- By CNI
- Category: Watch TV
- Hits: 712
- By CNI
- Category: Watch TV
- Hits: 693
- By CNI
- Category: အားကစား
- Hits: 834
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁
ဝါရင့်နောက်ခံလူ ဒန်နီအဲလ်ဗတ်စ်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သံသယနဲ့ သောကြာနေ့က ဖမ်းဆီးခံလိုက် ရပြီး နောက်မှာတော့ မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းက သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ဒန်နီအဲလ်ဗတ်စ်ဟာ ဒီဇင်ဘာလ ၃၀ ရက်က ဘာစီလိုနာမှာရှိတဲ့ နိုက်ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးရဲ့ မဖွယ်မရာကို ထိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ဖမ်းဆီးခံခဲ့ရတာပါ။
ဘာစီလိုနာ ကစားသမားဟောင်းက ဒါကို ငြင်းဆန်ထားပေမယ့် တရားသူကြီးရဲ့ ရှေ့မှောက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အာမခံမပေးဘဲ ချုပ်နှောင်ထားဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဖြစ်ပြီးနောက် မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ စာချူပ်သက်တမ်းရှိနေတဲ့ ဒန်နီအဲလ်ဗတ်စ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ချက်ချင်း ဖျက်သိမ်းခဲ့တာပါ။

ဒန်နီအဲလ်ဗတ်စ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားစဉ်
ပူးမတ်စ်အသင်းဥက္ကဋ္ဌ လီယိုပိုလ်ဒို ဆေးလ်ဗားက “ကလပ်အနေနဲ့ အသင်းအဖွဲ့မှာရှိတဲ့ ဘယ်သူပဲဖြစ်ပါစေ အသင်းရဲ့ စိတ်ဓါတ်နဲ့ သူ့ရဲ့တန်ဖိုးတွေကို ဆန့်ကျင်တဲ့ အရာတွေကို သည်းခံသွားမှာ မဟုတ်ပါဘူး။ လူတစ်ဦးရဲ့ အပြုအမူကြောင့် ကျနော်တို့ရဲ့ အလုပ်အတွေးအခေါ်ပိုင်း ထိခိုက်ပျက်ဆီးမှာကို ခွင့်မပြုနိုင်ပါဘူး”လို့ ပြောခဲ့ပါ တယ်။
ဒန်နီအဲလ်ဗတ်စ်ဟာ ဘာစီလိုနာကနေ ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့နှစ် ဇူလိုင်လကမှ မက္ကဆီကိုကလပ် အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၁၃ ပွဲ ပါဝင်ကစားခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်က ကလောဆိုရာနဲ့ ပွဲမှာ ပါဝင်ကစားခဲ့ပေမယ့် ဆန်းတို့စ်လာဂူနာကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာတော့ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
အဲလ်ဗတ်စ်ဟာ ဘာစီလိုနာအသင်းမှာ ပွဲပေါင်း ၄၀၈ ပွဲကစားခဲ့ပြီး အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း လူစာရင်းမှာလည်း ပါဝင်ခဲ့တာပါ။
ဒေသခံ ရဲတပ်ဖွဲ့ကလည်း အသေးစိတ် အချက်အလက်တွေကို ရိုက်တာနဲ့ အေအက်ဖ်ပီ သတင်းဌာနတွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
Source: Goal/BBC
- By CNI
- Category: အားကစား
- Hits: 831
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀
စီးရီးအေကလပ် ဆလာနီတာနာ အသင်းဟာ ပြီးခဲ့တဲ့ နှစ်ရက်ကမှ ပူပူနွေးနွေး ထုတ်ပယ်ခဲ့တဲ့ နည်းပြဖြစ်သူကို အသင်းမှာ ပြန်လည် ခန့်အပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အတ္တလန္တာအသင်းကို ၈ - ၂ ဂိုးနှင့် အရှက်တကွဲ ရှုံးနိမ်ခဲ့ပြီးမှာ အသင်းဘက်က နည်းပြ ဒေးဗစ်နီကိုလာကို ထုတ်ပယ် လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
ဒီရှုံးပွဲဟာ အသင်းရဲ့ နောက်ဆုံးလိဂ် ၅ ပွဲအတွင်း ၄ ကြိမ်မြောက် ရှုံးနိမ့်မှုဖြစ်ပြီးတော့ အသင်းဟာလည်း အမှတ်ပေး ဇယားရဲ့ အောက်ခြေအဆင့် ၁၆ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
အီတလီမှလာတဲ့ သတင်းတွေအရ ဆာလာနီတာနာအသင်းဟာ ဝါရင့်နည်းပြ ဘင်နီတက်ဇ် အပါအဝင် နည်းပြ တော်တော်များများနဲ့ ချိတ်ဆက်ခဲ့ပေမယ့် သဘောတူညီမှု မရရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့ကြောင့် နည်းပြဟောင်းဘက်ကို ပြန်လှည့်ခဲ့တာ ဖြစ်ပြီးတော့ နီကိုလာကို ထုတ်ပယ်ပြီး ၄၈ နာရီအတွင်းမှာပဲ သူ့ကို နည်းပြသစ်အဖြစ် ပြန်ခန့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ နီကိုလာကိုတွေ့ရစဉ်
အသင်းဥက္ကဋ္ဌကိုယ်တိုင် သူ့ကို ဖုန်းခေါ်ခဲ့ပြီး ရာထူးပြန်ပေးခဲ့တဲ့ အကြောင်းနဲ့ပတ်သက်ပြီး နီကိုလာက အခုလိုပြော ပါတယ်။
“အမှန်အတိုင်းပြောရရင် ကျနော့်ကို ဥက္ကဋ္ဌက မနေ့က ဖုန်းဆက်ခဲ့ပါတယ်။ သူ့ ဘာကြောင့် ကျနော့်ကို ရာထူး ကနေ ထုတ်ဖို့ ဆုံးဖြတ်ခဲ့ရသလဲဆိုတာကို ရှင်းပြခဲ့တယ်။ ကျနော့်ဘက်ကလည်း ရှုံးပွဲအတွက် တောင်းပန်ခဲ့ပြီး တော့ ဒီကိစ္စအတွက် ကျနော့်မှာ အပြည့်အဝ တာဝန်ရှိတဲ့ အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။ ဒီအသင်းနဲ့ ဒီလူတွေအပေါ် ကျနော် ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဥက္ကဋ္ဌကို သူ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြန်စဉ်းစားဖို့ ကျနော့်ဘက်က တောင်းဆိုခဲ့ပါတယ်။ အသင်းဒါရိုက်တာနဲ့ ကျနော့်ကို ပြန်ခန့်ခဲ့တဲ့ အသင်း ဥက္ကဋ္ဌကို ကျေးဇူးတင် ပါတယ်။ အဲ့ဒီအတွက် ကျနော် ပြန်လည် ပေးဆပ်သွားပါမယ်”လို့ နီကိုလာက သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါ တယ်။
အသင်းဟောင်းအပေါ် နည်းပြသစ်အဖြစ် ပြန်လည် တာဝန်ယူခွင့်ရခဲ့တဲ့ နီကိုလာဟာ သူ့ရဲ့ဒုတိယအကြိမ်မြောက် နည်းပြဘဝအစကို လာမည့် စနေနေ့ နာပိုလီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အခုရာသီ ပုံစံကောင်း ပြနေကာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေတဲ့ နာပိုလီအသင်းကို နီကိုလာနဲ့ ဆလာနီတာ နာအသင်းသားတွေ ဘယ်လို တုန့်ပြန်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 1292
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀
အူစိန်ဘို့စ်ဟာ သူ့ရဲ့အကောင့်ကနေ ပေါင် ၁၀ သန်းကျော် ပျောက်ဆုံးသွားပြီးနောက် ဂျမေကာရှိ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုကုမ္ပဏီကို တရားစွဲမယ်လို့ ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။
အိုလံပစ်ရွှေတံဆိပ်ဆု ၈ ကြိမ် ရရှိခဲ့တဲ့ အူစိန်ဘို့စ်ရဲ့ ရှေ့နေဖြစ်သူတွေက အခုလ အစောပိုင်းမှာ လိမ်လည်မှု တစ်ခုအဖြစ် ဖော်ထုတ်ခဲ့ပြီး အားကစားသမားဟောင်းရဲ့ လက်ကျန် ငွေစာရင်းကို စစ်ဆေးခဲ့တာမှာ ပေါင် ၉,၇၀၀ သာ ကျန်ရှိတော့တာပါ။
အူစိန်ဘို့စ်ဟာ အားကစားသမား ဘဝကနေ အနားယူသွားပြီ ဖြစ်ပေမယ့် သူအနားမယူခင် အချိန်မှာ သူ့ရဲ့ ဝင်ငွေဟာ တစ်ရာသီကို ပေါင်သန်း ၂၀ လောက်အထိ ရရှိနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ပျောက်ဆုံးနေတဲ့ အူစိန်ဘို့စ်ရဲ့ ငွေကြေးတွေကို ပြန်ပေးဖို့ အဲဒီကုမ္ပဏီကို ၁၀ ရက် နောက်ဆုံး သတ်မှတ်ပေးထားပါတယ်။

ပြေးခုန်ပစ် ချန်ပီယံ အူစိန်ဘို့စ်ကိုတွေ့ရစဉ်
အူစိန်ဘို့စ်ရဲ့ ရှေ့နေ လင်တန်ပီဂေါ်ဒွန်က “အဆိုပါ အကောင့်ဟာ အူစိန်ဘို့စ်ရဲ့ အနားယူမှုနဲ့ တစ်သက်တာ စုဆောင်းငွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒါက ကျနော်တို့ရဲ့ အားကစားသမားအပေါ်မှာ ကြီးလေးတဲ့ လိမ်လည် လှည့်ဖြားမှုကို ကျူးလွန်တာပဲ”လို့ ပြောခဲ့တာပါ။
Stocks & Securities Limited ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံထားတဲ့သူ အများအပြားဟာ သူတို့ရဲ့ ငွေကြေးတွေ ပျောက်ဆုံးနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး ဂျမေကာဘဏ္ဍာရေးဝန်ဆောင်မှု ကော်မရှင်ကလည်း အရေးယူဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အိုလံပစ် ရွှေတံဆိပ်ဆု ၈ ကြိမ် အပါအဝင် ကမ္ဘာ့ချန်ပီယံဆုကို ၁၁ ကြိမ် ရရှိခဲ့တဲ့ အူစိန်ဘို့စ်ဟာ ၂၀၁၇ မှာ ပြေးခုန်ပစ် အားကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကမ္ဘာ့တာတို အပြေးချန်ပီယံ အဖြစ် စံချိန်တင်ထားနိုင်ခဲ့တဲ့ အူစိန်ဘို့စ်ဟာ ပြေးခုန်ပစ် အားကစားသမားဘဝက အနားယူပြီးနောက် ၂၀၁၈ က ပရော်ဖက်ရှင်နယ် ဘောလုံးလောကကို ကူးပြောင်းဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာ သူဟာ ဩစတြေးလျ အေလိဂ်ကလပ် စင်ထရယ်ကို့စ် မာရီနာ အသင်းအတွက် ခြေစမ်းပွဲ တစ်ပွဲ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: Watch TV
- Hits: 761
- By CNI
- Category: Watch TV
- Hits: 688
- By CNI
- Category: အားကစား
- Hits: 1087
လေ့ကျင့်မှုတွေ ပြန်လုပ်နေပေမယ့် အာဆင်နယ်နဲ့ပွဲမှာ ဆန်ချို မပါဝင်နိုင်
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉
ယူနိုက်တက်အသင်းဟာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီဖြစ်တဲ့ ဆန်ချိုကို အသင်းထံ အလျင်စလိုနဲ့ ပြန်လာစေမှာ မဟုတ်တာကြောင့် အာဆင်နယ်အသင်းနဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဆန်ချိုဟာ အောက်တိုဘာလကတည်းက ယူနိုက်တက် အသင်းအတွက် မကစားရသေးဘဲ ဒီဇင်ဘာလမှာ ယူနိုက်တက်နည်းပြ အကြံပြုထားတဲ့ နည်းပြတွေနဲ့အတူ နယ်သာလန်မှာ ကိုယ်ပိုင် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုဟာ ဒီရာသီမှာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ရုန်းကန်နေရပြီး အခုနှစ်ထဲမှာ ယူနိုက်တက်ဆီ ပြန်ရောက်လာခဲ့ပေမယ့် နည်းပြက သူ့ကို ဂရုတစိုက် ကိုင်တွယ်နေတာပါ။
အင်္ဂလန် ကစားသမားဟာ ဒီတစ်ပတ်ထဲမှာ အသင်းကြီးရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဆန်ချိုဟာ ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ လူစာရင်းထဲမှာလည်း မပါဝင်ခဲ့ ပါဘူး။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားနေတဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒေးလီးမေးလ်က ဆန်ချိုအနေနဲ့ အာဆင်နယ် အသင်းနဲ့ပွဲအတွက် လူစာရင်းမှာ ပါဝင်ခဲ့မယ်ဆိုရင် အံ့အားသင့်စရာ တွေ ဖြစ်လာလိမ့်မယ်လို့ ဖော်ပြထားတာပါ။

နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆန်ချိုကိုတွေ့ရစဉ်
အသက် ၂၂ နှစ်အရွယ်ရှိ ဆန်ချိုဟာ လီဗာပူးလ်နဲ့ လက်စတာ အသင်းဘက်ကို ဂိုးသွင်းပြီး တောက်ပတဲ့ ရာသီ တစ်ခုကို စတင်နိုင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၃ လက ချယ်လ်ဆီးအသင်းနဲ့ ၁ ဂိုးစီ သရေကျပြီး နောက်ပိုင်း အသင်း အတွက် မပါဝင်နိုင်တော့တာ ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ဆန်ချို ပြန်လာတာကို အမြန်ဆုံး လိုချင်ပေမယ့် စိတ်ရှည်ဖို့တော့ လိုတယ်လို့ ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်က “ဖြစ်နိုင်မယ်ဆိုရင် ဂျေဒန် အမြန်ဆုံး အသင်းအတွက် ပြန်လာတာကို လိုချင်ပါတယ်။ ကျနော့် မှာရှိတဲ့ အရာတွေအတိုင်း အားလုံးကို လုပ်ဆောင်မှာပါ။ ဒါပေမယ့် အတင်းအကြပ် လုပ်လို့မရတဲ့ လုပ်ငန်းစဉ် တချို့ရှိနေပြီး ဒါကလည်း ဒီထဲမှာ ပါဝင်နေတဲ့ အရာပါ။ ဒါကြောင့် စိတ်ရှည်ဖို့ လိုပါတယ်။ သူက မှန်ကန်တဲ့ လမ်း ကြောင်းပေါ်မှာ ရှိနေပေမယ့် ဒီအချိန်မှာ မလုံလောက်ပါဘူး။ သူအမြန်ဆုံး ပြန်လာဖို့ မျှော်လင့်ပေမယ့် ဘယ် လောက် ကြာမယ်ဆိုတာ မပြောနိုင်ပါဘူး”လို့ အခုလ အစောပိုင်းက ပြောထားတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်က ဒေါ့မွန်ကနေ ရောက်ရှိလာတဲ့ ဆန်ချိုဟာ ယူနိုက်တက်အသင်းအတွက် ၅၂ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1290
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉
စပိန်တင်းနစ် ကစားသမား ရာဖေးလ်နာဒယ်လ်ဟာ ဩစတြေးလျ အိုးပန်းပြိုင်ပွဲကနေ ထွက်ခွာချိန်မှာ ရခဲ့တဲ့ တင်ပါးဒဏ်ရာကြောင့် ၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရဖွယ် ရှိနေတယ်လို့ ပြောလိုက်ပါတယ်။
ရာဖေးလ်နာဒယ်လ်က “အခုအချိန်မှာ အနားယူရမှာဖြစ်ပြီး ရောင်ရမ်းနေမှုကို သက်သာစေဖို့အတွက် ရုပ်ပိုင်း ဆိုင်ရာ ကုထုံးခံယူရဖို့ အချိန်ရောက်ပါပြီ။ ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်ဖို့အတွက် ၆ ပတ်ကနေ ၈ ပတ် ကြာ နိုင်ပါတယ်”လို့ ကြာသပတေးနေ့က တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဂရမ်းဆလမ်း ချန်ပီယံဆုကို ၂၂ ကြိမ် ရရှိထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ဩစတြေးလျ အိုးပန်းပြိုင်ပွဲရဲ့ ဒုတိယ အဆင့်မှာ အမေရိကန် တင်းနစ်ကစားသမား မက်ဒိုနယ်လ်ကို ၆-၄၊ ၆-၄၊ ၇-၅ နဲ့ အရေးနိမ့်ခဲ့တာပါ။
ဒီပွဲမှာ ရာဖေးလ်နာဒယ်လ်ဟာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး ပုံမှန်လက်စွမ်း မပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်လ်ကိုတွေ့ရစဉ်
ရာဖေးလ်နာဒယ်လ်ဟာ သူ့ရဲ့ ဘယ်ဘက်တင်ပါးကို မဲလ်ဘုန်းမှာ MRI စကန်ရိုက်ခဲ့ပြီးနောက် စပိန်နိုင်ငံကို ပြန် အရောက်မှာ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကို စတင်ကုသဖို့ စီစဉ်ထားတာပါ။
ဩစတြေးလျအိုးပန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ရာဖေးလ်နာဒယ်လ် အနေနဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာပြီး ကြံ့ခိုင်မှုပြည့်ဝမယ်ဆိုရင် ၂၀၂၃ ရာသီရဲ့ ပထမဆုံး မာစတာပြိုင်ပွဲအဖြစ် မတ်လမှာ ကျင်းပမယ့် အင်ဒီးယန်းဝဲလ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
မြေစေးကွင်း ဘုရင်အဖြစ် တင်စားခြင်း ခံထားရတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ဒီပြိုင်ပွဲတွေမှာ မပါဝင်နိုင်ခဲ့ရင် ပြင်သစ်အိုးပန်းပြိုင်ပွဲမှာတော့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။
ရာဖေးလ်နာဒယ်လ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်သလို ၁၄ ကြိမ်အထိ ဗိုလ်စွဲထားကာ စံချိန် တင် ၁၅ ကြိမ်မြောက် ရယူဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1191
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈
ရုရှားလက်ရွေးစင်အသင်း နည်းပြဟောင်း ဆလပ်စကီးက ချယ်လ်ဆီးအသင်းဟာ ယူကရိန်းကြယ်ပွင့် မူဒရစ်ကို ခေါ်ယူခဲ့တာမှာ ပြောင်းရွှေ့ကြေး ပိုပြီးပေးခဲ့ရတယ်လို့ ပြောပါတယ်။
ဒီလို ငွေကြေး ပိုပေးရခြင်းက အန္တရာယ်များတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဆလပ်စကီးက “ချန်ပီယံလိဂ်မှာ ပွဲအများအပြား ကစားဖူးတဲ့ ကစားသမားတစ်ဦးအတွက် ယူရိုသန်း ၁၀၀ က ဘယ်လိုဖြစ်သွားတာလဲ။ ဒီအပြောင်းအရွှေ့ကို ကျနော် နားမလည်နိုင်ပါဘူး။ ချယ်လ်ဆီးက အနာဂတ်အတွက် အသင်း မဟုတ်ပါဘူး။ သူတို့ဟာ လက်ရှိမှာ ရှိနေတဲ့အသင်း ဖြစ်ပါတယ်။ အနာဂတ်အတွက် ကစားသမားတစ်ဦး ကို သန်း ၁၀၀ လောက် မကုန်ကျသင့်ပါဘူး။ ဒါက မရိုးရှင်းနိုင်ပါဘူး”လို့ YouTube Chanel တစ်ခုကို ပြောပါ တယ်။
ချယ်လ်ဆီးအသင်းဟာ မူဒရစ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ကစားသမားရဲ့ စွမ်းဆောင်ရည်၊ အပိုဆုကြေးတွေ အပေါ် အခြေခံပြီး ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၁၀၀ အထိ မြင့် တက်သွားနိုင်ပါတယ်။

ရုရှားအသင်းနည်းပြ ဆလပ်စကီးကိုတွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ မူဒရစ်ကို အာဆင်နယ်အသင်းနဲ့ အပြိုင် ခေါ်ယူခဲ့တာဖြစ်ပြီး ၈ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာပါ။
မူဒရစ်ဟာ ကလပ်အသင်းအတွက် ၆၅ ပွဲသာ ကစားထားတာဖြစ်ပြီး ဒီလို ကစားသမားမျိုးကို ပြောင်းရွှေ့ကြေး ကြီးကြီးမားမား ပေးပြီး ခေါ်ယူတာက ချယ်လ်ဆီးအတွက် အန္တရာယ်ရှိတယ်လို့လည်း ရုရှားနည်းပြဟောင်းက ပြောခဲ့တာ ဖြစ်ပါတယ်။
ဆလပ်စကီးက “မူဒရစ်မှာ အံ့သြစရာကောင်းတဲ့ မြန်နှုန်းရှိပြီး ဒါက ပြောနေစရာတောင် မလိုပါဘူး။ သူက ကျနော့် အတွက်ရော၊ အခုအချိန်မှာရော အလွန်ကောင်းတဲ့ ကစားသမားပါ။ အာဆင်နယ်က သူ့ကို စိတ်ဝင်စားတာကြောင့် ချယ်လ်ဆီးက သူ့ကိုသန်း ၁၀၀ ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါက အန္တရာယ်များပါတယ်”လို့ ပြောခဲ့တာပါ။
ပဲလေ့စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီး ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ခဲ့တဲ့ မူဒရစ်ဟာ ဒီတစ်ပတ်ကစားမယ့် လီဗာပူးလ်နဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။
Source: အာတီ
- By CNI
- Category: အားကစား
- Hits: 1346
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈
သြစတြေးလျအိုပန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်လ်ဟာ ပြိုင်ပွဲရဲ့ ဒုတိယအဆင့်မှာ အမေရိကန် တင်းနစ်ကစားသမား မက်ဒိုနယ်လ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ စပိန်တင်းနစ်သမားဟာ ဒီပွဲမှာ ဒဏ်ရာတွေကြောင့် ကောင်းမွန်စွာ ကစားဖို့ ရုန်းကန် ခဲ့ရပြီး ဒုတိယပွဲအပြီးမှာ ဆေးကုသမှုအချိန် ကုန်သွားခဲ့တာကြောင့် ပွဲကိုဆက်ပြီး ကစားခဲ့ရတာပါ။
အဲ့ဒါကြောင့် ရာဖေးနာဒယ်လ်ဟာ ၆-၄၊ ၆-၃၊ ၇-၅ နဲ့အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ရာဖေးလ်နာဒယ်လ် အတွက်တော့ ၂၀၁၆ နောက်ပိုင်း သြစတြေးလျအိုးပန်းကနေ အစောဆုံး ထွက်ခွာခဲ့ရတာပါ။
မက်ဒိုနယ်လ်က ရာဖေးလ်နာဒယ်လ်ဟာ ဒဏ်ရာ ရရှိနေပေမယ့် ပြိုင်ပွဲဝင်ဖို့ ဆန္ဒအပြည့်အဝ ရှိနေတာကြောင့် အလွန်လေးစားပြီး ချီးကျူးတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
“သူဟာ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ချန်ပီယံတစ်ဦးပါ။ သူဟာ ဘယ်လို အခြေအနေ မျိုးမှာပဲဖြစ်ဖြစ် အရှုံးမပေးပါဘူး။ ဒါကြောင့် ဒီလို ထိပ်တန်းအဆင့် ရှိတဲ့သူနဲ့ ရင်ဆိုင်ရတာဟာ ခက်ခဲပါတယ်။ ကျနော်ဟာ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်”လို့ မက်ဒိုနယ်လ်က ပြောခဲ့တာပါ။

ရာဖေးလ်နာဒယ်လ်နဲ့ ပြိုင်ဘက်ကစားသမား နှုတ်ဆက်နေကြစဉ်
မက်ဒိုနယ်လ်ဟာ တတိယအဆင့်မှာ နီရှီအိုကာနဲ့ ဆဗာစီနာတို့ ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ အမေရိကန် တင်းနစ်သမားဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ အမြင့်ဆုံးအဖြစ် စတုတ္တ အဆင့်ထိသာ တက်နိုင်ခဲ့တာပါ။ မက်ဒိုနယ်လ်အတွက်တော့ ဂရမ်းစလမ်းပြိုင်ပွဲတွေမှာ အအောင်မြင်ဆုံးက စတုတ္တအဆင့်ထိသာ တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၃ သြစတြေးလျ အိုးပန်းပြိုင်ပွဲကို ဇန်နဝါရီ ၁၆ ရက်ကနေ ၂၉ ရက်အထိ ကျင်းပနေပြီး အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲမှာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဂျိုကိုဗစ်၊ ကတ်စပါရုဒ်၊ ဆစ်စီပတ်စ်၊ ရူဘလက်ဗ်နဲ့ မက်ဗီဒက်ဗ်တို့ ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1063
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈
ဗြိတိန်ဘီလျံနာ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ကုမ္ပဏီ Ineos က သူတို့ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။
ယူနိုက်တက်ပိုင်ရှင် ဂလေဇာ မိသားစုက သူတို့ဟာ မဟာဗျူဟာမြောက်တဲ့ အခြားရွေးချယ်စရာတွေကို ရှာဖွေနေတာကြောင့် ကလပ်ကို ရောင်းချဖို့ စဉ်းစားနေတယ်လို့ နိုဝင်ဘာလက ပြောထားခဲ့တာပါ။
ရက်ကလစ်ဖ်ဟာ ငယ်ဘဝကတည်းက ယူနိုက်တက်အသင်းရဲ့ အမာခံ ပရိသတ်ဖြစ်ပြီး ဗြိတိန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ရက်ကလစ်ဖ်ဟာ အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးအသင်းကို ရောင်းချဖို့ ဆုံးဖြတ်ပြီး နောက် ပေါင် ၄.၂၅ ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာပါ။
ရက်ကလစ်ဖ်ဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ မအောင်မြင်ပြီးနောက် ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားလာခဲ့ ပါတယ်။
ဒီနောက်မှာတော့ ဂျိုရယ်လ်နဲ့ အေဗရန်ဂလေဇာတို့ ညီအစ်ကိုနှစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီတုန်းက မရောင်းချချင်ဘူးလို့ ပြောခဲ့တာကြောင့် ဗြိတိန်ဘီလျံနာဟာ နောက်ဆုတ် သွားခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဂလေဇာမိသားစုရဲ့ ရပ်တည်ချက် ပြောင်းလဲလာတာကြောင့် ဝယ်ယူဖို့ လုပ်ငန်းစဉ်တွေမှာ ပါဝင်လာခဲ့တာပါ။

ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
Ineos အဖွဲ့ဟာ ပြင်သစ်ကလပ် နိုက်စ်နဲ့ ဆွစ်ဇာလန်ကလပ် လူဇန်အသင်းတို့ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
၂၀၀၅ ကတည်းက ယူနိုက်တက်အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ ဂလေဇာ မိသားစုဟာ ပရိသတ်တွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေကြောင့် အသင်းကို အမြန်ဆုံး ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတာပါ။
ယူနိုက်တက် ပရိသတ်တွေဟာ ဂလေဇာမိသားစုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို မကြာသေးခင်က နှစ်တွေမှာ အများအပြား ပြသထားကြတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက “ဘုတ်အဖွဲ့ဟာ ကလပ်ထံကို ရင်းနှီးမြှုပ်နှံမှုအသစ်၊ ရောင်းချတာ ဒါမှမဟုတ် ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အခြားလွှဲပြောင်းမှုတွေ အပါအဝင် ဗျူဟာမြောက် ရွေးချယ်စရာတွေကို ထည့်သွင်းစဉ်းစား သွား မယ်”လို့ နိုဝင်ဘာလက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ နည်းပြ အဲရစ်တန်ဟတ် လက်ထက်မှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1089
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇
ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်နဲ့ ၅ နှစ် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် တစ်ပတ်ပေါင် ၃၀၀,၀၀၀ သိန်းထက်ပိုပြီး မပေးချင်ဘူးလို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ လစာပေးချေဖို့နဲ့ ပတ်သက်ပြီး ပြန်လည် ပြုပြင်ထားတဲ့ အရာကို မချိုးဖျက်ချင်တာ ကြောင့် ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဆန်းချက်ဇ်ကို ခေါ်ယူခဲ့တုန်းက တစ်ပတ်လုပ်ခ ပေါင် ၅၀၀,၀၀၀ ပေးခဲ့ရလို့ အသင်း အတွင်း အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ကစားသမားတစ်ဦးကို ပေါင် ၃၀၀,၀၀၀ သိန်းထက် ကျော်လွန်ပြီး မပေးချင်တော့တာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ ရော်နယ်ဒိုနဲ့ ပေါ့ဘာတို့ကို လုပ်ခလစာ အများကြီးပေးခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခပေါင် ၂၀၀,၀၀၀ ရရှိနေပြီး စာချုပ်သစ် အတွက် လစာရဲ့ ၅၀ ရာခိုင်နှုန်း တိုးပေးဖို့ ရှိနေတာပါ။

ရက်ရှ်ဖို့ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းရဲ့ လုပ်ခလစာ အများဆုံး ရရှိတဲ့ ကစားသမားက ဂိုးသမား ဒီဂီယာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ သိန်း ရရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီဂီယာနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။
အဲ့ဒါကြောင့် ဒီဂီယာဟာ ပေါင် ၂၇၅,၀၀၀ သိန်းလျှော့ယူပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လုပ်ခလစာ အများဆုံးရ ကစားသမားတွေကို တစ်ပတ်လုပ်ခ ပေါင် ၂၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ ကြားထဲမှာသာ ထားချင်နေတာပါ။ ဒါက အဝတ်စား လဲခန်းအတွင်းမှာ အဆင်ပြေအောင် ကူညီ ပေးနိုင်လိမ့်မယ်လို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ယုံကြည်နေတာ ဖြစ်ပါတယ်။
မန်ချက်စတာကလပ်ဟာ ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဦးစားပေးအဖြစ် လုပ်ဆောင်နေတာဖြစ်ပြီး ဒီဇင်ဘာလကမှ စာချုပ်ပါ အချက်အတိုင်း ၁ နှစ် သက်တမ်းတိုးခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေတာကြောင့် ကလပ်အသင်းက ကာလကြာရှည် စာချုပ် တစ်ရပ်ကို ချုပ်ဆိုဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက် အသင်း အတွက် ခြေစွမ်းပြသနေပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Thu Sun
- By CNI
- Category: အားကစား
- Hits: 1330
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇
ယူကရိန်းသံအမတ်ကြီးက လူအုပ်ကြီးထဲမှာ ရုရှားအလံကို မြင်တွေ့လိုက်ရပြီးနောက် အရေးယူပေးဖို့ တောင်းဆို ခဲ့တာကြောင့် ဩစတြေးလျတင်းနစ်ဟာ ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ်အလံကို ဇန်နဝါရီ ၁၇ ရက်က ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
ဩစတြေးလျတင်းနစ်က “ဩစတြေးလျအိုးပန်းမှာ ရုရှားနဲ့ ဘယ်လာရုစ်အလံတွေကို ပိတ်ပင်ထားပါတယ်။ မနေ့က အလံတွေ့ခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိပါတယ်။ဒီ ပိတ်ပင်မှုက ချက်ချင်းကို အကျိုးသက်ရောက်မှု ရှိစေ မှာပါ။တင်းနစ်အားကစားမှာ အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာနိုင်အောင် ကစားသမားတွေ၊ ပရိသတ်တွေနဲ့ဆက်ပြီး လက်တွဲလုပ်ဆောင်သွားမှာပါ” လို့ ထုတ်ပြန်ခဲ့တာပါ။
ရုရှားရဲ့ အဖြူရောင်၊ အပြာရောင်နဲ့ အနီရောင်အစင်းကြား ပါဝင်တဲ့အလံကို ယူကရိန်းက ဘိုင်ဒယ်လ်နဲ့ ရုရှားက ရာခီမိုဗာတို့ တွေ့ဆုံခဲ့တဲ့ ပထမအဆင့်ပွဲစဉ်အတွင်းမှာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ရုရှားဟာ ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားနိုင်ငံရဲ့ အားကစားသမားတွေဟာ ကြားနေအလံအောက်မှာသာ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် မိုင်ရိုရှနီချန်ကိုက အလံ တွေ့မြင်ပြီးနောက် အရေးယူပေးဖို့ ပြောခဲ့တာဖြစ်ပါတယ်။

မိုင်ရိုရှနီချန်ကိုက “ဩစတြေးလျအိုးပန်းဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ယူကရိန်းကစားသမားရဲ့ ပွဲအတွင်းမှာ ရုရှား အလံကို လူအများရှေ့မှာပြသထားတာကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ဩစတြေးလျတင်းနစ်အနေနဲ့ ကြားနေ အလံမူဝါဒကို ချက်ချင်းလိုက်နာဖို့ တောင်းဆိုတယ်လို့” တွစ်တာမှာ ရေးသားခဲ့တာပါ။
ဒီပွဲမှာ ဘိုင်ဒယ်လ်က ၇-၅ ၆-၇၊ ၆-၁ နဲ့ အနိုင်ရပြီး ဒုတိယအဆင့်မှာ အမေရိကန်က မက်နယ်လီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။မိုင်ရိုရှနီချန်ကိုဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ဩစတြေးလျအိုးပန်းပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ပိတ်ပင်ဖို့ တိုက်တွန်းခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က ဝင်ဘယ်လ်ဒန်အိုးပန်းဟာ ရုရှားနဲ့ ဘယ်လာရုစ်ကစားသမားတွေကို ပိတ်ပင်ခဲ့လို့ တင်းနစ် အဖွဲ့ချုပ်က ဒီပြိုင်ပွဲရဲ့ ရမှတ်တွေကို ဖယ်ရှားပစ်ခဲ့တာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 1231
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇
ရှက်တာဒိုးနက်အသင်းဟာ မူဒရစ်ကို ချယ်လ်ဆီးအသင်းထံ ရောင်းချလို့ရတဲ့ ငွေကြေးထဲက ပေါင် ၂၂ သန်းကို ယူကရိန်းစစ်ပွဲအတွက် အသုံးပြု လှူဒါန်းသွားမယ်လို့ ဥက္ကဋ္ဌ ရီနတ်အာခမန်တက်ဗ်က ပြောလိုက်ပါတယ်။
ရီနတ်အာခမန်တက်ဗ်က “မာရီပေါလ်က ကာကွယ်ရေးသမားတွေနဲ့ ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ မိသားတွေကို ကူညီဖို့ ရည်ရွယ်ထားတဲ့ ပရောဂျက်တစ်ခုကို စတင်ဖို့ ကျနော်ဆုံးဖြတ်ခဲ့ပါတယ်။ ပေါင် ၂၂ သန်းကို ကျနော်တို့ရဲ့ စစ်သားတွေ၊ ကာကွယ်ရေးသမားတွေနဲ့ မိသားစုတွေကို ကူညီနိုင်ဖို့အတွက် ခွဲဝေပေးဖို့ လုပ်ဆောင် ပေးနေပါတယ်။ ဆေးဘက်ဆိုင်ရာတွေ၊ ခြေတုလက်တု ကုသမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီမှုကနေ သီးခြား တောင်းဆိုမှုတွေ ပြည့်ဝဖို့အထိ လိုအပ်ချက်အမျိုးမျိုးကို ကာမိဖို့ ငွေကြေးတွေကို အသုံးပြုသွားမယ်”လို့ ပြောခဲ့တာပါ။
မူဒရစ်ဟာ ချယ်လ်ဆီးအသင်းကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒါဟာ ယူကရိန်းဘောလုံးသမိုင်းမှာ စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲအတွင်းက ဒဏ်ရာရသူများကို ကယ်ထုတ်နေစဉ်
ယူကရိန်းနိုင်ငံရဲ့ ထွန်းတောက်လာမယ့် ကြယ်ပွင့် ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ မူဒရစ်ကို ချယ်လ်ဆီး အသင်းထံ ရောင်းချခဲ့လို့ ခံစားချက်တွေ ရောထွေးနေတယ်လို့လည်း ရှက်တာဒိုးနက်အသင်း ဥက္ကဋ္ဌက ပြောခဲ့တာပါ။
ရီနတ်အာခမန်တက်ဗ်က “ကျနော့်အိပ်မက်က ဥရောပဆုဖလားတွေ ရဖို့ဆိုတာကို ဘယ်တော့မှ လျှို့ဝှက်ထား ခြင်း မရှိပါဘူး။ ကျနော် ပြောချင်တာက မူဒရစ်လို ကစားသမားမျိုးနဲ့ ဥရောပဆုဖလားတွေကို ရယူသင့်တယ် ဆိုတာပါ။ ဒါပေမယ့် ကျနော်တို့ဟာ ရုရှားရဲ့ မျှတမှုမရှိတဲ့ စစ်ပွဲကို တိုက်ခိုက်နေရလို့ ဒါက အခုအချိန်မှာ ဖြစ်နိုင် မှာ မဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။
ရှက်တာဒိုးနက်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ဒွန်ဘတ်စ်ကွင်းမှာ ခြေစမ်းပွဲကစားဖို့ ရှိတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကို အသာရပြီး မူဒရစ်ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ၈ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
မူဒရစ်ဟာ အခုအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားခေါ်ယူမှု ၅ ဦးမြောက် ကစားသမားလည်း ဖြစ်လာတာပါ။
မူဒရစ်ဟာ ဒီတစ်ပတ် ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲဦး ထွက်အဖြစ် ပါဝင်လာနိုင်ပါတယ်။
Source: BBC
Page 16 of 82
