CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ကလော့ပ်ကို တွေ့ရစဉ်

ကလော့ပ်ရဲ့ လီဗာပူးလ်ခေတ် အဆုံးသတ်ခြင်း 

By CNI
CNI
Category: ဆောင်းပါး
Hits: 1385

CNI Sport Article 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၄

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရာသီဝက်ကာလကို ကျော်လွန်ပြီး အသင်းတိုင်းက သူတို့ရဲ့ ရည်မှန်းချက် တွေ ပစ်မှတ်ထား ကြိုးပမ်းနေတဲ့အချိန်မှာ အားလုံး မထင်မှတ်ထားတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ 

ဒါကတော့ လီဗာပူးလ်အသင်းကနေ ဒီရာသီအကုန်မှာ ထွက်ခွာတော့မယ်လို့ ကလော့ပ်က အံ့အားသင့်ဖွယ် ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ လီဗာပူးလ်အသင်းကို အားပေးတဲ့သူတွေအတွက် တကယ်ကို အံ့အားသင့်ပြီး တုန်လှုပ် ခဲ့ကြရတာပါ။ အထူးသဖြင့် လီဗာပူးလ်အသင်းကို အားပေးတဲ့ ပရိသတ်တွေအတွက် စိတ်ထိခိုက်စရာ ဖြစ်ခဲ့ရပါ တယ်။

၂၀၁၅ ခုနှစ်က လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ကလော့ပ်ဟာ အသင်းကို ကမ္ဘာ့အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်းဖြစ်အောင် ပြုလုပ်ပေးနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ 

ကလော့ပ် မရောက်ခင်က ဆုဖလား အောင်မြင်မှုတွေရဖို့ ခက်ခဲခဲ့တဲ့ လီဗာပူးလ်အသင်းဟာ သူရောက်လာအပြီး မှာတော့ ဆုဖလားရဖို့ နှစ်တိုင်း စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ 

လီဗာပူးလ်အသင်း ပရိသတ်တွေကို ကလော့ပ် နှုတ်ဆက်နေစဉ်

ပရီးမီးယားလိဂ်ဖလားရဖို့ နှစ်ပေါင်း ၃၀ ကျော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ ကလော့ပ် ရောက်လာအပြီးမှာ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို စွဲမက်ဖွယ်ရာကောင်းတဲ့ ကစားကွက်တွေ၊ အန်ဖီးလ်ကွင်းမှာ စံချိန်သစ်တွေနဲ့ အတူ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ် ကမ္ဘာ့ဖလား၊ ကာရာဘောင်းဖလား၊ FA ဖလား၊ ကွန်မြူနတီ ဒိုင်းတို့ကို ရယူပေးနိုင်ခဲ့တာပါ။ 

ကလော့ပ်ဟာ သူ့ရဲ့လက်ထက်မှာ လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ၃ ကြိမ်အထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို အနီးကပ် ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးနဲ့ ရီးရယ်လ်အသင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာကြောင့်သာ ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို ရသင့်တဲ့ နောက်ထပ် ဆုဖလားတွေထပ်ပြီး မရယူပေးနိုင်ခဲ့တာပါ။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဆိုရင် ကလော့ပ် ထွက်ခွာမှာဖြစ်လို့ သူအိပ်လို့ ပိုကောင်းတော့မယ်လို့ ပြောခဲ့တဲ့အထိ ဂျာမန်လူမျိုးနည်းပြက သူ့ကို ဒုက္ခပေးနိုင်ခဲ့တယ်ဆိုတာ ပေါ်လွင်ခဲ့ပါတယ်။ 

ပရိသတ်တွေက ကလော့ပ်ကို ဂုဏ်ပြုနေစဉ်

လီဗာပူးလ်အသင်းကတော့ ကလော့ပ်လို အသင်းကို အောင်မြင်မှု အများအပြား ရယူပေးပြီး အသင်းအပေါ် အလွန်ချစ်တဲ့ နည်းပြတစ်ဦးကို ရာသီအကုန်မှာ ဆုံးရှုံးရတော့မှာပါ။

ကလော့ပ် တစ်ဦးတည်းလားဆိုရင် သူ့ရဲ့ လက်ထောက်နည်းပြ ၂ ဦးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနည်းပြတို့ပါ ဒီရာသီ အကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ကလော့ပ်ခေတ် အလွန်အသင်းကို ပြန်လည် တည်ဆောက်ရတော့မှာဖြစ်ပြီး အရင်လိုမျိုး ပြန်လည်အောင်မြင်မှုတွေရဖို့ အချိန်အတော်ကြာအောင် စောင့်ဆိုင်းရမှာကို လီဗာပူးလ်အသင်း ပရိသတ်တွေက စိုးရိမ်နေကြတာပါ။ 

ကလော့ပ်ကတော့ သူထွက်ခွာမှာကို လီဗာပူးလ်အသင်း ပရိသတ်တွေနဲ့ ကစားသမားတွေ မေ့ထားပြီး အောင်မြင်မှု တွေရဖို့သာ အာရုံစိုက်ဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်း ကစားသမားတွေကလည်း ဒီရာသီမှာ ဆုဖလား အောင်မြင်မှုတွေရယူပြီး နည်းပြ ကလော့ပ်ကို နှုတ်ဆက်ဖို့ ဆုံးဖြတ်ထားတယ်လို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က ပြောထားတာပါ။

လီဗာပူးလ်အသင်းဟာ ကလော့ပ် ထွက်ခွာမယ်လို့ ကြေညာပြီးနောက် ကစားခဲ့တဲ့ ၂ ပွဲစလုံးမှာ ၅ ဂိုး-၂ ဂိုး၊ ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပရိသတ်တွေက ကလော့ပ်ကို ဂုဏ်ပြုနေစဉ်

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံ တစ်ခုကို ပိုင်ဆိုင်ထားပြီး ဆုဖလား ၄ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ဦးဆောင်နေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်၊ FA ဖလားပြိုင်ပွဲမှာ ပဉ္စမအဆင့်နဲ့ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲကို တက်ရောက်ထားတာ ဖြစ်ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်အသင်း ကစားသမားတွေဟာ ဆုဖလားတွေ ရယူပေးပြီး နည်းပြ ကလော့ပ်ရဲ့ ခေတ်ကို အောင်မြင်မှုတွေနဲ့ အဆုံးသတ် ပေးနိုင်မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ 

လီဗာပူးလ်အသင်းဟာ အနီးစပ်ဆုံး ဆုဖလားအဖြစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ ကာရာဘောင်း လိဂ်ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီရာသီ ပထမဆုံးဆုဖလားကို ကလော့ပ်အတွက် ရယူပေးနိုင်မလား ဆိုတာတော့ မကြာခင်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အင်ဒိုနီးရှားအသင်း

အာရှဖလားပြိုင်ပွဲမှာ အာဆီယံအသင်းတွေမညံ့ခဲ့ပါ

By CNI
CNI
Category: ဆောင်းပါး
Hits: 1489

CNI Sport Article

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၈

ကာတာနိုင်ငံမှာကျင်းပနေတဲ့ အာရှဖလားပြိုင်ပွဲကတော့ အုပ်စုတွင်းအဆင့်တွေ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ၁၆ သင်း အဆင့်တွေကို စတင်ယှဉ်ပြိုင်ကြတော့မှာဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲကို အာဆီယံဒေသတွင်းက အသင်းတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ 

ဒီအသင်းတွေထဲမှာ ထိုင်းနဲ့အင်ဒိုနီးရှားအသင်းတို့ဟာ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပြီး ကျန်တဲ့ ၂ သင်းဟာ အုပ်စုကနေ ထွက်ခဲ့ရပေမယ့် အာရှထိပ်သီးအသင်းတွေကို သူတင်ကိုယ်တင် ကစားပြီး မညံ့ခဲ့ကြောင်း သက်သေပြသခဲ့တာဖြစ်ပါတယ်။

အာရှနဲ့ အာဆီယံအသင်းတွေဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေ အများကြီးကွာသလို ခြေစွမ်းနဲ့ နာမည်ကြီး ကစားသမားတွေပါဝင်တာလည်း ကွာခြားနေတာပါ။ 

အာဆီယံအသင်းတွေအတွက် အုပ်စုတိုင်းဟာ အလွန်ခက်ခဲခဲ့ပေမယ့် သူတို့တွေဟာ ဘယ်ပြိုင်ဘက်ကိုမဆို အကောင်းဆုံးပုံစံနဲ့ တုန့်ပြန်သွားခဲ့ပြီး ပွဲသိမ်းခရာမမှုတ်ခင်အချိန်အထိ အကောင်းဆုံးပေးဆပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အာဆီယံအသင်း၂ သင်းဖြစ်တဲ့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားအသင်းတို့ဟာ အုပ်စုတွင်းမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးနဲ့ ချန်ပီယံဟောင်းတွေဖြစ်တဲ့ ဂျပန်၊ အီရတ်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့တာပါ။

ဗီယက်နမ်အသင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲစလုံး အရေးနိမ့်ခဲ့ပေမယ့် ထိပ်သီးအသင်းတွေကို ဦးဆောင်ဂိုးတွေတောင် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဗီယက်နမ်အသင်း

ဗီယက်နမ်အသင်းဟာ အဖွင့်ပွဲစဉ်မှာ ဂျပန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ ဦးဆောင်ပြီးမှ ၄ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။

အီရတ်အသင်းနဲ့ ပွဲစဉ်မှာဆိုရင်လည်း ဗီယက်နမ်အသင်းဟာ ဦးဆောင်ဂိုးအရင်သွင်းနိုင်ခဲ့ပြီး ကစားသမားတစ်ဦး ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် နာကျင်အချိန်ပိုမှာ ပေးခဲ့ရတဲ့ ပင်နယ်တီဂိုးကြောင့်သာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်အသင်းဟာ ဒေသတွင်းအသင်းဖြစ်တဲ့ အင်ဒိုနီးရှားအသင်းကို အရေးနိမ့်ခဲ့ပေမယ့် ပြိုင်ပွဲတစ်လျှောက် သူတို့ရဲ့ကစားအား၊ နိုင်လိုစိတ်ပြင်းထန်တာတွေကို မြင်တွေ့ခဲ့ရတာပါ။ 

အင်ဒိုနီးရှားအသင်းကတော့ အီရတ်အသင်းနဲ့ ဂျပန်အသင်းကို ၃ ဂိုး-၁ ဂိုးစီနဲ့ အရေးနိမ့်ပြီး ဗီယက်နမ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

အင်ဒိုနီးရှားအသင်းဟာ ဒီပွဲတွေမှာ သူတို့ရဲ့လျင်မြန်မှုနဲ့ အာရှထိပ်သီးအသင်းတွေကို ဒုက္ခရောက်အောင် လုပ်ဆောင်နိုင်ခဲ့တာပါ။ 

အင်ဒိုနီးရှားအသင်းဟာ ဗီယက်နမ်အသင်းကို အနိုင်ရခဲ့တာကြောင့်လည်း အကောင်းဆုံးအုပ်စုတတိယနဲ့ ၁၆ သင်း အဆင့်ကို တက်နိုင်ခဲ့ပါတယ်။

မလေးရှားအသင်း

မလေးရှားအသင်းကတော့ ဘာရိန်း၊ တောင်ကိုရီးယား၊ ဂျော်ဒန်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ဘာရိန်းနဲ့ ဂျော်ဒန်အသင်းတို့ကို အရေးနိမ့်ခဲ့ပေမယ့် နောက်ဆုံးပွဲဖြစ်တဲ့ တောင်ကိုရီးယားအသင်းနဲ့ပွဲမှာတော့ အားလုံးအံ့အားသင့်ဖွယ်လုပ်ပြခဲ့တာဖြစ်ပါတယ်။ 

မလေးရှားအသင်းဟာ ဆွန်ဟောင်မင်၊ ဟွမ်ဟီချန်း၊ လီကန်အင်တို့လို ထိပ်တန်းကြယ်ပွင့်တွေပါတဲ့ တောင်ကိုရီးယားအသင်းကို နောက်ဆုံးမိနစ်အထိ လုံးဝအရှုံးမပေးဘဲ ၃ ဂိုးစီသရေကျအောင် ကစားသွားပြခဲ့တာပါ။ 

ဒီရလဒ်အပေါ် ပရိသတ်တွေက အံ့အားသင့်နေခဲ့ကြပြီး မလေးရှားကို ချီးကျူးမှုတွေပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ထိုင်းအသင်းကတော့ အဖွင့်ပွဲစဉ်မှာ ကာဂျစ္စတန်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲမှာ အိုမန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့သလို နောက်ဆုံးပွဲမှာလည်း အင်အားကြီးဆော်ဒီအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာပါ။

ထိုင်းအသင်း

ထိုင်းအသင်းဟာ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ အာဆီယံအသင်း ၄ သင်းထဲမှာ အတည်ငြိမ်ဆုံးနဲ့ အကောင်းဆုံးပုံစံရှိနေပြီး ပေးဂိုး ၁ ဂိုးမှမပေးရဘဲ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းအသင်းဟာ နောက်ဆုံးပွဲမှာဆိုရင် ဆော်ဒီအသင်းကို အရန်ကစားသမားအများစုနဲ့ ကစားသွားခဲ့ပြီး သူတို့ဘယ်လောက်သန်မာလဲဆိုတာကို ပြသနိုင်ခဲ့တာပါ။

အာဆီယံအသင်း ၄ သင်းစလုံးဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံတစ်ခုနဲ့ အာရှထိပ်သီးအသင်းတွေကို ဂိုးပြတ်မရှုံးဘဲ သူတင်ကိုယ်တင်ယှဉ်ပြိုင်ခဲ့တာကိုကြည့်မယ်ဆိုရင် အာဆီယံဘောလုံးလောကအတွက် ကောင်းတဲ့လက္ခဏာဖြစ်ပြီး နောက်လာမယ့် အာရှဖလားပြိုင်ပွဲတွေမှာ ဒီထက်ပိုမျှော်လင့်လို့ရလာမှာလည်း ဖြစ်ပါတယ်။ 

လက်ရှိကမ္ဘာပေါ်မှာ လူဦးရေအများဆုံးရှိတဲ့ တရုတ်နဲ့အိန္ဒိယတောင် အာရှဖလားပြိုင်ပွဲမှာ သွင်းဂိုးတစ်ဂိုးမှ မရဘဲ အုပ်စုက ထွက်ခွာခဲ့ရတဲ့အချိန်မှာ အာဆီယံအသင်းတွေရဲ့စွမ်းဆောင်ရည်ဟာ တကယ်ကို ကျေနပ်စရာလို့ ပြောရမှာပါ။

အဲ့ဒါကြောင့်လည်း အာဆီယံအသင်း၂ သင်းဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ထိုင်းအသင်းတို့ဟာ အာရှဖလားပြိုင်ပွဲမှာ ဘယ်အဆင့်အထိ တက်နိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေတာတော့ အသေအချာပဲဖြစ်ပါတယ်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆော်ဒီလိဂ်ရောက် နာမည်ကြီး ကစားသမားများကို တွေ့ရစဉ်

ဆော်ဒီကို ပြန်ကျောခိုင်းချင်သော ကစားသမားများ

By CNI
CNI
Category: ဆောင်းပါး
Hits: 1412

CNI Sport Article 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁

ဆော်ဒီပရိုလိဂ်ဟာ ဒီရာသီမှာ ဥရောပရဲ့နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူပြီး သူတို့ရဲ့လိဂ်ကို ကမ္ဘာ့အဆင့် ဝင်ခွင့်ရအောင် လုပ်ဆောင်နေပေမယ့် ကစားသမားအချို့ကတော့ လပိုင်းအကြာမှာ ပြန်ထွက်ခွာဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ 

ဆော်ဒီလိဂ်ဟာပြီးခဲ့တဲ့ နွေရာသီက ဘန်ဇီမာ၊ နေမာ၊ မာနေး၊ ကန်တီ၊ ဖာမီနို၊ မာရက်ဇ်၊ ဖာဘင်ဟို၊ မီထရိုဗစ်နဲ့ နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူခဲ့ပါတယ်။ ကစားသမားအများစုဟာ အယ်လ်ဟီလယ်၊ အယ်လ်နာဆာ၊ အယ်လ်အစ်တီဟတ်နဲ့ အယ်လ်အာလီအသင်းတို့ကို ပြောင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ကတော့ လီဗာပူးလ်ဂန္ထဝင် စတီဗင်ဂျရတ်နဲ့ အယ်လ်အက်တီဖတ်အသင်းမှာ ပူးပေါင်းခဲ့ပါတယ်။ 

ဒါပေမယ့် ကစားသမား အချို့ကတော့ ဥရောပကထွက်ခွာပြီး လပိုင်းအကြာမှာ ဥရောပကို ပြန်လည် သွားရောက်ဖို့ စိတ်အားထက်သန်နေပြီး ဒီကစားသမားတွေထဲမှာ ဥပမာဖြစ်ခဲ့တာကတော့ ဟန်ဒါဆန် ဖြစ်ပါတယ်။ 

ဟန်ဒါဆန်ဟာ အယ်လ်အက်တီဖတ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းပြီးနောက် အေဂျက်ဇ်အသင်း ထံ ပြောင်းရွှေ့ခဲ့တာပါ။ 

နောက်ထပ် ကစားသမားတွေဖြစ်တဲ့ ဖာမီနို၊ ဘန်ဇီမာနဲ့ ဂျိုတာတို့လည်း ဥရောပအသင်းတွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြပါတယ်။

ဒီကစားသမားတွေဟာ ဆော်ဒီကနေ ဘာကြောင့် အမြန်ဆုံး ပြန်ထွက်ခွာချင်နေလဲဆိုတဲ့ အဓိက အကြောင်းအရင်း အချို့ကို SunSport က ဖော်ပြခဲ့ပါတယ်။ 

ပထမဆုံးကတော့ ဆော်ဒီနိုင်ငံရဲ့ပူပြင်းတဲ့ အပူဒဏ်ကို မခံနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဆော်ဒီနိုင်ငံရဲ့ အပူချိန်ဟာ ပြင်းတာကြောင့် ကစားသမားတွေဟာ အပူဒဏ်ကို တော်တော်လေး ခံစားခဲ့ရတာ ဖြစ်ပါတယ်။ 

 ဆော်ဒီလိဂ်မှာ ပရိသတ်ဦးရေနည်းပါးသည်ကို တွေ့ရစဉ်

ဆော်ဒီနိုင်ငံရဲ့ နေရာအချို့မှာ အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်အထိရှိတာကြောင့် အသင်းတွေဟာ ညနေပိုင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်ရတာပါ။

လွန်ခဲ့တဲ့ ၂ နှစ်က ဆော်ဒီလိဂ်ကို ရောက်ရှိလာတဲ့ ပထမဆုံးပုံရိပ်မြှင့် ကစားသမား စီရော်နယ်ဒိုက ဆော်ဒီနိုင်ငံရဲ့ အပူချိန်မြင့်မားမှုတွေကြောင့် လေ့ကျင့်ချိန်တွေကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ 

နောက်တစ်ခုကတော့ ပွဲကြည့် ပရိသတ်ဦးရေ အလွန်နည်းပါးတာကြောင့်ပါ။ ဆော်ဒီနိုင်ငံမှာ အယ်လ်ဟီလယ်၊ အယ်လ်နာဆာနဲ့ အယ်လ်အစ်တီဟတ်အသင်းတို့ရဲ့ ပွဲတွေမှာသာ ကြည့်ရှုတဲ့ ပရိသတ်ဦးရေ များပြားတာဖြစ်ပြီး ကျန်ပွဲတွေမှာတော့ သိသိသာသာကို နည်းပါးတာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းရဲ့ အန်ဖီးလ်ကွင်းမှာ ပရိသတ် ၅၀,၀၀၀ အရှေ့ ကစားရပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာက ပရိသတ်ပေါင်း ၆၁၀ ဦးသာရှိတဲ့ အရှေ့မှာ အယ်လ်အက်တီဖတ်အသင်းအတွက် ကစားခဲ့ရတာပါ။ 

ဒီအရေအတွက်ဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ပရိသတ်တက်ရောက် ကြည့်ရှုသူဦးရေ အနည်းဆုံးနံပါတ် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဆော်ဒီပရိုလိဂ် ပြိုင်ပွဲဝင်ကလပ် ၁၈ သင်းထဲက အယ်လ်ရီယက်ဒ်အသင်းရဲ့ပွဲစဉ်တစ်ပွဲဆိုရင် ပရိသတ်ဦးရေ ၁၅၀ အောက်သာ တက်ရောက်ကြည့်ရှုခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

နောက်တစ်ခုကတော့ လူနေထိုင်မှု ဘဝတွေဟာ သိသိသာသာ ကွာခြားနေတာ ဖြစ်ပါတယ်။ 

လူမှုရေး ကန့်သတ်ချက် အများအပြားဟာ ဆော်ဒီကို ရောက်ရှိလာတဲ့ နိုင်ငံခြားသား ကြယ်ပွင့် ကစားသမားတွေ အတွက် ခက်ခဲတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖြစ်စေခဲ့တာပါ။ 

အရှေ့အလယ်ပိုင်းဒေသရဲ့ ယဉ်ကျေးမှုတွေဟာ ဥရောပအခြေစိုက် ကစားသမားတွေအတွက် အလွန်ခက်ခဲခဲ့ပြီး ဟန်ဒါဆန်ရဲ့မိသားစုဟာ ဆော်ဒီမှာ နေထိုင်ရတာ အဆင်မပြေတာကြောင့် ပြန်ထွက်ခွာခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးတစ်ခုကတော့ နိုင်ငံအသင်းတွေမှာ ပါဝင်ကစားခွင့်ရဖို့အတွက် စိုးရိမ်စရာ အခြေအနေမှာ ရှိနေတာ ကြောင့် ဖြစ်ပါတယ်။ 

ဆော်ဒီလိဂ်ကို ရောက်လာတဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်

ဆော်ဒီလိဂ်ရဲ့ စံနှုန်းဟာ ကစားသမားတွေအတွက် ပြဿနာတစ်ခုအနေနဲ့ ရှိနေပြီး နိုင်ငံအသင်းမှာ ရွေးချယ် မခံရမှာကို စိုးရိမ်နေကြတာပါ။ 

ဟန်ဒါဆန်ဟာ ဆော်ဒီကို ပြောင်းရွှေ့လာပြီးကတည်းက အင်္ဂလန်အသင်းမှာ ရွေးချယ်ခြင်း ခံခဲ့ရပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် လူစာရင်းမှာ သူ့နေရာကို ဆက်ထိန်းနိုင်ဖို့ အခက်အခဲရှိနေတာ ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ်ဟာ နိုင်ငံတကာ စူပါစတား အများအပြားကို ခေါ်ယူပြီး လိဂ်ကို အပြိုင်အဆိုင်ဖြစ်အောင် လုပ်နေကြပေမယ့် ဒီမှာကစားနေတဲ့ ကစားသမား အများစုရဲ့စံနှုန်းဟာ လိဂ်တူးအဆင့်နဲ့ နီးစပ်မှုရှိတယ်လို့ သတ်မှတ်ထားတာပါ။

ဆော်ဒီလိဂ်ကတော့ ထိပ်တန်း ကစားသမားအချို့ကို ပြန်လက်လွှတ်ရရင်တောင် ငွေကိုရေလိုသုံးနိုင်တဲ့ သူတို့ အတွက်တော့ နောက်ထပ် နာမည်ကြီး ကစားသမားတွေကို ထပ်ပြီးခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ 

ဒါကြောင့် ဆော်ဒီလိဂ်မှာ နာမည်ကြီး ကစားသမားတွေ ပြန်လည်မထွက်ခွာအောင်နဲ့ နောက်ထပ် နာမည်ကြီး ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ဘယ်လိုပုံစံနဲ့ ရှေ့ဆက်မလဲဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Source: The Sun

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆန်ချိုကို တွေ့ရစဉ်

တချိန်က ဆန်ချိုကို ပြန်မြင်တွေ့ရတော့မလား

By CNI
CNI
Category: ဆောင်းပါး
Hits: 1097

CNI Sport Article

၂၀၂၄ ခုနှစ်၊  ဇန်နဝါရီ ၁၂

ယူနိုက်တက်အသင်းမှာ စိတ်ပျက်စရာတွေ ကြုံတွေ့ခဲ့ရတဲ့ ဆန်ချိုကတော့ အခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့ ပြန်ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းမှာ ပထမအကြိမ် ကစားခဲ့တုန်းက ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ယူနိုက်တက်အသင်းဟာ ဆန်ချို ကို ပေါင် ၇၃ သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့ပေမယ့် ဆန်ချိုရဲ့ အကောင်းဆုံးပုံစံတွေကို အသုံးချခွင့် မရခဲ့ပါဘူး။

ဒီရာသီ အပါအဝင် ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ ၂ ရာသီခွဲ ကစားခဲ့ပြီး ပွဲပေါင်း ၈၂ ပွဲ ပါဝင်ကစားခဲ့ပေမယ့် ခြေစွမ်းပြနိုင်တဲ့ ပွဲအရေအတွက်က လက်ချိုးပြီးတောင် ရေတွက်လို့ရတာပါ။

ဆန်ချိုဟာ ဒီရာသီမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ လူသိရှင်ကြား ထိပ်တိုက်တွေ့ခဲ့တဲ့ သတင်းဟာ ခေါင်းကြီးပိုင်း အဖြစ် ရှိခဲ့ပြီး ဒီအခြေအနေကြောင့်ပဲ ဆန်ချိုဟာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဆန်ချိုနဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ရဲ့ အဖြစ်အပျက်မှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ဆုံးဖြတ်ရ ခက်ပေမယ့် ယူနိုက်တက်အသင်းကတော့ စိတ်ပျက်စရာတွေကို ကြုံတွေ့ခဲ့ရတာပါ။

 ဆန်ချိုကို တွေ့ရစဉ်

ဆန်ချိုဟာ ဒတ်ချ်လူမျိုးနဲ့ ပြဿနာဖြစ်ခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က နောက်ပိုင်း ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရတော့သလို တစ်ဦးတည်းသာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဆန်ချိုဟာ တစ်ဦးတည်း ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ယူနိုက်တက်အသင်းမှာ ပြန်ကစားခွင့် ဝေးခဲ့ ရတာပါ။

ဆန်ချိုကတော့ ယူနိုက်တက်အသင်းမှာ ပြန်ကစားခွင့်ရဖို့ထက် အခြားအသင်း တစ်သင်းမှာသာ သူ့ရဲ့ခြေစွမ်းကို ပြန်သက်သေပြချင်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ဆန်ချိုဟာ သူ့ရဲ့ကစားသမားဘဝကို တောက်ပအောင် လုပ်ပေးခဲ့တဲ့ အသင်းဟောင်း ဒေါ့မွန် အသင်းကို ပြန်ပြောင်းရွှေ့ခဲ့တာပါ။

ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ပထမအကြိမ် ကစားခဲ့ချိန်က ပွဲပေါင်း ၁၃၇ ပွဲမှာ ဂိုး ၅၀ သွင်းယူခဲ့ပြီး ဂိုး ၆၀ ဖန်တီး ပေးနိုင်ခဲ့ကာ အသင်းကြီးအချို့ကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံးဆု ၃ ကြိမ်၊ ဘွန်ဒစ်လီဂါ အကောင်းဆုံးအသင်းမှာ ၂ ကြိမ် အပါအဝင် တစ်ဦးချင်းဆုတွေ အများကြီး ရယူနိုင်ခဲ့တာပါ။

ဆန်ချိုနဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

အဲ့ဒါကြောင့်လည်း ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့ပြီး တစ်ရာသီ စောင့်ဆိုင်းပြီးမှ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆန်ချိုရဲ့ ဒေါ့မွန်အသင်းက ခြေစွမ်းတွေကို ယူနိုက်တက်အသင်းမှာ ပရိသတ်တွေ မြင်တွေ့ရခြင်း မရှိခဲ့ ပါဘူး။

ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရတာကြောင့် အင်္ဂလန်အသင်းမှာလည်း ကစားခွင့်ဝေးကွာခဲ့တာပါ။

ဒေါ့မွန်အသင်းမှာ ကစားခဲ့တုန်းက အင်္ဂလန်အသင်း လူစာရင်းမှာ ပုံမှန်ရွေးချယ်ခံခဲ့ရတဲ့ ဆန်ချိုဟာ ယူနိုက်တက် အသင်းကို ရောက်ပြီးချိန်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရ ပါတယ်။

 ဆန်ချိုကိုတွေ့ရစဉ်

ဒါ့အပြင် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာလည်း အင်္ဂလန်အသင်း လူစာရင်းကနေ မရွေးချယ်ခံခဲ့ရတာကြောင့် ဆန်ချိုရဲ့ အင်္ဂလန် အနာဂတ်ကလည်း စိုးရိမ်စရာတွေ ရှိလာခဲ့တာပါ။

ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့တာက သူ့ရဲ့ကစားသမားဘဝကို ပြန်ပြီးတောက်ပအောင် လုပ်ဖို့နဲ့ အင်္ဂလန်အသင်း လူစာရင်းထံ ပြန်ရွေးချယ်ခံရနိုင်တဲ့ အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်။

ဆန်ချိုဟာ ဒီအခွင့်အရေးကို အသုံးချနိုင်မယ်ဆိုရင် နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်နိုင်မယ့် အခြေအနေမှာ ရှိတာပါ။

အဲ့ဒါကြောင့် ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းမှာ သူ့ရဲ့ အရင်ခြေစွမ်းတွေကို ပြသပြီး အင်္ဂလန်အသင်း လူစာရင်းမှာ ပြန်လည် ရွေးချယ်ခံရမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဝိန်းရွန်နီကို တွေ့ရစဉ်

ဆိုးရွားလွန်းတဲ့ မှတ်တမ်းတွေနဲ့ ဝိန်းရွန်နီရဲ့ နည်းပြဘဝ

By CNI
CNI
Category: ဆောင်းပါး
Hits: 1501

CNI Sport Article

  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇ 

ယူနိုက်တက်နဲ့ အင်္ဂလန်ဂန္ထဝင် ဝိန်းရွန်နီကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ် အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်တာ ရက်ပေါင်း ၈၂ ရက်သာ ရှိသေးပေမယ့် ရလဒ်ဆိုးတွေကြောင့် အသင်းဘက်က သူ့ကို စိတ်ရှည်သည်းခံမှု အဆုံးသတ်သွားခဲ့တာပါ။

ဝိန်းရွန်နီဟာ ကစားသမားဘဝမှာ ယူနိုက်တက်အသင်းနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့ပေမယ့် နည်းပြဘဝကတော့ အလွန်ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။

ဝိန်းရွန်နီဟာ ယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့တာကြောင့် အားလုံးရဲ့အထင်ကြီးမှုကို ရခဲ့ပြီး နည်းပြဘဝမှာလည်း အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမယ့် ဝိန်းရွန်နီရဲ့ နည်းပြဘဝ အစဟာ ဆိုးရွားမှုတွေနဲ့သာ စတင်ခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ ဒါဘီအသင်းရဲ့ ကစားသမားအဖြစ်ကနေ ၂၀၂၀ ခုနှစ်မှာ နည်းပြအဖြစ် ပြောင်းလဲပြီး နည်းပြ လောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဝိန်းရွန်နီဟာ နည်းပြဘဝ ပထမရာသီမှာ ဒါဘီအသင်းကို တန်းဆင်းမယ့် အန္တရာယ်ကနေ လွတ်မြောက်အောင် ကိုင်တွယ်နိုင်ခဲ့တာပါ။

ဒါပေမယ့် ဒုတိယရာသီမှာတော့ ဒါဘီအသင်းဟာ ရမှတ် ၂၁ မှတ်အထိ အလျှော့ခံခဲ့ရတာကြောင့် ဝိန်းရွန်နီအတွက် ခက်ခဲခဲ့ပြီး အသင်းဟာ လိဂ်ဝမ်းကို တန်းဆင်းသွားခဲ့ရပါတယ်။

ဒါဘီအသင်းဟာ လိဂ်ဝမ်းကို တန်းဆင်းသွားပြီး နောက်မှာ ဝိန်းရွန်နီဟာ နည်းပြရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ 

 ဝိန်းရွန်နီကို တွေ့ရစဉ်

ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်းဟာ ဒါဘီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၈၅ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၂၈.၂ ရာခိုင်နှုန်းသာရှိခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၃၈ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ ဒါဘီအသင်းကနေ ထွက်ခွာအပြီး ရက်အနည်းငယ်အကြာမှာ အသင်း ဟောင်း ဒီစီယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်အသင်းရဲ့ ပွဲဦးထွက်မှာ အဖွင့်လှခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းဟာ ရလဒ်တွေဆိုးခဲ့ပြီး မနှစ်ကရာသီမှာ မေဂျာလိဂ်ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာပါ။ 

အဲ့ဒါကြောင့် နှစ်ဦးသဘောတူညီမှုနဲ့ ဝိန်းရွန်နီဟာ မေဂျာလိဂ်ကလပ်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ 

ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၅၃ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၂၆.၄ သာရှိခဲ့တာပါ။

ဝိန်းရွန်နီ အတွက်တော့ နည်းပြ အလုပ်အကိုင်က မရှားခဲ့ဘဲ ဒီစီယူနိုက်တက်အသင်းက ထွက်ခွာပြီး ရက်ပိုင်း အကြာမှာ ဘာမင်ဂမ်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဝိန်းရွန်နီ မကိုင်တွယ်ခင်က ဘာမင်ဂမ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်မယ့် ပလေးအော့ဖ် ဝင်ခွင့်အဆင့် နေရာမှာ ရပ်တည်နေတာပါ။ 

အဲ့ဒါကြောင့် အသင်းတာဝန်ရှိသူတွေက ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်နိုင်အောင် ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်မှုရှိခဲ့တာ ဖြစ်ပါတယ်။

ဝိန်းရွန်နီရဲ့ ဘာမင်ဂမ်အသင်း တာထွက်ခရီးဟာ မလှပခဲ့ဘဲ အဖွင့် ၅ ပွဲမှာ ရမှတ် ၁ မှတ်သာ ရရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။

ဝိန်းရွန်နီဟာ မထုတ်ပယ်ခံရခင် အချိန်အထိ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာရရှိခဲ့ပြီး ဘာမင်ဂမ်အသင်းရဲ့ အဆင့်ကလည်း သူမကိုင်တွယ်ခင်က အဆင့် ၆ ကနေအဆင့် ၂၀ နေရာအထိ ရောက်ရှိသွား ခဲ့တာ ဖြစ်ပါတယ်။

ဒီရလဒ်တွေဟာ ဘာမင်ဂမ်အသင်း တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေအတွက် လက်ခံနိုင်စရာ မရှိခဲ့တဲ့အတွက် အဆုံးသတ်ဟာ မလှပခဲ့တာပါ။ 

ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၅ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၁၃.၃ သာရှိခဲ့တာ ဖြစ်ပါတယ်။

 ဝိန်းရွန်နီကို တွေ့ရစဉ်

ဒါဘီနဲ့ ဒီစီယူနိုက်တက်အသင်းတို့ကို ကိုင်တွယ်ခဲ့တုန်းက မအောင်မြင်ခဲ့လို့ အရမ်းကြီး ဝေဖန်မခံခဲ့ရတဲ့  ဝိန်းရွန်နီ ဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ချိန်မှာတော့ ဝေဖန်မှု အပြင်းအထန်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဝိန်းရွန်နီအတွက်တော့ အဆင့် ၆ နေရာက အသင်းကို အဆင့် ၂၀ နေရာအထိ ရောက်အောင် ပို့ဆောင်ခဲ့တာ ကြောင့် ဝေဖန်ခံရဖို့ ထိုက်တန်ပေမယ့် သူကတော့ ကိုင်တွယ်ခဲ့တဲ့ အချိန်နည်းပါးခဲ့တာကြောင့် သူလိုချင်တဲ့ ပုံစံအတိုင်း ရောက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ဝိန်းရွန်နီဟာ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူဦးမယ်လို့ ပြောထားပြီး နည်းပြလောကထဲကို အလောတကြီး ပြန်ဝင်လာဖို့ မရှိသေးတာပါ။

ဝိန်းရွန်နီဟာ အနာဂတ်မှာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ချင်တယ်လို့ ပြောထားသလို အသင်းရဲ့ အနာဂတ် နည်းပြလောင်း စာရင်းမှာ ပါဝင်နေပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ဆိုရင် အခြားအသင်းတွေမှာ အောင်မြင်မှုရအောင် ပြုလုပ်ပြီး ကိုင်တွယ်ခွင့်နဲ ထိုက်တန်တဲ့ သက်သေပြသနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မန်စီးတီးအသင်းကို တွေ့ရစဉ်

ကမ္ဘာ့အကောင်းဆုံးအသင်း သို့မဟုတ် မန်စီးတီး

By CNI
CNI
Category: ဆောင်းပါး
Hits: 1886

CNI Sport Article

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁

မန်စီးတီးအသင်းဟာ မကြာသေးခင်က ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ မကြာခင်ကုန်ဆုံးတော့မယ့် ၂၀၂၃ ခုနှစ်ထဲမှာ အဓိကဆုဖလားကြီးတွေဖြစ်တဲ့ ပရီးမီးယား လိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားတွေကို ပိုင်ဆိုင် နိုင်ခဲ့တာပါ။

အဲ့ဒါကြောင့်လည်း မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းအဖြစ် သတ်မှတ်ခံရလောက် အောင် ထိုက်တန်ခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်း ဆုဖလားများစွာနဲ့အတူ တွေ့ရစဉ်

မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်ထဲမှာ ရှုံးပွဲတွေ ကြုံတွေ့ခဲ့ပေမယ့် အချိန်တန်ရင် ဆုဖလားသိမ်းပိုက်တာ မန်စီးတီးအသင်း ဖြစ်နေတဲ့အထိ ရပ်တန့်ဖို့ ခက်ခဲခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ဒီလိုမျိုး သမိုင်းဝင် အောင်မြင်မှုတွေ၊ ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံရအောင် တွေအတွက် အစပျိုးခဲ့တာကတော့ ရှိတ်မန်ဆော် ဦးဆောင်တဲ့ အဘူဒါဘီ အစုအဖွဲ့က ၂၀၀၈ ခုနှစ်မှာ အသင်းကို ဝယ်ယူခဲ့တာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အဘူဒါဘီအစုအဖွဲ့ဟာ မန်စီးတီးအသင်း အောင်မြင်မှုတွေ ရရှိအောင် အများပြောသလို ရေနံလောင်းပြီး ကစားသမားသစ်တွေ အားဖြည့်ပေးခဲ့တာပါ။ 

မန်စီးတီးအသင်း ဒီလိုငွေကြေး သုံးစွဲခဲ့ပေမယ့် အောင်မြင်မှုရဖို့ စောင့်ဆိုင်းခဲ့ရပြီး ၂၀၁၁-၁၂ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စတင်ပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီအောင်မြင်မှုကနေ စတင်ပြီး မန်စီးတီးအသင်းဟာ ဆုဖလားအောင်မြင်မှုတွေကို တောက်လျှောက်ဆိုသလို ရယူခဲ့ကာ အင်္ဂလန်မှာ မင်းမူနေတဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်၊ လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီးတို့ကို အသာရလာခဲ့တာပါ။

မန်စီးတီးအသင်းပိုင်ရှင် ရှိန်မန်ဆော်တို့ကိုတွေ့ရစဉ်

မန်စီးတီးအသင်း အင်္ဂလန်မှာ ကြီးစိုးနိုင်ဖို့ အဓိကဖြစ်လာခဲ့တဲ့ အရာကတော့ ၂၀၁၆ ခုနှစ်မှာ ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်လိုက်တာပါပဲ။ 

ဂွာဒီယိုလာဟာ သူ့ရဲ့ပထမဆုံးရာသီမှာ မန်စီးတီးအသင်းကို ဆုဖလားရယူဖို့ထက် ကစားကွက် နည်းစနစ်တွေနဲ့ အသင်းကို စိတ်ကြိုက်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ပွဲဦးထွက်ရာသီမှာ အောင်မြင်မှုတွေရအောင် မလုပ်ပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ပရီးမီးယားလိဂ်ဆုဖလား အပါအဝင် ဆုဖလားအများအပြားကို အကြိမ်ကြိမ် ရယူပေးနိုင်ခဲ့တာပါ။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလားကို ၅ ကြိမ်အထိ ရယူနိုင်ခဲ့သလို ပြည်တွင်းဖလား အများအပြားကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီအချိန်မှာ မန်စီးတီးအသင်းရယူဖို့ ချန်ပီယံလိဂ်ဖလားဆိုတဲ့ ဥရောပမှာရှိတဲ့ အသင်းတိုင်း လိုချင်နေတဲ့ ဆုဖလား သာ ကျန်ရှိတော့တာပါ။ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ဆုဖလား ရယူပေးနိုင်ဖို့ အချိန်ယူခဲ့ရပြီး နောက်ဆုံးမှာတော့ အားလုံးဝေဖန်သံတွေ တိတ်သွားအောင် ၂၀၂၃ ခုနှစ်ထဲမှာ ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာကို ဖီဖာကလပ်ကမ္ဘာ့ဖလားဆုနဲ့အတူ တွေ့ရစဉ်

ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့မှုကြောင့် ယှဉ်ပြိုင်ခဲ့ရတဲ့ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ တွေမှာလည်း မန်စီးတီးအသင်းဟာ ချန်ပီယံဆုတွေ ဆက်တိုက်သိမ်းပိုက်ကာ ၂၀၂၃ ခုနှစ်ထဲမှာ ကမ္ဘာ့အကောင်း ဆုံး အသင်းအဖြစ် ဖြစ်လာခဲ့ရပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့အတူ ရယူနိုင်တဲ့ ဆုဖလားအားလုံးကို ရယူပေးခဲ့ပြီးပြီဖြစ်လို့ နောက်ထပ် စာအုပ်အသစ်ဝယ်ကာ သမိုင်းသစ်ထပ်ရေးဖို့ သူ့ရဲ့ကစားသမားတွေကို တိုက်တွန်းထားခဲ့တာပါ။

ဂွာဒီယိုလာကတော့ ၂၀၂၄ ခုနှစ်ထဲမှာ ၂၀၂၃ ခုနှစ်က ရယူနိုင်ခဲ့တဲ့ ဆုဖလား ၅ လုံးထက် ပိုပြီး ရယူနိုင်ဖို့ ပစ်မှတ် ထားနေတာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အနည်းငယ် ရုန်းကန်နေရပေမယ့် အချိန်တန်ရင် မန်စီးတီးအသင်းကပဲ ဆုဖလားတွေကို သိမ်းပိုက်နိုင်မယ်ဆိုတဲ့အတိုင်း ဆုဖလားတွေ အများအပြားကို ထပ်ပြီး ရယူနိုင်မလားဆိုတာတော့ ၂၀၂၄ ခုနှစ်ထဲမှာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်

ဓားစာခံအားလုံးမလွတ်မချင်း ဆက်တိုက်သွားမည်ဟု အစ္စရေးပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 765

CNI International News

စကိုပီယာ၊ ဒီဇင်ဘာ ၁

ဟားမာ့စ်အဖွဲ့ ဖမ်းဆီးထားသည့် ဓားစာခံအားလုံး မလွတ်မြောက်မချင်း၊ ဟားမာ့စ်အဖွဲ့ကို အပြီးသတ် မချေမှုန်းနိုင်မချင်း အစ္စရေးအနေနှင့် စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အီလီ ကိုဟန် (Eli Cohan) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့ သည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ကိုဟန်သည် မက်ဆီဒိုးနီးယားနိုင်ငံ၊ စကိုပီယာ (Skopje) မြို့တော်တွင် ပြုလုပ်သည့် နှစ်ရက်ကြာ OSCE ဝန်ကြီးအဆင့် အစည်းအဝေး၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

"ကျနော်တို့ဟာ ကျနော်တို့ရဲ့ ဓားစားခံအားလုံး ပြန်မလွတ်မချင်း၊ ဟားမာ့စ်အဖွဲ့ကို မချေမှုန်းနိုင်မချင်း ဆက်လက် တိုက်ခိုက်သွားမှာပါ။ အခုလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို မဖြစ်စေဖို့အတွက် ကမ္ဘာကြီးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို ဟားမာ့စ်ရဲ့ လက်အောက်က လွတ်မြောက်စေဖို့ စည်းလုံးညီညွတ်စွာ ရှိသင့်ပါတယ်" ဟု ကိုဟန်က သတင်းထောက် များကို ပြောကြားခဲ့သည်။ 

ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲဒဏ်ခံထားရစဉ်

ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်သည့် ဟားမာ့စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးတွင် လူပေါင်း ၁၂၀၀ ခန့်အား သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အစ္စရေး အရာရှိများက ထုတ်ပြန်ခဲ့သည်။ 
ဂျေရုဆလင် (Jerusalem) ၏ မြို့ဟောင်း (Old City) ရှိ Al-Aqsa ဗလီကို အစ္စရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့မှုကို တုန့်ပြန်သည့်အနေဖြင့် ထိုတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဟားမာ့စ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံပိတ်ဆို့ကာ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များ ပြုလုပ်ခဲ့သလို လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာဒေသများတွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ 

Source: တာ့စ်

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူရို ၂၀၂၄ ပြိုင်၀င် အသင်းများစာရင်းကိုတွေ့ရစဉ်

ပလေးအော့ဖ်ဝင်ခွင့်နဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ 

By CNI
CNI
Category: ဆောင်းပါး
Hits: 1097

CNI Sport Article 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄

ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီးအတွက် ခြေစစ်ပွဲကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ 

အိမ်ရှင်ဂျာမနီ အပါအဝင် ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းအရေအတွက် ၂၁ သင်းအထိ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအသင်းတွေကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား အသင်းတွေဖြစ်ပြီး နာမည်ကြီး ကစားသမားတွေ ပါဝင်တဲ့ အသင်းအချို့ကတော့ ခြေစစ်ပွဲကနေ လှည့်ပြန်ခဲ့ရတာပါ။

ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စု ၁၀ အုပ်စုက ထိပ်ဆုံး ၂ သင်းစီဟာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး လက်ကျန် ၃ နေရာအတွက် နေးရှင်းလိဂ်ပြိုင်ပွဲက အဆင့်သတ်မှတ်ချက် အကောင်းဆုံး အသင်းတွေက ပလေးအော့ဖ် ယှဉ်ပြိုင် ပြီး ဝင်ခွင့်တွေကို ရယူသွားမှာ ဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်းကို တွေ့ရစဉ်

အိမ်ရှင် ဂျာမနီအသင်း အပါအဝင် ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းတွေကို ဖော်ပြရမယ်ဆိုရင် ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ ပြင်သစ်၊ စကော့တလန်၊ စပိန်၊တူရကီ၊ ဩစတြီးယား၊ အင်္ဂလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ အက်စ်တိုး နီးယား၊ ဒိန်းမတ်၊ နယ်သာလန်၊ ရိုမေးနီးယား၊ ဆွစ်ဇာလန်၊ ဆားဘီးယား၊ ချက်၊ အီတလီ၊ ဆလိုဗေးနီးယားနဲ့ ခရိုအေးရှားအသင်းတို့ ဖြစ်ပါတယ်။

ဟာလန်း၊ အိုဒီဂတ်တို့လို ပရီးမီးယားလိဂ် နာမည်ကြီး ကစားသမားအချို့ပါဝင်တဲ့ နော်ဝေနဲ့ လင်ဒီလော့ဖ် ဦးဆောင်တဲ့ ဆွီဒင်အသင်းတို့ကတော့ ပလေးအော့ဖ်တောင် ယှဉ်ပြိုင်ခွင့် မရခဲ့ဘဲ ခြေစစ်ပွဲ အဆင့်နဲ့သာ ကျေနပ် ခဲ့ရတာပါ။ 

လက်ကျန် ၃ နေရာအတွက် အသင်း ၁၂ သင်း ယှဉ်ပြိုင်ရမယ့် ပလေးအော့ဖ် အဆင့်မှာလည်း နာမည်ကြီး ကစားသမားအချို့ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးနဲ့ ဝေးရဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

အသင်း ၁၂ သင်းကို Path A, B, C ဆိုပြီး ခွဲကာ လမ်းကြောင်းတစ်ခုစီမှာ ၁ သင်းထဲကသာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီး ကို ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။ 

ပလေးအော့ဖ် အဆင့်အတွက် မဲခွဲမှုတွေ ပြုလုပ်ခဲ့တာမှာ Path A က ပိုလန်နဲ့ အက်စ်တိုးနီးယား၊ ဝေးလ်စ်နဲ့ ဖင်လန်တို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့ ၂ သင်းဟာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

အီတလီအသင်းကို တွေ့ရစဉ်

Path B မှာ အစ္စရေးနဲ့ အိုက်စလန်၊ ဘော့စနီးယားနဲ့ ယူကရိန်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်း ၂ သင်း ဟာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာပါ။

Path C မှာတော့ ဂျော်ဂျီယာနဲ့ လူဇင်ဘတ်၊ ဂရိနဲ့ ကာဇက်စတန်တို့ တွေ့ဆုံနေကြပြီး အနိုင်ရတဲ့ ၂ သင်းဟာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

ဒီခြေစစ်ပွဲတွေကို မတ်လမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပလေးအော့ဖ် ပွဲတွေပြီးမှသာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အသင်း ၂၄ သင်းစလုံးဟာ ရုပ်လုံးပေါ်လာမှာပါ။ UEFA ကတော့ ပလေးအော့ဖ် ပွဲစဉ်တွေ မယှဉ်ပြိုင်ရသေး ခင်မှာတင် မဲအိုး ၄ အိုးခွဲပြီး ခြေစစ်ပွဲတွေမှာ ရလဒ်ကောင်းခဲ့တဲ့ အသင်းတွေကို မဲအိုး ၁ ထဲမှာ ထည့်သွင်း ထားခဲ့တာ ဖြစ်ပါတယ်။

မဲအိုး ၁ မှာ အိမ်ရှင် ဂျာမနီ၊ ပေါ်တူဂီ၊ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်အသင်းတို့ ကျရောက်နေခဲ့တာပါ။ 

ယူရို ၂၀၂၄ ပြိုင်၀င် အသင်းများစာရင်းကိုတွေ့ရစဉ်

မဲအိုး ၂ မှာတော့ ဟန်ဂေရီ၊ တူရကီ၊ ဩစတြီးယား၊ ရိုမေးနီးယား၊ ဒိန်းမတ်၊ အယ်လ်ဘေးနီးယားတို့ ကျရောက်နေခဲ့ ပြီး မဲအိုး ၃ မှာတော့ နယ်သာလန်၊ စကော့တလန်၊ ခရိုအေးရှား၊ ဆလိုဗေးနီးယား၊ ဆလိုဗတ်ကီးယားနဲ့ ချက်၊ မဲအိုး ၄ မှာ လက်ရှိချန်ပီယံ အီတလီ၊ ဆားဘီးယား၊ ဆွစ်ဇာလန်နဲ့ ပလေးအောဖ့်က အနိုင်ရမယ့် အသင်း ၃ သင်းတို့ ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲရဲ့ အုပ်စုမဲခွဲမှုကို ဒီဇင်ဘာ ၂ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဘယ်အသင်းတွေက အုပ်စုကျပ်ထဲ ကျရောက် သွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် လူစိတ်ဝင်စားမှု အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးကိုတော့ ဇွန် ၁၄ ရက် ကနေ ဇူလိုင် ၁၄ ရက်အထိ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပိုချက်တီနိုကို တွေ့ရစဉ်

ဂွာဒီယိုလာနဲ့ ကွင်းလယ်ဒိုင်လူကြီးကို ပိုချက်တီနို တောင်းပန် 

By CNI
CNI
Category: အားကစား
Hits: 887

CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုဟာ မန်စီးတီးအသင်းနဲ့ သရေကျခဲ့တဲ့ပွဲအပြီး အပြုအမူတွေကြောင့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာနဲ့ ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာကို တောင်းပန်သွားခဲ့ပါတယ်။

ပိုချက်တီနိုက “အန်သိုနီနဲ့ ဒိုင်လူကြီးတွေကို ကျနော်တောင်းပန်ဖို့ လိုပါတယ်။ ဒီအခိုက်အတန့်မှာ စတာလင်ဟာ အသင်းအတွက် ပဉ္စမမြောက်ဂိုး သွင်းယူနိုင်တယ်လို့ ကျနော် ခံစားခဲ့ရတာပါ။ ကျနော့်ကို အဝါကတ် ပြသခဲ့တာက ထိုက်တန်ပါတယ်။ ဒီလိုအပြုအမူမျိုးက ကျနော့်အတွက်ရော၊ ဘောလုံးအတွက်ပါ ကောင်းမွန်တဲ့ ပုံရိပ် မဟုတ်ပါ ဘူး။ ဂွာဒီယိုလာကိုလည်း ကျနော်တောင်းပန်ချင်ပါတယ်၊ ဒီအခိုက်အတန့်မှာ ကျနော်သူ့ကို မမြင်တွေ့ခဲ့ရလို့ပါ”လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး တစ်ဖက် ၄ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုဟာ အသင်းအနိုင်ဂိုး ရနိုင်မယ့်အခွင့်အရေးကို ကွင်းလယ် ဒိုင်လူကြီး အန်သိုနီတေလာက ပွဲသိမ်းခရာမှုတ်ပြီး ငြင်းပယ်ခဲ့တယ်လို့ ခံစားခဲ့ရကာ ပွဲအပြီးမှာ ဒေါသထွက်နေ ခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ မန်စီးတီးကိုတွေ့ရစဉ်

ပိုချက်တီနို ဒေါသထွက်နေချိန်မှာ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ သူ့ကို လက်ဆွဲနှုတ်ဆက်ဖို့ စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပိုချက်တီနိုဟာ သူ့ဆီကို မရောက်လာခဲ့တဲ့အတွက် ဂွာဒီယိုလာဟာ ဥမင်ထဲကို ဆင်းသွားခဲ့တာပါ။

ဂွာဒီယိုလာကတော့ ဒီအတွက် ပြဿနာမရှိဘဲ စိတ်ခံစားမှုတွေက ဖြစ်တတ်တဲ့အတွက် အဆင်ပြေပါတယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ ၄ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာဟာ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့ နည်းပြဘဝ ပွဲပေါင်း ၈၈၂ ပွဲမှာ ပထမဆုံးပွဲအဖြစ် ၄ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာလို့ အချက်အလက်တွေအရ သိရပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ကစားအပြီးမှာ မန်စီးတီးအသင်းက ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၁ နေရာမှာ ဦးဆောင်နေပြီး ချယ်လ်ဆီးအသင်းက ၁၆ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယာနစ်နဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်

မက်ဆီထက် ရော်နယ်ဒိုနဲ့ ပိုပြီးပျော်ရွှင်ခဲ့တယ်လို့ ယာနစ်ပြော 

By CNI
CNI
Category: အားကစား
Hits: 838

CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄

ဘော့စနီးယား လက်ရွေးစင် ကွင်းလယ်လူ ယာနစ်က မက်ဆီထက် ရော်နယ်ဒိုနဲ့ ကစားရတာကို ပိုပျော်ရွှင်ခဲ့ရပြီး ရော်နယ်ဒိုဟာ သူတွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးလို့ ပြောခဲ့ပါတယ်။

ယာနစ်က “ကျနော် ရော်နယ်ဒိုနဲ့ စကားတွေ အများကြီးပြောခဲ့ပါတယ်။ ကျနော်နဲ့ သူဟာ အမှတ်ရစရာတွေ အများကြီးရှိခဲ့ပြီး သူက အလွန်ကောင်းတဲ့ ဘောလုံးသမားပါ။ ရော်နယ်ဒိုဟာ ကျနော်ကစားခဲ့ဖူးတဲ့ ကစားသမား တွေထဲမှာ အကောင်းဆုံးပါ။ ရော်နယ်ဒို၊ မက်ဆီတို့နဲ့ တွဲပြီးကစားရတာဟာ အလွန်ကံကောင်းပြီး ဘယ်သူက ပိုပြီး သန်မာတယ်ဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် မက်ဆီထက် ရော်နယ်ဒိုနဲ့ ပိုပြီးပျော်ရွှင်ခဲ့ရပါတယ်”လို့ O Jogo ကို ပြောခဲ့ပါတယ်။

ယာနစ်ဟာ မက်ဆီ၊ ရော်နယ်ဒိုတို့ နှစ်ဦးစလုံးနဲ့ တွဲဖက်ကစားဖူးတဲ့ ကစားသမား အနည်းငယ်ထဲမှာ ပါဝင်ခဲ့သူ ဖြစ် ပါတယ်။ 

ယာနစ်ဟာ ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ်အသင်းမှာ အတူတွဲကစားခဲ့ပြီး မက်ဆီနဲ့တော့ ဘာစီလိုနာအသင်းမှာ အတူ တွဲ ကစားခဲ့ပါတယ်။

ယာနစ်နဲ့ မက်ဆီကို တွေ့ရစဉ်

ယာနစ်ဟာ ဂျူဗင်တပ်စ်အသင်းမှာ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ယာနစ်ဟာ ဘာစီလိုနာအသင်းမှာ ပွဲပေါင်း ၃၀ သာ ပါဝင်ကစားခွင့်ရခဲ့ပြီး သွင်းဂိုးရော ဂိုးဖန်တီးမှုရော ပြုလုပ်နိုင် ခဲ့ခြင်း မရှိခဲ့ပါဘူး။ 

အသက် ၃၃ နှစ်အရွယ်ရှိ ယာနစ်ဟာ ဘာစီလိုနာအသင်းကနေ ဘက်ဆီးတပ်စ် အသင်းထံ တစ်ရာသီအငှားနဲ့ ထွက်ခွာခဲ့ပြီး နောက်ရာသီမှာတော့ ယူအေအီးကလပ် ရှာဂျာအသင်းထံ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ 

ယာနစ်ဟာ ရှာဂျာအသင်းအတွက် ၃၇ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုး သွင်းယူထားတာပါ။

ရော်နယ်ဒိုနဲ့ မက်ဆီတို့လည်း လက်ရှိအချိန်မှာ ဥရောပအပြင်ဘက်ကို ထွက်ခွာခဲ့ပြီး ရော်နယ်ဒိုက ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၊ မက်ဆီက မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s
ပရီးမီးယားလိဂ်အသင်း ကစားသမားများကိုတွေ့ရစဉ်

ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းချန်ပီယံဖြစ်မလဲ 

By cni
cni
Category: ဆောင်းပါး
Hits: 1060

CNI Sport News

၂၀၂၃ ခုနှစ်၊  သြဂုတ် ၁၂

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ စတင်နေပြီဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ ခန့်မှန်းချက်တွေကလည်း ထွက်ပေါ် နေခဲ့တာ ဖြစ်ပါတယ်။ 

ရာသီသစ် မတိုင်ခင်မှာ ထိပ်တန်း အသင်းကြီးတွေအပြင်၊ အလယ်အလတ် အသင်းတွေကလည်း ပြင်ဆင်မှု ကြီးကြီးမားမား ပြုလုပ်ခဲ့တာပါ။ 

ယေဘုယျ ဆန်ဆန်ပြောရရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် လက်ရှိအချိန်မှာ အသင်း ၂၀ စလုံး အတွက် အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲစဉ်အရေအတွက် များလာတာနဲ့အမျှ ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် အပြိုင်အဆိုင်ဖြစ်လာတဲ့ အသင်းတွေဟာ လက်ချိုးပြီး ရေတွက်လို့ ရပါတယ်။

အဲ့ဒါကြောင့်လည်း လက်စတာအသင်း ရယူခဲ့တဲ့ နောက်ပိုင်း ချန်ပီယံဆုဟာ ထိပ်တန်းအသင်းကြီးတွေ အတွက် သာဖြစ်ပြီး အခုနောက်ပိုင်းနှစ်တွေမှာ မန်စီးတီးအသင်းကသာ ဒီဆုဖလားကို ကြီးစိုးထားတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကို တွေ့ရစဉ်

အခုနှစ်အတွက်လည်း မန်စီးတီးအသင်းကပဲ ချန်ပီယံဆုရယူဖို့ ရေပန်းစားနေတာပါ။

ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ ကစားသမားဟောင်းတွေ အများအပြားရဲ့ ခန့်မှန်းချက်တွေကို ကြည့်မိခဲ့တာမှာ မန်စီးတီးအသင်းကသာ ဆုဖလားကို ဆက်ထိန်းသွားမယ်လို့ သုံးသပ်ထားကြတာ ဖြစ်ပါတယ်။

ဒါကလည်း မန်စီးတီးအသင်းရဲ့ လက်ရှိ အသင်းလူစာရင်း၊ ထွက်ခွာသွားတဲ့ ကစားသမားစာရင်းနဲ့ ပြန်လည် ဖြည့်တင်းခဲ့တဲ့ ကစားသမားစာရင်းကို ကြည့်ပြီး သုံးသပ်ကြတာ ဖြစ်နိုင်ပါတယ်။

မန်စီးတီးအသင်းကို ကြည့်ရမယ်ဆိုရင် ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာမှာ အဓိက အရေးပါတဲ့ ဂန်ဒိုဂန်နဲ့ မာရက်ဇ်တို့ကို ဆုံးရှုံးခဲ့ရပေမယ့် ကိုဗာဆစ်နဲ့ ဂျီဗာဒီယောလ်တို့ကို ဖြည့်တင်းထားခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ဂန်ဒိုဂန် နေရာမှာ အစားထိုးဖို့ ကိုဗာဆစ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး ခရိုအေးရှား ကစားသမား ဟာ ရီးရယ်လ်၊ ချယ်လ်ဆီးအသင်းတို့နဲ့ ချန်ပီယံလိဂ်ဖလား ရယူထားနိုင်ခဲ့တဲ့ သူဖြစ်လို့ အင်အားနည်းစရာ မရှိတာ ဖြစ်ပါတယ်။ 

နည်းပြ ဂွာဒီယိုလာဟာ ခံစစ်ပိုင်းအတွက်လည်း ဂျီဗာဒီယောလ်ကို ခေါ်ယူခဲ့လို့ ခံစစ်က ပိုတောင့်တင်း သွားခဲ့ပါ တယ်။

မာရက်ဇ်နေရာကို အစားထိုးဖို့ ကစားသမားသစ်တွေ ရှာဖွေနေပေမယ့် လက်ရှိအသင်းမှာ သူ့နေရာ အစားထိုးနိုင် တဲ့ လူငယ်ကစားသမားတွေရှိတာကြောင့် မန်စီးတီးအသင်းဟာ ကြီးကြီးမားမား ပြောင်းလဲသွားခြင်း မရှိပါဘူး။ 

မန်စီးတီးအသင်းဟာ ရာသီအစကို အနည်းငယ် အထနှေးတက်ပေမယ့် အချိန်တန်ရင် ဆုဖလားကိုင်မြှောက် နေတဲ့အတွက် ချန်ပီယံဆုကို ရယူဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရှိနေတာပါ။

အာဆင်နယ်အသင်းကို တွေ့ရစဉ်

မန်စီးတီးအသင်းရဲ့ အနောက်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဒုတိယနေရာမှာ ရှိနေတာက အာဆင်နယ် အသင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားရယူဖို့ နီးစပ်ခဲ့တဲ့ အနေအထားကနေ လက်လွှတ်ခဲ့ရတဲ့ အမှားတွေကို ပြန်လည်ပြင်ဆင်ပြီး ရာသီသစ်ကို အားထည့်ထားတာပါ။ 

အာဆင်နယ်အသင်း ခေါ်ယူခဲ့တဲ့ ဒီကလန်ရိုက်စ်၊ တင်ဘာနဲ့ ဟာဗက်ဇ်တို့ဟာ တကယ်ကို ကောင်းမွန်တဲ့ ကစားသမားတွေဖြစ်ပြီး အသင်းလိုအပ်နေတဲ့ နေရာတွေနဲ့ ကွက်တိကျနေတာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည် ဘယ်လောက် ကောင်းမွန်လာလဲဆိုရင် မန်စီးတီးအသင်းနဲ့ ကွန်မြူနတီ ဒိုင်း ပွဲစဉ်ကို ကြည့်ပြီး သိနိုင်ပါတယ်။ 

ကစားသမားသစ်တွေနဲ့ အဟောင်းတွေဟာ အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့ပြီး နည်းပြ အာတီတာ ပုံဖော်ခဲ့တဲ့ ကစားကွက်အတိုင်း အံ့ဝင်ခွင်ကျကစားကာ မန်စီးတီးအသင်းကို ဒုက္ခပေးနိုင်ခဲ့တာပါ။ 

အရင် အာဆင်နယ်လို မဟုတ်တော့ဘဲ ပြောင်းလဲလာတဲ့ ကစားပုံတွေ၊ စိတ်ဓါတ်တွေနဲ့ နိုင်လိုစိတ်တွေကြောင့် လည်း ဂန်းနားတို့ဟာ ပရီးမီးယားလိဂ် ဆုဖလားရယူနိုင်ဖို့ ဒုတိယရေပန်း အစားဆုံးနေရာမှာ ရှိနေတာဖြစ်ပါတယ်။

အချက်အလက်တွေအရ ယူနိုက်တက်အသင်းဟာ မန်စီးတီး၊ အာဆင်နယ် အသင်းတို့ရဲ့နောက် တတိယရေပန်း အစားဆုံး အသင်းအဖြစ် ရပ်တည်နေခဲ့တာပါ။ 

ယူနိုက်တက်အသင်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ အကောင်းဆုံးပုံစံရခဲ့ပြီး ဒါကို အခုနှစ်ရာသီမှာလည်း ဆက်ပြီး သယ်ဆောင်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ရာသီသစ်မတိုင်ခင် အသင်းရဲ့ဂိုးပေါက်ကို ဆယ်စုနှစ်ကျော် တာဝန်ယူခဲ့တဲ့ ဂိုးသမား ဒီဂီယာကို လက်လွှတ်ခဲ့သလို အီလန်ဂါနဲ့ တဲလက်စ်တို့ကိုလည်း ရောင်းချခဲ့တာပါ။ 

ဒါ့အပြင် မက်ဂွဲယား၊ ဗန်ဒီဘိခ်၊ ဖရက်ဒ်တို့ကိုလည်း ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာကလပ်ဟာ ကွင်းလယ်အတွက် မေဆန်မောင့်၊ ဂိုးသမား နေရာအတွက် အိုနာနာနဲ့ တိုက်စစ်မှူး နေရာအတွက် ဟော့ဂျ်လန်းတို့ကို ခေါ်ယူခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင်မှာ နောက်ထပ် ကစားသမားတွေကို ခေါ်ယူသွားဖို့ ရှိပေမယ့် ကစားသမားတွေကို အရင်ရောင်းချဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက် အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူချင်တယ်ဆိုရင် မနှစ်ကလို အသင်းကြီးတွေနဲ့ ကစားခဲ့ တဲ့ အဝေးကွင်းပွဲတွေမှာ ရလဒ်မကောင်းတာနဲ့ တိုက်စစ်ပိုင်းက ဂိုးသွင်းခွင့်တွေကို အသုံးချနိုင်ဖို့ လိုအပ်နေတာပါ။

ဒီအချက်တွေကို ပြင်ဆင်နိုင်ခဲ့ရင် ယူနိုက်တက်အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး စတုတ္တနေရာမှာ ရပ်တည်နေတာပါ။ 

လီဗာပူးလ်အသင်းဟာ ရာသီသစ် မစခင်ကတည်းက အဓိက ကစားသမား အများအပြားကို ဆုံးရှုံးခဲ့ရပြီး ဒီထဲမှာ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ မီလ်နာ၊ ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့လို အရေးပါတဲ့ ကစားသမားတွေ ပါဝင် သွားခဲ့တာ ဖြစ်ပါတယ်။ 

ကစားသမား ပြန်လည်ဖြည့်တင်းမှု အပိုင်းမှာ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ မက်အယ်လစ္စတာ၊ ဆာဘော့ဇ် လိုင်းနဲ့ ကိုင်စီဒိုတို့ကို ခေါ်ယူခဲ့တာပါ။

လီဗာပူးလ်အသင်းရဲ့ဒီရာသီ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေအပေါ် ဝေဖန်မှုတွေရှိခဲ့ပေမယ့် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ်ဆိုတာ သံသယရှိစရာ မရှိပါဘူး။ 

ဒါပေမယ့် မန်စီးတီး၊ အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့နဲ့ နှိုင်းယှဉ်ရင်တော့ လီဗာပူးလ်အသင်းဟာ လက်ရှိ အချိန်မှာ အနည်းငယ် အားနည်းနေတာတော့ အသေအချာပါပဲ။

ပြီးခဲ့တဲ့ရာသီက ရလဒ်ဆိုးတွေနဲ့အတူ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း ကတော့ ဒီရာသီမှာ နည်းပြသစ် ပိုချက်တီနိုကို ခန့်အပ်ပြီး အသင်းကို ပြန်လည်တည်ဆောက်နေတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ အဓိက ကစားသမား အများအပြားကို ထွက်ခွာခွင့်ပေးခဲ့ပြီး နည်းပြပိုချက်တီနိုဟာ ကစားသမားသစ်တွေကို ခေါ်ယူကာ အသင်းမှာရှိနေတဲ့ ကစားသမားဟောင်းတွေနဲ့ တွဲဖက်ပြီး သူလိုချင်တဲ့ ပုံစံ အတိုင်း ရအောင် လုပ်ဆောင်နေတာကို မြင်တွေ့ရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ဥရောပပြိုင်ပွဲ မယှဉ်ပြိုင်ရတာက အပေါ်က အသင်း ၄ သင်းထက် အားသာချက် ရှိပေမယ့် ချန်ပီယံဆုရယူနိုင်ဖို့ ရေပန်းစားတဲ့ အနေအထားမှာတော့ မန်စီးတီး၊ အာဆင်နယ်၊ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အနောက်မှာသာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

၉ လကျော်ကြာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကပဲ ရေပန်းစား နေတဲ့အတိုင်း ချန်ပီယံဆုကို ဆက်ထိန်းနိုင်မလား၊ တခြားအသင်းတွေက မန်စီးတီးအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကို ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာလည်း ဖြစ်ပါတယ်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့သွားတဲ့ မာနေးကိုတွေ့ရစဉ်

မာနေးကို ခေါ်ယူနိုင်ခဲ့ပြီလို့ အယ်လ်နာဆာ ကြေညာ

By CNI
CNI
Category: အားကစား
Hits: 943

CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း တောင်ပံကစားသမား မာနေးကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာသွားခဲ့ပါတယ်။

အယ်လ်နာဆာအသင်းမှာ ရော်နယ်ဒိုနဲ့အတူ တွဲဖက်ကစားရတော့မယ့် မာနေးဟာ ဆော်ဒီကလပ်နဲ့ ၄ နှစ် စာချူပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၆၅၀,၀၀၀ ရရှိမယ်လို့ သိရပါတယ်။ 

အယ်လ်နာဆာအသင်းဟာ ရာသီသစ်မှာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ဘရိုဇိုဗစ်၊ ဖိုဖာနာနဲ့ တဲလက်စ်တို့ကိုလည်း အခုနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူအားဖြည့် ထားတာပါ။ 

အသက် ၃၁ နှစ်အရွယ်ရှိ မာနေးဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ကမှ လီဗာပူးလ်အသင်းကနေ ဘိုင်ယန် မြူးနစ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် တစ်ရာသီအကြာမှာပဲ ဂျာမန်ကလပ်ကနေ ပြန်လည် ထွက်ခွာ ခဲ့တာ ဖြစ်ပါတယ်။ 

မာနေးနဲ့ အယ်လ်နာဆာအသင်း စာချုပ်ချုပ်ဆိုနေစဉ်

မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရသလို အသင်းဖော် ဆာနေးကို ထိုးကြိတ်ခဲ့ တာတွေကြောင့် ဂျာမန်ကလပ်ကနေ ထွက်ခွာဖို့ ဖြစ်လာခဲ့တာပါ။

မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်ပြီးရှိချင်နေပေမယ့် အသင်းရဲ့ အစီအစဉ်မှာ မပါဝင်တော့ဘူးလို့ အကြောင်းကြားခြင်း ခံခဲ့ရတဲ့အတွက် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

မာနေးက “ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာရတာက ကျနော့်ကို နာကျင်စေပါတယ်။ မတူညီတဲ့ အဆုံးသတ်ကို လိုချင်ခဲ့ပြီး အသင်းကို ဒီရာသီမှာ ကူညီနိုင်မယ်ဆိုတာ ကျနော်သိပါတယ်။ ဒီရာသီမှာ လူတိုင်းကို သက်သေပြချင်ခဲ့ ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အသင်းနဲ့ ပရိသတ်တွေရဲ့ အနာဂတ်အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆန္ဒပြု ကြောင်း” Sky Sports Germany ကို ပြောခဲ့တာပါ။

မာနေးဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပွဲပေါင်း ၃၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူကာ ဘွန်ဒစ်လီဂါနဲ့ စူပါဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ 

Source: Metro

 

 

 

Share
Tweet
Share
Share
powered by social2s
ဟာရီကိန်းနဲ့ ဘတ်ပီကို တွေ့ရစဉ်

အပြောင်းအရွှေ့ ဇာတ်ကောင် သို့မဟုတ် ဘတ်ပီနဲ့ ဟာရီကိန်း

By CNI
CNI
Category: ဆောင်းပါး
Hits: 938

CNI Sport Article

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀

မကြာခင် ရက်ပိုင်းတွေအတွင်းမှာ ဥရောပထိပ်တန်းလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ရာသီသစ် စတင်တော့မှာ ဖြစ်သလို ကစားသမား အပြောင်းအရွှေ့တွေကလည်း အရှိန်မြှင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီရက်ပိုင်း အားကစား သတင်းတွေရဲ့ ခေါင်းကြီးပိုင်းကို ကြည့်လိုက်ရင် ဘတ်ပီနဲ့ ဟာရီကိန်းတို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ နေ့တိုင်းနီးပါး နေရာယူထားတာကို မြင်တွေ့ခဲ့ရတာပါ။

ဘတ်ပီနဲ့ ဟာရီကိန်းတို့ နှစ်ဦးစလုံးဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီ၊ စပါးအသင်းတို့နဲ့ စာချုပ်သက်တမ်းက တစ်နှစ် ကျန်ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒ့ကြောင့်လည်း နှစ်ဦးစလုံးဟာ လာမယ့် ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးရင် အလွတ်နဲ့ ထွက်ခွာတော့မှာပါ။

ဘတ်ပီ အကြောင်းကို စပြီးပြောရရင် သူကတော့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘဲ အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်တဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောထားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကတော့ ဘတ်ပီလို ကမ္ဘာ့အဆင့် ကစားသမားကို အလွတ်နဲ့ အဆုံးရှုံး မခံချင်တာကြောင့် စာချုပ် သက်တမ်း မတိုးရင် အခုအပြောင်းအရွှေ့မှာ ရောင်းချမယ်လို့ သတိပေးခဲ့ပါတယ်။

 ဘတ်ပီကို တွေ့ရစဉ်

ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီကတော့ စာချုပ်သစ်လုံးဝ မချုပ်ဘူးလို့ ပြောခဲ့တာကြောင့် ပြင်သစ်ကလပ် ဟာ သူ့ကို အသင်းရဲ့ အာရှခရီးစဉ် လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ပြင်းပြင်းထန်ထန် သတိပေးသွားခဲ့တာပါ။

ဒီအချိန်မှာ နာမည်ကြီး ကစားသမားတွေကို ပစ်မှတ်ထားနေတဲ့ ဆော်ဒီလိဂ်က ဒီအခြေအနေကို စောင့်ကြည့်ပြီး အယ်လ်ဟီလယ်အသင်းဟာ ကမ္ဘာ့စံချိန် တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။

ဘတ်ပီကို ရောင်းချချင်တဲ့ ပီအက်စ်ဂျီကတော့ အယ်လ်ဟီလယ်ရဲ့ အလွန်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး ကစားသမားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ခွင့်ပြုပေးခဲ့တာပါ။ ဒါပေမယ့် ဘတ်ပီကတော့ ရီးရယ်လ်အသင်းမှာ ကစားချင်တဲ့ သူ့ရဲ့ဆန္ဒကြောင့် အယ်လ်ဟီလယ်အသင်းထံ ပြောင်းမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ဘတ်ပီဟာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖို့ထက် ပီအက်စ်ဂျီမှာ တစ်ရာသီလုံး အရန်ခုံပေါ် ထိုင်ဖို့ကိုပဲ ရွေးချယ်မှာလို့ အားကစားသတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ရဲ့ ဆက်ဆံရေးဟာ လက်ရှိအချိန်မှာ တင်းမာနေပြီး ပြင်သစ်တိုက်စစ်မှူးကပဲ သူ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း နောက်ဆုံးအချိန်ထိသွားမလား ဒါမှမဟုတ် ပြင်သစ်ကလပ်က သူ့ကို အသင်းကနေ ဖယ်ထုတ် သွားမလားဆိုတာ ဆက်ပြီးစောင့်ကြည့်ရမှာပါ။

ဟာရီကိန်း အကြောင်းကတော့ ဘတ်ပီလို တစ်ခွန်းမှ မပြောဘဲ အေးအေးဆေးဆေးနဲ့ အနာဂတ်ကို ကိုင်တွယ် ဖြေရှင်းဖို့ ရှိနေတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ သူ့ရဲ့ငယ်ဘဝ ကလပ်ကို သစ္စာ မဖောက် ချင်သလို အသင်းကလည်း ထွက်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။

ဟာရီကိန်းကို ယူနိုက်တက် အပါအဝင် အသင်းကြီးအချို့က ပစ်မှတ်ထား ချဉ်းကပ်နေပေမယ့် စပါးအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကို ပေးချေလိုခြင်း မရှိလို့ လက်လျှော့သွားခဲ့ပါတယ်။

 ဟာရီကိန်းကို တွေ့ရစဉ် 

ဒီအချိန်မှာ ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် လုံးဝအာရုံစိုက်ပြီး ကြိုးပမ်းနေတာကတော့ ဘိုင်ယန်မြူးနစ် အသင်းပါ။

ဘိုင်ယန်မြူးနစ်အသင်း အကြီးအကဲတွေ ကိုယ်တိုင်က ဟာရီကိန်းကို ခေါ်ယူချင်တယ်လို့ သွယ်ဝိုက်ပြီးတော့ရော၊ တိုက်ရိုက်ရော နည်းမျိုးစုံနဲ့ ပြောနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းကတော့ ဟာရီကိန်းကို လက် မလွှတ်ချင်တာကြောင့် ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကမ်းလှမ်းမှု နှစ်ကြိမ်စလုံးကို ပယ်ချခဲ့ပါတယ်။

စပါးအသင်းဟာ သူတို့ရဲ့ ဂိုးသွင်းစံချိန်ရှင် ဟာရီကိန်းကို အသင်းမှာ ဆက်ပြီး ထိန်းနိုင်ဖို့အတွက် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပေမယ့် အသင်းပိုင်ရှင်ဖြစ်သူက စာချုပ်သစ် မချုပ်ရင် အခုအပြောင်းအရွှေ့မှာ ရောင်းချဖို့ အသင်းကို ပြောခဲ့တာပါ။

စပါးအသင်းပိုင်ရှင်က ဟာရီကိန်းကို အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် အခုအပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြောခဲ့တာဖြစ်လို့ ဒီအချက်မှာ ဘတ်ပီရဲ့ အခြေအနေနဲ့ သွားပြီးတူညီနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဟာရီကိန်းဟာ အသင်းအပေါ်ကို ချစ်တဲ့စိတ်နဲ့ ရာသီကြို ခရီးစဉ်တွေကို လိုက်ပါသွားခဲ့ပြီး တိတ်ဆိတ် စွာနဲ့ ရာသီသစ်အတွက် ပြင်ဆင်နေခဲ့တာပါ။

ဟာရီကိန်းဟာ ဒီလိုပုံစံနဲ့ ဖြတ်သန်းနေပေမယ့် ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ချင်နေသလို ဇနီးဖြစ်သူ ကလည်း မြူးနစ်မှာ အိမ်ရှာဖွေနေတဲ့ သတင်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါတွေကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန်အသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

ပီအက်စ်ဂျီနဲ့ စပါးအသင်းတို့ဟာ ရာသီသစ် မစတင်ခင်မှာ ဒီအခြေအနေတွေကို မဖြစ်မနေ ကိုင်တွယ် ဖြေရှင်းရ တော့မှာဖြစ်ပြီး မဟုတ်ရင် အသင်းအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တာကြောင့် ရလဒ်တွေမှာ ထိခိုက်လာ နိုင်ပါတယ်။

အဲ့ဒါကြောင့် နွေရာသီ အပြောင်းအရွှေ့ရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်နေတဲ့ ဟာရီကိန်းနဲ့ ဘတ်ပီတို့ရဲ့ အနာဂတ် ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေတာတော့ အသေအချာပါပဲ။

 

 

Share
Tweet
Share
Share
powered by social2s
ပုံ - ဒယ်လီအလီကိုတွေ့ရစဉ်

အပယ်ခံလူသား သို့မဟုတ် ဒယ်လီအလီ 

By CNI
CNI
Category: ဆောင်းပါး
Hits: 1102

CNI Sport Article

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၆

စပါးအသင်းမှာ ကစားခဲ့တုန်းက ဒယ်လီအလီဟာ ထွန်းတောက်လာမယ့် ကြယ်ပွင့် ကစားသမားတစ်ဦးအဖြစ် အသိအမှတ် ပြုခံရလောက်တဲ့အထိ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့သလို အင်္ဂလန် လက်ရွေးစင် အသင်းနဲ့လည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် နှစ်အနည်းငယ် အကြာမှာတော့ ဒယ်လီအလီရဲ့ ခြေစွမ်းပိုင်းဟာ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပြီး မနှစ်ကရာသီ တူရကီကလပ် ဘက်ဆီးတပ်စ်အသင်းမှာ နည်းပြရဲ့ အသုံးပြုခြင်းတောင် မခံရတော့တာပါ။ 
ဒယ်လီအလီဟာ ခြေစွမ်းပိုင်း ကောင်းတုန်းကဆိုရင် ရီးရယ်လ်နဲ့ ပီအက်စ်ဂျီအသင်း အပါအဝင် အသင်းကြီး အများအပြားက ခေါ်ယူဖို့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ ဘယ်အသင်းကမှ မလိုချင် တော့ဘဲ မိခင်ကလပ် အဲဗာတန်အသင်းထံ ပြန်လာခဲ့ရတာ ဖြစ်ပါတယ်။ 

အင်္ဂလန်ကစားသမားဟာ အဲဗာတန်အသင်းမှာ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် တည်ဆောက်နိုင်ဖို့ မျှော်လင့်နေပြီး လေ့ကျင့်မှုတွေကို အပြင်းထန်ဆုံး ပြန်ပြီးလုပ်ဖို့ ရှိနေပါတယ်။ 

ဒယ်လီအလီနဲ့ မိခင်ကိုတွေ့ရစဉ်

ဒယ်လီအလီဟာ မကြာသေးခင်က ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးလ်နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ခက်ခဲခဲ့တဲ့ ငယ်ဘဝ အခြေအနေနဲ့ လက်ရှိ အခြေအနေတွေကို ပြောပြကာ ငိုကြွေးခဲ့ပါတယ်။

ဂယ်ရီနဗီးလ် ကိုယ်တိုင်ကလည်း ဒယ်လီအလီ ဖြေဆိုမှုတွေကြောင့် သူပါ ငိုကြွေးခဲ့ရတာ ဖြစ်ပါတယ်။ 

ဒယ်လီအလီက “ ကျနော် ၆ နှစ်သားအရွယ်မှာ အိမ်မှာ အများဆုံးရှိခဲ့တဲ့ အမေရဲ့ သူငယ်ချင်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမေကလည်း အရက်သမား လုံးလုံးဖြစ်နေပါပြီ။ ကျနော်ကို ဆုံးမဖို့ အာဖရိက ကို စေလွှတ်ခဲ့ပေမယ့် ကျနော် ပြန်ရောက်လာခဲ့ပါတယ်။ ၇ နှစ်မှာ ဆေးလိပ် စသောက်ပြီး ၈ နှစ်မှာတော့ မူးယစ် ဆေးဝါး အရောင်းအဝယ်တွေ ပြုလုပ်လာခဲ့ပါတယ်။ စက်ဘီးစီးတဲ့ ကလေးတွေကို ဘယ်သူကမှ မရပ်ခိုင်းဘူးလို့ လူကြီးတစ်ဦးက ပြောတော့ ဘောလုံးတစ်လုံးနဲ့ စက်ဘီးပတ်စီးပြီး အဲဒီမှာ မူးယစ်ဆေးတွေလည်း ပါဝင်ပါတယ်။ ၁၁ နှစ်အရွယ်မှာတော့ ကျနော့်ကို လူတစ်ဦးက တံတားပေါ်ကနေ ပစ်ချမယ်လို့ ပြောခြင်းခံခဲ့ရပါတယ်။ ၁၂ နှစ် အရွယ်မှာ စိတ်ထားကောင်းတဲ့ မိသားစုတစ်စုက ကျနော့်ကို မွေးစားခဲ့ပါတယ်။ ကျနော့်အတွက် သူတို့လုပ်ပေးခဲ့ တာတွေက တကယ်ကို ကောင်းခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒယ်လီအလီနဲ့ ဂယ်ရီနဗီးလ်ကို တွေ့ရစဉ်

ဒယ်လီအလီဟာ သူကြုံတွေ့ခဲ့ရတဲ့ အိပ်မက်ဆိုးတွေကို မွေးစားမိဘတွေကို ဖွင့်ပြောဖို့ ကြိုးစားခဲ့ပေမယ့် မအောင် မြင်ခဲ့ပါဘူး။ အင်္ဂလန်ကစားသမားရဲ့ အတိတ်ကဖြစ်ခဲ့တဲ့ ကြေကွဲစရာ အသေးစိတ် အချက်အလက်တွေကို သူ့ အနေနဲ့ လွတ်လွတ်လပ်လပ်ပြောဖို့ ခက်တာက အံ့သြစရာတော့ မရှိပါတယ်။ 

ဒယ်လီအလီက “ပိုချက်တီနိုဟာ ကျနော့်အတွက် အကောင်းဆုံး နည်းပြဖြစ်ပြီး ဒီထက်ပိုကောင်းတဲ့ နည်းပြကို ကျနော် မတောင်းဆိုနိုင်ပါဘူး။ ကျနော်တို့ရဲ့ ဆက်ဆံရေးက ဘောလုံးသမားနဲ့ နည်းပြရဲ့ ဆက်ဆံရေးဆိုတာထက် ပိုပြီးနက်နဲပါတယ်။ သူထွက်သွားတဲ့ အချိန်မှာ ကျနော့်အတွက် တကယ်ကို ခက်ခဲခဲ့တာပါ။ နည်းပြအသစ် ရောက်လာတဲ့ အချိန်မှာတော့ တစ်စုံတစ်ယောက်ကို ပွင့်ပွင့်လင်းလင်းပြောဖို့က ကျနော့်အတွက် ခက်ခဲခဲ့ပြီး အရာ အားလုံးက အတုအယောင်တွေပဲလို့ ခံစားခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။

ဒယ်လီအလီရဲ့ ပြောဆိုမှုတွေကြောင့် ဘောလုံးအသိုင်းအဝိုင်းက သူ့ဘက် ရပ်တည်ခဲ့သလို စပါးအသင်းမှာ ကစား ခဲ့ချိန်က အသင်းဖော်အဖြစ် ရှိခဲ့တဲ့ ဟာရီကိန်းကလည်း သူ့ဘက်မှာ ရှိနေကြောင်း သူ့ရဲ့ရပ်တည်ချက်ကို ဖော်ထုတ် ခဲ့တာ ဖြစ်ပါတယ်။

ပိုချက်တီနဲ့ ဒယ်လီအလီကိုတွေ့ရစဉ်

ဂယ်ရီနဗီးလ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး ထွက်ပေါ်လာခဲ့တာက ဒယ်လီအလီရဲ့ ကုသရေး လုပ်ငန်းစဉ်တွေကို ပိုပြီး အရှိန်မြှင့် လာနိုင်မယ်လို့ မျှော်လင့်နေကြတာပါ။ ဒယ်လီအလီဟာ အမြန်ဆုံး ပြန်ကောင်းလာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဒယ်လီအလီက “ကျနော်ဟာ ဘာစည်းကမ်းမှမရှိပဲ ကြီးပြင်းလာခဲ့ပြီး အမေကလည်း အရက်တွေ အများကြီး သောက်ပါတယ်။ ဒါပေမယ့် ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် သူမကို ကျနော် အပြစ်လုံးဝ မတင်ပါဘူး။ ပြန်လည် ထူထောင်ရေးသွားတာက သူမကို အမှန်တကယ် နားလည်ပေးဖို့ အကူအညီဖြစ်ခဲ့ပြီး သူမ ဖြတ်သန်းခဲ့တဲ့ အရာ တွေကို ရောပါ”လို့ ပြောခဲ့ပါတယ်။

ဒယ်လီအလီဟာ မော်ရင်ဟိုက သူ့ကို စပါးအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့တာကြောင့် အသက် ၂၄ နှစ်အရွယ် မှာ ကစားသမားဘဝက အနားယူဖို့အထိ စဉ်းစားခဲ့တယ်လို့ ပြောခဲ့တာပါ။ 

အင်္ဂလန်ကစားသမားဟာ မော်ရင်ဟို နေရာမှာ အစားထိုး ဝင်ရောက်ခဲ့တဲ့ ကွန်တီ လက်ထက်မှာ ပွဲကစားခွင့် ဆုံးရှုံးခဲ့တာကြောင့် အဲဗာတန်အသင်းထံ ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒယ်လီအလီဟာ အဲဗာတန်အသင်းမှာလည်း ပုံမှန်ခြေစွမ်းမရလို့ တူရကီကလပ် ဘက်ဆီးတပ်စ်အသင်းထံ အငှားသွားရောက် ကစားခဲ့ပါတယ်။

ဒယ်လီအလီဟာ ခြေစွမ်းပိုင်း ကျဆင်းခဲ့လို့ စိတ်ကျဝေဒနာကို ခံစားလာရတဲ့အပြင် ညဘက် အိပ်မပျော်လို့ အိပ်ဆေးညတိုင်း သောက်တာကနေ အိပ်ဆေးစွဲတဲ့ အဆင့်ထိ ဖြစ်လာခဲ့တာပါ။ အဲဒါကြောင့် ၆ ပတ်ကြာ ပြန်လည် ကုသမှု ခံယူခဲ့ရတာပါ။

ဒယ်လီအလီက “ညဘက်တွေဆို အိပ်မပျော်တဲ့အတွက် အိပ်ဆေးတွေကို သောက်ခဲ့ရပါတယ်။ အိပ်ဆေးမသောက် ရင် အိပ်မပျော်တော့လို့ အလွန်အကျွံ သောက်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ကျနော်ဟာ သာမန်လူတစ်ဦး သောက် သင့်တဲ့ ပမာဏထက် ပိုပြီးသောက်ခဲ့ပါတယ်။ နာကျင်စရာတွေများလို့ သက်သာဖို့အတွက် လုပ်ခဲ့ပေမယ့် ကစား သမားဘဝကို ထိခိုက်လာခဲ့ပါတယ်။ တူရကီ ပြန်လာပြီးချိန်မှာ ခွဲစိတ်မှုလုပ်ဖို့ လိုတယ်ဆိုတာ သိလာခဲ့ပါတယ်။ စိတ် ကျန်းမာရေးအတွက်လည်း ပြန်လည်ထူထောင်တဲ့ နေရာဆီသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက် ချပြီးသွားရမှာ သူများပြောစရာ မလိုပါဘူး”လို့ ပြောပါတယ်။

အဲဗာတန်မှာ ကစားနေတဲ့ ဒယ်လီအလီကိုတွေ့ရစဉ်

ဒယ်လီအလီဟာ အခုအချိန်မှာတော့ ဒီတိုက်ပွဲကို အနိုင်ယူဖို့နဲ့ ကွင်းထဲကို ပြန်လည်ဝင်ရောက်ပြီး မိမိဘာတွေ လုပ်နိုင်လဲဆိုတာကို အဲဗာတန်နည်းပြကို ပြသဖို့ လိုအပ်တယ်လို့ အင်တာဗျူးမှာ ထပ်ပြီး ပြောသွားခဲ့ပါတယ်။

ဒယ်လီအလီက “ကျနော့်အတွက် ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ဖန်တီးပေးနိုင်ခဲ့တဲ့ လူတွေအများကြီးကို ကျေးဇူးတင်ပါတယ်။ ဒါက ကျနော့်ကို ရဲရင့်ပြီး သန်မာစေခဲ့သလို စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အနိုင်ယူချင်ပြီး ဒါတွေကို မိမိကိုယ်ကို သက်သေပြသဖို့ အရေးကြီးပါတယ်။ ကျနော်ဟာ မကြာခင်မှာ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ကစားမှာပါ။ ဒါက ကျနော် လုပ်ချင်တဲ့ အရာဖြစ်ပြီး ကြီးမားတဲ့ ရာသီအတွက် ကြုံလာတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပိုပြီးပြင်ထားတယ်”လို့ ပြောခဲ့ပါတယ်။

ဒယ်လီအလီ အနေနဲ့ သူကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ရာသီသစ်မှာ အဲဗာတန်အသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်မလားဆိုတာ မကြာတော့တဲ့ အချိန်မှာ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပုံ - မေဂျာလိဂ်၊ ဆော်ဒီလိဂ်၊ တရုတ်စူပါလိဂ်မှာ ကစားနေကြသူများကိုတွေ့ရစဉ်

ဆော်ဒီလိဂ်က နောက်ထပ် တရုတ်စူပါလိဂ်လား

By CNI
CNI
Category: ဆောင်းပါး
Hits: 1260

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၅

ဆော်ဒီလိဂ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ တော်တော်လေး ကျယ်ပြန့် လာတာကြောင့် တရုတ်စူပါလိဂ်လို အမှားမျိုးထပ်ပြီး ကျူးလွန်လာနိုင်ပါတယ်။

ပြီးရင်တော့ နောက်ထပ် တရုတ်စူပါလိဂ် ဖြစ်လာနိုင်တယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

တရုတ်စူပါလိဂ်ကို လူတွေ စိတ်ဝင်စားအောင် လုပ်တုန်းကလည်း အခုလိုပဲ ကမ္ဘာကျော်တွေကို ငွေကြေးအပုံလိုက် ပေးပြီး ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက တရုတ်စူပါလိဂ်ဟာ အချိန်တိုအတွင်း လူစိတ်ဝင်စားမှုများစွာ ရရှိခဲ့ပြီး ယူနိုက်တက်နဲ့ မန်စီးတီးတိုက်စစ်မှူး တီဗတ်ဇ်၊ ချယ်လ်ဆီး ကစားသမား အော်စကာ၊ ဘရာဇီးလ် လူသန်ကြီးလို့ ခေါ်ဝေါ်ကြတဲ့ ဟော့ခ်တို့ကို ခေါ်ယူပြီး ငွေကြေး အများအပြား သုံးစွဲခဲ့တာပါ။

ဒါပေမယ့် ဒီလိုသုံးစွဲမှုတွေဟာ အချိန်အကြာကြီး မခံခဲ့သလို လိဂ်ကလည်း လူစိတ်ဝင်စားမှု လျော့ကျခဲ့ပါတယ်။

တရုတ်စူပါလိဂ်မှာ ကစားနေကြတဲ့ နာမည်ကြီး ကစားသမားများကိုတွေ့ရစဉ်

နောက်ပိုင်းမှာ နာမည်ကြီး ကစားသမားတွေဟာ တရုတ်မှာ လာကစားဖို့ စိတ်ဝင်စားမှုတွေ နည်းပါးသွားခဲ့ပါ တယ်။ အခုလည်း ဆော်ဒီလိဂ်ဟာ ကမ္ဘာကျော်တွေကို မက်လောက်စရာငွေပေးပြီး ခေါ်ယူထားသလို နောက်ထပ် လည်း ထပ်ပြီး ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာပါ။ 

တရုတ်စူပါလိဂ်က ကစားသမားတွေ ခေါ်ယူတာထက်ကို ဆော်ဒီလိဂ်ရဲ့ ဆွဲဆောင်မှုတွေဟာ ပိုမိုကောင်းမွန်နေပြီး ဘောလွန်းဒီအောဆု ရထားတဲ့ ရော်နယ်ဒို၊ ဘန်ဇီမာတို့ကို ခေါ်ယူထားပြီးဖြစ်သလို ကြွက်ကလေးလို့ ချစ်စနိုး ခေါ်ဝေါ်ကြတဲ့ ကန်တီကိုလည်း ခေါ်ယူထားနိုင်ခဲ့ပါတယ်။ 

ဒါအပြင် မန်ဒီ၊ ရူဘင်နာဗတ်စ်၊ ဇီယက်ချ်၊ ကူလီဘာလီတို့ကိုလည်း ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဆော်ဒီလိဂ်မှာ ကစားနေတဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်

ဆော်ဒီလိဂ်ဟာ ပိုမိုခိုင်မာတဲ့ အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့အတွက် တရုတ်စူပါလိဂ်လို ဖြစ်မလာ နိုင်ဘူးလို့ ယုံကြည်သူတွေလည်း ရှိနေတာပါ။

"လိဂ်ဟာ ၁၉၇၀ ခုနှစ်ကတည်းက ကောင်းမွန်စွာ တည်ဆောက်ထားပြီး ကလပ်တွေမှာ ဘောလုံးကိုသာ ဂရုစိုက် တဲ့ တကယ့် အမာခံပရိသတ်တွေ ရှိပါတယ်။ တရုတ်မှာဖြစ်ခဲ့တုန်းက ဒါက အစိုးရငွေ မဟုတ်ဘူးလို့ ပြောခဲ့ပါ တယ်။ ဒါက လုပ်ငန်းရှင်တွေကို ဒီလိုအရာတွေလုပ်ဖို့ တွန်းအားပေးတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ရပ်တန့်သွားခဲ့ ပါတယ်။ ဒီမှာကတော့ ရေရှည်စီမံထားတဲ့အရာဖြစ်ပြီး နိုင်ငံမှာ ဘောလုံးအားကစားက နံပါတ်တစ် အားကစားပါ။ ရော်နယ်ဒို ရောက်လာပြီးချိန်မှာ လိဂ်က အဓိကဈေးကွက်တိုင်းမှာ ပြသခဲ့ပါတယ်။ 
လူစိတ်ဝင်စားမှုတွေလည်း ချက်ချင်းရခဲ့ပြီး ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့က ဒါတွေကို သက်သေပြသနိုင်ခဲ့ပါတယ်" လိဂ်ရဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့တာပါ။

လက်ရှိအချိန်မှာ ဥရောပဘောလုံးအတွက် ဆော်ဒီဟာ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် အနေနဲ့ ဆော်ဒီ အပြောင်းအရွှေ့တွေကို ရပ်တန့်သင့်တယ်လို့ ပရီးမီးယားလိဂ် ကစားသမား ဟောင်း ဂယ်ရီနဗီးလ်က မကြာသေးခင် ရက်ပိုင်းက ပြောထားခဲ့တာပါ။ 

ဆော်ဒီလိဂ်ဟာ ပရီးမီးယားလိဂ်မှာရှိတဲ့ ကစားသမားတွေကို အခြားလိဂ်မှာရှိတဲ့ ကစားသမားတွေထက် ခေါ်ယူနိုင် ဖို့ ပိုပြီးဆွဲဆောင်နေတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ပရီးမီးယားလိဂ်မှာရှိတဲ့ နာမည်ကျော် ကစားသမား အများအပြားဟာ ဆော်ဒီလိဂ်ရဲ့ ချိတ်ဆက်မှုတွေ ခံနေရတာပါ။ 

မက်ဆီ၊ လူကာကူ၊ ဆွန်ဟောင်မင်၊ မိုဒရစ်နဲ့ တိုနီကရူးစ်တို့ကတော့ ဆော်ဒီလိဂ်ရဲ့ ကမ်းလှမ်းမှုတွေကို စိတ်မဝင် စားခဲ့ပေမယ့် တခြား ကစားသမားတွေ အတွက်ကျတော့ နောက်တစ်ချိန် ဒီလိုမျိုး အခွင့်အရေးထပ်ပြီး မရလာမှာ ကို စိုးရိမ်နေတာ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်နိုင်ခြင်း မရှိပါဘူး။ 

ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆက်ဖာရင်ကတော့ ဆော်ဒီဟာ အမှားတွေကို ပြုလုပ်နေတယ်လို့ ထောက်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီလိဂ်ကို ပြောင်းလာတဲ့ ဘန်ဇီမာကို တွေ့ရစဉ်

ဆက်ဖာရင်က "အဓိက ကတော့ ဆော်ဒီ ဘောလုံးလောအတွက် အမှားပါပဲ။ သူတို့တွေဟာ အကယ်ဒမီတွေမှာ ရင်းနှီးမြှုပ်နှံသင့်ပြီး သူတို့ရဲ့ကိုယ်ပိုင် နည်းပြတွေကို ခေါ်ဆောင်ကာ သူတို့ရဲ့ ကိုယ်ပိုင် ကစားသမားတွေကို ပြုစုပျိုးထောင်ရမှာပါ။ ကစားသမားဘဝ အဆုံးသတ်ဖို့ နီးနေတဲ့ ကစားသမားတွေကို ဝယ်ယူတာက ဘောလုံးကို တိုးတက်စေမယ့် စနစ်မဟုတ်ပါဘူး။ တရုတ်နိုင်ငံတုန်းကလည်း ဒီလိုမျိုး အလားတူ အမှားတွေ ဖြစ်ခဲ့ပါတယ်။ ဒါက ငွေကြေးအတွက်တင် မဟုတ်ပါဘူး။ ကစားသမားတွေက ထိပ်တန်းပြိုင်ပွဲတွေမှာ အနိုင်ယူချင်ကြပြီး ထိပ်တန်းပြိုင်ပွဲက ဥရောပမှာပဲရှိပါတယ်"လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အခုနွေရာသီ အပြောင်းအရွှေ့မှာ ဆော်ဒီလိဂ် ကလပ်အသင်းတွေရဲ့ ငွေကြေးသုံးစွဲမှုကို ဥရောပကလပ် အသင်း တွေက ယှဉ်ပြိုင်နိုင်ဖို့ အားနည်းနေပြီး ကစားသမားတွေကလည်း ပင်လယ်ကွေ့နိုင်ငံကိုသာ ရွေးချယ်နေကြတာ ပါ။

ဆော်ဒီလိဂ်ကတော့ အာရှထိပ်သီး တရုတ်နိုင်ငံက ပြုလုပ်ခဲ့တဲ့ စူပါလိဂ်လို အဖြစ်မျိုး မရောက်ဖို့အတွက် လေ့လာ သင်ယူနိုင်ဖို့ မျှော်လင့်ပြီး ဒီလိုမှမဟုတ်ရင် စွန့်စားချင်တဲ့ တခြားနိုင်ငံတွေကတော့ သူတို့ရဲ့စွန့်စားခန်းကို ရပ်တန့် သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆော်ဒီလိဂ်ကတော့ ဒီလိုငွေကြေးသုံးစွဲပြီး ကစားသမားတွေကို ခေါ်နေတဲ့ အဓိက ရည်မှန်းချက် ကတော့ မကြာခင် နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ထိပ်တန်းလိဂ် ၅ ခုထဲဝင်ဖို့နဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်နိုင်ဖို့ပါ။ 

အဲဒါကြောင့် လာမယ့် အပြောင်းအရွှေ့တွေမှာ နာမည်ကြီး ကစားသမားတွေကို အရခေါ်ယူဖို့ ဆော်ဒီရဲ့ နောက်ထပ် ငွေကြေးသုံးစွဲမှုတွေကို ထပ်ပြီး မြင်တွေ့ရဖို့ပဲ ရှိပါတော့တယ်။

Source: BBC

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရီးရယ်လ်မှာ မိုဒရစ် ကစားနေစဉ်

နေးရှင်းလိဂ်အပြီးမှာ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ မိုဒရစ်ပြော 

By CNI
CNI
Category: အားကစား
Hits: 945

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄

ခရိုအေးရှား အသင်းခေါင်းဆောင် မိုဒရစ်က လက်ရှိအချိန်မှာ နေးရှင်းလိဂ်ပြိုင်ပွဲကိုသာ အာရုံစိုက်ထားပြီး ဒီပြိုင်ပွဲ အပြီးမှသာ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောခဲ့ပါတယ်။

မိုဒရစ်က “အနာဂတ်အကြောင်း မပြောချင်သေးပါဘူး။ နေးရှင်းလိဂ် အကြောင်းကို အာရုံစိုက်နေပြီး လာမယ့် ပွဲတွေ အကြောင်းပဲတွေးပါတယ်၊ တခြားအကြောင်းအရာတွေကို မတွေးချင်ပါဘူး။ ဆုဖလားတွေရယူဖို့ ဒီကို ရောက်ရှိလာတာဖြစ်လို့ ဒါကို သယ်ဆောင်ပြီး အိမ်ပြန်ဖို့ကိုပဲ စဉ်းစားနေပါတယ်။ ဒီပွဲပြီးရင်တော့ ကျနော့် အနာဂတ်အကြောင်း ပြောနိုင်ပါတယ်။ ဆုံးဖြတ်ချက် ချပြီးပေမယ့် ပြိုင်ပွဲပြီးရင်တော့ ဒီအကြောင်းကို ဆွေးနွေး သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

မိုဒရစ်နဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုလအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စပိန်ကလပ်က တစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ခရိုအေးရှားအသင်းအတွက် မိုဒရစ်ကစားစဉ်

မိုဒရစ်ကို ခေါ်ယူဖို့ ဆော်ဒီကလပ် အသင်းတွေက ငွေကြေး အများအပြားနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပေမယ့် ခရိုအေးရှား ကစားသမားက အနာဂတ်နဲ့ ပတ်သက်ပြီး အခုထိ ဆုံးဖြတ်ချက် မချရသေးပါဘူး။

ရီးရယ်လ်အသင်းကို ၂၀၁၂ က စပါးအသင်းကနေ ရောက်ရှိလာတဲ့ မိုဒရစ်ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်၊ လာလီဂါဖလား ၃ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူထားတာပါ။ 

ရီးရယ်လ်အသင်းဟာ ဝါရင့်ကစားသမားတွေကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ လုပ်ဆောင်နေပေမယ့် လူငယ် အများအပြားကို ဖြည့်တင်းပြီး အသင်းလူစာရင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေပါတယ်။

အဲဒါကြောင့် ခရိုအေးရှား အသင်းခေါင်းဆောင်ဟာ လာမယ့်ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာတာကြောင့် တခြား ကမ်းလှမ်းမှုတွေကို စဉ်းစားနေတာပါ။

အသက် ၃၇ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ခရိုအေးရှား လက်ရွေးစင် အသင်းနဲ့ အနာဂတ်ကိုလည်း နေးရှင်းလိဂ်ပြိုင်ပွဲ အပြီးမှာ ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။

ခရိုအေးရှားအသင်းဟာ နေးရှင်းလိဂ် နောက်ဆုံးအဆင့် ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် နယ်သာလန်အသင်းနဲ့ ဇွန်လ ၁၅ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: besoccer

 

 

 

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Page 5 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar