီစဉ်သူတွေကတော့ သေဆုံးရခြင်းအကြောင်းအရင်းကို ဖော်ထုတ်နိုင်ဖို့အတွက် ရင်ခွဲစစ်ဆေးမယ်လို့ အတည်ပြုထားခဲ့ပါတယ်။

ကြေညာချက်မှာတော့ “ဝမ်းနည်းစွာနဲ့ပဲ ၂၀၂၂ လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ပါဝင်နေတဲ့သူတစ်ဦး သေဆုံးသွားတာကို ကျနော်တို့ အတည်ပြုပါတယ်။မိသားစုက ဒါနဲ့ပတ်သက်ပြီး လျှို့ဝှက်ဖို့ တောင်းဆိုထားပါတယ်။သူတို့ရဲ့ ဆန္ဒအရ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်မှာမဟုတ်ဘူး။သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကို ဆေးစစ်ချက် တွေအရ သိရမှာပါ” လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအပြေးသမားကို ကယ်တင်နိုင်ဖို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက အသည်းအသန်ကြိုးစားခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အမျိုးသားပြိုင်ပွဲမှာ ကီပရူတိုက ၂ နာရီ ၄ မိနစ် ၃၉ စက္ကန့်နဲ့ ချန်ပီယံ ဖြစ်ခဲ့ပြီး အမျိုးသမီးပြိုင်ပွဲမှာ ယီဟွာလောက ၂ နာရီ ၁၇ မိနစ် ၂၆ စက္ကန့်နဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။ ဘီးတပ် ကုလား ထိုင်အမျိုးသားပြိုင်ပွဲမှာ မာဆယ်လ်ဟုချ်နဲ့ အမျိုးသမီးပြိုင်ပွဲမှာ ဒီဘာနာက ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။

အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ လန်ဒန်မာရသွန်ပြိုင်ပွဲမှာ လူပေါင်း ၄၀,၀၀၀(လေးသောင်း)ခန့် ပါဝင်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

Source:The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို ဇန်နဝါရီမှာ ထွက်ခွာခွင့်ပေးမယ့် ယူနိုက်တက်

By CNI
CNI
Category: အားကစား
Hits: 1256

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးသွားမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘောလွန်းဒီအောဆုကို ၅ ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ မန်စီးတီးအသင်းကို ၆ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်တောင် ပါဝင်ခွင့်မရခဲ့ပါဘူး။ယူနိုက်တက်နည်းပြ အဲရစ်တန် ဟတ်က ရော်နယ်ဒိုရဲ့ ကြီးကျယ်တဲ့ ကစားသမားဘဝကို လေးစားလို့ ဒီပွဲမှာ အသုံးမပြုခဲ့တာလို့ ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရွိုင်ကိန်းက အသင်းဟောင်းဟာ ရော်နယ်ဒိုအပေါ်မှာ လေးစားမှုမရှိဘူးဆိုပြီး ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ထွက်ခွာခွင့်တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်အသင်းက ငြင်းဆန်ခဲ့တာကြောင့် ကစားသမားဟာ မန်ချက်စတာကလပ်မှာပဲ ဆက်လက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဲရစ်တန်ဟတ်နဲ့ အသင်းတာဝန်ရှိသူတွေက ဇန်နဝါရီမှာ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးဖို့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ဆန္ဒရှိနေတယ်လို့ The Telegraph သတင်းဌာနက ဖော်ပြထားတာပါ။

 ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မိနစ် ၈၀ သာ ပါဝင်ကစားခွင့်ရထားပြီး ဘရန်ဖိုဒ့်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲသာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်တွေကိုကြည့်ပြီး အရန်ခုံတန်းပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတာကို တွေ့မြင်ခဲ့ရတာပါ။

ပေါ်တူဂီတိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက ကြီးမားတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပေမယ့် ကစားသမားကတော့ ဥရောပမှာပဲ ဆက်ရှိဖို့ ဆန္ဒရှိခဲ့တာပါ။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာကုန်ဆုံးတော့မှာဖြစ်ပြီး မန်ချက်စတာ ကလပ် အနေနဲ့ ဇန်နဝါရီမှာ မရောင်းချဘူးဆိုရင် နွေရာသီမှာ အလွတ်နဲ့ ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဇန်နဝါရီမှာ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးဖို့ ယူနိုက်တက်ဘက်က ခွင့်ပြုတာဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြ ထားတာပါ။

ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၈ ပွဲပါဝင်ကစားထားပြီး ရှရစ်ဖ်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ၁ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

Source:Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုရဲ့ ကစားသမားဘဝကို လေးစားလို့ လူစားလဲအသုံးမပြုတာလို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: Watch TV
Hits: 774

Share
Tweet
Share
Share
powered by social2s
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42

Page 38 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar