CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆

ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးက သူ့ရဲ့ အောင်မြင်တဲ့ ကစားသမားဘဝဟာ အဆုံးသတ်ဖို့ နီးစပ်လာပြီဆိုတာ ဝန်ခံခဲ့ပြီး ကွင်းပြင်ပမှာ လုပ်ဆောင်ရမယ့် အရာတွေအတွက် အာရုံစိုက်နေပြီလို့ ပြောခဲ့ ပါတယ်။ 

လီဝန်ဒေါစကီးက “ဘောလုံးကစားအပြီးမှာ ကျနော် လုပ်နိုင်တဲ့ အရာတွေအတွက် ပြင်ဆင်ဖို့ စတင်နေပြီဖြစ်လို့ ကျနော့် ကစားသမားဘဝကို အဆုံးသတ်ဖို့ ကျနော် မကြောက်ပါဘူး။ ဒါက ကျနော့်ဘဝရဲ့ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာကို သိပေမယ့် အရာအားလုံးတော့ မဟုတ်ပါဘူး။ ငယ်ငယ်တုန်းက ဘောလုံးပဲ ခေါင်းထဲမှာ ရှိနေတာကြောင့် ဒါကိုမတွေးခဲ့ပေမယ့် အခုတော့ ကစားသမားဘဝကို အဆုံးသတ်ဖို့ နီးစပ် လာပြီဆိုတာ သိပါတယ်”လို့ 'High Performance' podcast ကို ပြောခဲ့တာပါ။ 

အသက် ၃၇ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီ ဖြစ်ပါ တယ်။ 

လီဝန်ဒေါစကီးဟာ လက်ရှိအချိန်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးသတင်းတွေ အများအပြား ထွက်ပေါ်နေပေမယ့် အလျင်စလို ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ပြောထားတာပါ။ 

လီဝန်ဒေါစကီးကိုတွေ့ရစဉ် 

လီဝန်ဒေါစကီးက သူ့ခန္ဓာကိုယ်ရဲ့ ပြောဆိုမှုကို နားထောင်ပြီး တစ်ခုခု ပြောင်းလဲသွားတယ်လို့ ခံစားရရင် အဆုံးသတ်ဖို့ အဆင်သင့် ဖြစ်နေမယ်လို့လည်း ပြောခဲ့ပါတယ်။ 

လီဝန်ဒေါစကီးဟာ သူ့ရဲ့ ကစားသမားဘဝကို ဂျာမန်မြေမှာ အကြာကြီးဖြတ်သန်းခဲ့ပြီး ဒေါ့မွန်အသင်းမှာ ၄ ရာသီ၊ ဘိုင်ယန်မြူးနစ်အသင်းမှာ ၈ ရာသီကြာ ကစားခဲ့တာပါ။ 

ပိုလန်အသင်း ခေါင်းဆောင်ဟာ ဘာစီလိုနာအသင်းမှာ သူ့ရဲ့ နောက်ဆုံးရာသီဖြစ်နိုင်မယ့် စတုတ္ထရာသီမြောက်ကို ဖြတ်သန်းနေပြီး ၁၉ ပွဲ ကစားထားတာမှာ ၉ ဂိုး သွင်းယူထားပါတယ်။

လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်း ကစားသမားဘဝမှာ ၁၆၆ ပွဲ ကစားထားပြီး ၁၁၀ ဂိုးသွင်းယူကာ လာလီဂါ ဖလား ၂ ကြိမ်၊ စပိန်စူပါဖလား ၂ ကြိမ်နဲ့ ကိုပါဒယ်ရေးဖလား ၁ ကြိမ်ရယူထားတာပါ။ 

ဘာစီလိုနာအသင်းဟာ စပိန်စူပါကိုပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ဖို့ ဆော်ဒီနိုင်ငံကို ရောက်ရှိနေပြီး ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: besoccer