CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပြင်သစ်ဖလားပွဲမှာ တစ်ပွဲတည်း ၅ ဂိုးသွင်းပြီး ဘတ်ပီ စံချိန်သစ်တင်

By CNI
CNI
Category: Watch TV
Hits: 668

Share
Tweet
Share
Share
powered by social2s
ဂေါ့ဖ်ကစားနေတဲ့ ဂါရတ်ဘေးလ်ကိုတွေ့ရစဉ်

PGA Tour ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဂါရတ်ဘေးလ်ပြော

By CNI
CNI
Category: အားကစား
Hits: 849

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄

ရီးရယ်လ်နဲ့ စပါးအသင်း ကြယ်ပွင့်ဟောင်း ဂါရတ်ဘေးလ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကကနေ အနား ယူပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာမှာ PGA Tour ဂေါ့ဖ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ပြောလိုက် ပါတယ်။

ဂါရတ်ဘေးလ်က “ကျနော်ဟာ လာမယ့်လအစပိုင်း AT&T Pebble Beach Pro-Am မှာ ပါဝင်ယှဉ်ပြိုင်သွားမယ် ဆိုတာကို ကြေညာရတာ ဝမ်းသာတယ်”လို့ အင်စတာဂရမ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေးလ်စ်အသင်း ပါဝင်ခွင့်ရအောင် ကူညီနိုင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ လော့အိန်ဂျလိစ် အသင်းကိုလည်း မေဂျာလိဂ်ဖလား ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာပါ။

ဂါရတ်ဘေးလ်ကို ချန်ပီယံလိဂ်ဖလားနဲ့အတူတွေ့ရစဉ်

ဒါပေမယ့် ဂါရတ်ဘေးလ်ဟာ ဇန်နဝါရီ ၇ ရက်မှာတော့ ဘောလုံးလောကကနေ အနားယူပြီလို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဂါရတ်ဘေးလ်ဟာ ရီးရယ်လ်အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၅ ကြိမ် အပါအဝင် အောင်မြင် မှု ဆုဖလား အများအပြား ရယူနိုင်ခဲ့သလို စပါးအသင်းမှာလည်း ၂ ကြိမ် ကစားခဲ့တာပါ။

ဂါရတ်ဘေးလ်ဟာ ဂေါ့ဖ်အားကစားနည်းကို စိတ်ဝင်စားတာကြောင့် ဘောလုံးကစားနေချိန် အတွင်းမှာလည်း ကစားခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။ အခုအချိန်မှာတော့ ဂေါ့ဖ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ဂါရတ်ဘေးလ်က စီစဉ်လာခဲ့တာပါ။

ဂါရတ်ဘေးလ် ပါဝင်မယ့် ဒီပြိုင်ပွဲမှာ အမေရိကန် အိုးပန်းချန်ပီယံဆုရှင် ဖစ်ဇ်ပတ်ထရစ်၊ အနုပညာရှင်တချို့နဲ့ အပျော်တမ်း ၁၅၆ ဦး ပါဝင်မှာ ဖြစ်ပါတယ်။ ကာလီဖိုးနီးယားမှာ ၄ ရက်ကြာ ကျင်းပမယ့် ဒီပြိုင်ပွဲမှာ ဆုကြေး အဖြစ် အမေရိကန် ဒေါ်လာ ၉ သန်း ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုရဲ့ အသင်းအပေါ် လွှမ်းမိုးမှုကို အယ်လ်နာဆာနည်းပြ ချီးကျူး

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ကို အနိုင်ရပြီးနောက် ဒီပုံစံကိုဆက်ထိန်းဖို့ ဆာကာတိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 646

Share
Tweet
Share
Share
powered by social2s
အဖြူရောင်ကတ် ပြသနေတဲ့ ဒိုင်လူကြီးကိုတွေ့ရစဉ်

စပို့တင်းလစ္စဘွန်းနဲ့ ဘင်ဖီကာတို့ပွဲမှာ ကွင်းလယ်ဒိုင်လူကြီးက အဖြူရောင်ကတ်ပြသ

By CNI
CNI
Category: အားကစား
Hits: 814

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃

ပေါ်တူဂီက စည်းမျဉ်းအသစ်ကို မိတ်ဆက်ပြီးနောက် စပို့တင်းလစ္စဘွန်းနဲ့ ဘင်ဖီကာတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးဖြစ်သူက အဖြူရောင်ကတ်ကို ပြသသွားခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးပရိသတ်တွေဟာ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို အပြစ်ပေး အရေးယူတာမှာ အဝါကတ်နဲ့ အနီကတ်ပြသတာကို မြင်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ပေါ်တူဂီပရိသတ်တွေကတော့ စပို့တင်းလစ္စဘွန်းနဲ့ ဘင်ဖီကာအသင်းတို့ရဲ့ အမျိုးသမီးဖလား ပွဲစဉ်မှာ ကတ်အသစ် ပြသတာကို မြင်တွေ့ခဲ့ရတာပါ။ ဘင်ဖီကာအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာ အရန်ခုံတန်းပေါ်မှာရှိ တဲ့ တစ်စုံတစ်ဦးဟာ နေမကောင်း ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ၂ သင်းစလုံးရဲ့ ဆေးအဖွဲ့ဝင်တွေဟာ အဆိုပါ လူကို အမြန်ဆုံး အကူအညီပေးဖို့ ရောက်ရှိသွားခဲ့တာပါ။

ဒီလို လုပ်ဆောင်ခဲ့တဲ့ ဆေးအဖွဲ့ဝင်တွေကို ကွင်းလယ်ဒိုင်လူကြီးက အဖြူရောင်ကတ် ထုတ်ပြသွားခဲ့တာ ဖြစ်ပါ တယ်။ ပရိသတ်တွေကလည်း ဒီအဖြစ်အပျက်ကို မြင်တွေ့ပြီးနောက် လက်ခုပ်တီးပြီး တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ကြ တာပါ။

အမျိုးသမီးအသင်းကိုတွေ့ရစဉ်

အဖြူရောင်ကတ်ဟာ ပေါ်တူဂီမှာ စတင်လုပ်ဆောင်နေတဲ့ စည်းမျဉ်းအသစ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

အဝါကတ်နဲ့ အနီကတ်ဟာ အပြစ်ပေးတာမှာ အသုံးပြုပေမယ့် အဖြူရောင်ကတ်ကတော့ မျှတတဲ့ ကစားပွဲအတွက် အသင်းတွေကို အသိအမှတ်ပြု ချီးကျူးတဲ့ အနေနဲ့ အသုံးပြုတာပါ။

ဒီစိတ်ကူးဟာ အားကစားမှာ ကျင့်ဝတ် တန်ဖိုးထားတဲ့ သူတွေကို အားပေးဖို့ စတင်ခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။

အဖြူရောင်ကတ်ကို ကျယ်ပြန့်စွာ အသုံးမပြုသေးပေမယ့် ဒါဟာ ဘောလုံးလောကရဲ့ နောက်ဆုံးထွက်ရှိတဲ့ စည်းမျဉ်းအသစ်အဖြစ် ရှိလာခဲ့တာ ဖြစ်ပါတယ်။

Source:The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

ရော်နယ်ဒိုရဲ့ အသင်းအပေါ် လွှမ်းမိုးမှုကို အယ်လ်နာဆာနည်းပြ ချီးကျူး

By CNI
CNI
Category: အားကစား
Hits: 1363

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃

အယ်လ်နာဆာ အသင်းနည်းပြ ရူဒီဂါစီယာက အယ်လ်အီတီဖတ်နဲ့ ပွဲမှာ ပါဝင်ပြီး နိုင်ပွဲရဖို့ ကူညီတာမှာ အဓိက ကျခဲ့တဲ့ ရော်နယ်ဒိုရဲ့ အသင်းအပေါ် လွှမ်းမိုးမှုကို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

ရူဒီဂါစီယာက “ရော်နယ်ဒိုလို ကစားသမားရှိနေရင် ဒါက အပေါင်းလက္ခဏာဆောင်တဲ့ အရာဖြစ်သလို ကျနော်တို့ ဂိုးသွင်းလို့ရအောင် ပြိုင်ဘက် နောက်ခံလူတွေကို အာရုံပြောင်းအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါက ကျနော်တို့ ဂိုးသွင်းတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာပါ။ ဒီနေ့မှာဆိုရင် ကျနော်တို့က သူ့အတွက် အခွင့်အရေးတွေကို ဖန်တီး နိုင်ခဲ့ပြီး ကစားသမားတွေကိုလည်း သူနဲ့ တာလီစကာကြားက ပွဲကို ကွဲပြားအောင်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ သူဟာ ပီအက်စ်ဂျီနဲ့ ခြေစမ်းပွဲမှာ ပါဝင်ပြီး လုံလောက်တဲ့ အနားယူမှု မရှိဘူးဆိုတာကို ကျနော်တို့ မမေ့သင့် ပါ ဘူး”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ အယ်လ်နာဆာ အသင်းနဲ့အတူ ဆော်ဒီလိဂ် ပွဲဦးထွက်အဖြစ် အယ်လ်အီတီဖတ်အသင်းကို ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းခေါင်းဆောင် အဖြစ်နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းဖို့ ကြိုးပမ်းနေစဉ်

ရော်နယ်ဒိုဟာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး နောက်ပြန် ကန်သွင်းချက်နဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် လွဲချော်ခဲ့လို့ ပွဲဦးထွက်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ပရိသတ်တွေ အများအပြားကလည်း ဒီပွဲမှာ ရော်နယ်ဒို ပုံ ပါဝင်တဲ့ စာတန်းတွေ၊ ရော်နယ်ဒိုရဲ့ နာမည်နဲ့ ကျောနံပါတ်ပါ အယ်လ်နာဆာ အသင်းဂျာစီကို ဝတ်ဆင်ပြီး အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အယ်လ်နာဆာအသင်းရဲ့ ၂ ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းနဲ့ ခြေစမ်းပွဲမှာ ဆော်ဒီပွဲဦးထွက်အဖြစ် စတင်ကစားခွင့်ရခဲ့တာပါ။ ဒီပွဲမှာတော့ ရော်နယ်ဒိုဟာ ၂ ဂိုး သွင်း ယူခဲ့ပြီး အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ရော်နယ်ဒိုရဲ့ ဦးဆောင်မှုနဲ့အတူ အယ်လ်အီတီဖတ်ကို အနိုင်ရခဲ့တဲ့ အယ်လ်နာဆာအသင်းဟာ ဆော်ဒီ ပရော်ဖက်ရှင်နယ်လိဂ်ရဲ့ ထိပ်ဆုံးနေရာကို ပြန်ပြီး ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဒုတိယနေရာက အယ်လ်ဟီလယ် အသင်းထက် ၁ ပွဲလျော့ ကစားထားပေမယ့် ရမှတ် ၁ မှတ် အသာရထားတာပါ။ အယ်လ်နာဆာအသင်းဟာ ဇန်နဝါရီ ၂၇ ရက်မှာ ဆော်ဒီစူပါဖလား ပွဲစဉ်အဖြစ် အယ်လ်အီတီဟတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရော်နယ်ဒိုကပဲ အသင်းကို ဦးဆောင်ပြီး ပွဲထွက်လာနိုင်တာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

ရော်နယ်ဒိုကို စောင့်ကြိုနေတဲ့ အာရှစိန်ခေါ်မှု

By CNI
CNI
Category: ဆောင်းပါး
Hits: 1439

CNI Sport Article

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၂

ဥရောပမှာ မျှော်လင့်ထားတဲ့ အရာအားလုံးကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တဲ့ ရော်နယ်ဒိုအတွက် ဆော်ဒီပရိုလိဂ် ပွဲစဉ်ဖြစ်တဲ့ အယ်လ်အီတီဖတ်နဲ့ပွဲမှာ အသက် ၃၇ နှစ်အရွယ်ရှိ ကစားသမားအနေနဲ့ ပွဲထွက် နိုင်ခဲ့မယ်ဆိုရင် တနင်္ဂနွေနေ့မှာ သူ့ရဲ့အာရှခရီးစဉ်သစ်ကို စတင်နိုင်တော့မှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပီအက်စ်ဂျီအသင်းနဲ့ ခြေစမ်းပွဲမှာ ဆော်ဒီနိုင်ငံအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပြီး ၂ ဂိုး သွင်းယူကာ အကောင်းဆုံး ကစားသမားဆုရတဲ့အထိ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပရိသတ်တွေ အမှတ်ရ စေခဲ့တာ ဖြစ်ပါတယ်။

ကာလကြာရှည် ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံတာ ဖြစ်နိုင်တဲ့ ဒီပွဲမှာ အချင်းချင်း ပွေ့ဖက်နှုတ်ဆက် ခဲ့ကြသလို ပရိသတ်တွေ မျှော်လင့်နေသလို ဒီပွဲက ဖျော်ဖြေမှု များစွာကို ပေးစွမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

 မက်ဆီနဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်

စိတ်ပျက်စရာကောင်းတဲ့ ကမ္ဘာ့ဖလားအပြီးမှာ သူ့ရဲ့ ကစားသမားဘဝ နောက်ထပ် စာမျက်နှာတစ်ခုကို ထပ်ဖွင့်နိုင်ခဲ့တဲ့ ရော်နယ်ဒိုအတွက် သွင်းဂိုးရယူအပြီးမှာ နာမည်ကျော် အောင်ပွဲခံဟန် 'SIUUU' ကို ပရိတ်သတ်တွေပြန်ပြီး မြင်တွေ့ခဲ့ရတာပါ။

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ငိုကြွေးပြီး ထွက်ခွာခဲ့ရပေမယ့် ရီယာဒ့်မှာ ပြုလုပ်ခဲ့တဲ့ ခြေစမ်းပွဲမှာတော့ ပရိသတ်တွေ စိတ်လှုပ်ရှားစရာဖြစ်တဲ့ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

"ကွင်းထဲကို ပြန်လာရတာနဲ့ ဂိုးတွေသွင်းနိုင်လို့ ပျော်ရွှင်ရပါတယ်။ ပြီးတော့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့လည်း တွေ့ဆုံခွင့်ရခဲ့လို့ ဝမ်းသာပါတယ်"လို့ အကောင်းဆုံး ကစားသမားဆုနဲ့အတူ ဓါတ်ပုံတချို့ကို ရော်နယ်ဒိုက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာပါ။

ရော်နယ်ဒိုရဲ့ အယ်နာဆာ အပြောင်းအရွှေ့ဟာ ယူရိုသန်း ၂၀၀ ကျော်ရှိမယ်လို့ မီဒီယာတွေက ခန့်မှန်းထားကြပြီး ဒီသဘောတူညီမှုကနေ ငွေကြေး အကျိုးအမြတ် အများကြီး ရနိုင်သလို၊ ဆော်ဒီနိုင်ငံအပေါ် အာရုံစိုက်မှု အကြီးအကျယ် ရနိုင်တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဥရောပမှာ တောက်ပတဲ့ ကစားသမားဘဝကို ယူနိုက်တက်၊ ရီးရယ်လ်၊ ဂျူဗင်တပ်စ်တို့နဲ့ အတူ ဖြတ်သန်းခဲ့ပြီး ချန်ပီယံလိဂ် ၅ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန် 'SIUUU' ကို အာရှမှာ တွေ့ရစဉ်

ရော်နယ်ဒိုရဲ့ အယ်လ်နာဆာ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘောလုံး ဝေဖန်သုံးသပ်သူတွေကတော့ လူသိ နည်းတဲ့ လိဂ်တစ်ခုကို ပြောင်းတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ကြတာပါ။ ရော်နယ်ဒိုကတော့ မှန်ကန်တဲ့ အချိန်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုက "ကျနော့်ဘဝမှာ ဒီလိုကြီးမားတဲ့ ဆုံးဖြတ်ချက်ချရလို့ အလွန်ဂုဏ်ယူမိပါတယ်။ ဥရောပမှာ ကျနော့်ရဲ့အလုပ်တွေက ပြီးမြောက်သွားပါပြီ။ ကျနော် အရာရာကို အနိုင်ရခဲ့ပါတယ်။ ဥရောပရဲ့ အရေးပါတဲ့ ကလပ်အသင်းတွေမှာ ကစားခဲ့ပါတယ်။ အခုက အာရှမှာ စိန်ခေါ်မှု အသစ်တစ်ခုပါ"လို့ အယ်လ်နာဆာ ကစားသမားသစ်အဖြစ် မိတ်ဆက်ချိန်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာရဲ့ ပြင်သစ်လူမျိုးနည်းပြ ရူဒဂါစီယာကလည်း ရော်နယ်ဒိုကို ခေါ်ယူနိုင်မှုဟာ ဆော်ဒီပရိုလိဂ်ရဲ့ ကြီးမားတဲ့ ခြေလှမ်းဖြစ်တယ်လို့ ယုံကြည်ထားတာပါ။ ရော်နယ်ဒိုရဲ့ အသင်းသစ် အယ်လ်နာဆာအသင်းဟာ ဆော်ဒီလိဂ်မှာ အအောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အမှတ်ပေးချန်ပီယံဆုကို ၉ ကြိမ်အထိ ရယူထားပါတယ်။

အယ်လ်နာဆာအသင်းနဲ့ အကောင်းဆုံးကစားသမားဆုရစဉ်

ယူနိုက်တက်အသင်းနဲ့ ခါးခါးသီးသီး လမ်းခွဲခဲ့တဲ့ ရော်နယ်ဒိုဟာ အဲဗာတန်ပရိသတ်ရဲ့ လက်ထဲက ဖုန်းကို ရိုက်ချခဲ့လို့ အက်ဖ်အေရဲ့ ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရတာပါ။ ဒါကြောင့်လည်း အယ်လ်နာဆာအသင်း အတွက် ပွဲမထွက်နိုင်သေးတာဖြစ်ပြီး အသင်းရဲ့ လိဂ်ပွဲစဉ် ၂ ပွဲကို မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်နဲ့ အိမ်ကွင်း ပရိသတ်တွေကတော့ သူ့ရဲ့ မျှော်လင့်ချက်များစွာနဲ့ ပွဲထွက်လာမယ့် တနင်္ဂနွေ ပွဲဦးထွက် ပွဲစဉ်ကို စောင့်ရကျိုးနပ်ဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုအတွက် အာရှစိန်ခေါ်မှု တွေကလည်း အသင့်စောင့်ပြီး ကြိုနေကြပြီလည်း ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဖမ်းဆီးခံထားရတဲ့ ဒန်နီအဲလ်ဗတ်စ်ကို ပူးမတ်စ်အသင်း စာချုပ်ဖျက်သိမ်း

By CNI
CNI
Category: Watch TV
Hits: 601

Share
Tweet
Share
Share
powered by social2s

အပြောင်းအရွှေ့ကိစ္စရပ်တွေအတွက် ဂျူဗင်တပ်စ် ၁၅ မှတ်လျှော့ ပြစ်ဒဏ်ချခံရ

By CNI
CNI
Category: Watch TV
Hits: 595

Share
Tweet
Share
Share
powered by social2s
ဒန်နီအဲလ်ဗတ်စ်ကို တွေ့ရစဉ်

ဖမ်းဆီးခံထားရတဲ့ ဒန်နီအဲလ်ဗတ်စ်ကို ပူးမတ်စ်အသင်း စာချုပ်ဖျက်သိမ်း

By CNI
CNI
Category: အားကစား
Hits: 701

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁

ဝါရင့်နောက်ခံလူ ဒန်နီအဲလ်ဗတ်စ်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သံသယနဲ့ သောကြာနေ့က ဖမ်းဆီးခံလိုက် ရပြီး နောက်မှာတော့ မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းက သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ဒန်နီအဲလ်ဗတ်စ်ဟာ ဒီဇင်ဘာလ ၃၀ ရက်က ဘာစီလိုနာမှာရှိတဲ့ နိုက်ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးရဲ့ မဖွယ်မရာကို ထိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ဖမ်းဆီးခံခဲ့ရတာပါ။

ဘာစီလိုနာ ကစားသမားဟောင်းက ဒါကို ငြင်းဆန်ထားပေမယ့် တရားသူကြီးရဲ့ ရှေ့မှောက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အာမခံမပေးဘဲ ချုပ်နှောင်ထားဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဖြစ်ပြီးနောက် မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ စာချူပ်သက်တမ်းရှိနေတဲ့ ဒန်နီအဲလ်ဗတ်စ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ချက်ချင်း ဖျက်သိမ်းခဲ့တာပါ။

 ဒန်နီအဲလ်ဗတ်စ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားစဉ်

ပူးမတ်စ်အသင်းဥက္ကဋ္ဌ လီယိုပိုလ်ဒို ဆေးလ်ဗားက “ကလပ်အနေနဲ့ အသင်းအဖွဲ့မှာရှိတဲ့ ဘယ်သူပဲဖြစ်ပါစေ အသင်းရဲ့ စိတ်ဓါတ်နဲ့ သူ့ရဲ့တန်ဖိုးတွေကို ဆန့်ကျင်တဲ့ အရာတွေကို သည်းခံသွားမှာ မဟုတ်ပါဘူး။ လူတစ်ဦးရဲ့ အပြုအမူကြောင့် ကျနော်တို့ရဲ့ အလုပ်အတွေးအခေါ်ပိုင်း ထိခိုက်ပျက်ဆီးမှာကို ခွင့်မပြုနိုင်ပါဘူး”လို့ ပြောခဲ့ပါ တယ်။

ဒန်နီအဲလ်ဗတ်စ်ဟာ ဘာစီလိုနာကနေ ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့နှစ် ဇူလိုင်လကမှ မက္ကဆီကိုကလပ် အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၁၃ ပွဲ ပါဝင်ကစားခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်က ကလောဆိုရာနဲ့ ပွဲမှာ ပါဝင်ကစားခဲ့ပေမယ့် ဆန်းတို့စ်လာဂူနာကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာတော့ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

အဲလ်ဗတ်စ်ဟာ ဘာစီလိုနာအသင်းမှာ ပွဲပေါင်း ၄၀၈ ပွဲကစားခဲ့ပြီး အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း လူစာရင်းမှာလည်း ပါဝင်ခဲ့တာပါ။

ဒေသခံ ရဲတပ်ဖွဲ့ကလည်း အသေးစိတ် အချက်အလက်တွေကို ရိုက်တာနဲ့ အေအက်ဖ်ပီ သတင်းဌာနတွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Source: Goal/BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
နည်းပြ နီကိုလာကိုတွေ့ရစဉ်

နည်းပြကိုထုတ်ပြီး ၂ ရက်အတွင်း ပြန်ခန့်အပ်ခဲ့တဲ့ စီးရီးအေကလပ် ဆလာနီတာနာ

By CNI
CNI
Category: အားကစား
Hits: 709

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀

စီးရီးအေကလပ် ဆလာနီတာနာ အသင်းဟာ ပြီးခဲ့တဲ့ နှစ်ရက်ကမှ ပူပူနွေးနွေး ထုတ်ပယ်ခဲ့တဲ့ နည်းပြဖြစ်သူကို အသင်းမှာ ပြန်လည် ခန့်အပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အတ္တလန္တာအသင်းကို ၈ - ၂ ဂိုးနှင့် အရှက်တကွဲ ရှုံးနိမ်ခဲ့ပြီးမှာ အသင်းဘက်က နည်းပြ ဒေးဗစ်နီကိုလာကို ထုတ်ပယ် လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ဒီရှုံးပွဲဟာ အသင်းရဲ့ နောက်ဆုံးလိဂ် ၅ ပွဲအတွင်း ၄ ကြိမ်မြောက် ရှုံးနိမ့်မှုဖြစ်ပြီးတော့ အသင်းဟာလည်း အမှတ်ပေး ဇယားရဲ့ အောက်ခြေအဆင့် ၁၆ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

အီတလီမှလာတဲ့ သတင်းတွေအရ ဆာလာနီတာနာအသင်းဟာ ဝါရင့်နည်းပြ ဘင်နီတက်ဇ် အပါအဝင် နည်းပြ တော်တော်များများနဲ့ ချိတ်ဆက်ခဲ့ပေမယ့် သဘောတူညီမှု မရရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် နည်းပြဟောင်းဘက်ကို ပြန်လှည့်ခဲ့တာ ဖြစ်ပြီးတော့ နီကိုလာကို ထုတ်ပယ်ပြီး ၄၈ နာရီအတွင်းမှာပဲ သူ့ကို နည်းပြသစ်အဖြစ် ပြန်ခန့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 နည်းပြ နီကိုလာကိုတွေ့ရစဉ်

အသင်းဥက္ကဋ္ဌကိုယ်တိုင် သူ့ကို ဖုန်းခေါ်ခဲ့ပြီး ရာထူးပြန်ပေးခဲ့တဲ့ အကြောင်းနဲ့ပတ်သက်ပြီး နီကိုလာက အခုလိုပြော ပါတယ်။

“အမှန်အတိုင်းပြောရရင် ကျနော့်ကို ဥက္ကဋ္ဌက မနေ့က ဖုန်းဆက်ခဲ့ပါတယ်။ သူ့ ဘာကြောင့် ကျနော့်ကို ရာထူး ကနေ ထုတ်ဖို့ ဆုံးဖြတ်ခဲ့ရသလဲဆိုတာကို ရှင်းပြခဲ့တယ်။ ကျနော့်ဘက်ကလည်း ရှုံးပွဲအတွက် တောင်းပန်ခဲ့ပြီး တော့ ဒီကိစ္စအတွက် ကျနော့်မှာ အပြည့်အဝ တာဝန်ရှိတဲ့ အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။ ဒီအသင်းနဲ့ ဒီလူတွေအပေါ် ကျနော် ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဥက္ကဋ္ဌကို သူ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြန်စဉ်းစားဖို့ ကျနော့်ဘက်က တောင်းဆိုခဲ့ပါတယ်။ အသင်းဒါရိုက်တာနဲ့ ကျနော့်ကို ပြန်ခန့်ခဲ့တဲ့ အသင်း ဥက္ကဋ္ဌကို ကျေးဇူးတင် ပါတယ်။ အဲ့ဒီအတွက် ကျနော် ပြန်လည် ပေးဆပ်သွားပါမယ်”လို့ နီကိုလာက သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါ တယ်။

အသင်းဟောင်းအပေါ် နည်းပြသစ်အဖြစ် ပြန်လည် တာဝန်ယူခွင့်ရခဲ့တဲ့ နီကိုလာဟာ သူ့ရဲ့ဒုတိယအကြိမ်မြောက် နည်းပြဘဝအစကို လာမည့် စနေနေ့ နာပိုလီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အခုရာသီ ပုံစံကောင်း ပြနေကာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေတဲ့ နာပိုလီအသင်းကို နီကိုလာနဲ့ ဆလာနီတာ နာအသင်းသားတွေ ဘယ်လို တုန့်ပြန်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

မက်ဆီရဲ့ မျက်နှာနဲ့ အာဂျင်တီးနား ပြောင်းဖူးခင်း

By CNI
CNI
Category: Watch TV
Hits: 601

Share
Tweet
Share
Share
powered by social2s
ပြေးခုန်ပစ် ချန်ပီယံ အူစိန်ဘို့စ်ကိုတွေ့ရစဉ်

ဂျမေကာရှိ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုကုမ္ပဏီကို တရားစွဲမယ်လို့ အူစိန်ဘို့စ်ခြိမ်းခြောက်

By CNI
CNI
Category: အားကစား
Hits: 1079

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀

အူစိန်ဘို့စ်ဟာ သူ့ရဲ့အကောင့်ကနေ ပေါင် ၁၀ သန်းကျော် ပျောက်ဆုံးသွားပြီးနောက် ဂျမေကာရှိ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုကုမ္ပဏီကို တရားစွဲမယ်လို့ ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

အိုလံပစ်ရွှေတံဆိပ်ဆု ၈ ကြိမ် ရရှိခဲ့တဲ့ အူစိန်ဘို့စ်ရဲ့ ရှေ့နေဖြစ်သူတွေက အခုလ အစောပိုင်းမှာ လိမ်လည်မှု တစ်ခုအဖြစ် ဖော်ထုတ်ခဲ့ပြီး အားကစားသမားဟောင်းရဲ့ လက်ကျန် ငွေစာရင်းကို စစ်ဆေးခဲ့တာမှာ ပေါင် ၉,၇၀၀ သာ ကျန်ရှိတော့တာပါ။

အူစိန်ဘို့စ်ဟာ အားကစားသမား ဘဝကနေ အနားယူသွားပြီ ဖြစ်ပေမယ့် သူအနားမယူခင် အချိန်မှာ သူ့ရဲ့ ဝင်ငွေဟာ တစ်ရာသီကို ပေါင်သန်း ၂၀ လောက်အထိ ရရှိနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ပျောက်ဆုံးနေတဲ့ အူစိန်ဘို့စ်ရဲ့ ငွေကြေးတွေကို ပြန်ပေးဖို့ အဲဒီကုမ္ပဏီကို ၁၀ ရက် နောက်ဆုံး သတ်မှတ်ပေးထားပါတယ်။

ပြေးခုန်ပစ် ချန်ပီယံ အူစိန်ဘို့စ်ကိုတွေ့ရစဉ်

အူစိန်ဘို့စ်ရဲ့ ရှေ့နေ လင်တန်ပီဂေါ်ဒွန်က “အဆိုပါ အကောင့်ဟာ အူစိန်ဘို့စ်ရဲ့ အနားယူမှုနဲ့ တစ်သက်တာ စုဆောင်းငွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒါက ကျနော်တို့ရဲ့ အားကစားသမားအပေါ်မှာ ကြီးလေးတဲ့ လိမ်လည် လှည့်ဖြားမှုကို ကျူးလွန်တာပဲ”လို့ ပြောခဲ့တာပါ။

Stocks & Securities Limited ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံထားတဲ့သူ အများအပြားဟာ သူတို့ရဲ့ ငွေကြေးတွေ ပျောက်ဆုံးနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး ဂျမေကာဘဏ္ဍာရေးဝန်ဆောင်မှု ကော်မရှင်ကလည်း အရေးယူဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အိုလံပစ် ရွှေတံဆိပ်ဆု ၈ ကြိမ် အပါအဝင် ကမ္ဘာ့ချန်ပီယံဆုကို ၁၁ ကြိမ် ရရှိခဲ့တဲ့ အူစိန်ဘို့စ်ဟာ ၂၀၁၇ မှာ ပြေးခုန်ပစ် အားကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကမ္ဘာ့တာတို အပြေးချန်ပီယံ အဖြစ် စံချိန်တင်ထားနိုင်ခဲ့တဲ့ အူစိန်ဘို့စ်ဟာ ပြေးခုန်ပစ် အားကစားသမားဘဝက အနားယူပြီးနောက် ၂၀၁၈ က ပရော်ဖက်ရှင်နယ် ဘောလုံးလောကကို ကူးပြောင်းဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ သူဟာ ဩစတြေးလျ အေလိဂ်ကလပ် စင်ထရယ်ကို့စ် မာရီနာ အသင်းအတွက် ခြေစမ်းပွဲ တစ်ပွဲ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

အာဆင်နယ်ကို အနိုင်ရခဲ့တုန်းက ကတ်စမဲရိုးမပါဘူးလို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: Watch TV
Hits: 648

Share
Tweet
Share
Share
powered by social2s

အီမရန်ခန်းပါတီမှ တစ်ပတ်အတွင်း ပါကစ္စတန်ရှိ ပြည်နယ်လွှတ်တော်နှစ်ခုကို ဖျက်သိမ်း

By CNI
CNI
Category: Watch TV
Hits: 577

Share
Tweet
Share
Share
powered by social2s
ဆန်ချိုကိုတွေ့ရစဉ်

လေ့ကျင့်မှုတွေ ပြန်လုပ်နေပေမယ့် အာဆင်နယ်နဲ့ပွဲမှာ ဆန်ချို မပါဝင်နိုင်

By CNI
CNI
Category: အားကစား
Hits: 947

လေ့ကျင့်မှုတွေ ပြန်လုပ်နေပေမယ့် အာဆင်နယ်နဲ့ပွဲမှာ ဆန်ချို မပါဝင်နိုင်

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉

ယူနိုက်တက်အသင်းဟာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီဖြစ်တဲ့ ဆန်ချိုကို အသင်းထံ အလျင်စလိုနဲ့ ပြန်လာစေမှာ မဟုတ်တာကြောင့် အာဆင်နယ်အသင်းနဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဆန်ချိုဟာ အောက်တိုဘာလကတည်းက ယူနိုက်တက် အသင်းအတွက် မကစားရသေးဘဲ ဒီဇင်ဘာလမှာ ယူနိုက်တက်နည်းပြ အကြံပြုထားတဲ့ နည်းပြတွေနဲ့အတူ နယ်သာလန်မှာ ကိုယ်ပိုင် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆန်ချိုဟာ ဒီရာသီမှာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ရုန်းကန်နေရပြီး အခုနှစ်ထဲမှာ ယူနိုက်တက်ဆီ ပြန်ရောက်လာခဲ့ပေမယ့် နည်းပြက သူ့ကို ဂရုတစိုက် ကိုင်တွယ်နေတာပါ။

အင်္ဂလန် ကစားသမားဟာ ဒီတစ်ပတ်ထဲမှာ အသင်းကြီးရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဆန်ချိုဟာ ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ လူစာရင်းထဲမှာလည်း မပါဝင်ခဲ့ ပါဘူး။

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားနေတဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒေးလီးမေးလ်က ဆန်ချိုအနေနဲ့ အာဆင်နယ် အသင်းနဲ့ပွဲအတွက် လူစာရင်းမှာ ပါဝင်ခဲ့မယ်ဆိုရင် အံ့အားသင့်စရာ တွေ ဖြစ်လာလိမ့်မယ်လို့ ဖော်ပြထားတာပါ။

နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆန်ချိုကိုတွေ့ရစဉ်

အသက် ၂၂ နှစ်အရွယ်ရှိ ဆန်ချိုဟာ လီဗာပူးလ်နဲ့ လက်စတာ အသင်းဘက်ကို ဂိုးသွင်းပြီး တောက်ပတဲ့ ရာသီ တစ်ခုကို စတင်နိုင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၃ လက ချယ်လ်ဆီးအသင်းနဲ့ ၁ ဂိုးစီ သရေကျပြီး နောက်ပိုင်း အသင်း အတွက် မပါဝင်နိုင်တော့တာ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ဆန်ချို ပြန်လာတာကို အမြန်ဆုံး လိုချင်ပေမယ့် စိတ်ရှည်ဖို့တော့ လိုတယ်လို့ ပြောခဲ့တာပါ။

အဲရစ်တန်ဟတ်က “ဖြစ်နိုင်မယ်ဆိုရင် ဂျေဒန် အမြန်ဆုံး အသင်းအတွက် ပြန်လာတာကို လိုချင်ပါတယ်။ ကျနော့် မှာရှိတဲ့ အရာတွေအတိုင်း အားလုံးကို လုပ်ဆောင်မှာပါ။ ဒါပေမယ့် အတင်းအကြပ် လုပ်လို့မရတဲ့ လုပ်ငန်းစဉ် တချို့ရှိနေပြီး ဒါကလည်း ဒီထဲမှာ ပါဝင်နေတဲ့ အရာပါ။ ဒါကြောင့် စိတ်ရှည်ဖို့ လိုပါတယ်။ သူက မှန်ကန်တဲ့ လမ်း ကြောင်းပေါ်မှာ ရှိနေပေမယ့် ဒီအချိန်မှာ မလုံလောက်ပါဘူး။ သူအမြန်ဆုံး ပြန်လာဖို့ မျှော်လင့်ပေမယ့် ဘယ် လောက် ကြာမယ်ဆိုတာ မပြောနိုင်ပါဘူး”လို့ အခုလ အစောပိုင်းက ပြောထားတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်က ဒေါ့မွန်ကနေ ရောက်ရှိလာတဲ့ ဆန်ချိုဟာ ယူနိုက်တက်အသင်းအတွက် ၅၂ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19

Page 15 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar