CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

လန်ဒန်မာရသွန် အပြေးသမားတစ်ဦး ပြိုင်ပွဲဝင်နေချိန် လဲကျသေဆုံး

By CNI
CNI
Category: အားကစား
Hits: 1114

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄

လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အပြေးသမားတစ်ဦးဟာ ပြိုင်ပွဲဝင်နေစဉ်မှာပဲ လဲကျပြီးနောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ပြိုင်ပွဲဝင်အပြေးသမားဟာ ၂၃ မိုင်နဲ့ ၂၄ မိုင်ကြားမှာ ဒီလိုထိတ်လန့်ဖွယ် အဖြစ်အပျက် ဖြစ်ခဲ့တာပါ။လူနာတင်ယာဉ်ဟာ အခင်းဖြစ်ပွားရာနေရာကို ၃ မိနစ်အတွင်းရောက်ရှိလာခဲ့ပြီး ဆေးရုံကို အမြန် ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် အသက်ကိုမကယ်တင်နိုင်ခဲ့ဘဲ သေဆုံးသွားခဲ့တာပါ။ လန်ဒန်မာရသွန် ပြိုင်ပွဲစီစဉ်သူတွေကတော့ သေဆုံးရခြင်းအကြောင်းအရင်းကို ဖော်ထုတ်နိုင်ဖို့အတွက် ရင်ခွဲစစ်ဆေးမယ်လို့ အတည်ပြုထားခဲ့ပါတယ်။

ကြေညာချက်မှာတော့ “ဝမ်းနည်းစွာနဲ့ပဲ ၂၀၂၂ လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ပါဝင်နေတဲ့သူတစ်ဦး သေဆုံးသွားတာကို ကျနော်တို့ အတည်ပြုပါတယ်။မိသားစုက ဒါနဲ့ပတ်သက်ပြီး လျှို့ဝှက်ဖို့ တောင်းဆိုထားပါတယ်။သူတို့ရဲ့ ဆန္ဒအရ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်မှာမဟုတ်ဘူး။သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကို ဆေးစစ်ချက် တွေအရ သိရမှာပါ” လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအပြေးသမားကို ကယ်တင်နိုင်ဖို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက အသည်းအသန်ကြိုးစားခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အမျိုးသားပြိုင်ပွဲမှာ ကီပရူတိုက ၂ နာရီ ၄ မိနစ် ၃၉ စက္ကန့်နဲ့ ချန်ပီယံ ဖြစ်ခဲ့ပြီး အမျိုးသမီးပြိုင်ပွဲမှာ ယီဟွာလောက ၂ နာရီ ၁၇ မိနစ် ၂၆ စက္ကန့်နဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။ ဘီးတပ် ကုလား ထိုင်အမျိုးသားပြိုင်ပွဲမှာ မာဆယ်လ်ဟုချ်နဲ့ အမျိုးသမီးပြိုင်ပွဲမှာ ဒီဘာနာက ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။

အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ လန်ဒန်မာရသွန်ပြိုင်ပွဲမှာ လူပေါင်း ၄၀,၀၀၀(လေးသောင်း)ခန့် ပါဝင်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

Source:The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို ဇန်နဝါရီမှာ ထွက်ခွာခွင့်ပေးမယ့် ယူနိုက်တက်

By CNI
CNI
Category: အားကစား
Hits: 1020

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးသွားမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘောလွန်းဒီအောဆုကို ၅ ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ မန်စီးတီးအသင်းကို ၆ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်တောင် ပါဝင်ခွင့်မရခဲ့ပါဘူး။ယူနိုက်တက်နည်းပြ အဲရစ်တန် ဟတ်က ရော်နယ်ဒိုရဲ့ ကြီးကျယ်တဲ့ ကစားသမားဘဝကို လေးစားလို့ ဒီပွဲမှာ အသုံးမပြုခဲ့တာလို့ ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရွိုင်ကိန်းက အသင်းဟောင်းဟာ ရော်နယ်ဒိုအပေါ်မှာ လေးစားမှုမရှိဘူးဆိုပြီး ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ထွက်ခွာခွင့်တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်အသင်းက ငြင်းဆန်ခဲ့တာကြောင့် ကစားသမားဟာ မန်ချက်စတာကလပ်မှာပဲ ဆက်လက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဲရစ်တန်ဟတ်နဲ့ အသင်းတာဝန်ရှိသူတွေက ဇန်နဝါရီမှာ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးဖို့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ဆန္ဒရှိနေတယ်လို့ The Telegraph သတင်းဌာနက ဖော်ပြထားတာပါ။

 ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မိနစ် ၈၀ သာ ပါဝင်ကစားခွင့်ရထားပြီး ဘရန်ဖိုဒ့်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲသာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်တွေကိုကြည့်ပြီး အရန်ခုံတန်းပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတာကို တွေ့မြင်ခဲ့ရတာပါ။

ပေါ်တူဂီတိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက ကြီးမားတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပေမယ့် ကစားသမားကတော့ ဥရောပမှာပဲ ဆက်ရှိဖို့ ဆန္ဒရှိခဲ့တာပါ။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာကုန်ဆုံးတော့မှာဖြစ်ပြီး မန်ချက်စတာ ကလပ် အနေနဲ့ ဇန်နဝါရီမှာ မရောင်းချဘူးဆိုရင် နွေရာသီမှာ အလွတ်နဲ့ ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဇန်နဝါရီမှာ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးဖို့ ယူနိုက်တက်ဘက်က ခွင့်ပြုတာဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြ ထားတာပါ။

ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၈ ပွဲပါဝင်ကစားထားပြီး ရှရစ်ဖ်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ၁ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

Source:Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုရဲ့ ကစားသမားဘဝကို လေးစားလို့ လူစားလဲအသုံးမပြုတာလို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: Watch TV
Hits: 634

Share
Tweet
Share
Share
powered by social2s

အင်ဒိုနီးရှားဖြစ်ရပ်က ဘောလုံးလောကအတွက် မှောင်မိုက်တဲ့နေ့လို့ ဖီဖာဥက္ကဋ္ဌ ပြော

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s
အာဆင်ဝင်းဂါးကိုတွေ့ရစဉ် (Sportskeeda)

မန်စီးတီးပြီးရင် အာဆင်နယ်က EPL ရဖို့ ဒုတိယအကောင်းဆုံးလို့ အာဆင်ဝင်းဂါးပြော

By CNI
CNI
Category: အားကစား
Hits: 1150

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃

အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းနောက်မှာ ပရီးမီးယားလိဂ်ရဖို့ ဒုတိယအကောင်းဆုံး အသင်းအဖြစ် ရှိနေတယ်လို့ အာဆင်ဝင်းဂါးက မန်ချက်စတာဒါဘီပွဲစဉ်အပြီးမှာ ပြောလိုက်ပါတယ်။

အာဆင်ဝင်းဂါးက “ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရဆိုရင် အာဆင်နယ်အသင်းကို မန်စီးတီးအသင်း အနောက်မှာ ထားပါမယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဖလားရဖို့ အခွင့်အရေး ကောင်းတွေရှိနေတဲ့ ဒုတိယ အသင်းပါ။ ဘာဖြစ်လို့လဲဆိုရင် မန်စီးတီးအသင်းက တချို့အဆင့်တွေမှာ ချန်ပီယံလိဂ်မှာ အာရုံစိုက်မှာမို့လို့ပါ။ အာဆင်နယ်က လက်ရှိအချိန်မှာ ဆုဖလားကို စိန်ခေါ်ဖို့ အကောင်းဆုံးအသင်းပါ” လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းက ယူနိုက်တက် အသင်းကို အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာကနေ ရမှတ် ၁ မှတ်အကွာနဲ့ ဖိအားပေးနေတာပါ။

အာဆင်နယ်သတင်းကိုတွေ့ရစဉ် (Eurosport)

မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ထပ်မံထိန်းသိမ်းနိုင်ဖို့ ရေပန်းစားနေပေမယ့် အာဆင်ဝင်း ဂါးက အသင်းဟောင်း အာဆင်နယ်ကလည်း ဆုဖလားအတွက် အနီးကပ် လိုက်နိုင်မယ်ဆိုတာ ယုံကြည်နေတာ ဖြစ်ပါတယ်။

အာဆင်ဝင်းဂါးက “လီဗာပူးလ်အသင်း အကြောင်းမသိပေမယ့် သူတို့ဟာ အာဆင်နယ်နဲ့ ၁၁ မှတ်ကွာဟနေပြီး၊ မန်စီးတီးနဲ့ ၁၀ မှတ်ကွာဟနေပါတယ်။ ချယ်လ်ဆီးအသင်းကလည်း လက်ရှိအချိန်မှာ ခြေစွမ်း တသမတ်တည်း မရှိပါဘူး။ သူတို့ဟာ လိဂ်ဖလားကို ရယူနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း ရှာမတွေ့သေးပါဘူး။ စပါးအသင်းနဲ့ ပတ်သက်ပြီး ကျနော် မခန့်မှန်းနိုင်ပါဘူး”လို့ ပြောသွားခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို အာဆင်ဝင်းဂါး ကိုင်တွယ်တဲ့အချိန် ၂၀၀၃-၀၄ ရာသီက နောက်ဆုံးရယူနိုင်ခဲ့တာဖြစ်ပြီး မနှစ်ကရာသီမှာ အဆင့် ၅ နေရာနဲ့ ရာသီကုန်ဆုံးကာ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
တယ်လ်အဗစ်အိုးပန်းပြိုင်ပွဲမှာ ဂျိုကိုဗစ် ဆုဖလားရယူခဲ့ (The Times of Israel)

ဝင်ဘယ်လ်ဒန်အိုးပန်းပြီးနောက် ပထမဆုံးဆုဖလား ဂျိုကိုဗစ်ရ

By CNI
CNI
Category: အားကစား
Hits: 1301

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃

ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ATP 250 ပြိုင်ပွဲဖြစ်တဲ့ တယ်လ်အဗစ်အိုးပန်းမှာ ဗိုလ်စွဲပြီး ဝင်ဘယ်လ်ဒန်အိုးပန်း နောက်ပိုင်း ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

ဂျိုကိုဗစ်ဟာ တယ်လ်အဗစ် အိုးပန်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ မာရင်ဆီလစ်ကို ၆-၃၊ ၆-၄ နဲ့ အနိုင်ရပြီး ဆုဖလား ရယူနိုင်ခဲ့တာပါ။

ဆားဘီးယား တင်းနစ်သမားဟာ ဇူလိုင်လက ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် ပထမဆုံး တစ်ဦးချင်း ပြိုင်ပွဲအဖြစ် တယ်လ်အဗစ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ဒီပွဲမတိုင်ခင် ရော်ဂျာဖက်ဒဲရားကို နှုတ်ဆက်တဲ့ Laver Cup ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့သေးပါတယ်။

ဂျိုကိုဗစ်က “ ကျနော်အလွန်ကောင်းမွန်တဲ့ တင်းနစ်ပွဲ ကစားခဲ့တယ် ထင်ပါတယ်။ ကျနော် ပြိုင်ပွဲ မကစားရတာ ၃ လလောက်ရှိပါပြီ။ အဲ့ဒါကြောင့် တကယ်ကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့က ကျနော့်အတွက် တွန်းအား တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေက ချစ်ကြည်ရင်းနှီးပြီး ရက်သတ္တပတ်လုံး ကျနော့်ကို အားပေးကြတဲ့ အတွက်ပါ”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဂျိုကိုဗစ်ကို တင်းနစ်ကစားနေစဉ် (The Times of Israel)

ဂျိုကိုဗစ်ဟာ တယ်လ်အဗစ်အိုးပန်းမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဒီဆုဖလားဟာ သူ့ရဲ့ ကစားသမား ဘဝ ၈၉ ခုမြောက် ဆုဖလားလည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မာရင်ဆီလစ်နဲ့ တွေ့ဆုံတဲ့ ၂၁ ကြိမ်မှာ ၁၉ ပွဲမြောက် နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ကိုဗစ် ကာကွယ်ဆေး မထိုးတာကြောင့် အခုနှစ်ရာသီ ဂရမ်းဆလမ်းပြိုင်ပွဲတွေဖြစ်တဲ့ သြစတြေးလျအိုးပန်း၊ အမေရိကန်အိုးပန်း အပါအဝင် ပြိုင်ပွဲအများအပြားကို လွဲချော်ခဲ့ရတာပါ။

ကမ္ဘာ့အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဆားဘီးယား တင်းနစ်သမားဟာ ATP 500 ပြိုင်ပွဲဖြစ်တဲ့ အက်စတာနာ အိုးပန်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး ဒီပြိုင်ပွဲမှာ ကမ္ဘာ့နံပတ် ၁ အယ်လ်ကာရတ်ဇ်နဲ့ မက်ဗီးဒက်ဗ် တို့လည်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ အခုနှစ်အတွင်း ဝင်ဘယ်လ်ဒန်အိုးပန်း၊ အီတလီအိုးပန်းနဲ့ အခု တယ်လ်အဗစ် အိုးပန်းတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
အရန်ခုံမှာ ထိုင်နေတဲ့ ရော်နယ်ဒိုကို တွေ့ရစဉ် (Goal)

ရော်နယ်ဒိုရဲ့ ကစားသမားဘဝကို လေးစားလို့ လူစားလဲအသုံးမပြုတာလို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: အားကစား
Hits: 1821

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ရော်နယ်ဒိုကို လူစားလဲ အသုံးမပြုတာက သူ့ရဲ့ ကစားသမားဘဝကို လေးစားလို့ပါလို့ ပြောပါတယ်။

အဲရစ်တန်ဟတ်က “ရော်နယ်ဒိုကို ကျနော် အသုံးမပြုတာက သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝကို လေးစားလို့ပါ။ မာရှယ်ကို ထည့်သွင်းခဲ့တာက သူဟာ ကစားဖို့ မိနစ်တွေ လိုအပ်နေသလို သူဟာ အခြားအရာ တွေကိုလည်း ယူဆောင်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ကျနော် မညွှန်းဆိုချင်ပါဘူး”လို့ ရော်နယ်ဒိုကို အသုံး မပြုခဲ့တဲ့အပေါ် မေးမြန်းမှုကို ဖြေသွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘရန်ဖို့ဒ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ကလွဲပြီး ကျန်တဲ့ပွဲတွေ မှာ လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရပြီး မန်ချက်စတာဒါဘီပွဲစဉ်မှာ ပါဝင်ခွင့်တောင် မရခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ မန်စီးတီးအသင်းကို ၆ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပြီး ဖိုဒန်နဲ့ ဟာလန်းက မန်စီးတီးအတွက် ဟတ်ထရစ် သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ဂိုးတွေကို လူစားဝင်လာတဲ့ မာရှယ်က ၂ ဂိုးနဲ့ အန်သိုနီက ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်း (Manchester Evening News)

ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကတော့ အသင်းဟာ ရော်နယ်ဒိုအပေါ်မှာ လေးစားမှု မရှိဘူး လို့ ပြောသွားခဲ့ပါတယ်။

“ယူနိုက်တက်အသင်းက ရော်နယ်ဒိုအပေါ်မှာ လေးစားမှုမရှိကြောင်း ပြသနေတယ်လို့ ကျနော်ထင်ပါတယ်။ ယူနိုက်တက် အနေနဲ့ အပြောင်းအရွှေ့ မပိတ်ခင်အချိန်မှာ သူ့ကို ထွက်ခွာခွင့် ပေးလိုက်သင့်ပါတယ်။ ရော်နယ်ဒို ဟာ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူ့ကို ရက်သတ္တပတ်တိုင်း အရန်ခုံမှာ ထိုင်ခိုင်းနေတာက ရုပ်ဆိုးပါတယ်”လို့ Sky Sports ကို ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ထွက်ခွာခွင့် တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်အသင်းက မရောင်းချခဲ့တာကြောင့် အသင်းမှာ ဆက်လက်ရှိနေခဲ့တာပါ။

ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ ဒီရာသီ ရှရစ်ဖ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာသာ ယူနိုက်တက်အသင်း အတွက် ၁ ဂိုး သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ကြားရက်မှာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် အိုမိုနီယာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရော်နယ်ဒို ပွဲထွက် ပါဝင်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

Source: Goal/ Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များကို တွေ့ရစဉ်(ဓါတ်ပုံ- AFP)

ယီမင်တွင် UN ကျောထောက်နောက်ခံ အပစ်အခတ်ရပ်စဲရေး ပျက်ကွက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1703

CNI International News

ဆန်နာရာ၊ အောက်တိုဘာ ၃

ယီမင်နိုင်ငံတွင် တိုက်ပွဲများ တိုက်ခိုက်နေသည့် နှစ်ဖက်စလုံးက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ကို သက်တမ်းတိုးရန် ပျက်ကွက်ခဲ့ကြကြောင်း ကုလသမဂ္ဂ (UN) က ပြောကြားခဲ့သည်။

ယီမင်ဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်၏ကြေညာချက်ထဲတွင် နှစ်ဖက်စလုံးကို ရန်လိုသည့်အပြုအမူများ ရှောင်ရှားကြရန် တိုက်တွန်းထားပြီး ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

၎င်းပြည်တွင်း အပစ်အခတ်ရပ်စဲရေးသက်တမ်းသည် ယခု အောက်တိုဘာ ၂ ရက်တွင် သက်တမ်းကုန်သွားပြီဖြစ်၍ သက်တမ်းတိုးရန် လိုအပ်လာခဲ့သည်။

UN ကျောထောက်နောက်ခံပြုထားသည့် အဆိုပါအပစ်အခတ်ရပ်စဲရေးသည် ပြီးခဲ့သည့်ဧပြီလတွင် စတင် အသက် ဝင်ခဲ့ပြီး တိုက်ပွဲများ ကြာရှည်စွာ ရပ်တန့်ရန် မျှော်လင့်ထားခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များသည် ဆန်နာရာမြို့တော်နှင့် ယီမင်မြောက်ပိုင်းမြို့ကြီးများကို သိမ်းယူခဲ့ပြီး အစိုးရအာဏာ ဖယ်ရှားရေးကြိုးစားခဲ့ကြသည့် ၂၀၁၄ ခုနှစ်မှ စ၍ ပြင်းထန်သည့်စစ်ရေး ပဋိပက္ခများ စတင်ခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား၊ ယီမင်အစိုးရနှင့် တောင်ပိုင်းခွဲထွက်ရေးသမား ဟူသီသူပုန်တို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးစဉ်(ဓါတ်ပုံ-EPA)

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)အပါအဝင် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် နိုင်ငံတကာအသိအမှတ်ပြု အစိုးရတစ်ရပ်၏ အာဏာပြန်ယူရန် ၂၀၁၅ ခုနှစ်တွင် ကြားဝင်စေ့စပ်ပေးခဲ့သည်။

ယနေ့အထိ အပစ်အခတ်ရပ်စဲရေး ခိုင်ခိုင်မာမာ မဖြစ်လာသည့်အတွက် ဝမ်းနည်းမိကြောင်း ယီမင်ဆိုင်ရာ UN သံ အမတ် ဟန်းစ်ဂရင်းဘတ်ချ် (Hans Grundberg) က ပြောကြားခဲ့သည်။

၎င်း၏အဆိုပြုချက်ကို သဘောတူရန် ပျက်ကွက်သည့် ဟူသီသူပုန်များကို ၎င်းက ထည့်မပြောတော့ဘဲ အပစ် အခတ်ရပ်စဲရေးသက်တမ်းတိုးရန် ဆွေးနွေးပွဲများတွင် အပြုသဘောဆောင်ပါဝင်ဆောင်ရွက်မှုအတွက် နိုင်ငံ တကာအသိအမှတ်ပြု ယီမင်အစိုးရကို ကျေးဇူးတင်ရှိပါကြောင်း ဟန်းစ်ဂရင်းဘတ်ချ်က ထုတ်ဖော်ခဲ့သည်။

ဆက်လက်၍လည်း သဘောတူညီချက်တစ်ရပ် ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန် ယီမင်ခေါင်းဆောင် များကို ၎င်းက တောင်းဆိုခဲ့သည်။

“ငြိမ်းချမ်းရေးအတွက် လမ်းစပေါ်ပေါက်တိုင်း လိုက်လံလျှောက်လှမ်းကြဖို့၊ ယီမင်ပြည်သူတွေအပေါ် တာဝန် ဝတ္တရားတွေ ကျေပွန်ဖို့ အဲဒီခေါင်းဆောင်တွေကို ကျနော် တောင်းဆိုပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်။

ယခုကဲ့သို့ ဟူသီသူပုန်များဘက်မှ အပစ်အခတ်ရပ်စဲရေး တိုးတက်စေမှု မရှိစေခြင်းအပေါ် ယီမင်နိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြုအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးက အပြစ်တင်ခဲ့သည်။

ဟူသီများသည် အပစ်အခတ်ရပ်စဲရေးကို အဟန့်အတားပြုခဲ့ကြပြီး ယီမင်ပြည်သူများ၏အကျိုးစီးပွားကို ဆန့်ကျင် ခဲ့ကြကြောင်း ပန်အာရပ်ဂြိုဟ်တုချန်နယ် (အယ်လ်ဟာဒက်) Pan-Arab Satellite Channel Al-Hadath မီဒီယာ သို့ ပြောကြားခဲ့သော သဘောထားမှတ်ချက်များတွင် နိုင်ငံခြားရေးဝန်ကြီး အာမက်အေဝပ်ဘင်မူဘာရတ် (Ahmed Awad Bin Mubarak) က အပြစ်တင်ခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

မန်ချက်စတာက အပြာရောင်ဆိုတာ ဂိုးပြတ်သွင်းပြီးပြသသွားတဲ့ မန်စီးတီး

By CNI News
CNI News
Category: အားကစား
Hits: 1440

 

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂

ပရီးမီးယားလိဂ်ရဲ့ စူပါဆန်းဒေးပွဲစဉ် တစ်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီး အသင်းက ၆ ဂိုး- ၃ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာတင် ဟာလန်းနဲ့ ဖိုဒန်တို့က ၂ ဂိုးစီ သွင်းယူပြီး ၄ ဂိုးပြတ်နဲ့ ဦးဆောင် နေခဲ့တာပါ။ ဒုတိယပိုင်းမှာ အန်သိုနီက ယူနိုက်တက်အတွက် ချေပဂိုး ၁ ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးက ဟာလန်းနဲ့ ဖိုဒန်က ဒီပွဲရဲ့ ဟတ်ထရစ် သွင်းဂိုးတွေအဖြစ် ၁ ဂိုးစီ ထပ်သွင်းယူ သွာခဲ့ပါ တယ်။ အဲ့ဒီနောက်ပိုင်းမှာ မန်စီးတီးအသင်းက ထိန်းကစားရင်းနဲ့ ယူနိုက်တက်အသင်းက နောက်ထပ်ချေပဂိုး ၁ ဂိုး ထပ်ရခဲ့ပါတယ်။

ဒီဂိုးကို မာရှယ်က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ဂိုးရဖို့ ကြိုးစားနေရင်းနဲ့ တတိယဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကို ပင်နယ်တီကနေ မာရှယ်ကပဲ သွင်းယူသွားခဲ့တာပါ။ အဲ့ဒါကြောင့် ပွဲအပြီးမှာ မန်စီးတီး အသင်းက ၆ ဂိုး- ၃ ဂိုးနဲ့ ယူနိုက်တက်ကို အနိုင်ရရှိသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ဆက်လက်ရပ်တည် နေပြီး ယူနိုက်တက်ကတော့ နိုင်ပွဲဆက်မှု ရပ်တန့်ကာ အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

 

Share
Tweet
Share
Share
powered by social2s

ပရိသတ် ၁၂၀ ကျော်သေဆုံးခဲ့တဲ့ အင်ဒိုနီးရှားလိဂ်ပွဲစဉ်

By CNI News
CNI News
Category: အားကစား
Hits: 1377

 

CNI Sport News
၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၂

အရီမာနဲ့ ပါဆီဘာရာတို့ကစားခဲ့တဲ့ အင်ဒိုနီးရှားလိဂ်ပွဲစဉ်မှာ အဓိကရုဏ်းဖြစ်ပွားပြီးနောက် ဘောလုံးပရိသတ် ၁၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အရှေ့ဂျာဗား ဒါဘီပွဲစဉ်မှာ ပါဆီဘာရာအသင်းက အရီမာအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ပွဲသိမ်းခရာမှုတ်အပြီးမှာ ပရိသတ်တွေဟာ ကွင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်။အဓိကရုဏ်းနှိပ်နှင်းရေးရဲတပ်ဖွဲ့တွေဟာ မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး ဒီအဖြစ်အပျက်ကို တုန့်ပြန်ခဲ့ပါတယ်။

ပရိသတ်တွေဟာ မျက်ရည်ယိုဗုံး အငွေ့တွေကနေ လွတ်မြောက်နိုင်ဖို့ ခြံစည်းရိုးပေါ်ကနေ ခုန်ဆင်းနေကြတာကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံနေတဲ့ ဗွီဒီယိုတွေကနေ တွေ့မြင်ခဲ့ရပါတယ်။

လုံခြုံရေး တာဝန်ရှိသူတွေဟာ ပရိသတ်တွေကို ကန်ကျောက်ပြီး ထိန်းသိမ်းဖို့ ကြိုးစားခဲ့တယ်လို့ The Times of Indonesia က ဖော်ပြထားတာပါ။

မျက်ရည်ယိုဗုံးကြောင့် ထောင်နဲ့ချီတဲ့ ပရိသတ် တွေဟာ အသက်ရှုဖို့ ခက်ခဲခဲ့ပြီး နောက်ဆုံးမှာ မူးလဲသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလိုအဖြစ်အပျက်တွေကြောင့် သေဆုံးသူအများအပြားရှိခဲ့သလို ဒဏ်ရာကြောင့် ဆေးရုံတင်ထားရတဲ့သူ အများအပြားကလည်း စိုးရိမ်စရာအနေအထားမှာ ရှိတယ်လို့လည်း Melang Regency ကျန်းမာရေးအကြီးအကဲက ပြောပါတယ်။

ဒီအပတ်အတွင်းမှာ ကစားဖို့ရှိတဲ့ အင်ဒိုနီးရှားလိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ပြီး အရီမာအသင်းကို လက်ကျန်ရာသီရဲ့အိမ်ကွင်းပွဲစဉ်တွေကို ကျင်းပခွင့် ပြုမှာမဟုတ်ဘူးလို့ အင်ဒိုနီးရှားအက်ဖ်အေက ကြေညာခဲ့ပါတယ်။

Source:Foxsports

 

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတွေနဲ့ မိတ်ဆက်(အပိုင်း ၁၃)

By CNI
CNI
Category: Watch TV
Hits: 632

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက် ကစားသမား မက်ဂွဲယားကိုတွေ့ရစဉ် (SI)

ခြေစွမ်းပိုင်း ကျဆင်းမှုတွေနဲ့ စိုးရိမ်စရာဖြစ်လာတဲ့ မက်ဂွဲယားရဲ့ အနာဂတ်

By CNI
CNI
Category: ဆောင်းပါး
Hits: 956

CNI Article

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂

မကြာသေးခင်နှစ်တွေနဲ့ အခုနှစ်တွေမှာ ဘောလုံးပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ အမြဲတမ်း ပြောနေတဲ့ အကြောင်း အရာတွေထဲမှာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲယားရဲ့ အကြောင်းကလည်း မပါမဖြစ် ပါခဲ့တာ ဖြစ်ပါတယ်။

မက်ဂွဲယားရဲ့ အကြောင်းကို ပြောကြတာမှာလည်း ချီးကျူးဖို့ထက် လှောင်ပြောင်တဲ့ အကြောင်းတွေကိုပဲ ပြောဖြစ် ခဲ့ကြတာ ဖြစ်ပါတယ်။နိုင်ငံလက်ရွေးစင် အင်္ဂလန်အသင်းရဲ့ နောက်ခံလူလည်းဖြစ် ကလပ်အသင်း ယူနိုက်တက် အသင်းရဲ့ နောက်လူလည်းဖြစ်သူ မက်ဂွဲယားကတော့ ပရိသတ်တွေ လှောင်ပြောင်မှု ခံရလောက်တဲ့ အထိကိုပဲ ခြေစွမ်းပိုင်း ကျဆင်းနေခဲ့တာပါ။

မက်ဂွဲယားရဲ့ ခြေစွမ်းပိုင်း ကျဆင်းမှုဟာ အခုနှစ်မှ ဖြစ်တာမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ ကတည်းက ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှားနဲ့ ယာယီနည်းပြ ရက်ဂ်နစ်တို့က ဗဟိုနောက်ခံလူ တွေထဲမှာ ရွေးချယ်စရာ ရှားပါးခဲ့လို့ မက်ဂွဲယားကိုပဲ မဖြစ်မနေ အသုံးပြုခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရတာပါ။

အင်္ဂလန်အသင်းမှာ ကစားသမားအဖြစ် မက်ဂွဲယား ကိုတွေ့ရစဉ် (Live Sports)

ဒါပေမယ့် မက်ဂွဲယားရဲ့ စွမ်းဆောင်ရည်တွေဟာ ပြောစရာဖြစ်ခဲ့ပြီး ပရိသတ်တွေက သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့အထိ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တွေဟာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာတဲ့ အဲရစ်တန်ဟတ်ကိုလည်း မက်ဂွဲယားကို လူစာရင်းကနေ ချန်လှပ်ဖို ပြောခဲ့ကြတာပါ။ နယ်သာလန်လူမျိုးနည်းပြက မက်ဂွဲယားကို ယုံကြည်မှုပေးတဲ့ အနေနဲ့ အသင်း ခေါင်းဆောင် ရာထူးကို ဆက်ပြီး ပေးခဲ့သလို ပွဲထွက်ခွင့် နေရာကိုလည်း ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲရစ်တန်ဟတ်ဟာ ဗဟိုနောက်ခံနေရာအတွက် အေဂျတ်စ်ကစားသမား လီဆန်ဒရိုမာတီးနတ်စ်ကို အားဖြည့်ခဲ့တာက မက်ဂွဲယားနေရာ ပျောက်ဖို့ လမ်းစဖြစ်လာခဲ့တာပါ။

 နည်းပြ အဲရစ်တန်ဟတ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်အစောပွဲ ၂ ပွဲဖြစ်တဲ့ ဘရိုက်တန်နဲ့ ဘရန်ဖို့ဒ်တို့ ပွဲတွေမှာ မက်ဂွဲယားကို ပွဲထွက်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲတွေမှာ မက်ဂွဲယားဟာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပြီး အသင်းကလည်း ၂ ပွဲစလုံးကို ရှုံးပွဲကြုံတွေ့ခဲ့တာပါ။

မက်ဂွဲယား စိတ်ပျက်နေစဉ် (The Telegraph)

အဲ့ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကစပြီး မက်ဂွဲယားကို အရန်ခုံပေါ် ပို့ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းကလည်း ဒီပွဲမှာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့ပါတယ်။ အဲ့ဒီနောက် ဆောက်သမ်တန်၊ လက်စတာနဲ့ အာဆင်နယ်တို့ ပွဲတွေမှာလည်း နည်းပြဟာ မက်ဂွဲယားကို အရန်လူစာရင်းမှာသာ ထားခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ ဒီပွဲတွေမှာ ဗာရန်းနဲ့ လီဆန်ဒရိုမာတီးနတ်စ်ကို အသုံးပြုခဲ့ပြီး ပွဲတိုင်းကို အနိုင်ရလဒ် ရယူခဲ့ တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဆိုစီဒက်နဲ့ ကစားတဲ့ ပွဲမှာတော့ မက်ဂွဲယားကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပေမယ့် အရေးနိမ့်ခဲ့လို့ ရှရစ်ဖ်နဲ့ ပွဲမှာ မက်ဂွဲယားကို ပွဲထွက် လူစာရင်းကနေ ပြန်ချန်လှပ်ခဲ့ပါတယ်။

တိုက်ဆိုင်မှုလို့ ပြောရမှာဖြစ်ပြီး မက်ဂွဲယားကို ပွဲထွက်အသုံးပြုတဲ့ ပွဲတွေမှာ ယူနိုက်တက်အသင်းဟာ အရှုံးရလဒ် တွေကိုသာ ရင်ဆိုင်ခဲ့ပြီး သူမပါတဲ့ ပွဲတွေမှာ နိုင်ပွဲရခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။

မက်ဂွဲယားဟာ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ပေမယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က လက်ရွေးစင် အသင်း လူစာရင်းမှာ သူ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ကလည်း ပြင်းထန်ခဲ့ပြီး လှောင်ပြောင်မှုတွေပါ ရှိခဲ့တာပါ။

မက်ဂွဲယားဟာ အီတလီ၊ ဂျာမနီအသင်းတို့နဲ့ ပွဲတွေမှာ အင်္ဂလန်အတွက် ပွဲထွက်ခွင့် ရခဲ့ပြီး ဒီ ၂ ပွဲ စလုံးကို အင်္ဂလန် အသင်း နိုင်ပွဲမရခဲ့ပါဘူး။ မက်ဂွဲယားဟာ ဒီ ၂ ပွဲစလုံးမှာ ခြေစွမ်းပိုင်း တော်တော်လေး ကျဆင်းနေခဲ့ပြီး ဘောလုံး ပို့ပေးရာမှာတောင် အမှားအယွင်းတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီနဲ့ ပွဲမှာဆို သူ့ရဲ့ အမှားကြောင့် အင်္ဂလန်အသင်း ပင်နယ်တီ ဂိုး ပေးခဲ့ရပါတယ်။

ယူနိုက်တက်အသင်းရဲ့ အရံခုံမှာ တွေ့ရတဲ့ မက်ဂွဲယား (CODE Sports)

ဒါ့အပြင် ဟာဗတ်စ် ကန်သွင်းချက်ကိုလည်း မတားဆီးဘဲ ရပ်နေခဲ့လို့ မက်ဂွဲယားအပေါ် ဝေဖန်မှုတွေဟာ ပိုပြီး တိုးလာခဲ့တာပါ။ မက်ဂွဲယားဟာ ပုံမှန်ဆိုရင် ကလပ်အသင်းမှာ ခြေစွမ်းမပြနိုင်ရင်တောင် နိုင်ငံအသင်းမှာ ခြေစွမ်း ပြလေ့ရှိပေမယ့် အခုဆိုရင် ယုံကြည်မှု ပျောက်ဆုံးနေတာကို တွေ့မြင်ခဲ့ရပါတယ်။

မက်ဂွဲယားရဲ့ လက်ရှိ ခြေစွမ်းကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်လူစာရင်းမှာ မရွေးချယ်တော့ဖို့အထိ ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေက တောင်းဆိုမှုတွေ ရှိခဲ့ကြတာပါ။ မက်ဂွဲယားဟာ ဝေဖန်မှုဒဏ်ကို တော်တော်လေးကို ခံနေရတာကြောင့် ခြေစွမ်းပိုင်းဟာ အနိမ့်ဆုံးအဆင့်ထိကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

လက်စတာအသင်းမှာ ရှိနေချိန် ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး နောက်ခံလူအဖြစ် ယူနိုက်တက်ကို ရောက်ရှိခဲ့တဲ့ မက်ဂွဲယားဟာ ဝေဖန်မှုဒဏ်တွေကို ခံနိုင်ဖို့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိဖို့ လိုတယ်လို့ ရီယိုဖာဒီနန်က တိုက်တွန်း အကြံပေးထားပါတယ်။

မက်ဂွဲယား အနေနဲ့ လက်ရှိခြေစွမ်းကို အမြန်ဆုံး တိုးတက်ကောင်းမွန်အောင် လုပ်နိုင်မှသာ ယူနိုက်တက် အသင်း မှာ နေရာရဖို့ ရှိနေပါတယ်။ အသင်းခေါင်းဆောင် ဖြစ်တိုင်း ပွဲထွက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ နည်းပြ အဲရစ်တန် ဟတ်က ပွင့်ပွင့်လင်းလင်းကို ပြောထားတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြနဲ့ မက်ဂွဲယား လက်ဆွဲနှုတ်ဆက်နေစဉ် (Public News Time)

အဲ့ဒါကြောင့် မက်ဂွဲယား အနေနဲ့ ကလပ်အသင်းမှာ နေရာတစ်နေရာ ပြန်ရဖို့ ပုံမှန်ထက် သာလွန်တဲ့ ကြိုးစားမှု တွေလုပ်ဖို့ လိုအပ်နေပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကလပ်အသင်းမှာ နေရာပျောက်ဆုံးပြီး နိုင်ငံအသင်း အတွက်ပါ စိုးရိမ်စရာတွေ ရှိလာနိုင်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အင်္ဂလန်လူစာရင်းမှာ ချန်လှပ်ခံရမယ်ဆိုရင် မက်ဂွဲယားရဲ့ ကစားသမားဘဝကို ထိခိုက်မှု များပြားလာနိုင်ပါတယ်။ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းမှာ နေရာဆက်ပြီး ပျောက်ဆုံးနေမယ် ဆိုရင် ထွက်ခွာဖို့အထိပါ တွေးတောနေပြီလို့လည်း သိရပါတယ်။

အင်္ဂလန်အသင်းအတွက် ၂၀၁၇ မှာ စတင် ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဂွဲယားဟာ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား၊ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အဓိက ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့ ပါတယ်။

မက်ဂွဲယားဟာ ယူနိုက်တက်အသင်းကို ၂၀၁၉ မှာ ရောက်ရှိခဲ့ပြီး ပွဲပေါင်း ၁၄၉ ပွဲအထိ ပါဝင်ကစားထားတာ ဖြစ်ပါ တယ်။

ဒါကြောင့် မည်သို့ပင်ဆိုစေကာမူ မက်ဂွဲယားရဲ့ အနာဂတ် ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကိုတော့ သူ့ရဲ့ ခြေစွမ်း ပိုင်းကိုပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မန်စီးတီးနဲ့ ကစားရမှာ ဟာလန်းနဲ့ မဟုတ်ဘူးလို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: Watch TV
Hits: 629

Share
Tweet
Share
Share
powered by social2s

အီရန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပိတ်ပင်ဖို့ ဖီဖာကို တောင်းဆိုမှုတွေရှိနေ

By CNI
CNI
Category: Watch TV
Hits: 643

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 681

Share
Tweet
Share
Share
powered by social2s
ဘတ်ပီနဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

PSG အတွက် ဘတ်ပီခေါ်ယူချင်တဲ့ ကစားသမား ၄ ဦးထဲမှာ ရက်ရှ်ဖို့ဒ်ပါဝင်

By CNI
CNI
Category: အားကစား
Hits: 1230

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁

ဘတ်ပီဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အသင်းအတွက် ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း အကြီးအကဲထံ ပေးခဲ့တဲ့ ကစားသမား ၄ ဦးစာရင်းမှာ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းနဲ့ ၃ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာပါ။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်နေခဲ့တာကြောင့် ကလပ်အသင်းရဲ့ အားကစားဆိုင်ရာ ဆုံးဖြတ်ချက်တွေ မှာ သူပါဝင်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်သစ်သတင်းဌာန RMC Sport ကတော့ ဘတ်ပီဟာ သူနဲ့အတူ တွဲဖက်ကစားနိုင်ဖို့အတွက် တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ် အပါအဝင် ဘတ်ပီ ခေါ်ယူချင်တဲ့ ကစားသမား ၄ ဦးထဲမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီနဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ဘာစီလိုနာအသင်းနဲ့ နောက်ပိုင်းမှာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တဲ့ ဒမ်ဘီလီလည်း ပါဝင်ခဲ့သလို နောက်ထပ် တစ်ဦးကတော့ ဝက်စ်ဟမ်းကို ပြောင်းရွှေ့သွားတဲ့ အီတလီတိုက်စစ်မှူး ဆကာမာကာလည်း ပါဝင်ခဲ့တယ်လို့ သတင်း ဖော်ပြချက်အရ သိရပါတယ်။

ဘတ်ပီက ဒီကစားသမားတွေကို ခေါ်ယူဖို့ တောင်းဆိုခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ တစ်ဦးမှကို ခေါ်ယူနိုင်ခဲ့ ခြင်း မရှိခဲ့ပါဘူး။ ပြင်သစ်ကလပ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဖာဘီယန်ရုဇ်၊ ရီနာတိုဆန်းချက်စ်၊ ကားလို့စ် ဆိုလာ၊ ဗီတင်ဟာ၊ မူကီလီနဲ့ အီကီတီကီတို့ကို ခေါ်ယူခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်းပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အခုဆိုရင် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်ရကာ အုပ်စု တွင်းကို ဦးဆောင် နေတာပါ။

ဒီနောက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ် လီဂူးဝမ်းပွဲစဉ်အဖြစ် နိုက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

Source: Sportbible

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42

Page 38 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar