CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

မက္ကဆီကိုနဲ့ပွဲမှာ ပိုလန်အသင်းရဲ့ အသင်းခေါင်းဆောင် လီဝန်ဒေါစကီးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုလန်အသင်း အတွက် ပင်နယ်တီ ကန်သွင်းမှုတွေကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ နည်းပြ မီချီနီဝစ်ဇ်က ပြောပါတယ်။

မီချီနီဝစ်ဇ်က “လီဝန်ဒေါစကီး အပါအဝင် မက္ကဆီကိုပွဲနဲ့ ပတ်သက်ပြီး တစ်သင်းလုံးနဲ့ စကားပြောခဲ့ပါတယ်။ ပင်နယ်တီ ကန်သွင်းတာနဲ့ ပတ်သက်ပြီး ဘာမှပြောင်းလဲမှု မရှိပါဘူး။ ရောဘတ်ဟာ ဒါကို စွမ်းဆောင်နိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရဆဲ ဖြစ်ပါတယ်။ အားလုံးက သူ့အပေါ်မှာပဲ မူတည်ပါတယ်။ ဘာမှ ပြောင်းလဲခြင်း မရှိပါဘူး”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

လီဝန်ဒေါစကီးဟာ မက္ကဆီကိုအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ပိုလန်အသင်းရတဲ့ ပင်နယ်တီ အခွင့်အရေးကို ကန်သွင်းခွင့် ရခဲ့တာပါ။

လီဝန်ဒေါစကီးရဲ့ ပင်နယ်တီကန်သွင်းမှုကို မက္ကဆီကိုအသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့စဉ် (Sport)

ဒါပေမယ့် သူ့ရဲ့ ကန်သွင်းမှုကို မက္ကဆီကိုအသင်းရဲ့ ဂိုးသမား အိုချူအာက ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးကပဲ ပိုလန်အတွက် ပင်နယ်တီတွေကို ဆက်ပြီး ကန်သွင်းသွားမှာပါ။

လီဝန်ဒေါစကီးဟာ လက်ရှိအချိန်ထိ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ သွင်းဂိုး မရသေးတာကြောင့် ဒီပြိုင်ပွဲမှာ အရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး အတွက် ဒီကမ္ဘာ့ဖလားဟာ နောက်ဆုံးကမ္ဘာ့ဖလား ပြိုင်ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ပိုလန်အသင်းအတွက် ၁၃၅ ပွဲ ပါဝင်ကစားထားပြီး ၇၆ ဂိုးသွင်းယူကာ နိုင်ငံရဲ့ ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ပိုလန်အသင်းဟာ နိုဝင်ဘာလ ၂၆ ရက်မှာ ကမ္ဘာ့ဖလားအုပ်စု ဒုတိယပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းကို အနိုင်ရခဲ့တဲ့ ဆော်ဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA