CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄

ခရိုအေးရှားအသင်းဟာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပေမယ့် ဒီမျိုးဆက်က ယူရို ၂၀၂၄ အတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမှာလို့ နည်းပြဖြစ်သူ ဒါလစ်က ပြောလိုက်ပါတယ်။

ဒါလစ်က “ ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲ မျိုးဆက်ရဲ့ အဆုံးသတ်လည်း ဖြစ်သွားနိုင်ပါတယ်။ သူတို့တွေဟာ အသက် အရွယ် ရလာပြီဖြစ်တာကြောင့် ၂၀၂၆ မှာ ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ ကျနော်တို့မှာ ကောင်းမွန်တဲ့ အသင်း တသင်းရှိပါတယ်။ ဒီမျိုးဆက်ဟာ ယူရို ၂၀၂၄ မှာ သူတို့ကစားသမားဘဝကို ပြီးဆုံးမှာပါ။ ကျနော်တို့မှာ နေးရှင်းလိဂ်နဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် တက်နိုင်တဲ့ ကောင်းမွန်တဲ့ မျိုးဆက်ရှိပါတယ်”လို့ ပြောခဲ့တာပါ။

ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ကြောင့် ၂ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်နိုင်မယ့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့ရတာ ဖြစ်ပါတယ်။

ခရိုအေးရှားနည်းပြ ဒါလစ်ကိုတွေ့ရစဉ် (Goal)

ခရိုအေးရှားနည်းပြ ဒါလစ်က သူတို့အသင်းကို အနိုင်ယူသွားခဲ့တဲ့ မက်ဆီရဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။

ဒါလစ်က “ မက်ဆီနဲ့ ပတ်သက်ပြီးတော့ အများကြီး ပြောနေစရာမလိုပါဘူး။ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ပြီး အလွန်ကောင်းမွန်သလို ဒီပွဲမှာလည်း အလွန်အန္တရာယ် ရှိကြောင်းကို ပြသသွားခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ မျှော်လင့်ထားတဲ့ မက်ဆီ အစစ်အမှန်ပါပဲ”လို့ ပြောခဲ့ပါတယ်။

ခရိုအေးရှားအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ လူကာမိုဒရစ်၊ ပါရီဆစ်နဲ့ လောဗရန်တို့ အပါအဝင် ကစား သမားအချို့ဟာ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနေကြတာပါ။

ဒါပေမယ့် သူတို့တွေဟာ မတ်လမှာ စတင်မယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာတော့ ခရိုအေးရှားအတွက် ပါဝင် ကစားနိုင်ဖွယ် ရှိနေပါတယ်။ ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလား တတိယနေရာ လုပွဲအဖြစ် ပြင်သစ်နဲ့ မော်ရိုကို တို့ပွဲစဉ်က အရေးနိမ့်တဲ့ အသင်းနဲ့ စနေနေ့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: Goal