- By CNI
- Category: အားကစား
- Hits: 1144
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၀
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ဘတ်စ်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမ အကျော့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ကွင်းထဲမှာ အကောင်းဆုံး ကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ဘရူနိုက ကွင်းထဲမှာ အကောင်းဆုံး ကစားသမားပါ။ သူဟာ ပိုပြီးလေးနက်တဲ့ အခန်းကဏ္ဍ ကနေ ကစားခဲ့တာဖြစ်ပြီး သူက ထက်မြက်သလို အခွင့်အရေးတွေ အများကြီးကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ သူ ဟာ ဒီပွဲမှာဆိုရင် ပထမမိနစ် ကတည်းက အသင်းကို ဦးဆောင်ခဲ့ပြီး ဂိုးလည်း သွင်းနိုင်ခဲ့သလို ဂိုးလည်း ဖန်တီးနိုင် ခဲ့ပါတယ်။ အဲဒါကြောင့် ကျနော် ပျော်ရွှင်ပါတယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက် လက္ခဏာတွေလည်း ပြသ နိုင်ခဲ့ပါတယ်။ ဘရူနိုဟာ စိတ်အားထက်သန်မှု အရမ်းများလာရင် အားနည်းချက် ဖြစ်လာနိုင်လို့ ဒါက သူထိန်းချုပ်ရပါမယ်။ ဒါကို သူလည်း သိပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်တဲ့ပွဲအပြီး ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲမှာ ဘတ်စ်တစ် အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် အသင်းအတွက် ဂိုးတွေကို ရက်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ အန်တိုနီနဲ့ ဝက်ဂ်ဟော့စ်တို့က သွင်းယူခဲ့ပြီး ဘတ်စ်တစ်အတွက် ဂိုးကိုတော့ ပီရတ်ဇ်က သွင်းယူခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဘတ်စ်တစ် အသင်း အိမ်ကွင်းမှာ ဒုတိယအကျော့ ကစားဖို့ ကျန်ရှိသေးပေမယ့် ဒီပွဲရလဒ်ကြောင့် ကွာတားဖိုင်နယ်တက်ဖို့ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသားများကိုတွေ့ရစဉ်
ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲက အပြုအမူတွေကြောင့် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံခဲ့ရပြီး အသင်းခေါင်းဆောင် လက်ပတ် ပေးမဝတ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့တာပါ။
ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်က ဘရူနိုဖာနန်ဒက်စ်ကို ကာကွယ်ပေးခဲ့ပြီး မက်ဂွဲယား ကွင်းထဲမရှိတဲ့ အချိန် မှာ ပေါ်တူဂီကစားသမားက အသင်းခေါင်းဆောင် လက်ပတ်ကို ဆက်ပြီး ဝတ်ဆင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ကတော့ ဝေဖန်မှုတွေကို ဘတ်စ်တစ်နဲ့ပွဲမှာ ခြေစွမ်းပြပြီး တုန့်ပြန်ခဲ့တာပါ။
အဲရစ်တန်ဟတ်က “လူအုပ်ကြီးရဲ့ တုန့်ပြန်မှုကို ကျနော် ကျေနပ်ပါတယ်။ ပထမ မိနစ်ကနေစပြီး သူတို့က အသင်း အနောက်မှာ ရှိနေပါတယ်။ အသင်းဘက်ကလည်း အကောင်းဆုံး စွမ်းဆောင်ပြီး သူတို့ကို ပြန်ပေးပါတယ်။ အသင်းနဲ့ ပရိသတ်တွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလို့ ဒါကို ကျနော် ကျေနပ်ပါတယ်။ ပထမပိုင်းမှာ ကတည်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရသင့်ပေမယ့် အမှားတစ်ခုကြောင့် ကျနော်တို့ အပြစ်ပေး ခံခဲ့ရပါတယ်။ ဒုတိယ ပိုင်းမှာတော့ ကျနော်တို့ ကောင်းမွန်တဲ့ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: Watch TV
- Hits: 727
- By CNI
- Category: Watch TV
- Hits: 758
- By CNI
- Category: အားကစား
- Hits: 899
CNI Sport News
၂၀၂၃ ခုနှစ်၊ မတ်လ ၇
အသလက်တီကို အသင်းကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ ဂျာအိုဖိလစ်က ချယ်လ်ဆီးအသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့က အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အပေါ်မှာ မူတည်တယ်လို့ ပြောလိုက်ပါတယ်။
ဂျာအိုဖိလစ်က “ချန်ပီယံလိဂ်မှာ ကစားရတာက အမြဲတမ်း ကွဲပြားခြားနားပါတယ်။ ဒါဟာ လူတိုင်း ကစားချင်တဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒါပေမယ့် ကျနော်ဟာ အခုကစားရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲကို အာရုံစိုက်ထားပါတယ်။ အမှတ်ပေး လိဂ်မှာလည်း ချန်ပီယံလိဂ် ဝင်ရောက်နိုင်ဖို့အတွက် ကြိုးစားဖို့ ပွဲတွေအများကြီး ကျန်ရှိနေပါသေးတယ်။ မပြီးဆုံး သေးပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ ကစားရတာကတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါ။ အနာဂတ်ကို ဘယ်သူ မှ မသိနိုင်တာကြောင့် ဘာဖြစ်သွားမလဲဆိုတာကို ဆက်ပြီး ကြည့်ကြတာပေါ့”လို့ ပြောပါတယ်။
ချယ်လ်ဆီးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဂျာအိုဖိလစ်ကို အပြီးသတ် ခေါ်ယူဖို့ ကြိုးစားနေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပေါ်တူဂီ တိုက်စစ်မှူးကတော့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ပယ်ချထားပြီး လက်ရှိရာသီကိုပဲ အာရုံစိုက် ထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့က အသလက်တီကို အသင်းထံ ပေါင် ၁၃ သန်းပေးပြီး ဂျာအိုဖိလစ်ကို အငှားနဲ့ ရာသီအကုန်ထိ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂျာအိုဖိလစ်ကို တွေ့ရစဉ်
ဂျာအိုဖိလစ်ဟာ ချယ်လ်ဆီး ကစားသမားဘဝ ပွဲဦးထွက် ပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ တိုက်ရိုက်အနီကတ် နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ၃ ပွဲ ပယ်ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသထားပါတယ်။
အခုဆိုရင် ဂျာအိုဖိလစ်ဟာ တိုက်စစ်ပိုင်းမှာ လွတ်လပ်စွာ ကစားခွင့်ရနေပြီး ဝက်စ်ဟမ်းအသင်းနဲ့ ၁ ဂိုးစီ သရေကျ ခဲ့တဲ့ပွဲမှာ ချယ်လ်ဆီး ကစားသမားဘဝ ပွဲဦးထွက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ အသလက်တီကို အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ အပြီးသတ် ဝယ်ယူခွင့် မပါဝင်ပေမယ့် လန်ဒန်ကလပ်ကတော့ ဂျာအိုဖိလစ်ကို အပြီးသတ် ဝယ်ယူချင်နေပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရနိုင်တဲ့အတွက် ဂျာအိုဖိလစ်ကို အပြီးသတ်ခေါ်ယူဖို့ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ မတ်လ ၈ ရက် မနက်ပိုင်းမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ပထမအကျော့ ပွဲစဉ်တုန်းက ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့် တက်ဖို့အတွက် အနိုင်ရလဒ် ရယူနိုင်ဖို့ လိုအပ်နေပါတယ်။
Source: Goal
- By CNI
- Category: Watch TV
- Hits: 712
- By CNI
- Category: ဆောင်းပါး
- Hits: 1256
CNI Sport Article
၂၀၂၃ ခုနှစ်၊ မတ်လ ၅
ဂရင်းဝုဒ်ဟာ ယူနိုက်တက် အကယ်ဒမီက ထွက်ပေါ်လာပြီးနောက် အသင်းကြီးမှာ အလျင်အမြန် အထိုင်ချကာ ပွဲထွက်ခွင့် တစ်နေရာကို အပိုင်ယူထားခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
သူရဲ့တိုးအား၊ အလိမ်အခေါက်၊ ဖြတ်ကျော်မှုနဲ့ ဂိုးသွင်းစွမ်းရည်တွေဟာ အလွန်ကောင်းမွန်တာကြောင့် ယူနိုက်တက် ပရိသတ်တွေက အများကြီးမျှော်လင့်ခဲ့ရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
တကယ်လည်း ဂရင်းဝုဒ်ဟာ မျှော်လင့်သလို ဖြစ်လာဖို့ အလားအလာတွေရှိခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ တောင် အရွေးချယ်ခံရတဲ့အထိ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဂရင်းဝုဒ်တစ်ယောက် ခြေစွမ်းပိုင်း အတက်ဘက် ရောက် နေတဲ့အချိန်မှာ မလုပ်သင့်တဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။

အမှုရင်ဆိုင်ပြီး ပြန်လာတဲ့ ဂရင်းဝုဒ်ကို တွေ့ရစဉ်
ဒါကတော့ ချစ်သူ မိန်းကလေးကို ကိုယ်ထိလက်ရောက် ပြုလုပ်မိခဲ့တာဖြစ်ပြီး ဒါကို မိန်းကလေးဖြစ်သူက ဆိုရှယ် မီဒီယာပေါ်မှာ ဓါတ်ပုံ၊ ဗွီဒီယိုတွေနဲ့ တင်ခဲ့တာပါ။
အဲဒါကြောင့် ဂရင်းဝုဒ်ဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုကို ခံခဲ့ရပြီး ယူနိုက်တက် ဘက်ကလည်း ဂရင်းဝုဒ်ကို အသင်းနဲ့ ပတ်သက်တဲ့ အရာတွေ အားလုံးကနေ ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ မုဒိမ်းမှု ကျူးလွန်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ အပါအဝင် စွဲချက် အများအပြား တင်ခံရတာကြောင့် သူ့ကို ပေးထားတဲ့ စပွန်ဆာတွေကလည်း သူနဲ့ လက်တွဲ ဖြုတ်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတဲ့ ဂရင်းဝုဒ်ဟာ စွဲချက်တွေကြောင့် ရုံးချိန်းတွေ အများကြီး တက်ရောက် ခဲ့ရတာပါ။ ဒါပေမယ့် ဂရင်းဝုဒ်ဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်မှာတော့ စွဲချက်တင်ထားတဲ့ အမှုတွေ အားလုံးကို ရုပ်သိမ်းခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဂရင်းဝုဒ်ရဲ့ ကစားသမားဘဝ ပြန်လည်ရနိုင်ဖို့ အားလုံးက မျှော်လင့်ထားခဲ့ကြပြီး ကစားသမားက လည်း ယူနိုက်တက်အသင်းမှာ ကစားခွင့်ရနိုင်ဖို့ စိတ်အားထက်သန် နေခဲ့တာပါ။ ဒါပေမယ့် အသင်းဘက်ကတော့ စွဲချက်တွေ ရုပ်သိမ်းခံခဲ့ရပေမယ့် အသင်းတွင်း စုံစမ်းမှုတွေ ဆက်လက် လုပ်နေတာကြောင့် ကစားခွင့်တော့ မရ သေးတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ ယူနိုက်တက် အသင်းကြီးဘက်က ဂရင်းဝုဒ်ကို ဒီရာသီမှာ သူတို့နဲ့ မပူးပေါင်းဘဲ လာမယ့် ရာသီမှသာ ပူးပေါင်းဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒီရာသီ သူတို့ရဲ့ အောင်မြင်နေတဲ့ အဝတ်လဲခန်းကို ဂရင်းဝုဒ်ကြောင့် အနှောင့်အယှက် မဖြစ်စေချင်ကြတာ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားများကိုတွေ့ရစဉ်
ဒီအချိန်မှာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်က ဂရင်းဝုဒ်ကို ဖုန်းနဲ့ဆက်သွယ်ပြီး စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကစားသမားအတွက် မျှော်လင့်ချက် ရောင်ခြည် အနည်းငယ် သန်းလာခဲ့တာပါ။
ဒါအပြင် အသင်းရဲ့ အတွင်းပိုင်းမှာတော့ စုံစမ်းမှုတွေအဖြစ် ယူနိုက်တက် အကြီးအကဲတွေနဲ့ စကားပြောဆိုမှု တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ဘက်ကတော့ ဆုံးဖြတ်ချက် မပြတ်သားသေးပါဘူး။
ယူနိုက်တက် အမျိုးသမီးအသင်းကလည်း ဂရင်းဝုဒ်ကို အသင်းထံ ပြန်လာတာကို မမြင်တွေ့ချင်ဘူးလို့ သတင်း တွေမှာ ဖော်ပြထားပါတယ်။
အဲဒီ အမျိုးသမီး ကစားသမားတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ တက်ခဲ့တဲ့ ဂရင်းဝုဒ်ရဲ့ လုပ်ရပ်ကို မြင်ပြီးနောက် ဒီလိုမျိုးတွေ ဖြစ်ခဲ့ကြပါတယ်။
ဒါပေမယ့် အသင်းဘက်ကတော့ အကယ်ဒမီထွက် ကစားသမားတစ်ဦးအပေါ်မှာ ရက်ရက်စက်စက် မပြုလုပ်ချင် တာကြောင့် အခြေအနေ အရပ်ရပ်ကို သေချာသုံးသပ်ပြီး စီစဉ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
အခုရက်ပိုင်းမှာ ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူဖို့ တူရကီကလပ်တွေနဲ့ အပြောင်းအရွှေ့ ဖွင့်နေတဲ့ နိုင်ငံက ကလပ် အသင်းတွေဟာ ယူနိုက်တက်အသင်းဘက်ကို ချဉ်းကပ်မှုတွေ ပြုလုပ်နေပါတယ်။
ယူနိုက်တက်ဘက်ကလည်း ဂရင်းဝုဒ်ကို ပုံမှန်ပြန်ကစားခွင့် ရနိုင်မယ့် အငှားချပြီး လာမယ့်ရာသီမှ အသင်းအတွက် အသုံးပြုမလားဆိုပြီး စဉ်းစားမှုတွေရှိနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂရင်းဝုဒ်ရဲ့ အခြေအနေကို ယူနိုက် တက် ပရိသတ်တွေက နားစွင့်နေပါတယ်။
နည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ တိုးတက်နေတဲ့ အသင်းရဲ့ လူစာရင်းထဲကို ဂရင်းဝုဒ်လို ခြေစွမ်းကောင်း တွေရှိတဲ့ ကစားသမားကို ထည့်သွင်း လိုက်မယ်ဆိုရင် အသင်းလူစာရင်းဟာ ပိုပြီး အင်အား တောင့်တင်းသွားမှာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်နဲ့ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်
ယူနိုက်တက်ကတော့ ဂရင်းဝုဒ်ကို ကစားခွင့်နဲ့ လေ့ကျင့်ခန်း ဆင်းခွင့် ပိတ်ပင်ထားပေမယ့် အသင်းရဲ့ လူစာရင်း ထဲမှာ သူ့ကို ထည့်သွင်းထားတုန်းပဲ ဖြစ်ပါတယ်။
ဂရင်းဝုဒ်နဲ့ ယူနိုက်တက် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ အထိ သက်တမ်းရှိနေပြီး မန်ချက်စတာ ကလပ်ဟာ ကစားသမားကို ဖမ်းဆီးခံထားရတဲ့ အချိန်ကနေ အခုထိ တစ်ပတ်လုပ်ခပေါင် ၇၅,၀၀၀ ကို ပေးဆောင် နေတာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ ချစ်သူ မိန်းကလေးနဲ့အတူ ဖခင်ဘဝကို ရောက်တော့မယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားတာပါ။
အခုအချိန်မှာ စွဲချက်တွေ အားလုံးကနေ ရုပ်သိမ်းခံရ၊ ချစ်သူ မိန်းကလေးနဲ့လည်း ပြန်အဆင်ပြေသွားပြီဖြစ်တဲ့ ဂရင်းဝုဒ်အတွက် နောက်ထပ် မျှော်လင့်ရမယ့် အရာကတော့ ယူနိုက်တက်အသင်းမှာ ပါဝင်ကစားခွင့်ရဖို့ ဖြစ်ပါတယ်။
အဲဒါကြောင့် ဂရင်းဝုဒ် အနေနဲ့ ယူနိုက်တက်မှာ ပြန်ကစားရမလား ဒါမှမဟုတ် အငှားနဲ့ ထွက်ခွာရမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: Watch TV
- Hits: 718
- By CNI
- Category: Watch TV
- Hits: 732
- By CNI
- Category: Watch TV
- Hits: 689
- By CNI
- Category: Watch TV
- Hits: 763
Page 9 of 81
