CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ချန်ပီယံလိဂ်မှာ ခရီးဆက်နိုင်ဖို့ ကြီးမားတဲ့ မျှော်လင့်ချက်ရှိတယ်လို့ မက်ဆီပြော

By CNI
CNI
Category: Watch TV
Hits: 1000

Share
Tweet
Share
Share
powered by social2s
ဂျာအိုဖိလစ်ကို တွေ့ရစဉ်

ချယ်လ်ဆီးနဲ့ အနာဂတ်က ချန်ပီယံလိဂ်ဝင်ခွင့်အပေါ်မှာ မူတည်တယ်လို့ ဂျာအိုဖိလစ်ပြော

By CNI
CNI
Category: အားကစား
Hits: 1251

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၇

အသလက်တီကို အသင်းကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ ဂျာအိုဖိလစ်က ချယ်လ်ဆီးအသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့က အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အပေါ်မှာ မူတည်တယ်လို့ ပြောလိုက်ပါတယ်။

ဂျာအိုဖိလစ်က “ချန်ပီယံလိဂ်မှာ ကစားရတာက အမြဲတမ်း ကွဲပြားခြားနားပါတယ်။ ဒါဟာ လူတိုင်း ကစားချင်တဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒါပေမယ့် ကျနော်ဟာ အခုကစားရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲကို အာရုံစိုက်ထားပါတယ်။ အမှတ်ပေး လိဂ်မှာလည်း ချန်ပီယံလိဂ် ဝင်ရောက်နိုင်ဖို့အတွက် ကြိုးစားဖို့ ပွဲတွေအများကြီး ကျန်ရှိနေပါသေးတယ်။ မပြီးဆုံး သေးပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ ကစားရတာကတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါ။ အနာဂတ်ကို ဘယ်သူ မှ မသိနိုင်တာကြောင့် ဘာဖြစ်သွားမလဲဆိုတာကို ဆက်ပြီး ကြည့်ကြတာပေါ့”လို့ ပြောပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဂျာအိုဖိလစ်ကို အပြီးသတ် ခေါ်ယူဖို့ ကြိုးစားနေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူးကတော့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ပယ်ချထားပြီး လက်ရှိရာသီကိုပဲ အာရုံစိုက် ထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့က အသလက်တီကို အသင်းထံ ပေါင် ၁၃ သန်းပေးပြီး ဂျာအိုဖိလစ်ကို အငှားနဲ့ ရာသီအကုန်ထိ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂျာအိုဖိလစ်ကို တွေ့ရစဉ်

ဂျာအိုဖိလစ်ဟာ ချယ်လ်ဆီး ကစားသမားဘဝ ပွဲဦးထွက် ပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ တိုက်ရိုက်အနီကတ် နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ၃ ပွဲ ပယ်ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသထားပါတယ်။

အခုဆိုရင် ဂျာအိုဖိလစ်ဟာ တိုက်စစ်ပိုင်းမှာ လွတ်လပ်စွာ ကစားခွင့်ရနေပြီး ဝက်စ်ဟမ်းအသင်းနဲ့ ၁ ဂိုးစီ သရေကျ ခဲ့တဲ့ပွဲမှာ ချယ်လ်ဆီး ကစားသမားဘဝ ပွဲဦးထွက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ အသလက်တီကို အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ အပြီးသတ် ဝယ်ယူခွင့် မပါဝင်ပေမယ့် လန်ဒန်ကလပ်ကတော့ ဂျာအိုဖိလစ်ကို အပြီးသတ် ဝယ်ယူချင်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရနိုင်တဲ့အတွက် ဂျာအိုဖိလစ်ကို အပြီးသတ်ခေါ်ယူဖို့ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ မတ်လ ၈ ရက် မနက်ပိုင်းမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ပထမအကျော့ ပွဲစဉ်တုန်းက ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့် တက်ဖို့အတွက် အနိုင်ရလဒ် ရယူနိုင်ဖို့ လိုအပ်နေပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘိုင်ယန်မြူးနစ်နဲ့ရလဒ်က ပီအက်စ်ဂျီအနာဂတ်ကို သက်ရောက်မှုမရှိဘူးလို့ ဘတ်ပီပြော

By CNI
CNI
Category: Watch TV
Hits: 937

Share
Tweet
Share
Share
powered by social2s

ကစားသမားတွေ ပရော်ဖက်ရှင်နယ် မဆန်ဘူးလို့ အဲရစ်တန်ဟတ် ပြော

By CNI
CNI
Category: Watch TV
Hits: 1005

Share
Tweet
Share
Share
powered by social2s
ဂရင်းဝုဒ်ကို တွေ့ရစဉ်

ယူနိုက်တက်မှာ ဂရင်းဝုဒ် ပြန်ကစားခွင့်ရမှာလား

By CNI
CNI
Category: ဆောင်းပါး
Hits: 1560

CNI Sport Article

၂၀၂၃ ခုနှစ်၊ မတ်လ ၅

ဂရင်းဝုဒ်ဟာ ယူနိုက်တက် အကယ်ဒမီက ထွက်ပေါ်လာပြီးနောက် အသင်းကြီးမှာ အလျင်အမြန် အထိုင်ချကာ ပွဲထွက်ခွင့် တစ်နေရာကို အပိုင်ယူထားခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

သူရဲ့တိုးအား၊ အလိမ်အခေါက်၊ ဖြတ်ကျော်မှုနဲ့ ဂိုးသွင်းစွမ်းရည်တွေဟာ အလွန်ကောင်းမွန်တာကြောင့် ယူနိုက်တက် ပရိသတ်တွေက အများကြီးမျှော်လင့်ခဲ့ရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

တကယ်လည်း ဂရင်းဝုဒ်ဟာ မျှော်လင့်သလို ဖြစ်လာဖို့ အလားအလာတွေရှိခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ တောင် အရွေးချယ်ခံရတဲ့အထိ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဂရင်းဝုဒ်တစ်ယောက် ခြေစွမ်းပိုင်း အတက်ဘက် ရောက် နေတဲ့အချိန်မှာ မလုပ်သင့်တဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။

 

အမှုရင်ဆိုင်ပြီး ပြန်လာတဲ့ ဂရင်းဝုဒ်ကို တွေ့ရစဉ်

ဒါကတော့ ချစ်သူ မိန်းကလေးကို ကိုယ်ထိလက်ရောက် ပြုလုပ်မိခဲ့တာဖြစ်ပြီး ဒါကို မိန်းကလေးဖြစ်သူက ဆိုရှယ် မီဒီယာပေါ်မှာ ဓါတ်ပုံ၊ ဗွီဒီယိုတွေနဲ့ တင်ခဲ့တာပါ။

အဲဒါကြောင့် ဂရင်းဝုဒ်ဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုကို ခံခဲ့ရပြီး ယူနိုက်တက် ဘက်ကလည်း ဂရင်းဝုဒ်ကို အသင်းနဲ့ ပတ်သက်တဲ့ အရာတွေ အားလုံးကနေ ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ မုဒိမ်းမှု ကျူးလွန်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ အပါအဝင် စွဲချက် အများအပြား တင်ခံရတာကြောင့် သူ့ကို ပေးထားတဲ့ စပွန်ဆာတွေကလည်း သူနဲ့ လက်တွဲ ဖြုတ်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတဲ့ ဂရင်းဝုဒ်ဟာ စွဲချက်တွေကြောင့် ရုံးချိန်းတွေ အများကြီး တက်ရောက် ခဲ့ရတာပါ။ ဒါပေမယ့် ဂရင်းဝုဒ်ဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်မှာတော့ စွဲချက်တင်ထားတဲ့ အမှုတွေ အားလုံးကို ရုပ်သိမ်းခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဂရင်းဝုဒ်ရဲ့ ကစားသမားဘဝ ပြန်လည်ရနိုင်ဖို့ အားလုံးက မျှော်လင့်ထားခဲ့ကြပြီး ကစားသမားက လည်း ယူနိုက်တက်အသင်းမှာ ကစားခွင့်ရနိုင်ဖို့ စိတ်အားထက်သန် နေခဲ့တာပါ။ ဒါပေမယ့် အသင်းဘက်ကတော့ စွဲချက်တွေ ရုပ်သိမ်းခံခဲ့ရပေမယ့် အသင်းတွင်း စုံစမ်းမှုတွေ ဆက်လက် လုပ်နေတာကြောင့် ကစားခွင့်တော့ မရ သေးတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ယူနိုက်တက် အသင်းကြီးဘက်က ဂရင်းဝုဒ်ကို ဒီရာသီမှာ သူတို့နဲ့ မပူးပေါင်းဘဲ လာမယ့် ရာသီမှသာ ပူးပေါင်းဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒီရာသီ သူတို့ရဲ့ အောင်မြင်နေတဲ့ အဝတ်လဲခန်းကို ဂရင်းဝုဒ်ကြောင့် အနှောင့်အယှက် မဖြစ်စေချင်ကြတာ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားများကိုတွေ့ရစဉ်

ဒီအချိန်မှာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်က ဂရင်းဝုဒ်ကို ဖုန်းနဲ့ဆက်သွယ်ပြီး စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကစားသမားအတွက် မျှော်လင့်ချက် ရောင်ခြည် အနည်းငယ် သန်းလာခဲ့တာပါ။

ဒါအပြင် အသင်းရဲ့ အတွင်းပိုင်းမှာတော့ စုံစမ်းမှုတွေအဖြစ် ယူနိုက်တက် အကြီးအကဲတွေနဲ့ စကားပြောဆိုမှု တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ဘက်ကတော့ ဆုံးဖြတ်ချက် မပြတ်သားသေးပါဘူး။

ယူနိုက်တက် အမျိုးသမီးအသင်းကလည်း ဂရင်းဝုဒ်ကို အသင်းထံ ပြန်လာတာကို မမြင်တွေ့ချင်ဘူးလို့ သတင်း တွေမှာ ဖော်ပြထားပါတယ်။

အဲဒီ အမျိုးသမီး ကစားသမားတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ တက်ခဲ့တဲ့ ဂရင်းဝုဒ်ရဲ့ လုပ်ရပ်ကို မြင်ပြီးနောက် ဒီလိုမျိုးတွေ ဖြစ်ခဲ့ကြပါတယ်။

ဒါပေမယ့် အသင်းဘက်ကတော့ အကယ်ဒမီထွက် ကစားသမားတစ်ဦးအပေါ်မှာ ရက်ရက်စက်စက် မပြုလုပ်ချင် တာကြောင့် အခြေအနေ အရပ်ရပ်ကို သေချာသုံးသပ်ပြီး စီစဉ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာ ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူဖို့ တူရကီကလပ်တွေနဲ့ အပြောင်းအရွှေ့ ဖွင့်နေတဲ့ နိုင်ငံက ကလပ် အသင်းတွေဟာ ယူနိုက်တက်အသင်းဘက်ကို ချဉ်းကပ်မှုတွေ ပြုလုပ်နေပါတယ်။

ယူနိုက်တက်ဘက်ကလည်း ဂရင်းဝုဒ်ကို ပုံမှန်ပြန်ကစားခွင့် ရနိုင်မယ့် အငှားချပြီး လာမယ့်ရာသီမှ အသင်းအတွက် အသုံးပြုမလားဆိုပြီး စဉ်းစားမှုတွေရှိနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂရင်းဝုဒ်ရဲ့ အခြေအနေကို ယူနိုက် တက် ပရိသတ်တွေက နားစွင့်နေပါတယ်။

နည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ တိုးတက်နေတဲ့ အသင်းရဲ့ လူစာရင်းထဲကို ဂရင်းဝုဒ်လို ခြေစွမ်းကောင်း တွေရှိတဲ့ ကစားသမားကို ထည့်သွင်း လိုက်မယ်ဆိုရင် အသင်းလူစာရင်းဟာ ပိုပြီး အင်အား တောင့်တင်းသွားမှာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်နဲ့ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ယူနိုက်တက်ကတော့ ဂရင်းဝုဒ်ကို ကစားခွင့်နဲ့ လေ့ကျင့်ခန်း ဆင်းခွင့် ပိတ်ပင်ထားပေမယ့် အသင်းရဲ့ လူစာရင်း ထဲမှာ သူ့ကို ထည့်သွင်းထားတုန်းပဲ ဖြစ်ပါတယ်။

ဂရင်းဝုဒ်နဲ့ ယူနိုက်တက် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ အထိ သက်တမ်းရှိနေပြီး မန်ချက်စတာ ကလပ်ဟာ ကစားသမားကို ဖမ်းဆီးခံထားရတဲ့ အချိန်ကနေ အခုထိ တစ်ပတ်လုပ်ခပေါင် ၇၅,၀၀၀ ကို ပေးဆောင် နေတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ ချစ်သူ မိန်းကလေးနဲ့အတူ ဖခင်ဘဝကို ရောက်တော့မယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားတာပါ။

အခုအချိန်မှာ စွဲချက်တွေ အားလုံးကနေ ရုပ်သိမ်းခံရ၊ ချစ်သူ မိန်းကလေးနဲ့လည်း ပြန်အဆင်ပြေသွားပြီဖြစ်တဲ့ ဂရင်းဝုဒ်အတွက် နောက်ထပ် မျှော်လင့်ရမယ့် အရာကတော့ ယူနိုက်တက်အသင်းမှာ ပါဝင်ကစားခွင့်ရဖို့ ဖြစ်ပါတယ်။

အဲဒါကြောင့် ဂရင်းဝုဒ် အနေနဲ့ ယူနိုက်တက်မှာ ပြန်ကစားရမလား ဒါမှမဟုတ် အငှားနဲ့ ထွက်ခွာရမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားခဲ့တဲ့ ချယ်လ်ဆီးပရိသတ် ၃ နှစ်ပိတ်ပင်ခံရ

By CNI
CNI
Category: Watch TV
Hits: 950

Share
Tweet
Share
Share
powered by social2s

လီဗာပူးလ်နဲ့ စမ်းသပ်ရမယ့်ပွဲအတွက် ယူနိုက်တက်အဆင်သင့်ဖြစ်နေပြီလို့ အဲရစ်တန်ဟတ် ပြော

By CNI
CNI
Category: Watch TV
Hits: 982

Share
Tweet
Share
Share
powered by social2s

မိသားစုပိုင် စတိုးဆိုင်ကို သေနတ်သမားများ တိုက်ခိုက်ပြီးနောက် မက်ဆီကို ခြိမ်းခြောက်

By CNI
CNI
Category: Watch TV
Hits: 959

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာအနိုင်ရဖို့ မထိုက်တန်ဘူးလို့ ရီးရယ်လ်နည်းပြပြော

By CNI
CNI
Category: Watch TV
Hits: 987

Share
Tweet
Share
Share
powered by social2s

စတုတ္ထ ဒိုင်လူကြီးက အနီကတ်ထိအောင် လုပ်ခဲ့တယ်လို့ မော်ရင်ဟို ပြစ်တင်

By CNI
CNI
Category: Watch TV
Hits: 1008

Share
Tweet
Share
Share
powered by social2s

ဆော်ဒီပရိုလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆု ရော်နယ်ဒို ရရှိ

By CNI
CNI
Category: Watch TV
Hits: 1014

Share
Tweet
Share
Share
powered by social2s

ရက်ရှ်ဖို့ဒ်ကို တိုက်စစ်မှူးတစ်ဦးလို့ မထင်ကြောင်း ဖာဂူဆန်ပြော

By CNI
CNI
Category: Watch TV
Hits: 952

Share
Tweet
Share
Share
powered by social2s

ဖီဖာအကောင်းဆုံး အမျိုးသားကစားသမားဆု မက်ဆီဒုတိယအကြိမ်ရ

By CNI
CNI
Category: Watch TV
Hits: 969

Share
Tweet
Share
Share
powered by social2s

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီ ကလပ်ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်

By CNI
CNI
Category: Watch TV
Hits: 980

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

ဖီဖာအကောင်းဆုံး ဆုပေးပွဲမှာ ရော်နယ်ဒို မဲပေးခဲ့ခြင်းမရှိ

By CNI
CNI
Category: အားကစား
Hits: 1401

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

အယ်လ်နာဆာအသင်း တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဖီဖာ အကောင်းဆုံး ဆုပေးပွဲမှာ နိုင်ငံလက်ရွေးစင် အသင်း ခေါင်းဆောင်တွေ မဲပေးရမှာ ဖြစ်ပေမယ့် မဲပေးခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမှာ မဟုတ်တော့ဘူးလို့ ကြေညာထားတာ မရှိပေမယ့် ဒီဆုပေးပွဲမှာ အံ့အားသင့်ဖွယ် မဲမပေးခဲ့တာပါ။

ရော်နယ်ဒို နေရာမှာ ပီပီက ပေါ်တူဂီအသင်း ခေါင်းဆောင်အဖြစ်နဲ့ ဆုပေးပွဲမှာ မဲပေးမှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၀ အရွယ်ရှိ ပီပီဟာ ဆုရခဲ့တဲ့ မက်ဆီကို မဲမပေးခဲ့ဘဲ ဘတ်ပီ၊ မိုဒရစ်နဲ့ ဘန်ဇီမာတို့ကိုသာ မဲပေးခဲ့တာပါ။

ရော်နယ်ဒိုကို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲတွေမှာ ပွဲထွက် လူစာရင်း ကနေ ချန်လှပ်ခဲ့တဲ့ နည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ ပေါ်တူဂီနည်းပြ ရာထူးကနေ ထွက်ခွာခဲ့ပြီး သူ့နေရာမှာ ဘယ်လ်ဂျီယံနည်းပြဟောင်း မာတီးနတ်ဇ်က ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

ပီပီကို တွေ့ရစဉ်

မာတီးနတ်ဇ်ကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့အစီအစဉ်မှာ ပါဝင်တယ်လို့ ပြောထားပါတယ်။

မာတီးနတ်ဇ်က “ရော်နယ်ဒိုနဲ့ အတူတူထိုင်ပြီး အကောင်းဆုံးအသင်းကို ဖန်တီးနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။ နိုင်ငံအသင်းအတွက် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေ အားလုံးသိအောင် ကြိုးစားဖို့ ဘောလုံးလုပ်ငန်းစဉ် တွေကို စတင်တော့မှာပါ။ ကျနော်တို့ဟာ ကစားသမားတွေ အားလုံးကို အခွင့်အရေးပေးပြီး နိုင်ငံအသင်းမှာ ရှိပြီး သား သူတွေကိုလည်း လေးစားပါတယ်။ ရော်နယ်ဒိုလည်း သူတို့ထဲက တစ်ဦးပါပဲ”လို့ ပြောခဲ့ပါတယ်။

လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကို မတ်လထဲမှာ ကျင်းပတော့မှာ ဖြစ်တာကြောင့် ရော်နယ်ဒို အနေနဲ့ ပေါ်တူဂီ အသင်းမှာ ပါဝင်နိုင်ဦးမလားဆိုတာ ပွဲတွေအတွက် လူစာရင်း ထုတ်ပြန်မှသာ သိရမှာပါ။

ပေါ်တူဂီအသင်းဟာ ဒီခြေစစ်ပွဲမှာ ဘော့စနီးယား၊ အိုက်စလန်၊ လူဇင်ဘတ်၊ ဆလိုဗားကီးယား၊ လက်ချင်စတိန်း တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပီအက်စ်ဂျီအသင်း နောက်ခံလူဟာကီမီကိုတွေ့ရစဉ်

လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်နဲ့ ဟာကီမီ စုံစမ်းစစ်ဆေးခံနေရ

By CNI
CNI
Category: အားကစား
Hits: 1174

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ပြင်သစ်အစိုးရရှေ့နေတွေဟာ ဖေဖော်ဝါရီလ ၂၇ ရက်က ပီအက်စ်ဂျီအသင်း နောက်ခံလူ ဟာကီမီကို လိင်ပိုင်း ဆိုင်ရာ စော်ကားမှုစွဲချက်နဲ့ စုံစမ်းစစ်ဆေးမှု စတင်ခဲ့တယ်လို့ ဒီဖြစ်ရပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဟာကီမီဟာ ဖေဖော်ဝါရီလ ၂၅ ရက်က ပဲရစ် ဆင်ခြေဖုံး ရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက စွပ်စွဲခဲ့တာပါ။

Parisien သတင်းစာမှာ အဲဒီ အကြောင်းအရာကို အတည်ပြုခဲ့ပြီးနောက် အဲဒီအမျိုးသမီးဟာ တနင်္ဂနွေနေ့က ရဲစခန်းမှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် စွဲချက်တင်ခဲ့ခြင်းတော့ မရှိဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီအမှုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အစိုးရရှေ့နေရုံးကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပေမယ့် မီဒီယာမှာ “သတင်းအချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ထားပြီးပြီဖြစ်ပါတယ်၊ အမှန်တရားကို သိရှိဖို့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ထိခိုက်စေတယ်”လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

မော်ရိုကိုအသင်းနဲ့အတူ ကစားနေတဲ့ ဟာကီမီကိုတွေ့ရစဉ်

ဟာကီမီဟာ တံကောက်ကြော ဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်း နောက်ဆုံး ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ် ၂ ပွဲမှာ မပါဝင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီ နောက်ခံလူဟာ ပဲရစ်မှာ ကျင်းပခဲ့တဲ့ ဖီဖာ အကောင်းဆုံး ဆုပေးပွဲကို တက်ရောက်ခဲ့ပြီး FIFPro ရဲ့ အမျိုးသား အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။

ဟာကီမီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကို အသင်းနဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အခုလို အကောင်းဆုံး အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကို အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး စတုတ္တရရှိခဲ့တာပါ။

ကမ္ဘာ့ဖလားသမိုင်းမှာ မော်ရိုကိုအသင်းဟာ ဆီမီးဖိုင်နယ် တက်နိုင်တဲ့ ပထမဆုံး အာဖရိကအသင်းနဲ့ အာရပ် အသင်းအဖြစ် မှတ်တမ်း တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14

Page 10 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar