CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄

ပိုလန်အသင်းဟာ ပေါ်တူဂီအသင်း နည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်မှာ ဖြစ်တယ် လို့ ပိုလန်အက်ဖ်အေဥက္ကဋ္ဌ ကူလတ်စ်ဇာက အတည်ပြုလိုက်ပါတယ်။

ဖာနန်ဒိုဆန်းတို့စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို ကိုင်တွယ်ခဲ့ပေမယ့် အသင်းဟာ မော်ရိုကိုကို အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာပါ။

အဲ့ဒါကြောင့် ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ဟာ ဖာနန်ဒိုဆန်းတို့စ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဒီဇင်ဘာလမှာ ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ပိုလန်အသင်းကလည်း နည်းပြဖြစ်သူ မီချီနီဝစ်ဇ်ဟာ ဒီဇင်ဘာလ အကုန်က ထွက်ခွာခဲ့တာကြောင့် နည်းပြသစ် ရှာဖွေနေခဲ့တာပါ။

မီချီနီဝစ်ဇ်ဟာ ပိုလန်အသင်းကို နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ် ၁၆ သင်းအဆင့် တက်ရောက်နိုင် အောင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပိုလန်အက်ဖ်အေက သူ့ကို စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပိုလန်လက်ရွေးစင်အသင်းကိုတွေ့ရစဉ်

ပိုလန်အသင်းဟာ နည်းပြသစ် ရှာဖွေတာမှာ အက်စတွန်ဗီလာ အသင်းနည်းပြဟောင်း စတီဗင်ဂျရတ်လည်း လျာထားတဲ့ စာရင်းမှာ ပါဝင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လက်ရွေးစင်နည်းပြ အတွေ့အကြုံရှိတဲ့ ဖာနန်ဒို ဆန်းတို့စ်ကိုပဲ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

ပိုလန်အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီး ခါမေလ်ဘော့တ်နီချုပ်ခ်က ဖာနန်ဒိုဆန်းတို့စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခြင်းအတွက် ကူလတ်စ်ဇာနဲ့ ပိုလန်အက်ဖ်အေတို့ကို ချီးကျူးခဲ့ပါတယ်။

ခါမေလ်ဘော့တ်နီချုပ်ခ်က “ဆန်းတို့စ်ဟာ အလွန်ကောင်းမွန်တဲ့ အလုပ်အကိုင် မှတ်တမ်းရှိတဲ့သူပါ။၂၀၁၀ ကတည်းက ဂရိနဲ့ ပေါ်တူဂီ၊ အရင်ကဆို ဂရိနဲ့ ပေါ်တူဂီကလပ်တွေ၊ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း အောင်မြင် မှု ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုလို ထိပ်တန်းကြယ်ပွင့်တွေနဲ့ လက်တွဲခဲ့တဲ့ အတွေ့အကြုံလည်း ရှိတယ်”လို့ တွစ်တာ မှာ ရေးသားခဲ့ပါတယ်။

ဖာနန်ဒိုဆန်းတို့စ်ဟာ ပိုလန်အသင်းကို လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာ စတင်ကိုင်တွယ်ရတော့မှာ ဖြစ်ပါ တယ်။ ပိုလန်အသင်းဟာ အုပ်စု E မှာ ချက်၊ အယ်လ်ဘေးနီးယား၊ ဖာရိုးကျွန်းစု၊ မော်လ်ဒိုဗာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Source: CNA