CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၄

လန်ဒန်အခြေစိုက် ကလပ်အသင်းတွေက ကစားသမားတွေနဲ့ နည်းပြတွေကို ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၃ လန်ဒန် ဘောလုံးဆုပေးပွဲမှာ အာဆင်နယ်အသင်းက အဓိကဆုတွေကို ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်က ဒီဆုပေးပွဲမှာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစား သမားဆုကို ရရှိသွားခဲ့ပါတယ်။

အိုဒီဂတ်ဟာ အာဆင်နယ်အသင်းကို နှစ်ပေါင်း ၁၉ နှစ်အကြာမှ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ရယူ နိုင်ဖို့အတွက် အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နိုင်အောင် အဓိကစွမ်းဆောင် ပေးထားတဲ့ သူတွေထဲက တစ်ဦး ဖြစ်ပါတယ်။
အိုဒီဂတ်ဟာ ဒီဆုကို စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်း၊ ဘရန်ဖို့ဒ် တိုက်စစ်မှူး တိုနေး၊ ဖူလ်ဟမ် တိုက်စစ်မှူး မီထရိုဗစ်နဲ့ အာဆင်နယ်အသင်းဖော် ဆာကာတို့ကို အသာရပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အိုဒီဂတ်က “ဒါကို အသင်းသားတွေ အားလုံးနဲ့ မျှဝေချင်ပါတယ်။ အသင်းအတွက် ဆုတွေအားလုံးနဲ့ အသိအမှတ် ပြုခံရတာကို မြင်ရတာက အလွန်ကောင်းပါတယ်။ ဒီနှစ်မှာ ကျနော်တို့ လုပ်နေတဲ့ အရာတွေက အလွန်ထူးခြားပြီး ကျနော်တို့ဟာ ကလပ်အသင်းအနေနဲ့ ဘယ်လောက်ထိ ရောက်နေပြီလဲဆိုတာကို ပြသနေတယ်လို့ ထင်ကြောင်း” ပြောခဲ့ပါတယ်။

အာဆင်နယ် အသင်းနည်းပြ အာတီတာနဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်ကိုတွေ့ရစဉ်

ဆာကာကတော့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဆာကာဟာ ၂၀၂၁ ကလည်း ဒီဆုကို ရခဲ့တဲ့အတွက် အခုတစ်ကြိမ် ရရှိတာက ဒုတိယအကြိမ်မြောက် ရရှိခဲ့တာပါ။

အကောင်းဆုံး ဂိုးသမားဆုကို အာဆင်နယ် ဂိုးသမား ရမ်စဒေးလ်က ရရှိသွားခဲ့ပါတယ်။ ရမ်စဒေးလ်ဟာ အာဆင်နယ် အသင်းရဲ့ ဂိုးပေါက်ကို အကောင်းဆုံး ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ဒီဆုကို ထိုက်ထိုက် တန်တန် ရရှိခဲ့တာပါ။

အကောင်းဆုံး နည်းပြဆုကို အာဆင်နယ် အသင်းနည်းပြ အာတီတာက ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အာတီတာက “ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေ၊ ကလပ်မှာရှိတဲ့ သူတိုင်းနဲ့ ကျနော်တို့ကို အားပေးတဲ့ ပရိသတ်တွေအားလုံးကို ဒီဆုရရှိခဲ့တဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အမျိုးသမီး အကောင်းဆုံး ကစားသမားဆုကို အာဆင်နယ်နဲ့ အင်္ဂလန်အသင်း တိုက်စစ်မှူး ဘန်မီက ရရှိခဲ့ပြီး အကောင်းဆုံး သွင်းဂိုးဆုကို စပါးအသင်း တောင်ပံကစားသမား ဆွန်ဟောင်မင် သွင်းယူတဲ့ဂိုးက ရရှိသွားခဲ့ပါ တယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်နေကာ ၂၀၀၄ နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဆုဖလားကို ပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: Daily Mail