CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဒီဂီယာကိုတွေ့ရစဉ်

ဒီဂီယာနဲ့ ယူနိုက်တက်တို့ နှုတ်ဆက်ဖို့ အချိန်ရောက်ပြီလား

By CNI
CNI
Category: ဆောင်းပါး
Hits: 1408

CNI Sport Article

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၃

ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် ယူနိုက်တက်မှာ ကစားခဲ့တဲ့ ဂိုးသမား ဒီဂီယာနဲ့ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဖာဂူဆန် ခေတ်ထဲကရှိခဲ့တဲ့ ဒီဂီယာကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ် နေပေမယ့် သဘောတူညီမှုတော့ မရသေးပါဘူး။ စပိန်ဂိုးသမားဟာ ယူနိုက်တက်အသင်းမှာ ဂန္တဝင် ကစားသမား တစ်ဦးအဖြစ် ရှိခဲ့ပေမယ့် နှုတ်ဆက်ဖို့ အချိန်ရောက်ပြီ ဖြစ်ပါတယ်။

ဒီဂီယာဟာ ဂိုးဖမ်းရာမှာ ကောင်းမွန်ပြီး ခဲရာခဲဆစ် ဂိုးတွေကိုတောင် မရမက ကာကွယ်နိုင်တဲ့ သူအဖြစ် နာမည် ကျော်ကြားတဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် မော်ဒန်ဘောလုံး ခေတ်မှာတော့ ဂိုးသမားတစ်ဦးဟာ ဂိုးဖမ်း တက်ရုံတစ်ခုတည်းနဲ့ မရတော့ဘဲ အသင်း ဂိုးရဖို့အတွက် တိုက်စစ်လမ်းကြောင်းတွေ ဖွင့်ပေးအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာဆိုရင် တိုက်စစ်မှူး ဂိုးရဖို့အတွက် ဂိုးဖန်တီးမှုတွေတောင် ပြုလုပ်ပေးရမှာပါ။

ဒါတွေကို ဒီဂီယာရဲ့ ပြိုင်ဘက် ဂိုးသမားတွေဖြစ်တဲ့ အီဒါဆန်နဲ့ အလီဆန်တို့ဆီမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဂီယာဟာ ဒီလိုအပိုင်းတွေမှာ တော်တော်လေး အားနည်းတာ တွေ့ရပါတယ်။

ဒီဂီယာနဲ့ နည်းပြ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ဒီဂီယာဟာ ဘောလုံးပို့ပေးတဲ့ ၁၀ လုံးမှာ ၈ လုံးလောက်က ပြိုင်ဘက် ကစားသမားတွေဆီကိုသာ ရောက်ခဲ့ပြီး ကျန်တဲ့ ၂ လုံးလောက်သာ ကိုယ့်အသင်းသားဆီကို ရောက်နေတာပါ။

အခုနောက်ပိုင်း ဂိုးသမားတွေဟာ သူတို့ဆီကို ဘောလုံးရောက်တဲ့ အချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေပြီး ဒီဂီယာ ကတော့ စိုးရိမ်စိတ်တွေများပြီး ကန်တင်ပေးတာတွေတောင် အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရပါတယ်။

အခု မော်ဒန်ခေတ်ရဲ့ ဘောလုံးကစားနည်း ပုံစံတွေကို လိုက်မှီဖို့အတွက် ဒီဂီယာဟာ တော်တော်လေး အားနည်း နေပါတယ်။ အနီးစပ်ဆုံးပွဲဖြစ်တဲ့ ဆီဗီလာနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာဆို ဒီဂီယာဟာ တော်တော်လေးကို အမှားအယွင်း များခဲ့တာဖြစ်ပြီး ဆီဗီလာအသင်း သွင်းယူသွားတဲ့ ၃ ဂိုးစလုံးဟာ သူနဲ့ မကင်းခဲ့တာကို မြင်တွေ့ ခဲ့ရပါတယ်။

ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကတော့ ၂၀၁၁ ကတည်းက အသင်းကို ရောက်လာပြီး နှစ်ပေါင်းများစွာကြာ အသင်းရဲ့ ဂိုးပေါက်ကို ကာကွယ်ခဲ့တဲ့ ဒီဂီယာကို ဆက်လက် ထိန်းသိမ်းချင်ခဲ့ပေမယ့် ဆီဗီလာနဲ့ပွဲက အဖြစ် အပျက်တွေကြောင့် အသင်းတာဝန်ရှိ သူတွေနဲ့ ပရိသတ်တွေကပါ စပိန်ဂိုးသမား နေရာကို ဂိုးသမား အစားထိုးပြီး ခေါ်ယူဖို့ တိုက်တွန်းမှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

ဂိုးမပေးရဖို့ ကာကွယ်နေတဲ့ ဒီဂီယာ 

နည်းပြ အဲရစ်တန်ဟတ်က အသင်းကို ရောက်ကတည်းက အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ ချိတ်ဆက်ပြီး တိုက်စစ်လမ်းကြောင်း ရှာဖွေနိုင်တဲ့ ဂိုးသမားကို လိုချင်ခဲ့ပေမယ့် အသင်းရဲ့ ဝါရင့်ဂိုးသမား ဒီဂီယာကို ဒီလိုမျိုး ဖြစ်လာမယ့် အထင်နဲ့ အငှားဂိုးသမားတွေကို ခေါ်ပြီး ဒီဂီယာကိုသာ ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးခဲ့ပါတယ်။

ဒီဂီယာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရအောင် ပွဲအများအပြား စွမ်းဆောင်နိုင်တဲ့ ဂိုးသမားအဖြစ် ရှိနေ ပေမယ့် ပရီးမီးယားလိဂ် အသင်းကြီး အနေနဲ့ ဂိုးတွေ အများအပြားကို ခွင့်ပြုခံထားရပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်း နီးပါးရနေပြီး ကလပ်အသင်း ဘက်ကတော့ လုပ်ခလစာလျှော့ပြီး စာချူပ်သစ် ချုပ်ချင်နေတဲ့ပုံပါ။ ပရိသတ်အချို့ကတော့ အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့တဲ့ ဒီဂီယာနဲ့ အသင်းတို့ဟာ ဒီအချိန်မှာ လမ်းခွဲဖို့က အကောင်းဆုံး အဖြေလို့ သုံးသပ်နေကြတာဖြစ်ပြီး သူ့ကို ခမ်းခမ်း နားနားနဲ့ နှုတ်ဆက်ကာ ထိပ်တန်းအဆင့်ရှိ လူငယ်ဂိုးသမားနဲ့ အစားထိုးဖို့ ပြောခဲ့ကြပါတယ်။

ဒါမှလည်း အဲဒီ လူငယ်ဂိုးသမားဟာ အဲရစ်တန်ဟတ် သွားချင်တဲ့ ပုံစံအတိုင်း လိုက်လုပ်လိမ့်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂီယာဟာ ယူနိုက်တက်မှာ ကစားသမားဘဝ အဆုံးသတ်ချင်တယ်လို့ အရင်တုန်း ပြော ထားတာပါ။

ဒါပေမယ့် ဒီဂီယာနဲ့ ယူနိုက်တက်တို့အကြား ညှိနှိုင်းမှုတွေ ပြုလုပ်လို့ မရရင်တော့ နှုတ်ဆက်ဖို့ အချိန် ကျရောက် လာမှာ ဖြစ်ပါတယ်။

ဒီဂီယာနဲ့ ဆုဖလားကို တွေ့ရစဉ်

ဒီဂီယာဟာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၅၃၅ ပွဲ ပါဝင်ကစားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ ၄၀၇ ပွဲမှာတော့ ပေးဂိုး မပေးရအောင် ၁၄၄ ပွဲအထိ စွမ်းဆောင် ထားပါတယ်။ ဒီဂီယာဟာ ယူနိုက်တက်အသင်း ကစားသမားဘဝမှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနဲ့ ကွန်မြူနတီဒိုင်း ချန်ပီယံဆုတွေ ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီဂီယာ နေရာ အစားထိုးဖို့အတွက် ဘရန်ဖို့ဒ် ဂိုးသမား ဒေးဗစ်ရိုင်ယာ၊ ပေါ်တူဂီ ဂိုးသမား ဒီယိုဂိုကော်စတာနဲ့ ဘိုင်ယန်မြူးနစ် ဂိုးသမား ဆွန်းမားတို့ အပါအဝင် ဂိုးသမားအချို့ကို ဆန်ကာတင် စာရင်းထဲ ထည့်သွင်းထားပါ။

ယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကမ္ဘာ့အဆင့်မှီ ဂိုးသမားတစ်ဦးကို ရှာဖွေနေပြီး ဒီဂီယာကို စာချုပ်သက်တမ်း တိုးခဲ့ရင်တောင် အရန်ဂိုးသမားအဖြစ်သာ အသုံးပြုသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက် အသင်းနဲ့ နှုတ်ဆက်ဖို့ ဒီဂီယာ အချိန်ကျရောက်ပြီးလားဆိုကိုတော့ စောင့်ကြည့်ရပေတော့ မည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

လာမယ့်နှစ်ရာသီမှာ မက်ဆီကို ဘယ်အသင်းမှာ မြင်တွေ့ရနိုင်လဲ

By CNI News
CNI News
Category: ဆောင်းပါး
Hits: 1546

 

CNI Sport Article

၂၀၂၃ ခုနှစ်၊ ဧပြီ ၂

လာမယ့် နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် ဒီရက်ပိုင်း ကြားနေရတာက မက်ဆီရဲ့ အပြောင်းအရွှေ့ သတင်းတွေ ပါ။  မက်ဆီနဲ့ ပီအက်စ်ဂျီ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အခု အချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးပါဘူး။

အဲဒါကြောင့်လည်း အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေဟာ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကလည်း မက်ဆီကို လက်မလွှတ် ခံချင်တာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေတာပါ။

မက်ဆီကလည်း ပီအက်စ်ဂျီအသင်းနဲ့ ဒုတိယရာသီမှာ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူနေသလို၊ ဂိုးတွေ ဖန်တီးနေ တာကြောင့် ပျော်ရွှင်မှုတွေ ရှိနေပေမယ့် အခုနောက်ပိုင်းမှာ စိတ်ပျက်စရာတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကနေ ထွက်ခဲ့ရပြီးနောက် မက်ဆီ အပါအဝင် အဓိက ကစား သမားတချို့ကို ပီအက်စ်ဂျီအသင်း ပရိသတ်တွေက ပစ်မှတ်ထား တိုက်ခိုက်တာ ခံနေရပါတယ်။

နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာဆိုရင် ပီအက်စ်ဂျီ အသင်းဟာ ရှုံးပွဲကြုံတွေ့ပြီးနောက် မက်ဆီဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံနေရတာ ဖြစ်ပါတယ်။

မက်ဆီ ကိုယ်တိုင်ကလည်း ဒီအခြေအနေအပေါ် စိတ်ပျက်နေပြီး ဥမင်ထဲကို တန်းပြီး ဝင်သွားခဲ့တဲ့အထိ ဘယ်လောက်ထိ ဖြစ်သွားခဲ့လဲဆိုတာကို မြင်တွေ့ခဲ့ရတာပါ။

မက်ဆီဟာ ဘာစီလိုနာမှာ ကစားချိန်က ရလဒ်ဆိုးရင်တောင် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ မခံခဲ့ရပေမယ့် ပြင်သစ် မှာတော့ အခြေအနေတွေဟာ ပြောင်းပြန်ဖြစ်နေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်း ရလဒ်ကောင်းရင် ချီးကျူးမှုဟာ အများကြီး မရပေမယ့် အသင်းရှုံးပွဲ ကြုံတွေ့ရင်တော့ မက်ဆီ ဟာ ပြင်သစ်သတင်းစာတွေ၊ ဘောလုံးဝေဖန် သုံးသပ်သူတွေနဲ့ ပီအက်စ်ဂျီ ကစားသမားဟောင်းတွေရဲ့ ထိုးနှက်မှု တွေ ခံနေရတာပါ။

အဲဒါတွေကြောင့်လည်း မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကြန့်ကြာနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အသင်းဟောင်း ဘာစီလိုနာ အသင်းကတော့ မက်ဆီကို ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်း အကြီးအကဲ လာပေါ်တာ အပါအဝင် အသင်း တာဝန်ရှိသူတွေဟာ မက်ဆီကို ပြန်ခေါ်ယူချင်တဲ့ သူတို့ရဲ့ဆန္ဒတွေကို ဖုံးကွယ်ထားခြင်း မရှိပါဘူး။

မက်ဆီအတွက် အသင်းက အမြဲတမ်း တံခါးဖွင့် ထားတယ်လို့ လာပေါ်တာ အပါအဝင် နည်းပြ ဇာဗီ ကိုယ်တိုင်က ပြောထားတာပါ။ ဘာစီလိုနာရဲ့ လက်ရှိ ကစားနေတဲ့ ကစားသမားတွေကလည်း မက်ဆီသာ ပြန်လာရင် ပြင်သစ် မှာလို မဟုတ်ဘဲ ပျော်ရွှင်စေရမယ်လို့ အာမခံထားတာ ဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၂၁ က ဘာစီလိုနာအသင်းနဲ့ စာချူပ်သက်တမ်း တိုးချင်ပေမယ့် ဘဏ္ဍာရေး အခက်အခဲတွေကြောင့် မတိုးခဲ့ရဘဲ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ မက်ဆီကလည်း မထွက်ခွာချင်ပေမယ့် ထွက်ခဲ့ရလို့ သတင်းစာ ရှင်းလင်း ပွဲမှာ ငိုကြွေးခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။

မက်ဆီဟာ ပီအက်စ်ဂျီ ရောက်ခဲ့ပေမယ့်လည်း အားလပ်ရက်တွေမှာဆို ဘာစီလိုနာ ပြန်လာပြီး အသင်းဖော် ဟောင်းတွေနဲ့ ပြန်လည် တွေ့ဆုံကာ ညစာစားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

မက်ဆီအတွက်တော့ ဘာစီလိုနာ အသင်းဟာ ကစားသမားဘဝ တစ်လျှောက်လုံး ရှိခဲ့တဲ့ နေရာဖြစ်ပြီး သူ့အိမ်လို ဖြစ်နေတယ်ဆိုတာ အသေအချာပါပဲ။ အဲဒါကြောင့်လည်း မက်ဆီနဲ့ ဘာစီလိုနာ သတင်းဟာ ဒီရက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီကို လိုချင်တဲ့ အသင်းဟာ ဘာစီလိုနာ တစ်သင်းတည်းတော့ မဟုတ်ပါဘူး။

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနဲ့ ဆော်ဒီကလပ် အသင်းတွေကလည်း မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။

အင်တာမိုင်ယာမီအသင်းဆို ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းနဲ့ မက်ဆီကို အသင်းထံ လာရောက်ဖို့ ဆွဲဆောင်နေတာ ဖြစ်ပါတယ်။

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရဆိုရင် မေဂျာလိဂ်ဟာ မက်ဆီကိုခေါ်ပြီး သူတို့လိဂ်ကို လူတွေ အာရုံစိုက်လာအောင် ဆွဲဆောင်နိုင်ဖို့အတွက် အသင်းအားလုံးက ကစားသမားရဲ့ လုပ်ခလစာကိုတောင် ဝိုင်းပြီး ထောက်ပံ့ပေးဖို့ စီစဉ်နေခဲ့တာပါ။

ဒီလိုပါပဲ ဆော်ဒီကလပ် အသင်းတွေကလည်း ရော်နယ်ဒိုကို အယ်လ်နာဆာက ခေါ်ယူပြီးနောက် မက်ဆီကိုပါ ထပ်ပြီးခေါ်ယူဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို ရနေတဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ ထက်တောင် မက်ဆီကို ပိုပြီးပေးဖို့ စီစဉ်နေတာပါ။ ဒါကြောင့် လည်း မက်ဆီ အတွက်တော့ သွားရမယ့် အသင်းကို ကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်ပြီး သွားလို့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီကတော့ အခုအချိန်ထိ အနာဂတ်နဲ့ ပတ်သက်ပြီး အရိပ်အမြွက်တောင် ချပြခြင်း မရှိတာပါ။ ဒါကြောင့်လည်း လာမယ့်ရာသီ မက်ဆီ ဘယ်အသင်းမှာ ရှိနေလဲဆိုတာကို ခန့်မှန်းရ ခက်နေတာ ဖြစ်ပါတယ်။

အခုအချိန်မှာ အားလုံးကလည်း မက်ဆီရဲ့ ပြောစကားကို စောင့်နေတာဖြစ်ပြီး အာဂျင်တီးနား အသင်း ခေါင်းဆောင်ကတော့ လက်ရှိအချိန်မှာ ပရော်ဖက်ရှင်နယ် ဆန်ဆန် ပီအက်စ်ဂျီ အသင်းအတွက်သာ အာရုံစိုက်ဖို့ ဆုံးဖြတ်ထားတာပါ။

ရာသီကုန်ချိန်မှသာ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချသွားမှာဖြစ်ပြီး အဲဒီအချိန်ရောက်မှ မက်ဆီ နောက် ရာသီ ကစားမယ့်အသင်းကို သိရှိနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အားကစား စာမျက်နှာတွေမှာတော့ မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကစားသမား ဆုံးဖြတ်ချက် မချမချင်း ထင်ကြေး အမျိုးမျိုး ဖော်ပြခံနေရတာကို မြင်တွေ့ရဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။ အဲဒါကြောင့် လာမယ့်ရာသီမှာ မက်ဆီ ဘယ်အသင်းမှာ ကစားမလဲဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့ မှာ ဖြစ်ပါတယ်။

 

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ဒီဂီယာပြော

By CNI
CNI
Category: Watch TV
Hits: 835

Share
Tweet
Share
Share
powered by social2s

အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ဖလား ရစေချင်တယ်လို့ ဝိန်းရွန်းနီပြော

By CNI
CNI
Category: Watch TV
Hits: 824

Share
Tweet
Share
Share
powered by social2s

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်ကနေ အင်ဒိုနီးရှားကို ဖီဖာဖယ်ရှား

By CNI
CNI
Category: Watch TV
Hits: 880

Share
Tweet
Share
Share
powered by social2s

စကော့တလန်ကစားပုံကို အမှိုက်သရိုက်ဆိုပြီး ရိုဒရီ တံဆိပ်ကပ်

By CNI
CNI
Category: Watch TV
Hits: 900

Share
Tweet
Share
Share
powered by social2s
ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

စာချုပ်နဲ့ ပတ်သက်တဲ့ သတင်းတွေက အဓိပ္ပါယ်မရှိဘူးလို့ ရက်ရှ်ဖို့ဒ်ပြော

By CNI
CNI
Category: အားကစား
Hits: 1221

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၀

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ချုပ်ဖို့အတွက် တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း တောင်းဆိုထား တယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြန်တုန့်ပြန်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်က “ဒါဟာ လုံးဝကို အဓိပ္ပါယ်မရှိပါဘူး။ ကလပ်နဲ့ ကျနော်ဟာ တစ်ဖက်နဲ့တစ်ဖက် လေးစားမှုရှိပြီး ဒါကလည်း ဒီအတိုင်း ဆက်ရှိနေမှာပါ။ ကျနော့်ရဲ့ အာရုံစူးစိုက်မှုက လိဂ်မှာ တက်နိုင်သမျှ အကောင်းဆုံး အဆုံးသတ်ဖို့နဲ့ ဆုဖလားတွေ ရယူနိုင်ဖို့အတွက်ပါပဲ”လို့ တွစ်တာမှာ ရေးသားခဲ့တာပါ။

အသက် ၂၅ နှစ် အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၂၇ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ် အတွက် သဘောတူညီမှု မရရင် ယူနိုက်တက် အသင်းဟာ အင်္ဂလန် ကစားသမားကို အလွတ်နဲ့ ဆုံးရှုံးရမှာပါ။

အဲရစ်တန်ဟတ်နဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်



ကြာသပတေးနေ့က ထွက်ပေါ်လာတဲ့ သတင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းထက်ပိုတဲ့ စာချုပ်သစ်ကို စောင့်ဆိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ အသင်းရဲ့ ရောင်းချမှု အစီအစဉ် မပြီးဆုံးမချင်း ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ ဒီလို ထွက်ပေါ်နေတဲ့ သတင်းတွေဟာ အဓိပ္ပါယ်မရှိကြောင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေ ချိန်အတွင်းမှာ ယူနိုက်တက်ကို လေးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက် အသင်းဘက်ကတော့ အကယ်ဒမီထွက် ကစားသမားကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့အတွက် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ အင်္ဂလန်အတွက် မပါဝင်နိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ နယူးကာဆယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာတော့ ယူနိုက်တက်အတွက် ပါဝင်နိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ အင်ဒိုနီးရှားကိုတွေ့ရစဉ်

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်ကနေ အင်ဒိုနီးရှားကို ဖီဖာဖယ်ရှား

By CNI
CNI
Category: အားကစား
Hits: 1063

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၀

ပြီးခဲ့တဲ့ သောကြာနေ့က ဘာလီမှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် တရားဝင်မဲခွဲမှု အစီအစဉ်ကို ဖျက်သိမ်း လိုက်ရတာ ကြောင့် ဖီဖာဟာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်ကနေ အင်ဒိုနိးရှားကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘာလီအုပ်ချုပ်ရေးမှူး ဝါရမ်ကိုစတာက ဒီပြိုင်ပွဲမှာ အစ္စရေးအသင်းကို လက်ခံကျင်းပဖို့ ငြင်းဆန်ခဲ့ပြီးနောက် ဖီဖာ က ဒီမဲခွဲမှုကို ဖျက်သိမ်းခိုင်းခဲ့တယ်လို့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အခုနှစ် မေလ ၂၀ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ အစ္စရေးနဲ့ တရားဝင် သံတမန် ဆက်ဆံရေးမရှိဘဲ မကြာသေးခင်က ဆန္ဒပြတဲ့ သူတွေဟာ ပါလက်စတိုင်းကို ထောက်ခံတဲ့အနေနဲ့ ဒီပြိုင်ပွဲမှာ အစ္စရေး ပါဝင်မှာကို ရပ်တန့်ဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ အစ္စရေးအသင်း ခြေစစ်ပွဲ မအောင်မြင်ခင်ကတည်းက ၂၀၁၉ မှာ ဒီပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့် ရထားတာ ဖြစ်ပါတယ်။

ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကိုတွေ့ရစဉ်

ဖီဖာဟာ သူတို့ရဲ့ ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အဲရစ်သိုဟီရာတို့ကြား တွေ့ဆုံပြီး နောက် အခုလို အိမ်ရှင်အဖြစ်ကနေ ဖယ်ရှားတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်ပါတယ်။

ဖီဖာက “လက်ရှိ အခြေအနေတွေကြောင့် ၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ့် အင်ဒိုနီးရှားကို ဖယ်ရှားဖို့ ဖီဖာက ဆုံးဖြတ်လိုက်ပါပြီ။ လက်ရှိမှာ ပြိုင်ပွဲ ကျင်းပမယ့် ရက်စွဲကို ပြောင်းလဲသွားမှာ မဟုတ်ဘဲ အိမ်ရှင်အသစ်ကို အမြန်ဆုံး ကြေညာပေးသွားမှာပါ။ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်အပေါ် အလား အလာရှိတဲ့ ပိတ်ပင် အရေးယူမှုတွေကို နောက်ပိုင်းမှာ ဆုံးဖြတ်ချက် ချနိုင်တယ်”လို့ ကြေညာချက် ထုတ်ပြန်ခဲ့ တာပါ။

အင်ဒိုနီးရှားအသင်းဟာ အစောပိုင်းက ခြေစစ်ပွဲ ဝင်ပြိုင်စရာ မလိုဘဲ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရခဲ့ပေမယ့် အခုအချိန်မှာတော့ အိမ်ရှင်အဖြစ်က ဖယ်ရှားခံရလို့ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ပါ ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

အဲရစ်သိုဟီရာက “အင်ဒိုနီးရှားဟာ ဖီဖာအဖွဲ့ဝင် ဖြစ်တဲ့အတွက် နိုင်ငံတကာ ဘောလုံးကိစ္စရပ်တွေမှာ စည်းမျဉ်း တွေကို လိုက်နာဖို့ လိုပါတယ်။ ဖီဖာရဲ့ ဒီခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ဘောလုံးချစ်တဲ့သူ အားလုံး လက်ခံဖို့ တောင်းဆို ချင်ပါတယ်။ ဘောလုံးအသွင်ပြောင်းဖို့၊ သန့်ရှင်းပြီး မြင့်မားတဲ့ ဘောလုံးဆီ သွားဖို့အတွက် ဖီဖာကို သက်သေပြဖို့ အချိန်တန်ပြီ”လို့ ပြောခဲ့ပါတယ်။

Source: BBC/ CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

အာဂျင်တီးနားအတွက် မက်ဆီသွင်းဂိုး ၁၀၀ ကျော်ပြီ

By CNI
CNI
Category: Watch TV
Hits: 848

Share
Tweet
Share
Share
powered by social2s

မက်ဆီကို ပုံတူရုပ်တုပြုလုပ်ပြီး CONMEBOL ဂုဏ်ပြု

By CNI
CNI
Category: Watch TV
Hits: 1004

Share
Tweet
Share
Share
powered by social2s

စကော့တလန်ကစားပုံကို အမှိုက်သရိုက်ဆိုပြီး ရိုဒရီ တံဆိပ်ကပ်

By CNI
CNI
Category: အားကစား
Hits: 1023

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၉

စပိန်အသင်းကွင်းလယ်လူ ရိုဒရီဟာ စကော့တလန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအပြီးမှာ ပြိုင်ဘက်အသင်းရဲ့ကစားပုံကို အမှိုက်သရိုက်ဆိုပြီး တံဆိပ်ကပ်ကာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရိုဒရီက “သူတို့ကစားပုံကို လေးစားရမှာဖြစ်ပေမယ့် ကျနော့်အတွက်ကတော့ အမှိုက်သရိုက်ပါပဲ။ သူတို့ဟာ အမြဲတမ်းအချိန်ဖြုန်းတယ်၊ရန်စကစားတယ်၊ပြီးရင် လဲကြနေကြတယ်။ကျနော့်အတွက်တော့ ဒါက ဘောလုံး မဟုတ်ပါဘူး။ကျနော်တို့ဟာ အနိုင်ရချင်တဲ့အတွက် ဒါဟာ အနည်းငယ်တော့ စိတ်ပျက်ဖို့ကောင်းပါတယ်။ အချိန် တွေဖြုန်းတီးတာဟာ တကယ်ကိုခက်ခဲပါတယ်။ဒါပေမယ့် သူတို့မှာ လက်နက်ရှိပါတယ်။ကျနော်တို့လည်း လက်နက်တွေအသုံးပြုရမှာဖြစ်ပြီး နောက်တစ်ကြိမ် ဒီလိုမျိုးအရာတွေအတွက် သင်ယူရမှာပါ” လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ စကော့တလန်အသင်းဟာ စပိန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂိုးတွေကို တိုမီနေး တစ်ဦး တည်းက ၂ ဂိုးစလုံးသွင်းယူခဲ့တာပါ။စကော့တလန်အသင်းအတွက်တော့ ၁၉၈၄ နောက်ပိုင်း နှစ်ပေါင်း ၃၉ နှစ် အကြာမှ စပိန်အသင်းကို ပထမဆုံးအကြိမ်နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ တိုမီနေးဟာ ပြီးခဲ့တဲ့ ဆိုက်ပရပ်စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း စကော့တလန်အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့တာပါ။

အဲဒါကြောင့် တိုမီနေးဟာ စကော့တလန်အတွက် နောက်ဆုံး ၂ ပွဲမှာ သွင်းဂိုး ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။တိုမီနေးကတော့ ဒီလိုမျိုးအရာကို တစ်ခါမှမမြင်တွေ့ဖူးဘူးလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

တိုမီနေးက “ဒီနေရာကို ကြည့်လိုက်ပါ။ဒီလိုမျိုးကို တစ်ခါမှမမြင်တွေ့ဖူးပါဘူး။မယုံနိုင်စရာပါပဲ။ နည်းပြက ဒါဟာ စကော့တလန်ကစားသမားတွေအဖြစ်နဲ့ အမွေအနှစ်တွေဖန်တီးဖို့ ကျနော်တို့ရဲ့အခွင့်အရေးတွေဖြစ်ပြီး ဒါတွေက နှစ်ပေါင်း ၂၀ နဲ့ ၃၀ အတွင်း လူတွေမှတ်မိတဲ့ညဆိုပြီး ပြောခဲ့ပါတယ်။ပရိသတ်တွေကို ကျေးဇူးတင်ရုံနဲ့ မလုံ လောက်ပါဘူး။ကျနော်တို့ တကယ်ကို ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါတယ်။ကျနော် ဒီထက်ဂိုးတွေသွင်းပြီး ဖန်တီးမှု တွေပြုလုပ်ချင်ပါသေးတယ်” လို့ ပြောခဲ့ပါတယ်။

စကော့တလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်နဲ့ အုပ်စု ထိပ်ဆုံးနေရာမှာ ဦးဆောင်နေပြီး စပိန်က ၃ မှတ်နဲ့ ဒုတိယ၊ ဂျော်ဂျီယာ၊ နော်ဝေနဲ့ ဆိုက်ပရပ်စ်တို့က တတိယ၊ စတုတ္တနဲ့ ပဉ္စမနေရာတွေမှာ ရပ်တည်နေကြတာဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

#စကော့တလန်#စပိန်အသင်း#ရိုဒရီ#ဘောလုံး#cnisportnews#CNIMyanmar

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

စံချိန်များရှင် လူသား (သို့မဟုတ်) ရော်နယ်ဒို

By CNI
CNI
Category: ဆောင်းပါး
Hits: 2794

CNI Sport Article

၂၀၂၃ ခုနှစ်၊ မတ်လ ၂၆

ရော်နယ်ဒို အတွက်တော့ ကစားတဲ့ ပွဲတိုင်းမှာ စံချိန်တွေ တင်နေတာဖြစ်ပြီး အခုလည်း နိုင်ငံတကာ ပွဲအများဆုံး ကစားသမားဆိုတဲ့ စံချိန်ကို တင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ လက်ချင်စတိန်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအတွက် ပါဝင် ကစားခဲ့ပြီးနောက် ကူဝိတ်ကစားသမား မူတာဝါရဲ့စံချိန်ကို ၁ ပွဲအသာနဲ့ ကျော်ဖြတ်ပြီး ၁၉၇ ပွဲနဲ့ စံချိန်တင် နိုင်ခဲ့ တာပါ။

ရော်နယ်ဒိုရဲ့ ဒီစံချိန်ဟာ ကစားသမားတိုင်း ချိုးဖျက်ဖို့ တော်တော်လေး ခက်ခဲတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အသက် ၃၈ နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့် အခုအချိန်ထိ နိုင်လိုစိတ် ပြင်းပြနေပြီး ပွဲတိုင်းကို ပွဲချိန်အပြည့် ပါဝင်ကစားဖို့ စိတ်အားထက်သန်နေတာပါ။

နိုင်ငံတကာ ကစားသမားဘဝမှာ ရော်နယ်ဒိုဟာ ပွဲအရေအတွက် အများဆုံး ကစားသမားဆိုတဲ့ စံချိန်မတင်နိုင် ခင်မှာ ဂိုးအများဆုံး ကစားသမားဆိုတဲ့ စံချိန်ကိုလည်း တင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုဟာ အီရန် ဂန္တဝင် အလီဒါယီရဲ့စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်တင်ထားတာပါ။

 

ချန်ပီယံလိဂ်ဖလား ၅ ကြိမ်ဆွတ်ခူးထားသူ ရော်နယ်ဒိုကိုတွေ့ရစဉ်

ပေါ်တူဂီ ကစားသမားဟာ လက်ချင်စတိန်းအသင်းနဲ့ ပွဲမှာ ၂ ဂိုး သွင်းယူပြီးနောက် နိုင်ငံတကာသွင်းဂိုး ၁၂၀ အထိ ရှိလာခဲ့ပြီး သူ့ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ အနီးစပ်ဆုံးလို့ ပြောလို့ရတဲ့ မက်ဆီတောင် လိုက်မှီဖို့ ၂၁ ဂိုးအထိ လိုနေ တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ သူ့စံချိန်ကို တခြား ကစားသမားတွေ လိုက်ဖို့ဆိုတာထက် သူကပဲ သူ့ရဲ့စံချိန်တွေကို ချိုးဖျက် ပြီး စံချိန်သစ်တွေကို တင်နေတာပါ။ ပေါ်တူဂီအသင်းအတွက် ၂၀၀၃ မှာ စတင် ပွဲထွက်ခွင့်ရတုန်းက ဆယ်ကျော် သက် အရွယ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်က ဒီလိုစံချိန် မှတ်တမ်းတွေကို တင်နိုင်မယ်လို့ ဘယ်သူကမှ တွေးထင်ထားမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ရော်နယ်ဒိုကတော့ အခုအချိန်မှာ ဒါကို လုပ်ပြနေပြီ ဖြစ်ပါတယ်။ ဘယ်သူတွေကပဲ ဝေဖန်မှုတွေ ပြုလုပ် ပြုလုပ် ရော်နယ်ဒိုကတော့ သူ့အလုပ်ကိုပဲ သူဆက်လုပ်ပြီး ဝေဖန်မှုတွေကို တုန့်ပြန်ခဲ့တာပါ။

ရော်နယ်ဒိုဟာ အခုအချိန်ထိ အနားယူဖို့ အကြောင်းကို မတွေးထားသေးသလို ထုတ်ဖော်လည်း ပြောထားခြင်း မရှိတာကြောင့် နောက်ထပ် စံချိန်မှတ်တမ်းတွေကို ထပ်ပြီး ရေးထိုးဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးလောကမှာ ရော်နယ်ဒို စံချိန်တွေ အများကြီး တင်ထားတဲ့အထဲကမှ ထူးခြားတဲ့ စံချိန်တွေကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံး ပြောပြချင်တာကတော့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်ပါတယ်။

 

နိုင်ငံအသင်းအတွက် ရော်နယ်ဒို ဖရီးကစ်ကနေ ဂိုးသွင်းနေစဉ်

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုတွင်း ပွဲစဉ်ဖြစ်တဲ့ ဂါနာနဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် ဒီစံချိန် မှတ်တမ်းကို တင်နိုင်ခဲ့တာဖြစ်ပြီး ဒီလိုစံချိန်ကို တင်နိုင်ဖို့အတွက်ဆိုရင် လက်ရွေးစင်အသင်းမှာ နှစ်ပေါင်း ၂၀ ကြာ ပါဝင် ကတိကဝတ်ပြုနိုင်မှ ရမှာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ပါဝင်ကစားချင်နေပြီး သူ့ရဲ့စံချိန်ကို ဘယ်သူကမှ မချိုးဖျက် နိုင်အောင်အထိ လုပ်ဆောင်ချင်နေတာပါ။

နောက်ထပ် ထင်ရှားတဲ့ စံချိန်ကတော့ ချန်ပီယံလိဂ် သွင်းဂိုး အများဆုံးဖြစ်ပြီး ၁၄၀ ဂိုးနဲ့ ရပ်တည်နေတာပါ။

သူ့နောက်မှာ အနီးစပ်ဆုံး လိုက်နေတာကလည်း ပြိုင်ဘက်ကြီးဖြစ်တဲ့ မက်ဆီဖြစ်ပြီး ၁၂၉ ဂိုးနဲ့ သူ့အနောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါတောင် ရော်နယ်ဒိုက အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်မကစားတာတောင် သူ့ကို မကျော်ဖြတ် နိုင်သေးတာ ဖြစ်ပါတယ်။

နောက်ထပ် မှတ်တမ်းတွေကတော့ ချန်ပီယံလိဂ်ပွဲ အများဆုံး ကစားသမားနဲ့ ချန်ပီယံလိဂ် ၅ ကြိမ် ရယူထား နိုင်သူဖြစ်ပါတယ်။

နောက်ထပ် အလွန်ကောင်းတဲ့ စံချိန်ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၃ ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ဖို့တောင် မလွယ်တဲ့အချိန်မှာ ရော်နယ်ဒိုလို ဗိုလ်လုပွဲ ၃ ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်ဖို့ကလည်း မလွယ်တဲ့ အခြေအနေပါ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်အသင်းဘက်ကို ရော်နယ်ဒို နောက်ပြန်ကန် ဂိုးသွင်းနေစဉ်

အင်္ဂလန်၊ စပိန်နဲ့ အီတလီ ၃ နိုင်ငံစလုံးမှာလည်း ရော်နယ်ဒိုဟာ ဆုဖလားအားလုံးကို ရနိုင်ခဲ့တဲ့အထိ သူ့ရဲ့ အောင်မြင်မှုတွေကို ပြောရမယ်ဆိုရင် ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။

ရော်နယ်ဒိုရဲ့ ထင်ရှားတဲ့ နောက်ထပ် စံချိန်တစ်ခုကတော့ အမျိုးသား နိုင်ငံတကာ ဘောလုံးသမိုင်းမှာ ဟတ်ထရစ် ၁၀ ကြိမ်ပြည့်တဲ့ ပထမဆုံး ဘောလုံးသမားဖြစ်ခဲ့သလို ယူရိုနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ခုပေါင်းမှာ သွင်းဂိုး ၂၂ ဂိုး အထိ သွင်းထားပြီး ဂိုးအများဆုံး သွင်းထားတဲ့ သူအဖြစ် ရှိနေခဲ့တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ကစားသမားဘဝ သွင်းဂိုး ၈၀၀ ပြည့်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး မက်ဆီက မကြာသေးခင်ကမှ ဒီစံချိန်ကို လိုက်မှီခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ စံချိန်မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းတော့ ရှိပါတယ်။

ဒါကတော့ "သူက စံချိန်မှတ်တမ်းတွေနောက်ကို လိုက်နေတာ မဟုတ်ပါဘူး။ စံချိန်မှတ်တမ်းတွေကသာ သူ့ နောက်ကို လိုက်နေတာ"ဆိုပြီး ပြောထားခဲ့တာပါ။ ဒါက တကယ့်လက်တွေ့မှာလည်း မှန်ကန်နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ကစားသမားဘဝ အနားယူသွားရင်တောင် သူ့စံချိန်မှတ်တမ်းတွေကို လူငယ်ကစားသမားတွေ ချိုးဖျက်ဖို့ ကြိုးစားမှာကို ဂုဏ်ယူစွာကြည့်ရင်းနဲ့ နောက်ထပ် စံချိန်အသစ်တွေကို ထပ်ပြီး တင်နိုင်ဦးမလား ဆိုတာ ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

အင်္ဂလန်ဂိုးသွင်းစံချိန်က မိမိအတွက် အရာအားလုံးကို ဆိုလိုတယ်လို့ ဟာရီကိန်းပြော

By CNI
CNI
Category: Watch TV
Hits: 835

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ကထွက်ခွာအပြီးမှာ ပိုကောင်းတဲ့လူဖြစ်လာတယ်လို့ ရော်နယ်ဒို ပြော

By CNI
CNI
Category: Watch TV
Hits: 809

Share
Tweet
Share
Share
powered by social2s

ဘတ်ပီကို အသင်းခေါင်းဆောင်ခန့်တာ ဂရစ်ဇ်မန်းကို လေးစားမှုမရှိကြောင်း ပြသ

By CNI
CNI
Category: Watch TV
Hits: 900

Share
Tweet
Share
Share
powered by social2s
အီဘရာဟီမိုဗစ်ကိုတွေ့ရစဉ်

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ အီဘရာဟီမိုဗစ်ပြော

By CNI
CNI
Category: အားကစား
Hits: 1070

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂

ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ အသက်အရွယ် ရနေပြီဖြစ်ပေမယ့် လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင် ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

အီဘရာဟီမိုဗစ်က “ဒဏ်ရာတွေနဲ့ ဒီလိုမျိုး ကြုံတွေ့ခဲ့ရတာတွေကို ကြိုပြီးတွေးထားလို့ မရပါဘူး။ ရုပ်ပိုင်းဆိုင်ရာ သာ ကောင်းမွန်တယ်လို့ ခံစားရရင်တော့ ကျနော်ဆက်ပြီးသွားမှာပါ”လို့ ဆွီဒင်အသင်း ခြေစစ်ပွဲအောင်ရင် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ကစားဖို့ ရည်ရွယ်ထားလားဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းချိန်မှာ ဖြေခဲ့ တာပါ။

မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်ကောင်းလာပြီး အေစီမီလန် အသင်းအတွက် ပါဝင်ကစားပေးနိုင်ခဲ့ပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ကို ဆွီဒင်လက်ရွေးစင်အသင်းက ယူရို ၂၀၂၄ ခြေစစ်ပွဲ လူစာရင်းမှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ အသက် ၄၁ နှစ် အရွယ်ရှိပြီ ဖြစ်တာကြောင့် ယူရိုခြေစစ်ပွဲမှာ ပါဝင်ခဲ့ရင် ၁၉၈၃ က စံချိန်တင် ထားတဲ့ အီတလီဂိုးသမားကြီး ဒီဇိုဇော့ဖ်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်မှာပါ။

ဒီနိုဇော့ဖ်ဟာ အသက် ၄၀ နှစ်၊ ၉၀ ရက်နဲ့ စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန်မှာ ကစားနေတဲ့ အီဘရာဟီမိုဗစ်ကိုတွေ့ရစဉ်

ဝါရင့်တိုက်စစ်မှူးဟာ မကြာသေးခင်က အေစီမီလန်အသင်းအတွက် ဂိုးသွင်းယူပြီးနောက် စီးရီးအေသမိုင်းမှာ အသက်ကြီးဆုံး ဂိုးသွင်းတဲ့သူအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွီဒင်အသင်း ခြေစစ်ပွဲ မအောင်မြင်ခဲ့ပြီးနောက် သူဟာ ကစားနိုင်တဲ့အချိန်ထိ ဆက်ပြီး ကစားပေးသွားဦးမယ်လို့ ပြောခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က “ကျနော်ဟာ ပရဟိတ လုပ်ငန်းလုပ်ဖို့ ဒီကိုလာတာ မဟုတ်ပါဘူး။ ပွဲကစားဖို့နဲ့ ကျနော့်ရဲ့ စွမ်းဆောင်ရည်တွေ ကနေတဆင့် ရလဒ်ကောင်းတွေ ယူဆောင်လာဖို့အတွက် ဒီမှာ ရှိနေတာပါ။ ဒါကြောင့်လည်း ကျနော်ဟာ ဆက်ပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။

ဆွီဒင်အသင်းသာ လာမယ့်နှစ် ယူရိုပြိုင်ပွဲကို ခြေစစ်ပွဲအောင်ပြီး အီဘရာဟီမိုဗစ် အနေနဲ့ ဝင်ရောက် ကစားနိုင်ခဲ့ မယ်ဆိုရင်တော့ နောက်ထပ် စံချိန်တစ်ခုကို ထပ်ပြီး ချိုးဖျက်နိုင်ဖို့ရှိတာ ဖြစ်ပါတယ်။

ဆွီဒင်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် သောကြာနေ့မှာ ဘယ်လ်ဂျီယံ၊ တနင်္လာနေ့မှာ အဇာဘိုင်ဂျန် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဆွီဒင် အသင်း ပါဝင်တဲ့ ဒီအုပ်စုမှာ ဒီ ၃ သင်းအပြင် အက်စတိုးနီးယားနဲ့ သြစတြီးယားတို့လည်း ပါဝင်နေပြီး ထိပ်ဆုံးရတဲ့ ၂ သင်းဟာ ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ အီဘရာဟီမိုဗစ်ဟာ ဆွီဒင်လက်ရွေးစင်အတွက် ၂၀၀၁ ကတည်းက ပါဝင်ကစားခဲ့တာ ဖြစ်ပြီး ၁၂၁ ပွဲကစားထားကာ ၆၂ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

Source: Besoccer

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11

Page 7 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar