CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂

မန်စီးတီးအသင်း နောက်ခံလူဟောင်း ကန်ဆယ်လိုဟာ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်ဖွင့်တဲ့ အချိန်မှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ် အသင်းကနေ ထွက်ခွာပြီး ဥရောပထံ ပြန်လာဖို့ အံ့အားသင့်ဖွယ် ပြင်ဆင်နေပါတယ်။ 

ကန်ဆယ်လိုကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းအပြင် စီးရီးအေ ထိပ်သီးတွေဖြစ်တဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် အသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။ 

ဖာဘရီဇီယိုရိုမာနိုက အင်တာမီလန်အသင်းဟာ ကန်ဆယ်လိုကို အငှားနဲ့ခေါ်ယူဖို့ အယ်လ်ဟီလယ်အသင်းထံ ချဉ်းကပ်ခဲ့ပြီး အသင်းဟောင်း ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ကလည်း သူ့ရဲ့ အခြေအနေအကြောင်း မေးမြန်းဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ကန်ဆယ်လိုဟာ ၂၀၂၃-၂၄ ရာသီကို ဘာစီလိုနာအသင်းမှာ အငှားနဲ့ကုန်ဆုံးခဲ့ပြီး ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အထင်ကြီးဖွယ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 

ကန်ဆယ်လိုကို တွေ့ရစဉ် 

ဘာစီလိုနာအသင်းဟာ နောက်ခံလူ ခရစ္စတန်ဆန် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရဖွယ် ရှိနေတဲ့ အတွက် ဗဟိုနောက်ခံလူ တစ်ဦးကို ဈေးကွက်ထဲမှာ ရှာဖွေဖို့ရှိပေမယ့် နေရာစုံ ကစားနိုင်တဲ့ ကန်ဆယ်လိုရဲ့ နာမည်ဟာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

ကန်ဆယ်လိုဟာ ဘယ်နောက်ခံလူ၊ ညာနောက်ခံလူအပြင် ကွင်းလယ်လူအဖြစ်တောင် ကစားနိုင်တဲ့အတွက် ဘာစီလိုနာအသင်းရဲ့ နေရာ အများအပြားကို ဖြေရှင်းမှုတွေ ပြုလုပ်ပေးနိုင်တာပါ။

အင်တာမီလန်အသင်းဟာ ညာတောင်ပံ နောက်ခံလူ နေရာအတွက် ကန်ဆယ်လိုကို ခေါ်ယူချင်နေပြီး အယ်လ်ဟီလယ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်နွေရာသီမှာ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ကန်ဆယ်လိုဟာ အသင်းအတွက် ၄၅ ပွဲ ကစားထားပြီး ၃ ဂိုးသွင်းယူထားကာ ၂၀၂၇ ရာသီကုန်အထိ စာချုပ်ရှိနေတာ ဖြစ်ပါတယ်။ 

Source: Goal