CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားမှုအပေါ် စပါးအသင်း ပြစ်တင်ရှုတ်ချ

By CNI
CNI
Category: Watch TV
Hits: 895

Share
Tweet
Share
Share
powered by social2s

ထိပ်ဆုံး ၂ သင်းကို လိုက်မှီဖို့ ယူနိုက်တက် နီးစပ်နေပြီလို့ ရက်ရှ်ဖို့ဒ်ပြော

By CNI
CNI
Category: Watch TV
Hits: 921

Share
Tweet
Share
Share
powered by social2s
ဂလေဇာမိသားစုကိုတွေ့ရစဉ်

ပေါင် ၆ ဘီလီယံထက် လျှော့ပြီး ယူနိုက်တက်ကို ဂလေဇာမိသားစု မရောင်း

By CNI
CNI
Category: အားကစား
Hits: 1251

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှု အများအပြားကို လက်ခံရရှိပြီးနောက် အသင်းကို ပေါင် ၆ ဘီလီယံထက် လျော့နည်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ရောင်းချမယ်လို့ ကြေညာပြီးနောက် အသင်းကို ဝယ်ယူဖို့အတွက် တရားဝင်ကမ်းလှမ်းမှု ၂ ခုကို လက်ခံရရှိထားပါတယ်။

ကာတာဘဏ် အကြီးအကဲ ရှိတ်ဂျာဆင်အယ်သာနီနဲ့ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်တို့က ယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဆော်ဒီနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကလည်း ယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းလာနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားမှု အများအပြား ရှိပေမယ့် ဂလေဇာ မိသားစုကတော့ သူတို့ သတ်မှတ်ထား တဲ့ ကြီးမားတဲ့ ဈေးနှုန်းကို မပေးနိုင်ဘူးဆိုရင် ရောင်းချသွားဖို့ မရှိဘူးလို့လည်း သိရပါတယ်။

The Sun က အမေရိကန်လူမျိုးတွေဟာ ပေါင် ၆ ဘီလီယံ ထက်နည်းတဲ့ ပမာဏကို လက်ခံသွားမှာ မဟုတ်ဘူးလို့ ဖော်ပြထားတာပါ။

ဒီလို ဂလေဇာမိသားစုရဲ့ တန်ဖိုးသတ်မှတ်မှုကြောင့် ယူနိုက်တက်ကို ဝယ်ယူချင်တဲ့ သူတွေအတွက် အခက်တွေ့ လာဖွယ် ရှိနိုင်ပါတယ်။ Forbes ရဲ့ ဖော်ပြမှုအရ ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်အသင်းရဲ့ တန်ဖိုးဟာ ပေါင် ၃.၇ ဘီလီယံ ရှိခဲ့တယ်လို့ သိရတာပါ။

ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

ရှိတ်ဂျာဆင်မ်ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ ပေါင် ၄.၅ ဘီလီယံနဲ့ အမြင့်ဆုံးလေလံဆွဲဖို့ ကမ်းလှမ်းထားပြီး ရက်ကလစ်ဖ်ကတော့ ပေါင် ၄ ဘီလီယံနဲ့ လေလံဆွဲဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ဂလေဇာမိသားစု အသင်းကနေ ထွက်ခွာဖို့ ယူနိုက်တက် ပရိသတ်တွေက လိုလားနေကြပေမယ့် ဂျိုရယ်လ်နဲ့ အေဗရန်တို့ဟာ အသင်းကို ရောင်းချနိုင်ဖို့အတွက် စိတ်အားထက်သန်မှု နည်းပါးနေပါတယ်။

သူတို့ ညီအစ်ကိုနှစ်ဦးဟာ ကလပ်ရဲ့ နေ့စဉ်လည်ပတ်မှုမှာ အများဆုံးပါဝင်ခဲ့ကြပြီး ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ပိုင်ဆိုင်ထားပေမယ့် အသင်းကို နှုတ်ဆက်လိုခြင်း မရှိဘဲ ဖြစ်နေပါတယ်။

ကွယ်လွန် သွားပြီဖြစ်တဲ့ မယ်လ်ကွန်ဂလေဇာဟာ ၂၀၀၃ ကနေ ၂၀၀၅ ကြားထဲမှာ ယူနိုက်တက်ကို အလုံးစုံ ပိုင်ဆိုင်နိုင်ဖို့ ပေါင်သန်း ၇၉၀ သုံးစွဲခဲ့ပါတယ်။

ပေါင် ၄ ဘီလီယံနဲ့ ရောင်းချရင်တောင် ကြီးမားတဲ့ အမြတ်ကို ရရှိနိုင်ပေမယ့် ဂလေဇာမိသားစုဟာ အသင်းကို အလျင်စလို ရောင်းချလိုခြင်းမရှိဘဲ သူတို့လိုချင်တဲ့ ပမာဏရတဲ့အထိ ပိုင်ရှင်အဖြစ် ဆက်လက် ရှိနေဦးမယ်လို့ သိရပါတယ်။

ယူနိုက်တက် ပရိသတ်တွေကတော့ အသင်းအောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ၊ အရည်အသွေးမြင့် ကစားသမား သစ်တွေ အားမဖြည့်ပေးတာတွေကြောင့် ဂလေဇာမိသားစုကို ထွက်ခွာ သွားစေချင်ကြတာ ဖြစ်ပါတယ်။

Source: Mirrora

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘာစီလိုနာပွဲမှာ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ရက်ရှ်ဖို့ဒ်က ဥရောပရဲ့အန္တရာယ်အရှိဆုံး ကစားသမားလား

By CNI
CNI
Category: ဆောင်းပါး
Hits: 1598

CNI Sport Article

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီက သူတို့နဲ့ ယူရိုပါလိဂ် ပထမအကျော့ မကစားခင်မှာ ယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဥရောပရဲ့ အန္တရာယ်အရှိဆုံး ကစားသမားတွေထဲက တစ်ဦးလို့ ပြောခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဇာဗီပြောခဲ့သလိုပဲ ဘာစီလိုနာအသင်းကို ပထမအကျော့မှာ ဒုက္ခပေးနိုင်တယ်ဆိုတာ အားလုံး မြင်တွေ့ခဲ့ရပါတယ်။ ဒီရာသီမှာ ဂိုးသွင်းရခက်တဲ့ ဘာစီလိုနာကို ၁ ဂိုးသွင်းပြီး နောက်တစ်ဂိုး ရခဲ့တာမှာလည်း ပါဝင် ပတ်သက်အောင် လုပ်နိုင်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာပြီးကတည်းက ယူနိုက်တက်အတွက် ပွဲတိုင်းလိုလို ပါဝင်ပြီး ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ ပြောရမယ်ဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားအပြီး ကစားခဲ့တဲ့ ၁၆ ပွဲမှာ ၁၃ ဂိုး သွင်းယူခဲ့ တာဖြစ်ပြီး ဒါဟာ ဥရောပထိပ်တန်း ၅ လိဂ်မှာရှိတဲ့ ဘယ်ကစားသမား ထက်မဆို သာလွန်နေတဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။

 

ရက်ရှ်ဖို့ဒ် ခေါင်းတိုက်သွင်းနေစဉ်

ရက်ရှ်ဖို့ဒ် ပါဝင်ပြီဆိုရင် ယူနိုက်တက်အသင်းဟာ သေချာပေါက် ဂိုးရနေပြီလို့ နည်းပြ၊ ပရိသတ်တွေနဲ့ ပြိုင်ဘက် နည်းပြတွေကပါ ရိပ်မိနေလောက်ပါပြီ။ ရက်ရှ်ဖို့ဒ်ဟာ အခုဆိုရင် ခြေထောက် နှစ်ဖက်စလုံးနဲ့ အပြင် ခေါင်းတိုက် ပြီးပါ ဂိုးသွင်းလာနိုင်တဲ့အထိ ကြိုးစားအားထုတ်မှုတွေ ရှိလာခဲ့တာပါ။

အင်္ဂလန်တိုက်စစ်မှူးဟာ အခုဆိုရင် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၂ ဂိုး သွင်းယူထားပြီး သူ့ရဲ့အကောင်းဆုံး ရာသီ ဖြစ်တဲ့ ၂၀၁၉-၂၀ ရာသီက သွင်းဂိုး အရေအတွက်ကို လိုက်မှီသွားပြီ ဖြစ်ပါတယ်။

အဲဒါကြောင့် ရက်ရှ်ဖို့ဒ် အနေနဲ့ နောက်ထပ် သွင်းဂိုး ၁ ဂိုးကို ရယူနိုင်ခဲ့မယ်ဆိုရင် ဒီရာသီဟာ သူ့ရဲ့ အကောင်းဆုံး ရာသီအဖြစ် သတ်မှတ်လို့ ရသွားပြီ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အခုလို ခြေစွမ်းတွေ ပြန်ရနေတာက နည်းပြ အဲရစ်တန်ဟတ်ကြောင့်လို့ အများကြီး ပြောလို့ရပါတယ်။

အဲရစ်တန်ဟတ်ရဲ့ ယုံကြည်မှုနဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို ပေါင်းစပ်လိုက်တဲ့ အချိန်မှာ အခုလိုမျိုး ရလဒ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ် ရာသီက ပြိုင်ပွဲစုံ ၅ ဂိုးသာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်နဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ဒါဟာ သူ့အတွက် အဆိုးရွားဆုံးရာသီ ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ ဆိုက်ပိနေတယ်ဆိုပြီး ဝေဖန်မှုတွေ အများအပြား ခံရကာ ယူနိုက်တက်ကနေ ထွက်ခွာဖို့အထိ ရှိခဲ့တာပါ။ ဒါပေမယ့် အဲရစ်တန်ဟတ် ရောက်လာအပြီးမှာ ရက်ရှ်ဖို့ဒ် ကို ဦးစားပေးအဖြစ် သတ်မှတ်ပြီး ကစားသမား ပုံမှန်ခြေစွမ်း ပြန်ရလာအောင် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။

ကစားသမားကို ယုံကြည်မှု အများကြီး ပေးခဲ့တာကြောင့်လည်း ရက်ရှ်ဖို့ဒ် ဆီကနေ အခုလို ခြေစွမ်းပြ သွင်းဂိုးတွေ ကို မြင်တွေ့လာခဲ့ရတာပါ။

အဲရစ်တန်ဟတ်ကတော့ ပွဲတိုင်းလိုလို သူ့ရဲ့ ကစားသမားကို ချီးကျူးမှု ပြုလုပ်ခဲ့ပြီး ဒီမှာပဲ ရပ်မနေဘဲ ဆက်ပြီး ကြိုးစားနေဖို့ အမြဲတမ်း တိုက်တွန်းခဲ့သလို စာချုပ်သစ် ချုပ်ဖို့ကိုလည်း ပြောထားတာပါ။

အဲရစ်တန်ဟတ်ဟာ ရက်ရှ်ဖို့ဒ်ကို ဦးစားပေးအဖြစ် သတ်မှတ် ထားတယ်ဆိုပေမယ့် ကစားသမားကို စည်းကမ်း ပိုင်းဆိုင်ရာ ကောင်းမွန်အောင်လည်း အပြစ်ပေး အရေးယူတာ မျိုးတွေရှိခဲ့တယ်။ အဲ့ဒါကြောင့်လည်း ရက်ရှ်ဖို့ဒ်ဟာ အဲရစ်တန်ဟတ် လက်အောက်မှာ အရာရာ ဂရုစိုက်ပြီး သူ့ကိုယ်သူ ဒီထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင် နေ တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ် ဂိုးသွင်းနေစဉ်

ရက်ရှ်ဖို့ဒ်ဟာ တစ်ဦးချင်း ကျော်ဖြတ်တာမှာလည်း ကောင်းမွန်လာသလို ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့တဲ့ အချိန်မှာ လည်း အဆုံးသတ်ပိုင်း ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းကို ဆုဖလားတွေနဲ့ ဝေးကွာနေတာကို အဆုံးသတ်ဖို့အတွက် ကာရာဘောင်းဖလား ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ထားသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၃ နေရာ ရပ်တည်ကာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ် ကတော့ ကျေနပ်တယ်ဆိုတာ ပျင်းရိနိုင်တာကြောင့် ရက်ရှ်ဖို့ဒ်ကို ဆက်ကြိုးစားဖို့ ပြောထားတာ ကြောင့် ကစားသမားအနေနဲ့ လက်ရှိ ကစားသမားဘဝကို နောက်တစ်ဆင့် တက်အောင် ဘယ်လောက်ထိ ဆက် ပြီး လုပ်ဆောင်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာပါ။

ဒါ့အပြင် သူ့ရဲ့ အကောင်းဆုံးပုံစံ ရရှိနေတာကို ဘယ်သူက ရပ်တန့်အောင် လုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်ချင် စရာ ကောင်းနေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွက် ၃၃၈ ပွဲ ပါဝင်ကစားထားပြီး ၁၁၅ ဂိုး သွင်းယူထား နိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၅၁ ပွဲ ပါဝင်ကစားထားကာ ၁၅ ဂိုး သွင်းယူထားပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

နေမာအနေနဲ့ အားလပ်ရက်မှာ ပိုကာကစားခွင့်ရှိတယ်လို့ ပီအက်စ်ဂျီနည်းပြပြော

By CNI
CNI
Category: Watch TV
Hits: 872

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ကိုဝယ်ဖို့ ကာတာစော်ဘွားနဲ့ ရက်ကလစ်ဖ်တို့ တရားဝင်ကမ်းလှမ်း

By CNI
CNI
Category: Watch TV
Hits: 926

Share
Tweet
Share
Share
powered by social2s

ရာမို့စ်ရဲ့တောင်းပန်မှုကို ဓါတ်ပုံဆရာက လက်ခံပြီး ခွင့်လွှတ်ခဲ့

By CNI
CNI
Category: Watch TV
Hits: 874

Share
Tweet
Share
Share
powered by social2s
တူရကီငလျင်နဲ့အတူ နယူးကာဆယ်နဲ့ချယ်လ်ဆီး ကစားသမားဟောင်း အက်ဆုကိုတွေ့ရစဉ်

အက်ဆုရဲ့အလောင်းကို အပျက်အဆီးတွေ အောက်မှာတွေ့လို့ အေးဂျင့်ပြော

By CNI
CNI
Category: အားကစား
Hits: 1245

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

နယူးကာဆယ်နဲ့ ချယ်လ်ဆီး ကစားသမားဟောင်း အက်ဆုရဲ့ ရုပ်အလောင်းကို ပြင်းထန်တဲ့ တူရကီ ငလျင် အပျက်အဆီးတွေအောက်မှာ တွေ့ခဲ့ရတယ်လို့ အေးဂျင့်ဖြစ်သူက အတည်ပြု ပြောကြားခဲ့ပါတယ်။

အေးဂျင့်ဖြစ်သူ မူရတ်က “အက်ဆုရဲ့ အသက်မဲ့နေတဲ့ ရုပ်အလောင်းကို အပျက်အဆီးတွေအောက်မှာ ရှာတွေ့ ခဲ့ပါတယ်။ လောလောဆယ် နောက်ထပ် ပစ္စည်းတွေကို ထုတ်ယူနေတုန်းဖြစ်ပြီး သူ့ဖုန်းကို ရှာတွေ့ခဲ့ပါတယ်”လို့ ဟာတေမှာရှိတဲ့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

တူရကီနဲ့ ဆီးရီးယားမှာ ဖြစ်ပျက်ခဲ့တဲ့ ငလျင်ရဲ့ အပျက်အဆီးတွေ ကြားထဲမှာ ၁၂ ရက်ကြာ ရှာဖွေမှုတွေ ပြုလုပ် အပြီးမှာတော့ အက်ဆု သေဆုံးနေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

 အက်ဆု လေ့ကျင့်ခန်းဆင်းနေစဉ်

အက်ဆုဟာ ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သူနေထိုင်တဲ့ အဆောက်အအုံ ပြိုကျပြီး ကတည်းက ပျောက်ဆုံးနေခဲ့တာပါ။

အစောပိုင်းက အက်ဆုကို ရှာတွေ့ပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီသတင်းဟာ မဟုတ်မှန်ဘူးလို့ အေးဂျင့်ဖြစ်သူက ရှင်းပြခဲ့ပါတယ်။

နယူးကာဆယ်အသင်းရဲ့ ကစားသမားဟောင်းဟာ ငလျင်မလှုပ်ခတ်ခင် တစ်ရက် အလိုက ကစားခဲ့တဲ့ ကာဆင်ပါ ဆာ အသင်းနဲ့ပွဲမှာ ဟာတေစပေါ် အသင်းအတွက် နောက်ဆုံးမိနစ် အနိုင်ဂိုးကို သွင်းယူခဲ့တာပါ။

အက်ဆုဟာ ဒီအဖြစ်အပျက် မတိုင်ခင်က တူရကီနိုင်ငံကနေ ထွက်ခွာပြီး မိသားစုထံ သွားရောက်လည်ပတ်ဖို့ စီစဉ် ထားပေမယ့် ခရီးစဉ်ကို ဖျက်သိမ်းပြီး အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဒီဖြစ်ရပ်ဆိုးကြီးကို ကြုံတွေ့ခဲ့ ရတာ ဖြစ်ပါတယ်။

ငလျင် အဖြစ်အပျက်ကြောင့် တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံမှာ သေဆုံးသူဦးရေ ၄၅,၀၀၀ အထိ ရှိလာခဲ့ပြီး ပျောက်ဆုံးသူတွေ အများအပြား ရှိနေတာကြောင့် နောက်ထပ် သေဆုံးသူတွေ ထပ်ပြီး တိုးလာနိုင်ဖွယ် ရှိတယ်လို့ သတင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်နဲ့ ဘရန်ဖို့ဒ် ပွဲစဉ်မှာ တွေ့ရတဲ့ လီမာဆန်ကိုတွေ့ရစဉ်

VAR အမှားအယွင်းကြောင့် ဒိုင်အဖွဲ့ချုပ်ကနေ လီမာဆန် နှုတ်ထွက်

By CNI
CNI
Category: အားကစား
Hits: 1077

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

လီမာဆန်ဟာ VAR အမှားအယွင်းကြောင့် နှစ်ဖက်သဘောတူညီမှုနဲ့ ဒိုင်လူကြီးများ အဖွဲ့ချုပ်ကနေ ထွက်ခွာခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ တာဝန်ထမ်းဆောင်တော့မှာ မဟုတ်ပါဘူး။

အသက် ၅၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ လီမာဆန်ဟာ အာဆင်နယ်အသင်းနဲ့ ဘရန်ဖို့ဒ်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ အမှားအယွင်းတွေကြောင့် ရက်ပိုင်းအတွင်းမှာပဲ ထွက်ခွာခဲ့တာပါ။

ဒီပွဲမှာ VAR ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ လီမာဆန်ဟာ ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး အိုင်ဗန်တိုနေး သွင်းယူခဲ့တဲ့ ဂိုးမှာ လူကျွံဘော ဖြစ်၊မဖြစ် စစ်ဆေးတဲ့ မျဉ်းကြောင်းကို ရေးဆွဲခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

အဲဒီ အမှားကြောင့် လီမာဆန်ဟာ ပရီးမီးယားလိဂ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ဘရန်ဖို့ဒ် ပွဲစဉ်မှာ တွေ့ရတဲ့ လီမာဆန်ကိုတွေ့ရစဉ်

အာဆင်နယ်အသင်းကတော့ ဘရန်ဖို့ဒ်အသင်းနဲ့ သရေကျခဲ့ပြီး မန်စီးတီးအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့် ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာကို မန်စီးတီးအသင်းထံ လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒိုင်လူကြီးများ အဖွဲ့ချုပ် အကြီးအကဲ ဟောင်းဝါ့တ်ဝက်ဘ်က အာဆင်နယ်အသင်းထံ ဆက်သွယ်ပြီး ဒီအမှား အယွင်း ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ အာဆင်နယ်အသင်း နည်းပြ အာတီတာကတော့ တောင်းပန်မှု ကို ရခဲ့ပေမယ့် ဒါကို လက်မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
အာတီတာက “ဒါက လူ အမှားမဟုတ်ပါဘူး။ ခင်ဗျားရဲ့အလုပ်ကို နားမလည်တာပါ။ အာဆင်နယ်ဟာ အခုဆိုရင် ဒီရမှတ် ၂ မှတ်ကို ပြန်မရနိုင်တော့ပါဘူး။ ဒီ ၂ မှတ် ပြန်ပေးရင်တော့ ကျေနပ်မှာ ဖြစ်ပေမယ့် ဒါကဖြစ်လာမှာ မဟုတ်ပါဘူး။ အခုတော့ လိဂ်ရဲ့ အခြားတစ်နေရာကနေ ဒီရမှတ်ကို ပြန်ပြီးရှာဖွေရတော့မယ်”လို့ ပြောခဲ့တာပါ။

ဘောလ်တန်ဖွား လီမာဆန်ဟာ ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးအဖြစ် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ထိပ်တန်းပွဲစဉ်ပေါင်း ၂၈၇ ပွဲကို တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
နေမာနဲ့ နည်းပြ ဂယ်လ်တီယာကို တွေ့ရစဉ်

နေမာအနေနဲ့ အားလပ်ရက်မှာ ပိုကာကစားခွင့်ရှိတယ်လို့ ပီအက်စ်ဂျီနည်းပြပြော

By CNI
CNI
Category: အားကစား
Hits: 1038

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

နေမာဟာ အသင်းဖော် ဘတ်ပီပြောတဲ့ စကားကိုဆန့်ကျင်ပြီး ပိုကာကစားနေတဲ့ ပုံတွေထွက်ပေါ်လာပြီးနောက် နည်းပြဖြစ်သူ ဂယ်လ်တီယာက ဘရာဇီးလ် ကစားသမားအနေနဲ့ အားလပ်ရက်မှာ ကစားခွင့်ရှိတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂယ်လ်တီယာက “ဘတ်ပီအနေနဲ့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့တဲ့အရာဟာ အဝတ်လဲခန်းထဲမှာ သူပြောခဲ့တဲ့ အရာအတိုင်း အတိအကျပါပဲ။ ဒါဟာ ရင့်ကျက်တဲ့ စကားလုံးတွေဖြစ်တာကြောင့် လူတိုင်းကို စည်းရုံးနိုင်မှာဖြစ်ပြီး ဒါကို လူတိုင်းကလည်း ကြိုဆိုပါတယ်။ ဘတ်ပီပြောခဲ့တာနဲ့ နေမာရဲ့ပုံတွေ ထွက်ပေါ်လာတာဟာ ကျနော့်အတွက်တော့ ဆက်စပ်မှု မရှိပါဘူး။ ကျနော် နေမာနဲ့ စကားပြောခဲ့ပြီး ကျနော်ထင်တဲ့ အရာတွေကို ကျနော် ပြောဖြစ်ခဲ့ပါ တယ်။ သူ့ရဲ့ အားလပ်ရက်မှာ သူနှစ်သက်တဲ့ ပိုကာကစားခွင့် ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဘာမှ ရှုပ်ထွေးမှု မရှိပါဘူး”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် နာရီအနည်းငယ်အကြာမှာ မက်ဒိုနယ်လ်ကို လာရောက်ကာ ပိုကာ ကစားနေ တဲ့ပုံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

 ပိုကာကစားနေ နေမာကို တွေ့ရစဉ်

အဲဒါကြောင့် နေမာရဲ့ အပြုအမူကို အများအပြားက ဝေဖန်ခဲ့ကြသလို အသင်းဖော် ဘတ်ပီရဲ့ ပြောစကားကို ဆန့်ကျင်တယ်ဆိုပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးသားနေကြတာပါ။

ဘတ်ပီဟာ ဘိုင်ယန်မြူးနစ်နဲ့ပွဲအပြီးမှာ အသင်းဖော်တွေကို အစားကောင်းကောင်းစားပြီး အိပ်ရေးဝဝအိပ်ဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီက “ကျနော်တို့ရဲ့ ကစားသမားတွေ အားလုံးဟာ ဒုတိယအကျော့ ပွဲအတွက် ကျန်းမာရေး ကောင်းနေရမှာ ပါ။ လူတိုင်း အစားကောင်းကောင်းစားပြီး အိပ်ရေးဝဝ အိပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှလည်း ကျနော်တို့ဟာ နောက်တစ်ဆင့် တက်ဖို့အတွက် အလုပ်ကောင်းမွန်စွာ လုပ်နိုင်မှာ”လို့ ပြောခဲ့တာပါ။

နေမာဟာ မကြာသေးခင်က ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ ကမ်ပို့စ်နဲ့ မိုနာကိုအသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီး အဝတ်လဲခန်းမှာ ပြဿနာဖြစ်ခဲ့တာကြောင့် အသင်းက သူ့ကို စိတ်ပျက်နေတာ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း နွေရာသီမှာ နေမာကို ရောင်းချဖို့ စီစဉ်နေပြီး ချယ်လ်ဆီးအသင်းက ဝယ်ယူဖို့ စိတ်ဝင်စားနေ တယ်လို့ အားကစားသတင်းတွေ အများအပြားက ဖော်ပြထားတာပါ။

ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ နေမာဟာ ပီအက်စ်ဂျီ အသင်းအတွက် ၁၇၂ ပွဲ ပါဝင်ကစားထားပြီး ၁၁၇ ဂိုးသွင်းယူကာ လီဂူးဝမ်းဖလား ၄ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရရှိထားတာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာနဲ့ သရေကျတာက ရှုံးနိမ့်သလို ခံစားရတယ်လို့ ရက်ရှ်ဖို့ဒ်ပြော

By CNI
CNI
Category: Watch TV
Hits: 768

Share
Tweet
Share
Share
powered by social2s

တောင်းပန်နေမယ့်အစား ၂ မှတ်ပြန်ပေးလို့ အာဆင်နယ်နည်းပြပြော

By CNI
CNI
Category: Watch TV
Hits: 805

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးအသင်းဟာ လမ်းကြောင်းမှန်ပေါ်ဦးတည်နေပြီလို့ ဂရေဟမ်ပေါ်တာ ပြော

By CNI
CNI
Category: အားကစား
Hits: 1198

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဒေ့ါမွန်အသင်းကို အဝေးကွင်းမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် အသင်းက လမ်းကြောင်းမှန်ပေါ် ဦးတည်နေပြီလို့ နည်းပြ ဂရေဟမ်ပေါ်တာက ပြောလိုက်ပါတယ်။

ဂရေဟမ်ပေါ်တာက “ကျနော်တို့ဟာ ပိုကောင်းအောင်လုပ်ရမှာဖြစ်ပြီး ဒီလိုလုပ်နိုင်တယ်ဆိုတာကို ကစားသမားတွေ သိပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အရှိန်အတိုင်း လုပ်ဆောင်နိုင်ဖို့ဆိုတာ မလွယ်သေးပေမယ့် သူတို့တကယ် ကောင်းမွန်စွာ လုပ်နိုင်သေးတယ်လို့ ကျနော်ထင်နေတုန်းပါပဲ။အခုအချိန်မှာ ကျနော်တို့ဟာ တိုးတက်လာဖို့ပဲ မျှော်လင့်နေပြီး သုံးပတ်အတွင်း စတမ်းဖိုဒ့်ဘရစ်ချ်မှာ ကစားမယ့်ပွဲမှာတော့ ရလဒ်ကောင်း ရယူနိုင်မှာပါ။ ကျနော် တို့ ကံနည်းနည်းကောင်းဖို့တော့လိုပြီး အခုပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်အတိုင်း ဆက်ပြီး တိုးတက်အောင် ကြိုးစားရမယ်။ဒါက အလုပ်ပါပဲ”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာဆိုရင် ဂိုးပေါက်ကန်သွင်းမှု ၂၁ ကြိမ်အထိရှိပြီး ဂိုးပေါက်တည့်မှု ၈ ကြိမ်အထိ ရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။အိမ်ရှင်ဒေါ့မွန်အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ်နဲ့ ဂိုးပေါက် တည့်မှု ၂ ကြိမ်သာရှိခဲ့ပေမယ့် အနိုင်ဂိုးရယူနိုင်ခဲ့တာပါ။ချယ်လ်ဆီးအသင်းဟာ ပေါင်သန်း ၆၀၀ လောက် အသုံးပြု ပြီး ကစားသမားသစ်တွေ အများအပြားဖြည့်တင်းထားပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၁ ပွဲသာ အနိုင်ရ ထားတာဖြစ်ပါတယ်။

ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ အိုဝင်ဟားဂရေ့ဗ်ကတော့ ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့တွေမှာ ငွေကြေးအများအပြားသုံးစွဲထားပေမယ့် အဓိကတိုက်စစ်မှူးမရှိတဲ့အပေါ် အံအား သင့်နေခဲ့တာပါ။

အိုဝင်ဟားဂရေ့ဗ်စ်က “သူတို့ဟာ ပေါင်သန်း ၆၀၀ လောက်သုံးစွဲထားပေမယ့် အဓိကတိုက်စစ်မှူး မရှိတာက အံအားသင့်ဖို့ ကောင်းပါတယ်။ဒါကြောင့်လည်း ဒီပွဲကအဆုံးသတ်သွားတာပါ။သူတို့ဟာ ဂိုးပိုက်ထဲကို ဘောလုံး ရောက်အောင် သွင်းနိုင်မယ့်သူ လိုအပ်ပါတယ်။သူတို့အတွက် ရှေ့တန်းမှာ ဂိုးသွင်းနိုင်မယ့်သူရှိရင်တော့ နောက် တစ်ဆင့်ကို အလွယ်တကူ တက်လှမ်းနိုင်မှာပါ” လို့ BT Sport မှာ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပွဲစဉ်တွေအတွက် ထုတ်ပြန်ခဲ့တဲ့ ကစားသမားစာရင်းမှာ တိုက်စစ်မှူး အူဘာမီယန်းကို ချန်လှပ်ခဲ့ပြီး ဇန်နဝါရီအပြောင်းအရွှေ့က ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို စာရင်း ထဲမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီးနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၇ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source:Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်နိုင်ဖို့ ယုံကြည်မှုရှိတယ်လို့ ဘတ်ပီပြော

By CNI
CNI
Category: Watch TV
Hits: 875

Share
Tweet
Share
Share
powered by social2s

မော်ဒိုဗာအစိုးရ ဖြုတ်ချရေး လုပ်နေသည်ဆိုသော စွပ်စွဲချက် ရုရှားငြင်း

By CNI
CNI
Category: Watch TV
Hits: 791

Share
Tweet
Share
Share
powered by social2s

ပီအက်စ်ဂျီအားကစားဒါရိုက်တာ ကမ်ပို့စ်နဲ့ ပြဿနာဖြစ်ခဲ့တယ်လို့ နေမာပြော

By CNI
CNI
Category: Watch TV
Hits: 757

Share
Tweet
Share
Share
powered by social2s
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16

Page 12 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar