CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ကိုယ်စားလှယ်တွေဟာ ဆော်ဒီပရိုလိဂ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင် နေတာကြောင့် ကစားသမားဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ နီးကပ်လာပြီလို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
စပိန်သတင်းစာ AS က လီဝန်ဒေါစကီးရဲ့ အေးဂျင့်ဇဟာဗီဟာ ဇန်နဝါရီ အပြောင်းအရွှေ့ဖွင့်မယ့် နှစ်သစ်ကူးနေ့ မတိုင်မီမှာ ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေနဲ့ အစည်းအဝေး ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားတာပါ။
ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၈ ဂိုး သွင်းယူထားတဲ့ လီဝန်ဒေါစကီးဟာ ဆော်ဒီပရိုလိဂ်ထံက ကမ်းလှမ်း မှုကို ရရှိထားပြီးဖြစ်ပေမယ့် ဘယ်အသင်းတွေက ကမ်းလှမ်းထားလဲဆိုတာ မသိရသေးပါဘူး။
အခုလအစောပိုင်းက လီဝန်ဒေါစကီးရဲ့ ကိုယ်စားလှယ်တွေဟာ မေဂျာလိဂ်ထံ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ချီကာဂိုအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြခဲ့ပါတယ်။

နေမာနဲ့ ဒီဘရိုင်းတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ ချီကာဂိုအသင်းဟာ လီဝန်ဒေါစကီးကို ဦးစားပေး ခေါ်ယူမှု အဖြစ် သတ်မှတ်ထားပြီး ချီကာဂိုဟာ အမေရိကန်ရဲ့ အကြီးဆုံး ပိုလန် အသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားပါတယ်။
၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းအတွက် ၁၆၅ ပွဲကစားထားပြီး ၁၀၉ ဂိုး သွင်းယူထားကာ လာလီဂါဖလား ၂ ကြိမ် အပါအဝင် ဆုဖလား ၅ ခု ရယူထားပါ တယ်။
ဒီရာသီကုန်ရင် ဘာစီလိုနာအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လီဝန်ဒေါစကီးဟာ စပိန်တိုက်စစ်မှူး ဖာရန်တောရက်စ် ရဲ့ ခြေစွမ်းပြသမှုတွေကြောင့် အသင်းမှာ အနာဂတ် မရေမရာဖြစ်နေခဲ့တာပါ။
လီဝန်ဒေါစကီးကတော့ သူဟာ အနာဂတ်နဲ့ပတ်သက်ပြီး အလျင်စလို ဆုံးဖြတ်သွားမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ဖြေထားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဇန်နဝါရီ ၃ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် အက်စပန်ညိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
Source: Goal
