CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄

ရီးရယ်လ်နဲ့ စပါးအသင်း ကြယ်ပွင့်ဟောင်း ဂါရတ်ဘေးလ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကကနေ အနား ယူပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာမှာ PGA Tour ဂေါ့ဖ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ပြောလိုက် ပါတယ်။

ဂါရတ်ဘေးလ်က “ကျနော်ဟာ လာမယ့်လအစပိုင်း AT&T Pebble Beach Pro-Am မှာ ပါဝင်ယှဉ်ပြိုင်သွားမယ် ဆိုတာကို ကြေညာရတာ ဝမ်းသာတယ်”လို့ အင်စတာဂရမ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေးလ်စ်အသင်း ပါဝင်ခွင့်ရအောင် ကူညီနိုင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ လော့အိန်ဂျလိစ် အသင်းကိုလည်း မေဂျာလိဂ်ဖလား ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာပါ။

ဂါရတ်ဘေးလ်ကို ချန်ပီယံလိဂ်ဖလားနဲ့အတူတွေ့ရစဉ်

ဒါပေမယ့် ဂါရတ်ဘေးလ်ဟာ ဇန်နဝါရီ ၇ ရက်မှာတော့ ဘောလုံးလောကကနေ အနားယူပြီလို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဂါရတ်ဘေးလ်ဟာ ရီးရယ်လ်အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၅ ကြိမ် အပါအဝင် အောင်မြင် မှု ဆုဖလား အများအပြား ရယူနိုင်ခဲ့သလို စပါးအသင်းမှာလည်း ၂ ကြိမ် ကစားခဲ့တာပါ။

ဂါရတ်ဘေးလ်ဟာ ဂေါ့ဖ်အားကစားနည်းကို စိတ်ဝင်စားတာကြောင့် ဘောလုံးကစားနေချိန် အတွင်းမှာလည်း ကစားခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။ အခုအချိန်မှာတော့ ဂေါ့ဖ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ဂါရတ်ဘေးလ်က စီစဉ်လာခဲ့တာပါ။

ဂါရတ်ဘေးလ် ပါဝင်မယ့် ဒီပြိုင်ပွဲမှာ အမေရိကန် အိုးပန်းချန်ပီယံဆုရှင် ဖစ်ဇ်ပတ်ထရစ်၊ အနုပညာရှင်တချို့နဲ့ အပျော်တမ်း ၁၅၆ ဦး ပါဝင်မှာ ဖြစ်ပါတယ်။ ကာလီဖိုးနီးယားမှာ ၄ ရက်ကြာ ကျင်းပမယ့် ဒီပြိုင်ပွဲမှာ ဆုကြေး အဖြစ် အမေရိကန် ဒေါ်လာ ၉ သန်း ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

Source: Goal