CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်ကနေ အင်ဒိုနီးရှားကို ဖီဖာဖယ်ရှား

By CNI
CNI
Category: Watch TV
Hits: 812

Share
Tweet
Share
Share
powered by social2s

စကော့တလန်ကစားပုံကို အမှိုက်သရိုက်ဆိုပြီး ရိုဒရီ တံဆိပ်ကပ်

By CNI
CNI
Category: Watch TV
Hits: 821

Share
Tweet
Share
Share
powered by social2s
ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

စာချုပ်နဲ့ ပတ်သက်တဲ့ သတင်းတွေက အဓိပ္ပါယ်မရှိဘူးလို့ ရက်ရှ်ဖို့ဒ်ပြော

By CNI
CNI
Category: အားကစား
Hits: 1086

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၀

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ချုပ်ဖို့အတွက် တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း တောင်းဆိုထား တယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြန်တုန့်ပြန်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်က “ဒါဟာ လုံးဝကို အဓိပ္ပါယ်မရှိပါဘူး။ ကလပ်နဲ့ ကျနော်ဟာ တစ်ဖက်နဲ့တစ်ဖက် လေးစားမှုရှိပြီး ဒါကလည်း ဒီအတိုင်း ဆက်ရှိနေမှာပါ။ ကျနော့်ရဲ့ အာရုံစူးစိုက်မှုက လိဂ်မှာ တက်နိုင်သမျှ အကောင်းဆုံး အဆုံးသတ်ဖို့နဲ့ ဆုဖလားတွေ ရယူနိုင်ဖို့အတွက်ပါပဲ”လို့ တွစ်တာမှာ ရေးသားခဲ့တာပါ။

အသက် ၂၅ နှစ် အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၂၇ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ် အတွက် သဘောတူညီမှု မရရင် ယူနိုက်တက် အသင်းဟာ အင်္ဂလန် ကစားသမားကို အလွတ်နဲ့ ဆုံးရှုံးရမှာပါ။

အဲရစ်တန်ဟတ်နဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်



ကြာသပတေးနေ့က ထွက်ပေါ်လာတဲ့ သတင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းထက်ပိုတဲ့ စာချုပ်သစ်ကို စောင့်ဆိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ အသင်းရဲ့ ရောင်းချမှု အစီအစဉ် မပြီးဆုံးမချင်း ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ ဒီလို ထွက်ပေါ်နေတဲ့ သတင်းတွေဟာ အဓိပ္ပါယ်မရှိကြောင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေ ချိန်အတွင်းမှာ ယူနိုက်တက်ကို လေးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက် အသင်းဘက်ကတော့ အကယ်ဒမီထွက် ကစားသမားကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့အတွက် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ အင်္ဂလန်အတွက် မပါဝင်နိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ နယူးကာဆယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာတော့ ယူနိုက်တက်အတွက် ပါဝင်နိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ အင်ဒိုနီးရှားကိုတွေ့ရစဉ်

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်ကနေ အင်ဒိုနီးရှားကို ဖီဖာဖယ်ရှား

By CNI
CNI
Category: အားကစား
Hits: 960

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၀

ပြီးခဲ့တဲ့ သောကြာနေ့က ဘာလီမှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် တရားဝင်မဲခွဲမှု အစီအစဉ်ကို ဖျက်သိမ်း လိုက်ရတာ ကြောင့် ဖီဖာဟာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်ကနေ အင်ဒိုနိးရှားကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘာလီအုပ်ချုပ်ရေးမှူး ဝါရမ်ကိုစတာက ဒီပြိုင်ပွဲမှာ အစ္စရေးအသင်းကို လက်ခံကျင်းပဖို့ ငြင်းဆန်ခဲ့ပြီးနောက် ဖီဖာ က ဒီမဲခွဲမှုကို ဖျက်သိမ်းခိုင်းခဲ့တယ်လို့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အခုနှစ် မေလ ၂၀ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ အစ္စရေးနဲ့ တရားဝင် သံတမန် ဆက်ဆံရေးမရှိဘဲ မကြာသေးခင်က ဆန္ဒပြတဲ့ သူတွေဟာ ပါလက်စတိုင်းကို ထောက်ခံတဲ့အနေနဲ့ ဒီပြိုင်ပွဲမှာ အစ္စရေး ပါဝင်မှာကို ရပ်တန့်ဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ အစ္စရေးအသင်း ခြေစစ်ပွဲ မအောင်မြင်ခင်ကတည်းက ၂၀၁၉ မှာ ဒီပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့် ရထားတာ ဖြစ်ပါတယ်။

ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကိုတွေ့ရစဉ်

ဖီဖာဟာ သူတို့ရဲ့ ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အဲရစ်သိုဟီရာတို့ကြား တွေ့ဆုံပြီး နောက် အခုလို အိမ်ရှင်အဖြစ်ကနေ ဖယ်ရှားတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်ပါတယ်။

ဖီဖာက “လက်ရှိ အခြေအနေတွေကြောင့် ၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ့် အင်ဒိုနီးရှားကို ဖယ်ရှားဖို့ ဖီဖာက ဆုံးဖြတ်လိုက်ပါပြီ။ လက်ရှိမှာ ပြိုင်ပွဲ ကျင်းပမယ့် ရက်စွဲကို ပြောင်းလဲသွားမှာ မဟုတ်ဘဲ အိမ်ရှင်အသစ်ကို အမြန်ဆုံး ကြေညာပေးသွားမှာပါ။ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်အပေါ် အလား အလာရှိတဲ့ ပိတ်ပင် အရေးယူမှုတွေကို နောက်ပိုင်းမှာ ဆုံးဖြတ်ချက် ချနိုင်တယ်”လို့ ကြေညာချက် ထုတ်ပြန်ခဲ့ တာပါ။

အင်ဒိုနီးရှားအသင်းဟာ အစောပိုင်းက ခြေစစ်ပွဲ ဝင်ပြိုင်စရာ မလိုဘဲ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရခဲ့ပေမယ့် အခုအချိန်မှာတော့ အိမ်ရှင်အဖြစ်က ဖယ်ရှားခံရလို့ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ပါ ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

အဲရစ်သိုဟီရာက “အင်ဒိုနီးရှားဟာ ဖီဖာအဖွဲ့ဝင် ဖြစ်တဲ့အတွက် နိုင်ငံတကာ ဘောလုံးကိစ္စရပ်တွေမှာ စည်းမျဉ်း တွေကို လိုက်နာဖို့ လိုပါတယ်။ ဖီဖာရဲ့ ဒီခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ဘောလုံးချစ်တဲ့သူ အားလုံး လက်ခံဖို့ တောင်းဆို ချင်ပါတယ်။ ဘောလုံးအသွင်ပြောင်းဖို့၊ သန့်ရှင်းပြီး မြင့်မားတဲ့ ဘောလုံးဆီ သွားဖို့အတွက် ဖီဖာကို သက်သေပြဖို့ အချိန်တန်ပြီ”လို့ ပြောခဲ့ပါတယ်။

Source: BBC/ CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

အာဂျင်တီးနားအတွက် မက်ဆီသွင်းဂိုး ၁၀၀ ကျော်ပြီ

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s

မက်ဆီကို ပုံတူရုပ်တုပြုလုပ်ပြီး CONMEBOL ဂုဏ်ပြု

By CNI
CNI
Category: Watch TV
Hits: 911

Share
Tweet
Share
Share
powered by social2s

စကော့တလန်ကစားပုံကို အမှိုက်သရိုက်ဆိုပြီး ရိုဒရီ တံဆိပ်ကပ်

By CNI
CNI
Category: အားကစား
Hits: 934

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၉

စပိန်အသင်းကွင်းလယ်လူ ရိုဒရီဟာ စကော့တလန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအပြီးမှာ ပြိုင်ဘက်အသင်းရဲ့ကစားပုံကို အမှိုက်သရိုက်ဆိုပြီး တံဆိပ်ကပ်ကာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရိုဒရီက “သူတို့ကစားပုံကို လေးစားရမှာဖြစ်ပေမယ့် ကျနော့်အတွက်ကတော့ အမှိုက်သရိုက်ပါပဲ။ သူတို့ဟာ အမြဲတမ်းအချိန်ဖြုန်းတယ်၊ရန်စကစားတယ်၊ပြီးရင် လဲကြနေကြတယ်။ကျနော့်အတွက်တော့ ဒါက ဘောလုံး မဟုတ်ပါဘူး။ကျနော်တို့ဟာ အနိုင်ရချင်တဲ့အတွက် ဒါဟာ အနည်းငယ်တော့ စိတ်ပျက်ဖို့ကောင်းပါတယ်။ အချိန် တွေဖြုန်းတီးတာဟာ တကယ်ကိုခက်ခဲပါတယ်။ဒါပေမယ့် သူတို့မှာ လက်နက်ရှိပါတယ်။ကျနော်တို့လည်း လက်နက်တွေအသုံးပြုရမှာဖြစ်ပြီး နောက်တစ်ကြိမ် ဒီလိုမျိုးအရာတွေအတွက် သင်ယူရမှာပါ” လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ စကော့တလန်အသင်းဟာ စပိန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂိုးတွေကို တိုမီနေး တစ်ဦး တည်းက ၂ ဂိုးစလုံးသွင်းယူခဲ့တာပါ။စကော့တလန်အသင်းအတွက်တော့ ၁၉၈၄ နောက်ပိုင်း နှစ်ပေါင်း ၃၉ နှစ် အကြာမှ စပိန်အသင်းကို ပထမဆုံးအကြိမ်နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ တိုမီနေးဟာ ပြီးခဲ့တဲ့ ဆိုက်ပရပ်စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း စကော့တလန်အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့တာပါ။

အဲဒါကြောင့် တိုမီနေးဟာ စကော့တလန်အတွက် နောက်ဆုံး ၂ ပွဲမှာ သွင်းဂိုး ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။တိုမီနေးကတော့ ဒီလိုမျိုးအရာကို တစ်ခါမှမမြင်တွေ့ဖူးဘူးလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

တိုမီနေးက “ဒီနေရာကို ကြည့်လိုက်ပါ။ဒီလိုမျိုးကို တစ်ခါမှမမြင်တွေ့ဖူးပါဘူး။မယုံနိုင်စရာပါပဲ။ နည်းပြက ဒါဟာ စကော့တလန်ကစားသမားတွေအဖြစ်နဲ့ အမွေအနှစ်တွေဖန်တီးဖို့ ကျနော်တို့ရဲ့အခွင့်အရေးတွေဖြစ်ပြီး ဒါတွေက နှစ်ပေါင်း ၂၀ နဲ့ ၃၀ အတွင်း လူတွေမှတ်မိတဲ့ညဆိုပြီး ပြောခဲ့ပါတယ်။ပရိသတ်တွေကို ကျေးဇူးတင်ရုံနဲ့ မလုံ လောက်ပါဘူး။ကျနော်တို့ တကယ်ကို ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါတယ်။ကျနော် ဒီထက်ဂိုးတွေသွင်းပြီး ဖန်တီးမှု တွေပြုလုပ်ချင်ပါသေးတယ်” လို့ ပြောခဲ့ပါတယ်။

စကော့တလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်နဲ့ အုပ်စု ထိပ်ဆုံးနေရာမှာ ဦးဆောင်နေပြီး စပိန်က ၃ မှတ်နဲ့ ဒုတိယ၊ ဂျော်ဂျီယာ၊ နော်ဝေနဲ့ ဆိုက်ပရပ်စ်တို့က တတိယ၊ စတုတ္တနဲ့ ပဉ္စမနေရာတွေမှာ ရပ်တည်နေကြတာဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

#စကော့တလန်#စပိန်အသင်း#ရိုဒရီ#ဘောလုံး#cnisportnews#CNIMyanmar

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

စံချိန်များရှင် လူသား (သို့မဟုတ်) ရော်နယ်ဒို

By CNI
CNI
Category: ဆောင်းပါး
Hits: 2663

CNI Sport Article

၂၀၂၃ ခုနှစ်၊ မတ်လ ၂၆

ရော်နယ်ဒို အတွက်တော့ ကစားတဲ့ ပွဲတိုင်းမှာ စံချိန်တွေ တင်နေတာဖြစ်ပြီး အခုလည်း နိုင်ငံတကာ ပွဲအများဆုံး ကစားသမားဆိုတဲ့ စံချိန်ကို တင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ လက်ချင်စတိန်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအတွက် ပါဝင် ကစားခဲ့ပြီးနောက် ကူဝိတ်ကစားသမား မူတာဝါရဲ့စံချိန်ကို ၁ ပွဲအသာနဲ့ ကျော်ဖြတ်ပြီး ၁၉၇ ပွဲနဲ့ စံချိန်တင် နိုင်ခဲ့ တာပါ။

ရော်နယ်ဒိုရဲ့ ဒီစံချိန်ဟာ ကစားသမားတိုင်း ချိုးဖျက်ဖို့ တော်တော်လေး ခက်ခဲတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အသက် ၃၈ နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့် အခုအချိန်ထိ နိုင်လိုစိတ် ပြင်းပြနေပြီး ပွဲတိုင်းကို ပွဲချိန်အပြည့် ပါဝင်ကစားဖို့ စိတ်အားထက်သန်နေတာပါ။

နိုင်ငံတကာ ကစားသမားဘဝမှာ ရော်နယ်ဒိုဟာ ပွဲအရေအတွက် အများဆုံး ကစားသမားဆိုတဲ့ စံချိန်မတင်နိုင် ခင်မှာ ဂိုးအများဆုံး ကစားသမားဆိုတဲ့ စံချိန်ကိုလည်း တင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုဟာ အီရန် ဂန္တဝင် အလီဒါယီရဲ့စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်တင်ထားတာပါ။

 

ချန်ပီယံလိဂ်ဖလား ၅ ကြိမ်ဆွတ်ခူးထားသူ ရော်နယ်ဒိုကိုတွေ့ရစဉ်

ပေါ်တူဂီ ကစားသမားဟာ လက်ချင်စတိန်းအသင်းနဲ့ ပွဲမှာ ၂ ဂိုး သွင်းယူပြီးနောက် နိုင်ငံတကာသွင်းဂိုး ၁၂၀ အထိ ရှိလာခဲ့ပြီး သူ့ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ အနီးစပ်ဆုံးလို့ ပြောလို့ရတဲ့ မက်ဆီတောင် လိုက်မှီဖို့ ၂၁ ဂိုးအထိ လိုနေ တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ သူ့စံချိန်ကို တခြား ကစားသမားတွေ လိုက်ဖို့ဆိုတာထက် သူကပဲ သူ့ရဲ့စံချိန်တွေကို ချိုးဖျက် ပြီး စံချိန်သစ်တွေကို တင်နေတာပါ။ ပေါ်တူဂီအသင်းအတွက် ၂၀၀၃ မှာ စတင် ပွဲထွက်ခွင့်ရတုန်းက ဆယ်ကျော် သက် အရွယ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်က ဒီလိုစံချိန် မှတ်တမ်းတွေကို တင်နိုင်မယ်လို့ ဘယ်သူကမှ တွေးထင်ထားမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ရော်နယ်ဒိုကတော့ အခုအချိန်မှာ ဒါကို လုပ်ပြနေပြီ ဖြစ်ပါတယ်။ ဘယ်သူတွေကပဲ ဝေဖန်မှုတွေ ပြုလုပ် ပြုလုပ် ရော်နယ်ဒိုကတော့ သူ့အလုပ်ကိုပဲ သူဆက်လုပ်ပြီး ဝေဖန်မှုတွေကို တုန့်ပြန်ခဲ့တာပါ။

ရော်နယ်ဒိုဟာ အခုအချိန်ထိ အနားယူဖို့ အကြောင်းကို မတွေးထားသေးသလို ထုတ်ဖော်လည်း ပြောထားခြင်း မရှိတာကြောင့် နောက်ထပ် စံချိန်မှတ်တမ်းတွေကို ထပ်ပြီး ရေးထိုးဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးလောကမှာ ရော်နယ်ဒို စံချိန်တွေ အများကြီး တင်ထားတဲ့အထဲကမှ ထူးခြားတဲ့ စံချိန်တွေကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံး ပြောပြချင်တာကတော့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်ပါတယ်။

 

နိုင်ငံအသင်းအတွက် ရော်နယ်ဒို ဖရီးကစ်ကနေ ဂိုးသွင်းနေစဉ်

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုတွင်း ပွဲစဉ်ဖြစ်တဲ့ ဂါနာနဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် ဒီစံချိန် မှတ်တမ်းကို တင်နိုင်ခဲ့တာဖြစ်ပြီး ဒီလိုစံချိန်ကို တင်နိုင်ဖို့အတွက်ဆိုရင် လက်ရွေးစင်အသင်းမှာ နှစ်ပေါင်း ၂၀ ကြာ ပါဝင် ကတိကဝတ်ပြုနိုင်မှ ရမှာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ပါဝင်ကစားချင်နေပြီး သူ့ရဲ့စံချိန်ကို ဘယ်သူကမှ မချိုးဖျက် နိုင်အောင်အထိ လုပ်ဆောင်ချင်နေတာပါ။

နောက်ထပ် ထင်ရှားတဲ့ စံချိန်ကတော့ ချန်ပီယံလိဂ် သွင်းဂိုး အများဆုံးဖြစ်ပြီး ၁၄၀ ဂိုးနဲ့ ရပ်တည်နေတာပါ။

သူ့နောက်မှာ အနီးစပ်ဆုံး လိုက်နေတာကလည်း ပြိုင်ဘက်ကြီးဖြစ်တဲ့ မက်ဆီဖြစ်ပြီး ၁၂၉ ဂိုးနဲ့ သူ့အနောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါတောင် ရော်နယ်ဒိုက အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်မကစားတာတောင် သူ့ကို မကျော်ဖြတ် နိုင်သေးတာ ဖြစ်ပါတယ်။

နောက်ထပ် မှတ်တမ်းတွေကတော့ ချန်ပီယံလိဂ်ပွဲ အများဆုံး ကစားသမားနဲ့ ချန်ပီယံလိဂ် ၅ ကြိမ် ရယူထား နိုင်သူဖြစ်ပါတယ်။

နောက်ထပ် အလွန်ကောင်းတဲ့ စံချိန်ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၃ ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ဖို့တောင် မလွယ်တဲ့အချိန်မှာ ရော်နယ်ဒိုလို ဗိုလ်လုပွဲ ၃ ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်ဖို့ကလည်း မလွယ်တဲ့ အခြေအနေပါ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်အသင်းဘက်ကို ရော်နယ်ဒို နောက်ပြန်ကန် ဂိုးသွင်းနေစဉ်

အင်္ဂလန်၊ စပိန်နဲ့ အီတလီ ၃ နိုင်ငံစလုံးမှာလည်း ရော်နယ်ဒိုဟာ ဆုဖလားအားလုံးကို ရနိုင်ခဲ့တဲ့အထိ သူ့ရဲ့ အောင်မြင်မှုတွေကို ပြောရမယ်ဆိုရင် ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။

ရော်နယ်ဒိုရဲ့ ထင်ရှားတဲ့ နောက်ထပ် စံချိန်တစ်ခုကတော့ အမျိုးသား နိုင်ငံတကာ ဘောလုံးသမိုင်းမှာ ဟတ်ထရစ် ၁၀ ကြိမ်ပြည့်တဲ့ ပထမဆုံး ဘောလုံးသမားဖြစ်ခဲ့သလို ယူရိုနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ခုပေါင်းမှာ သွင်းဂိုး ၂၂ ဂိုး အထိ သွင်းထားပြီး ဂိုးအများဆုံး သွင်းထားတဲ့ သူအဖြစ် ရှိနေခဲ့တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ကစားသမားဘဝ သွင်းဂိုး ၈၀၀ ပြည့်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး မက်ဆီက မကြာသေးခင်ကမှ ဒီစံချိန်ကို လိုက်မှီခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ စံချိန်မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းတော့ ရှိပါတယ်။

ဒါကတော့ "သူက စံချိန်မှတ်တမ်းတွေနောက်ကို လိုက်နေတာ မဟုတ်ပါဘူး။ စံချိန်မှတ်တမ်းတွေကသာ သူ့ နောက်ကို လိုက်နေတာ"ဆိုပြီး ပြောထားခဲ့တာပါ။ ဒါက တကယ့်လက်တွေ့မှာလည်း မှန်ကန်နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ကစားသမားဘဝ အနားယူသွားရင်တောင် သူ့စံချိန်မှတ်တမ်းတွေကို လူငယ်ကစားသမားတွေ ချိုးဖျက်ဖို့ ကြိုးစားမှာကို ဂုဏ်ယူစွာကြည့်ရင်းနဲ့ နောက်ထပ် စံချိန်အသစ်တွေကို ထပ်ပြီး တင်နိုင်ဦးမလား ဆိုတာ ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

အင်္ဂလန်ဂိုးသွင်းစံချိန်က မိမိအတွက် အရာအားလုံးကို ဆိုလိုတယ်လို့ ဟာရီကိန်းပြော

By CNI
CNI
Category: Watch TV
Hits: 760

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ကထွက်ခွာအပြီးမှာ ပိုကောင်းတဲ့လူဖြစ်လာတယ်လို့ ရော်နယ်ဒို ပြော

By CNI
CNI
Category: Watch TV
Hits: 719

Share
Tweet
Share
Share
powered by social2s

ဘတ်ပီကို အသင်းခေါင်းဆောင်ခန့်တာ ဂရစ်ဇ်မန်းကို လေးစားမှုမရှိကြောင်း ပြသ

By CNI
CNI
Category: Watch TV
Hits: 831

Share
Tweet
Share
Share
powered by social2s
အီဘရာဟီမိုဗစ်ကိုတွေ့ရစဉ်

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ အီဘရာဟီမိုဗစ်ပြော

By CNI
CNI
Category: အားကစား
Hits: 979

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂

ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ အသက်အရွယ် ရနေပြီဖြစ်ပေမယ့် လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင် ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

အီဘရာဟီမိုဗစ်က “ဒဏ်ရာတွေနဲ့ ဒီလိုမျိုး ကြုံတွေ့ခဲ့ရတာတွေကို ကြိုပြီးတွေးထားလို့ မရပါဘူး။ ရုပ်ပိုင်းဆိုင်ရာ သာ ကောင်းမွန်တယ်လို့ ခံစားရရင်တော့ ကျနော်ဆက်ပြီးသွားမှာပါ”လို့ ဆွီဒင်အသင်း ခြေစစ်ပွဲအောင်ရင် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ကစားဖို့ ရည်ရွယ်ထားလားဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းချိန်မှာ ဖြေခဲ့ တာပါ။

မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်ကောင်းလာပြီး အေစီမီလန် အသင်းအတွက် ပါဝင်ကစားပေးနိုင်ခဲ့ပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ကို ဆွီဒင်လက်ရွေးစင်အသင်းက ယူရို ၂၀၂၄ ခြေစစ်ပွဲ လူစာရင်းမှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ အသက် ၄၁ နှစ် အရွယ်ရှိပြီ ဖြစ်တာကြောင့် ယူရိုခြေစစ်ပွဲမှာ ပါဝင်ခဲ့ရင် ၁၉၈၃ က စံချိန်တင် ထားတဲ့ အီတလီဂိုးသမားကြီး ဒီဇိုဇော့ဖ်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်မှာပါ။

ဒီနိုဇော့ဖ်ဟာ အသက် ၄၀ နှစ်၊ ၉၀ ရက်နဲ့ စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန်မှာ ကစားနေတဲ့ အီဘရာဟီမိုဗစ်ကိုတွေ့ရစဉ်

ဝါရင့်တိုက်စစ်မှူးဟာ မကြာသေးခင်က အေစီမီလန်အသင်းအတွက် ဂိုးသွင်းယူပြီးနောက် စီးရီးအေသမိုင်းမှာ အသက်ကြီးဆုံး ဂိုးသွင်းတဲ့သူအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွီဒင်အသင်း ခြေစစ်ပွဲ မအောင်မြင်ခဲ့ပြီးနောက် သူဟာ ကစားနိုင်တဲ့အချိန်ထိ ဆက်ပြီး ကစားပေးသွားဦးမယ်လို့ ပြောခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က “ကျနော်ဟာ ပရဟိတ လုပ်ငန်းလုပ်ဖို့ ဒီကိုလာတာ မဟုတ်ပါဘူး။ ပွဲကစားဖို့နဲ့ ကျနော့်ရဲ့ စွမ်းဆောင်ရည်တွေ ကနေတဆင့် ရလဒ်ကောင်းတွေ ယူဆောင်လာဖို့အတွက် ဒီမှာ ရှိနေတာပါ။ ဒါကြောင့်လည်း ကျနော်ဟာ ဆက်ပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။

ဆွီဒင်အသင်းသာ လာမယ့်နှစ် ယူရိုပြိုင်ပွဲကို ခြေစစ်ပွဲအောင်ပြီး အီဘရာဟီမိုဗစ် အနေနဲ့ ဝင်ရောက် ကစားနိုင်ခဲ့ မယ်ဆိုရင်တော့ နောက်ထပ် စံချိန်တစ်ခုကို ထပ်ပြီး ချိုးဖျက်နိုင်ဖို့ရှိတာ ဖြစ်ပါတယ်။

ဆွီဒင်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် သောကြာနေ့မှာ ဘယ်လ်ဂျီယံ၊ တနင်္လာနေ့မှာ အဇာဘိုင်ဂျန် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဆွီဒင် အသင်း ပါဝင်တဲ့ ဒီအုပ်စုမှာ ဒီ ၃ သင်းအပြင် အက်စတိုးနီးယားနဲ့ သြစတြီးယားတို့လည်း ပါဝင်နေပြီး ထိပ်ဆုံးရတဲ့ ၂ သင်းဟာ ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ အီဘရာဟီမိုဗစ်ဟာ ဆွီဒင်လက်ရွေးစင်အတွက် ၂၀၀၁ ကတည်းက ပါဝင်ကစားခဲ့တာ ဖြစ်ပြီး ၁၂၁ ပွဲကစားထားကာ ၆၂ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

Source: Besoccer

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘတ်ပီ၊ ဂရစ်ဇ်မန်းနဲ့ ဒက်ချမ့်စ်တို့ကိုတွေ့ရစဉ်

ဘတ်ပီကို အသင်းခေါင်းဆောင်ခန့်တာ ဂရစ်ဇ်မန်းကို လေးစားမှုမရှိကြောင်း ပြသ

By CNI
CNI
Category: အားကစား
Hits: 908

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂

အာဆင်နယ် ကစားသမားဟောင်း ရော်ဘတ်ပီးရတ်ဇ်က ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ဘတ်ပီကို ခန့်အပ်တာဟာ တိုက်စစ်မှူး ဂရစ်ဇ်မန်းအပေါ် လေးစားမှုမရှိကြောင်း ပြသတာလို့ ပြောလိုက် ပါတယ်။

ရော်ဘတ်ပီးရတ်ဇ်က “ဒါက ယုတ္တိတန်တဲ့ ရွေးချယ်မှုလား။ ရိုးရိုးသားသား ပြောရရင် ဒီလိုမဟုတ်ပါဘူး။ အသင်း ခေါင်းဆောင်ဖြစ်ဖို့ ဆန်ကာတင် စာရင်းမှာ ပါဝင်တဲ့ သူတွေထဲက ဂရစ်ဇ်မန်းဖြစ်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို ကျနော်အံ့သြမိပါတယ်။ ဘတ်ပီကို ဆန့်ကျင်တာ ဘာမှမရှိဘူးလို့ အခိုင်အမာ ပြောနေရင်တောင် ဒါဟာ ဂရစ်ဇ်မန်းအပေါ် လေးစားမှု မရှိကြောင်း ပြသတယ်လို့ ကျနော်ထင်ကြောင်း”ပြောခဲ့ပါတယ်။

ပြင်သစ်အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ဂိုးသမား လိုရစ်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူခဲ့တာကြောင့် နည်းပြ ဒက်ချမ့်စ်ဟာ အသင်းခေါင်းဆောင်သစ် ခန့်အပ်ဖို့ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ ဒက်ချမ့်စ်ဟာ ဘတ်ပီ၊ ဂရစ်ဇ်မန်းတို့နဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ပြီးနောက် ဘတ်ပီကို အသင်း ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ကာ ဂရစ်ဇ်မန်းကို ဒုအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာပါ။

ဂရစ်ဇ်မန်းဟာ ဘတ်ပီထက် လက်ရွေးစင်အသင်းမှာ ကစားတာ ပိုပြီးသက်တမ်း ကြာပြီဖြစ်တဲ့အတွက် ဒီလို ရွေးချယ်မှုအပေါ် ဝေဖန်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီ အသင်းခေါင်းဆောင်အဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုမှာ တာ၀န်ယူခဲ့စဉ်

ဂရစ်ဇ်မန်းဟာ ဘတ်ပီကို လက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်တာကို စိတ်ပျက်နေပြီး ပြင်သစ်ကနေ အနားယူဖို့အထိ စဉ်းစားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့သေးပါတယ်။

ဘတ်ပီဟာ အသက် ၂၄ နှစ် အရွယ်သာ ရှိသေးပေမယ့် ပြင်သစ်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်အောင်နဲ့ ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒက်ချမ့်စ်ကတော့ ဘတ်ပီဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဖို့အတွက် ထူးချွန်တဲ့ အရည်အချင်းတွေ အားလုံး ရှိတယ်လို့ ပြောပါတယ်။

ဒက်ချမ့်စ်က “သူ့မှာ အရည်အချင်း တစ်ခုအပြင် အခြားအရည်အချင်းတွေလည်း အများကြီး ရှိပါတယ်။ သူဟာ တော်လည်းတော်သလို ပေါင်းသင်း ဆက်ဆံရေးလည်း ကောင်းပါတယ်။ ဒါဆိုရင်တော့ သူ့ကို အသင်း ခေါင်းဆောင်ခန့်တာက ပြဿနာလို့ မထင်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် နယ်သာလန်၊ အိုင်ယာလန် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲတွေမှာ ဘတ်ပီဟာ အသင်းခေါင်းဆောင်အဖြစ် စတင် တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်အတွက် မိုက်မဲတဲ့ဈေးနှုန်းကို ပေးမှာမဟုတ်ဘူးလို ရက်ကလစ်ဖ် ပြော

By CNI
CNI
Category: Watch TV
Hits: 779

Share
Tweet
Share
Share
powered by social2s
ဒီမီထရိုဗစ်ကို ထိုးဖို့လာတဲ့ ပရိသတ်တစ်ဦးကိုတွေ့ရစဉ်

ဒီမီထရိုဗစ်ကို တိုက်ခိုက်ခဲ့သူကို ကွင်းအတွင်းဝင်ကြည့်ခွင့် နှစ် ၄၀ ပိတ်ပင်

By CNI
CNI
Category: အားကစား
Hits: 886

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၁

ပီအက်စ်ဗွီအသင်းဟာ ယူရိုပါလိဂ်ပွဲစဉ်မှာ ဆီဗီလာဂိုးသမား ဒီမီထရိုဗစ်ကို တိုက်ခိုက်ခဲ့တဲ့ ပရိသတ်တစ်ဦးကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့် နှစ်ပေါင်း ၄၀ ကြာ ပိတ်ပင်တဲ့ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အသက် ၂၀ အရွယ်ရှိ အမျိုးသား ပရိသတ်တစ်ဦးဟာ အမျိုးသား အားကစားကွင်းမှာလည်း ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခံထားရသလို ထောင်ဒဏ် ၃ လလည်း ချမှတ်ခံထားရတာပါ။

ဒါအပြင် ပီအက်စ်ဗွီအသင်းရဲ့ အိမ်ကွင်းအနီးရှိ ဧရိယာတွေမှာလည်း လာရောက်ခွင့် ၂ နှစ် ပိတ်ပင်ခဲ့တာ ဖြစ်ပါ တယ်။ ဒတ်ချ်ကလပ်ဖြစ်တဲ့ ပီအက်စ်ဗွီအသင်းဟာ ဆုံးရှုံးသွားခဲ့တဲ့ ငွေကြေးတွေ အတွက်လည်း အဆိုပါ ပရိသတ် ဆီကနေ ပြန်လည်ရယူဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။

ပီအက်စ်ဗွီအသင်းဟာ ဒီဖြစ်ရပ်ကြောင့် ယူအီးအက်ဖ်အေရဲ့ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ဒဏ်ကြေးငွေ ကြီးကြီးမားမား ပေးဆောင်ရဖွယ် ရှိနေပါတယ်။

ဒီမီထရိုဗစ်က သူ့ကို ထိုးဖို့လာတဲ့ ပရိသတ်တစ်ဦးကို လုံးထွေးသတ်ပုတ်နေစဉ် 

ကွင်းအတွင်း ဝင်ရောက် ကျူးကျော်လာတဲ့သူဟာ သူ့ရဲ့ သူငယ်ချင်း ဝယ်ယူထားတဲ့ လက်မှတ်ကို အသုံးပြုပြီး ဝင်ရောက် လာခဲ့တာလို့ သတင်းမှာ ဖော်ပြထားတာပါ။ ယူရိုပါလိဂ် ပလေးအော့ဖ်အဆင့် ဒုတိယအကျော့ ပွဲစဉ် အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ အဲဒီပရိသတ်ဟာ ကွင်းထဲကို ဝင်ရောက်လာပြီး ဒီမီထရိုဗစ်အနားကို ချဉ်းကပ်ကာ မျက်နှာကို ထိုးဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မီထရိုဗစ်ဟာ ရန်ပြုမယ့် အမျိုးသားကို နပန်းလုံးပြီး ထိန်းချုပ်ဖမ်းဆီးကာ ကွင်းအတွင်းရှိ လုံခြုံရေးတွေကို လွှဲပြောင်းပေးခဲ့ပါတယ်။

ဒီပွဲမှာ ဆီဗီလာအသင်းဟာ ပီအက်စ်ဗွီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီဗီလာအသင်းဟာ ၁၆ သင်းအဆင့်မှာ ဖီနာဘာချီအသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိခဲ့ကာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

စပိန်ကလပ် ဆီဗီလာအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၆ ကြိမ် ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပေမယ့် ဒီရာသီ လာလီဂါပြိုင်ပွဲမှာတော့ ရလဒ်တွေဆိုးနေပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s
ကွန်တီကိုတွေ့ရစဉ်

နည်းပြ ကွန်တီကို ထုတ်ပယ်ဖို့ စပါးအသင်းဥက္ကဋ္ဌ ပြင်ဆင်

By CNI
CNI
Category: အားကစား
Hits: 1028

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၁

စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းဟာ အသင်းကစားသမားတွေအပေါ်မှာ နှုတ်နဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ နည်းပြ ကွန်တီကို ရာထူးကနေ ထုတ်ပယ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

စပါးအသင်းဟာ စနေနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ၃ ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ နည်းပြ ကွန်တီဟာ ခံစားချက်တွေ မထိန်းချုပ်နိုင်ခဲ့ဘဲ သတင်းစာ ရှင်းလင်းပွဲမှာ အသင်းကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

စပါးအသင်းဟာ ဒီပွဲမှာ ၃ ဂိုး- ၁ ဂိုးနဲ့ ဦးဆောင် နေခဲ့ပေမယ့် ပွဲအပြီးမှာ ပေးခဲ့ရတဲ့ ပင်နယ်တီဂိုးကြောင့် သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒန်နီရယ်လီဗိုင်းဟာ ကွန်တီကို ထုတ်ပယ်ဖို့ အလေးအနက် စဉ်းစားနေတဲ့ အချိန်မှာ အီတလီလူမျိုး နည်းပြကတော့ သူ့ရဲ့နိုင်ငံကို ပြန်လာခဲ့တာပါ။

စပါးအသင်းကိုတွေ့ရစဉ်

အခုလာမယ့် ရက်သတ္တပတ်မှာ နိုင်ငံတကာ ပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ကွန်တီဟာ မိသားစုနဲ့အတူ အနားယူဖို့ အီတလီကို ပြန်လာခဲ့ပေမယ့် ဒီခရီးစဉ်ဟာ သူ့ရဲ့ အလုပ်ကို ဆုံးရှုံးရမယ့် အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ကွန်တီက ပွဲအပြီး အင်တာဗျူးမှာ ကစားသမားတွေရဲ့ စိတ်နေ သဘောထားတွေကို မေးခွန်းထုတ်ခဲ့ပြီး အသင်းမှာ ရှိတဲ့ ကစားသမားတွေဟာ တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောခဲ့သလို အသင်းပိုင်ရှင်ကိုလည်း ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကွန်တီရဲ့ ဒီလိုပြောဆိုမှုတွေဟာ အသင်းရဲ့အတွင်းထဲမှာ စိုးရိမ်မှုတွေ တိုးပွားလာစေခဲ့တာကြောင့် လီဗိုင်းဟာ နိုင်ငံတကာပွဲစဉ် ယှဉ်ပြိုင်နေချိန်အတွင်းမှာ ကွန်တီနဲ့ စာချုပ်ဖျက်သိမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ကွန်တီနဲ့ စပါးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အီတလီလူမျိုး နည်းပြဟာ အခုအချိန်မှာ မထုတ်ပယ်ခဲ့ရင်တောင် ရာသီအကုန်မှာ ထွက်ခွာဖို့ ရှိနေတာပါ။

ကွန်တီကိုတွေ့ရစဉ်

စပါးအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ကို အဓိက ပစ်မှတ်ထားနေတာကြောင့် အသင်းကို ထိခိုက်စေမယ့် ဆုံးဖြတ်ချက်ကို လီဗိုင်းက မချမှတ်ချင်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကွန်တီ ဆက်လက် ရှိနေမယ်ဆိုရင် အသင်းသားတွေရဲ့ စိတ်ဓါတ်ကို အပျက်သဘော ဆောင်နိုင်မယ့် အခြေအနေအပေါ် ဘုတ်အဖွဲ့က သတိပြုမိတဲ့အတွက် ဒါကို စိုးရိမ်မှုတွေ ရှိနေတာပါ။

စပါးအသင်းဟာ မကြာသေးခင်က ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပေမယ့် ကလပ်အသင်းကတော့ ကွန်တီနဲ့ ရာသီ အကုန်ထိ ဆက်သွားဖို့ အစီအစဉ်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ဒေါသထွက်ပြီး ပြောခဲ့တဲ့ စကားတွေကြောင့် အခြေအနေတွေဟာ ပြောင်းလဲသွားခဲ့ပြီး စပါး အသင်းဟာ ကွန်တီရဲ့ နေရာမှာ ရိုင်ယန်မေဆင်ကို ရာသီအကုန်ထိ ယာယီနည်းပြအဖြစ် ခန့်အပ်သွားဖို့ လုပ်ဆောင် နေတာပါ။

ရိုင်ယန်မေဆင်ဟာ မော်ရင်ဟို ထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၂၀ ကလည်း အသင်းကို ယာယီနည်းပြအဖြစ် ၇ ပွဲ ကိုင်တွယ် ခဲ့တာမှာ ၄ ပွဲနိုင်၊ ၃ ပွဲရှုံးနိမ့်တဲ့ မှတ်တမ်းတစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11

Page 7 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar