CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရာဖေးလ်နာဒယ်လ်ကိုတွေ့ရစဉ်

တင်ပါးဒဏ်ရာကြောင့် ၆ ပတ်ကနေ ၈ ပတ်အထိ နာဒယ်လ် အနားယူရဖွယ်ရှိ

By CNI
CNI
Category: အားကစား
Hits: 1092

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉

စပိန်တင်းနစ် ကစားသမား ရာဖေးလ်နာဒယ်လ်ဟာ ဩစတြေးလျ အိုးပန်းပြိုင်ပွဲကနေ ထွက်ခွာချိန်မှာ ရခဲ့တဲ့ တင်ပါးဒဏ်ရာကြောင့် ၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရဖွယ် ရှိနေတယ်လို့ ပြောလိုက်ပါတယ်။

ရာဖေးလ်နာဒယ်လ်က “အခုအချိန်မှာ အနားယူရမှာဖြစ်ပြီး ရောင်ရမ်းနေမှုကို သက်သာစေဖို့အတွက် ရုပ်ပိုင်း ဆိုင်ရာ ကုထုံးခံယူရဖို့ အချိန်ရောက်ပါပြီ။ ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်ဖို့အတွက် ၆ ပတ်ကနေ ၈ ပတ် ကြာ နိုင်ပါတယ်”လို့ ကြာသပတေးနေ့က တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဂရမ်းဆလမ်း ချန်ပီယံဆုကို ၂၂ ကြိမ် ရရှိထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ဩစတြေးလျ အိုးပန်းပြိုင်ပွဲရဲ့ ဒုတိယ အဆင့်မှာ အမေရိကန် တင်းနစ်ကစားသမား မက်ဒိုနယ်လ်ကို ၆-၄၊ ၆-၄၊ ၇-၅ နဲ့ အရေးနိမ့်ခဲ့တာပါ။

ဒီပွဲမှာ ရာဖေးလ်နာဒယ်လ်ဟာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး ပုံမှန်လက်စွမ်း မပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်လ်ကိုတွေ့ရစဉ်

ရာဖေးလ်နာဒယ်လ်ဟာ သူ့ရဲ့ ဘယ်ဘက်တင်ပါးကို မဲလ်ဘုန်းမှာ MRI စကန်ရိုက်ခဲ့ပြီးနောက် စပိန်နိုင်ငံကို ပြန် အရောက်မှာ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကို စတင်ကုသဖို့ စီစဉ်ထားတာပါ။

ဩစတြေးလျအိုးပန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ရာဖေးလ်နာဒယ်လ် အနေနဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာပြီး ကြံ့ခိုင်မှုပြည့်ဝမယ်ဆိုရင် ၂၀၂၃ ရာသီရဲ့ ပထမဆုံး မာစတာပြိုင်ပွဲအဖြစ် မတ်လမှာ ကျင်းပမယ့် အင်ဒီးယန်းဝဲလ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြေစေးကွင်း ဘုရင်အဖြစ် တင်စားခြင်း ခံထားရတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ဒီပြိုင်ပွဲတွေမှာ မပါဝင်နိုင်ခဲ့ရင် ပြင်သစ်အိုးပန်းပြိုင်ပွဲမှာတော့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။

ရာဖေးလ်နာဒယ်လ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်သလို ၁၄ ကြိမ်အထိ ဗိုလ်စွဲထားကာ စံချိန် တင် ၁၅ ကြိမ်မြောက် ရယူဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
မူဒရစ်ကိုတွေ့ရစဉ်

ချယ်လ်ဆီးက မူဒရစ်အတွက် ပြောင်းရွှေ့ကြေး ပိုပေးခဲ့ရ

By CNI
CNI
Category: အားကစား
Hits: 1056

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈

ရုရှားလက်ရွေးစင်အသင်း နည်းပြဟောင်း ဆလပ်စကီးက ချယ်လ်ဆီးအသင်းဟာ ယူကရိန်းကြယ်ပွင့် မူဒရစ်ကို ခေါ်ယူခဲ့တာမှာ ပြောင်းရွှေ့ကြေး ပိုပြီးပေးခဲ့ရတယ်လို့ ပြောပါတယ်။

ဒီလို ငွေကြေး ပိုပေးရခြင်းက အန္တရာယ်များတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဆလပ်စကီးက “ချန်ပီယံလိဂ်မှာ ပွဲအများအပြား ကစားဖူးတဲ့ ကစားသမားတစ်ဦးအတွက် ယူရိုသန်း ၁၀၀ က ဘယ်လိုဖြစ်သွားတာလဲ။ ဒီအပြောင်းအရွှေ့ကို ကျနော် နားမလည်နိုင်ပါဘူး။ ချယ်လ်ဆီးက အနာဂတ်အတွက် အသင်း မဟုတ်ပါဘူး။ သူတို့ဟာ လက်ရှိမှာ ရှိနေတဲ့အသင်း ဖြစ်ပါတယ်။ အနာဂတ်အတွက် ကစားသမားတစ်ဦး ကို သန်း ၁၀၀ လောက် မကုန်ကျသင့်ပါဘူး။ ဒါက မရိုးရှင်းနိုင်ပါဘူး”လို့ YouTube Chanel တစ်ခုကို ပြောပါ တယ်။

ချယ်လ်ဆီးအသင်းဟာ မူဒရစ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ကစားသမားရဲ့ စွမ်းဆောင်ရည်၊ အပိုဆုကြေးတွေ အပေါ် အခြေခံပြီး ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၁၀၀ အထိ မြင့် တက်သွားနိုင်ပါတယ်။

ရုရှားအသင်းနည်းပြ ဆလပ်စကီးကိုတွေ့ရစဉ်

ချယ်လ်ဆီးအသင်းဟာ မူဒရစ်ကို အာဆင်နယ်အသင်းနဲ့ အပြိုင် ခေါ်ယူခဲ့တာဖြစ်ပြီး ၈ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာပါ။

မူဒရစ်ဟာ ကလပ်အသင်းအတွက် ၆၅ ပွဲသာ ကစားထားတာဖြစ်ပြီး ဒီလို ကစားသမားမျိုးကို ပြောင်းရွှေ့ကြေး ကြီးကြီးမားမား ပေးပြီး ခေါ်ယူတာက ချယ်လ်ဆီးအတွက် အန္တရာယ်ရှိတယ်လို့လည်း ရုရှားနည်းပြဟောင်းက ပြောခဲ့တာ ဖြစ်ပါတယ်။

ဆလပ်စကီးက “မူဒရစ်မှာ အံ့သြစရာကောင်းတဲ့ မြန်နှုန်းရှိပြီး ဒါက ပြောနေစရာတောင် မလိုပါဘူး။ သူက ကျနော့် အတွက်ရော၊ အခုအချိန်မှာရော အလွန်ကောင်းတဲ့ ကစားသမားပါ။ အာဆင်နယ်က သူ့ကို စိတ်ဝင်စားတာကြောင့် ချယ်လ်ဆီးက သူ့ကိုသန်း ၁၀၀ ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါက အန္တရာယ်များပါတယ်”လို့ ပြောခဲ့တာပါ။

ပဲလေ့စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီး ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ခဲ့တဲ့ မူဒရစ်ဟာ ဒီတစ်ပတ်ကစားမယ့် လီဗာပူးလ်နဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။

Source: အာတီ

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရာဖေးလ်နာဒယ်လ်ကိုတွေ့ရစဉ်

သြစတြေးလျအိုးပန်း ဒုတိယအဆင့်ကနေ ချန်ပီယံ ရာဖေးလ်နာဒယ်လ်ထွက်ခွာ

By CNI
CNI
Category: အားကစား
Hits: 1181

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈

သြစတြေးလျအိုပန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်လ်ဟာ ပြိုင်ပွဲရဲ့ ဒုတိယအဆင့်မှာ အမေရိကန် တင်းနစ်ကစားသမား မက်ဒိုနယ်လ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ စပိန်တင်းနစ်သမားဟာ ဒီပွဲမှာ ဒဏ်ရာတွေကြောင့် ကောင်းမွန်စွာ ကစားဖို့ ရုန်းကန် ခဲ့ရပြီး ဒုတိယပွဲအပြီးမှာ ဆေးကုသမှုအချိန် ကုန်သွားခဲ့တာကြောင့် ပွဲကိုဆက်ပြီး ကစားခဲ့ရတာပါ။

အဲ့ဒါကြောင့် ရာဖေးနာဒယ်လ်ဟာ ၆-၄၊ ၆-၃၊ ၇-၅ နဲ့အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ရာဖေးလ်နာဒယ်လ် အတွက်တော့ ၂၀၁၆ နောက်ပိုင်း သြစတြေးလျအိုးပန်းကနေ အစောဆုံး ထွက်ခွာခဲ့ရတာပါ။

မက်ဒိုနယ်လ်က ရာဖေးလ်နာဒယ်လ်ဟာ ဒဏ်ရာ ရရှိနေပေမယ့် ပြိုင်ပွဲဝင်ဖို့ ဆန္ဒအပြည့်အဝ ရှိနေတာကြောင့် အလွန်လေးစားပြီး ချီးကျူးတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

“သူဟာ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ချန်ပီယံတစ်ဦးပါ။ သူဟာ ဘယ်လို အခြေအနေ မျိုးမှာပဲဖြစ်ဖြစ် အရှုံးမပေးပါဘူး။ ဒါကြောင့် ဒီလို ထိပ်တန်းအဆင့် ရှိတဲ့သူနဲ့ ရင်ဆိုင်ရတာဟာ ခက်ခဲပါတယ်။ ကျနော်ဟာ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်”လို့ မက်ဒိုနယ်လ်က ပြောခဲ့တာပါ။

ရာဖေးလ်နာဒယ်လ်နဲ့ ပြိုင်ဘက်ကစားသမား နှုတ်ဆက်နေကြစဉ်

မက်ဒိုနယ်လ်ဟာ တတိယအဆင့်မှာ နီရှီအိုကာနဲ့ ဆဗာစီနာတို့ ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ အမေရိကန် တင်းနစ်သမားဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ အမြင့်ဆုံးအဖြစ် စတုတ္တ အဆင့်ထိသာ တက်နိုင်ခဲ့တာပါ။ မက်ဒိုနယ်လ်အတွက်တော့ ဂရမ်းစလမ်းပြိုင်ပွဲတွေမှာ အအောင်မြင်ဆုံးက စတုတ္တအဆင့်ထိသာ တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၃ သြစတြေးလျ အိုးပန်းပြိုင်ပွဲကို ဇန်နဝါရီ ၁၆ ရက်ကနေ ၂၉ ရက်အထိ ကျင်းပနေပြီး အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲမှာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဂျိုကိုဗစ်၊ ကတ်စပါရုဒ်၊ ဆစ်စီပတ်စ်၊ ရူဘလက်ဗ်နဲ့ မက်ဗီဒက်ဗ်တို့ ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗြိတိန်ဘီလျံနာသူဌေး ဆာဂျင်မ်ရက်ကလစ်ဖ်ကို တွေ့ရစဉ်

ယူနိုက်တက်ကိုဝယ်ဖို့ ဗြိတိန်ဘီလျံနာ တရားဝင်ကမ်းလှမ်း

By CNI
CNI
Category: အားကစား
Hits: 907

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈

ဗြိတိန်ဘီလျံနာ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ကုမ္ပဏီ Ineos က သူတို့ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။

ယူနိုက်တက်ပိုင်ရှင် ဂလေဇာ မိသားစုက သူတို့ဟာ မဟာဗျူဟာမြောက်တဲ့ အခြားရွေးချယ်စရာတွေကို ရှာဖွေနေတာကြောင့် ကလပ်ကို ရောင်းချဖို့ စဉ်းစားနေတယ်လို့ နိုဝင်ဘာလက ပြောထားခဲ့တာပါ။

ရက်ကလစ်ဖ်ဟာ ငယ်ဘဝကတည်းက ယူနိုက်တက်အသင်းရဲ့ အမာခံ ပရိသတ်ဖြစ်ပြီး ဗြိတိန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ရက်ကလစ်ဖ်ဟာ အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးအသင်းကို ရောင်းချဖို့ ဆုံးဖြတ်ပြီး နောက် ပေါင် ၄.၂၅ ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာပါ။

ရက်ကလစ်ဖ်ဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ မအောင်မြင်ပြီးနောက် ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားလာခဲ့ ပါတယ်။

ဒီနောက်မှာတော့ ဂျိုရယ်လ်နဲ့ အေဗရန်ဂလေဇာတို့ ညီအစ်ကိုနှစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီတုန်းက မရောင်းချချင်ဘူးလို့ ပြောခဲ့တာကြောင့် ဗြိတိန်ဘီလျံနာဟာ နောက်ဆုတ် သွားခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဂလေဇာမိသားစုရဲ့ ရပ်တည်ချက် ပြောင်းလဲလာတာကြောင့် ဝယ်ယူဖို့ လုပ်ငန်းစဉ်တွေမှာ ပါဝင်လာခဲ့တာပါ။

ယူနိုက်တက်အသင်းကိုတွေ့ရစဉ် 

Ineos အဖွဲ့ဟာ ပြင်သစ်ကလပ် နိုက်စ်နဲ့ ဆွစ်ဇာလန်ကလပ် လူဇန်အသင်းတို့ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

၂၀၀၅ ကတည်းက ယူနိုက်တက်အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ ဂလေဇာ မိသားစုဟာ ပရိသတ်တွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေကြောင့် အသင်းကို အမြန်ဆုံး ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတာပါ။

ယူနိုက်တက် ပရိသတ်တွေဟာ ဂလေဇာမိသားစုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို မကြာသေးခင်က နှစ်တွေမှာ အများအပြား ပြသထားကြတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက “ဘုတ်အဖွဲ့ဟာ ကလပ်ထံကို ရင်းနှီးမြှုပ်နှံမှုအသစ်၊ ရောင်းချတာ ဒါမှမဟုတ် ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အခြားလွှဲပြောင်းမှုတွေ အပါအဝင် ဗျူဟာမြောက် ရွေးချယ်စရာတွေကို ထည့်သွင်းစဉ်းစား သွား မယ်”လို့ နိုဝင်ဘာလက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီ နည်းပြ အဲရစ်တန်ဟတ် လက်ထက်မှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်

ရက်ရှ်ဖို့ဒ်နဲ့ စာချုပ်သစ်အတွက် ယူနိုက်တက်ဆွေးနွေး

By CNI
CNI
Category: အားကစား
Hits: 915


CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်နဲ့ ၅ နှစ် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် တစ်ပတ်ပေါင် ၃၀၀,၀၀၀ သိန်းထက်ပိုပြီး မပေးချင်ဘူးလို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ လစာပေးချေဖို့နဲ့ ပတ်သက်ပြီး ပြန်လည် ပြုပြင်ထားတဲ့ အရာကို မချိုးဖျက်ချင်တာ ကြောင့် ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆန်းချက်ဇ်ကို ခေါ်ယူခဲ့တုန်းက တစ်ပတ်လုပ်ခ ပေါင် ၅၀၀,၀၀၀ ပေးခဲ့ရလို့ အသင်း အတွင်း အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ကစားသမားတစ်ဦးကို ပေါင် ၃၀၀,၀၀၀ သိန်းထက် ကျော်လွန်ပြီး မပေးချင်တော့တာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ ရော်နယ်ဒိုနဲ့ ပေါ့ဘာတို့ကို လုပ်ခလစာ အများကြီးပေးခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခပေါင် ၂၀၀,၀၀၀ ရရှိနေပြီး စာချုပ်သစ် အတွက် လစာရဲ့ ၅၀ ရာခိုင်နှုန်း တိုးပေးဖို့ ရှိနေတာပါ။

ရက်ရှ်ဖို့ကို တွေ့ရစဉ်

ယူနိုက်တက်အသင်းရဲ့ လုပ်ခလစာ အများဆုံး ရရှိတဲ့ ကစားသမားက ဂိုးသမား ဒီဂီယာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ သိန်း ရရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဂီယာနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။

အဲ့ဒါကြောင့် ဒီဂီယာဟာ ပေါင် ၂၇၅,၀၀၀ သိန်းလျှော့ယူပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လုပ်ခလစာ အများဆုံးရ ကစားသမားတွေကို တစ်ပတ်လုပ်ခ ပေါင် ၂၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ ကြားထဲမှာသာ ထားချင်နေတာပါ။ ဒါက အဝတ်စား လဲခန်းအတွင်းမှာ အဆင်ပြေအောင် ကူညီ ပေးနိုင်လိမ့်မယ်လို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ယုံကြည်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာကလပ်ဟာ ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဦးစားပေးအဖြစ် လုပ်ဆောင်နေတာဖြစ်ပြီး ဒီဇင်ဘာလကမှ စာချုပ်ပါ အချက်အတိုင်း ၁ နှစ် သက်တမ်းတိုးခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေတာကြောင့် ကလပ်အသင်းက ကာလကြာရှည် စာချုပ် တစ်ရပ်ကို ချုပ်ဆိုဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက် အသင်း အတွက် ခြေစွမ်းပြသနေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Thu Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းကန့်ကွက်လို့ ရုရှားနဲ့ ဘယ်လာရုစ်အလံကို ဩစတြေးလျအိုးပန်း ပိတ်ပင်

By CNI
CNI
Category: အားကစား
Hits: 1124

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇

ယူကရိန်းသံအမတ်ကြီးက လူအုပ်ကြီးထဲမှာ ရုရှားအလံကို မြင်တွေ့လိုက်ရပြီးနောက် အရေးယူပေးဖို့ တောင်းဆို ခဲ့တာကြောင့် ဩစတြေးလျတင်းနစ်ဟာ ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ်အလံကို ဇန်နဝါရီ ၁၇ ရက်က ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ဩစတြေးလျတင်းနစ်က “ဩစတြေးလျအိုးပန်းမှာ ရုရှားနဲ့ ဘယ်လာရုစ်အလံတွေကို ပိတ်ပင်ထားပါတယ်။ မနေ့က အလံတွေ့ခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိပါတယ်။ဒီ ပိတ်ပင်မှုက ချက်ချင်းကို အကျိုးသက်ရောက်မှု ရှိစေ မှာပါ။တင်းနစ်အားကစားမှာ အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာနိုင်အောင် ကစားသမားတွေ၊ ပရိသတ်တွေနဲ့ဆက်ပြီး လက်တွဲလုပ်ဆောင်သွားမှာပါ” လို့ ထုတ်ပြန်ခဲ့တာပါ။

ရုရှားရဲ့ အဖြူရောင်၊ အပြာရောင်နဲ့ အနီရောင်အစင်းကြား ပါဝင်တဲ့အလံကို ယူကရိန်းက ဘိုင်ဒယ်လ်နဲ့ ရုရှားက ရာခီမိုဗာတို့ တွေ့ဆုံခဲ့တဲ့ ပထမအဆင့်ပွဲစဉ်အတွင်းမှာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ရုရှားဟာ ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားနိုင်ငံရဲ့ အားကစားသမားတွေဟာ ကြားနေအလံအောက်မှာသာ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် မိုင်ရိုရှနီချန်ကိုက အလံ တွေ့မြင်ပြီးနောက် အရေးယူပေးဖို့ ပြောခဲ့တာဖြစ်ပါတယ်။

မိုင်ရိုရှနီချန်ကိုက “ဩစတြေးလျအိုးပန်းဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ယူကရိန်းကစားသမားရဲ့ ပွဲအတွင်းမှာ ရုရှား အလံကို လူအများရှေ့မှာပြသထားတာကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ဩစတြေးလျတင်းနစ်အနေနဲ့ ကြားနေ အလံမူဝါဒကို ချက်ချင်းလိုက်နာဖို့ တောင်းဆိုတယ်လို့” တွစ်တာမှာ ရေးသားခဲ့တာပါ။

ဒီပွဲမှာ ဘိုင်ဒယ်လ်က ၇-၅ ၆-၇၊ ၆-၁ နဲ့ အနိုင်ရပြီး ဒုတိယအဆင့်မှာ အမေရိကန်က မက်နယ်လီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။မိုင်ရိုရှနီချန်ကိုဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ဩစတြေးလျအိုးပန်းပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ပိတ်ပင်ဖို့ တိုက်တွန်းခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ဝင်ဘယ်လ်ဒန်အိုးပန်းဟာ ရုရှားနဲ့ ဘယ်လာရုစ်ကစားသမားတွေကို ပိတ်ပင်ခဲ့လို့ တင်းနစ် အဖွဲ့ချုပ်က ဒီပြိုင်ပွဲရဲ့ ရမှတ်တွေကို ဖယ်ရှားပစ်ခဲ့တာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ချယ်လ်ဆီးအသင်း ရောက်ရှိလာတဲ့ မူဒရစ်ကိုတွေ့ရစဉ်

မူဒရစ် ရောင်းချငွေကို ယူကရိန်းစစ်ပွဲအတွက် ရှက်တာဒိုးနက် လှူမည်

By CNI
CNI
Category: အားကစား
Hits: 1084

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇

ရှက်တာဒိုးနက်အသင်းဟာ မူဒရစ်ကို ချယ်လ်ဆီးအသင်းထံ ရောင်းချလို့ရတဲ့ ငွေကြေးထဲက ပေါင် ၂၂ သန်းကို ယူကရိန်းစစ်ပွဲအတွက် အသုံးပြု လှူဒါန်းသွားမယ်လို့ ဥက္ကဋ္ဌ ရီနတ်အာခမန်တက်ဗ်က ပြောလိုက်ပါတယ်။

ရီနတ်အာခမန်တက်ဗ်က “မာရီပေါလ်က ကာကွယ်ရေးသမားတွေနဲ့ ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ မိသားတွေကို ကူညီဖို့ ရည်ရွယ်ထားတဲ့ ပရောဂျက်တစ်ခုကို စတင်ဖို့ ကျနော်ဆုံးဖြတ်ခဲ့ပါတယ်။ ပေါင် ၂၂ သန်းကို ကျနော်တို့ရဲ့ စစ်သားတွေ၊ ကာကွယ်ရေးသမားတွေနဲ့ မိသားစုတွေကို ကူညီနိုင်ဖို့အတွက် ခွဲဝေပေးဖို့ လုပ်ဆောင် ပေးနေပါတယ်။ ဆေးဘက်ဆိုင်ရာတွေ၊ ခြေတုလက်တု ကုသမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီမှုကနေ သီးခြား တောင်းဆိုမှုတွေ ပြည့်ဝဖို့အထိ လိုအပ်ချက်အမျိုးမျိုးကို ကာမိဖို့ ငွေကြေးတွေကို အသုံးပြုသွားမယ်”လို့ ပြောခဲ့တာပါ။

မူဒရစ်ဟာ ချယ်လ်ဆီးအသင်းကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒါဟာ ယူကရိန်းဘောလုံးသမိုင်းမှာ စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲအတွင်းက ဒဏ်ရာရသူများကို ကယ်ထုတ်နေစဉ်

ယူကရိန်းနိုင်ငံရဲ့ ထွန်းတောက်လာမယ့် ကြယ်ပွင့် ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ မူဒရစ်ကို ချယ်လ်ဆီး အသင်းထံ ရောင်းချခဲ့လို့ ခံစားချက်တွေ ရောထွေးနေတယ်လို့လည်း ရှက်တာဒိုးနက်အသင်း ဥက္ကဋ္ဌက ပြောခဲ့တာပါ။

ရီနတ်အာခမန်တက်ဗ်က “ကျနော့်အိပ်မက်က ဥရောပဆုဖလားတွေ ရဖို့ဆိုတာကို ဘယ်တော့မှ လျှို့ဝှက်ထား ခြင်း မရှိပါဘူး။ ကျနော် ပြောချင်တာက မူဒရစ်လို ကစားသမားမျိုးနဲ့ ဥရောပဆုဖလားတွေကို ရယူသင့်တယ် ဆိုတာပါ။ ဒါပေမယ့် ကျနော်တို့ဟာ ရုရှားရဲ့ မျှတမှုမရှိတဲ့ စစ်ပွဲကို တိုက်ခိုက်နေရလို့ ဒါက အခုအချိန်မှာ ဖြစ်နိုင် မှာ မဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။

ရှက်တာဒိုးနက်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ဒွန်ဘတ်စ်ကွင်းမှာ ခြေစမ်းပွဲကစားဖို့ ရှိတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကို အသာရပြီး မူဒရစ်ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ၈ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

မူဒရစ်ဟာ အခုအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားခေါ်ယူမှု ၅ ဦးမြောက် ကစားသမားလည်း ဖြစ်လာတာပါ။

မူဒရစ်ဟာ ဒီတစ်ပတ် ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲဦး ထွက်အဖြစ် ပါဝင်လာနိုင်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပြေးခုန်ပစ် ချန်ပီယံ အူစိန်ဘို့စ်ကိုတွေ့ရစဉ်

အူစိန်ဘို့စ်ရဲ့ ကုမ္ပဏီကို စုံစမ်းစစ်ဆေးမှု ဂျမေကာဘဏ္ဍာရေးအာဏာပိုင်တွေ စတင်

By CNI
CNI
Category: အားကစား
Hits: 2592

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆

ဂျမေကာဘဏ္ဍာရေး အာဏာပိုင်တွေဟာ ကြီးမားတဲ့ လိမ်လည်မှုမှာ သန်းပေါင်းများစွာ ဆုံးရှုံးသွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အူစိန်ဘို့စ်ရဲ့ ရင်နှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကို စုံစမ်းစစ်ဆေးမှု တွေ စတင်လိုက်ပြီ ဖြစ်ပါတယ်။

ကင်စတန်မှာ အခြေစိုက်တဲ့ Stocks & Securities Ltd ဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခံရချိန်မှာ သူတို့ရဲ့ ကြီးကြပ်မှုအောက်မှာသာ နေထိုင်ရမှာပါ။

အူစိန်ဘို့စ်ရဲ့ မန်နေဂျာ နူဂျန့်ဝေါ်လ်ကာက အနားယူသွားပြီဖြစ်တဲ့ အပြေးသမားဟာ အဆိုပါကုမ္ပဏီနဲ့ ဆယ်စုနှစ် တစ်ခုကျော်ကြာ ရင်နှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ခဲ့တယ်လို့ The Gleaner သတင်းစာကို ပြောခဲ့တာ ဖြစ်ပါတယ်။

အူစိန်ဘို့စ်ရဲ့ အကောင့်ထဲကနေ ဒေါ်လာ သန်းပေါင်းများစွာ ပျောက်ဆုံးနေတယ်လို့ နိုင်ငံတကာ သတင်းစာ တွေမှာ ဖော်ပြနေကြပါတယ်။

နူဂျန့်ဝေါ်လ်ကာက “ကျနော်တို့ဟာ အောက်ခြေအဆင့်ထိ ရောက်အောင် သက်ဆိုင်ရာ အဆင့်တွေ အားလုံး လုပ်ပြီးသွားပါပြီ။ သူဟာ ဒီအဖွဲ့အစည်းနဲ့ လုပ်ကိုင်တာ ၁၀ နှစ် ကျော်ပါပြီ။ အူစိန်ဘို့စ်က ဒါတွေကို ပြန်သုံး သပ်နေပါပြီ”လို့ ပြောခဲ့ပါတယ်။

 ပြေးခုန်ပစ် ချန်ပီယံ အူစိန်ဘို့စ်ကိုတွေ့ရစဉ်

အူစိန်ဘို့စ်ဟာ သူ့အကောင့်ထဲမှာ ရှိနေတာနဲ့ ကွဲလွဲမှုတွေဖြစ်တာကို သတိပြုမိရင်းနဲ့ အခုလိုတွေ ဖြစ်လာခဲ့တာပါ။

ကမ္ဘာ့ချန်ပီယံဆုကို ၁၁ ကြိမ် ရရှိတာ အပါအဝင် အိုလံပစ်ရွှေတံဆိပ် ၈ ကြိမ် ရရှိထားတဲ့ အူစိန်ဘို့စ်ဟာ ၂၀၁၇ မှာ ပြေးခုန်ပစ် ကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

ဂျမေကာ အပြေးသမားဟာ ၂၀၀၈ ဘေဂျင်းအိုလံပစ် ပြိုင်ပွဲရဲ့ မီတာ ၁၀၀ နဲ့ ၂၀၀ ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပြီး ကမ္ဘာ့ စံချိန်သစ်တွေ တင်နိုင်ခဲ့တာကြောင့် နာမည်ကြီး လာခဲ့တာပါ။

ဒီနောက် အူစိန်ဘို့စ်ဟာ ၂၀၁၂ လန်ဒန်နဲ့ ၂၀၁၆ ရီယိုအိုလံပစ် ပြိုင်ပွဲတွေမှာလည်း မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အူစိန်ဘို့စ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကဘက်ကို ကူးပြောင်းဖို့ စဉ်းစားခဲ့ပြီး ၂၀၁၈ က သြစတြေးလျ အေလိဂ်ကလပ် စင်ထရယ်ကို့စ်မာရီနာ အသင်းအတွက် ခြေစမ်းပွဲတစ်ပွဲ ပါဝင်ကစားခဲ့သေးတာ ဖြစ်ပါတယ်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့အဆင့်ရှိ ဟာရီကိန်းက စံချိန်အားလုံးကို ချိုးဖျက်မယ်လို့ ကွန်တီပြော

By CNI
CNI
Category: အားကစား
Hits: 856

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄

စပါးအသင်းနည်းပြ ကွန်တီက တိုက်စစ်မှူး ဟာရီကိန်းဟာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ စံချိန်အပါအဝင် စံချိန်အားလုံးကို ချိုးဖျက်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ကွန်တီက “ကျနော်တို့ဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးအကြောင်းကို ပြောနေတာဖြစ်ပြီး သူဟာ စံချိန် တိုင်းကို ကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာပါတယ်။သူနဲ့ ဒါက ထိုက်တန်တယ်လို့ ထင်ပါတယ်။သူဟာ စံချိန် တွေကို ကျော်ဖြတ်ဖို့အတွက် မယုံနိုင်စရာကောင်းတဲ့အရာတွေကို လုပ်ဆောင်နေတယ်ဆိုတာ သေချာပါတယ်” လို့ သောကြာနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။

ဟာရီကိန်းဟာ စပါးအသင်းအတွက် ၂၆၅ ဂိုးသွင်းယူထားပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်တဲ့ ဂျင်မီဂရေ့ဗ်ရဲ့ စံချိန်ကို လိုက်မှီဖို့ ၁ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။ဟာရီကိန်းဟာ အာဆင်နယ်နဲ့ မြောက် လန်ဒန်ဒါဘီပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် စပါးအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂျင်မီဂရေ့ဗ်နဲ့ ပူးတွဲရပ်တည်တော့မှာပါ။ဒါ့အပြင် ဟာရီကိန်းဟာ အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ဝိန်းရွန်နီနဲ့လည်း ၅၃ ဂိုး စီ တူညီသွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီမှာလည်း စပါးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေရတာဖြစ်ပြီး ၂၆ ပွဲ ကစားအပြီးမှာ ၁၇ ဂိုးသွင်းယူထားတာပါ။စပါးအသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကူလူဆက်ဗ်စကီးနဲ့ ရစ်ချာလီဆန်တို့ဟာ ဒဏ်ရာတွေကြောင့် အနားယူနေခဲ့ရသလို ဆွန်ဟောင်မင်ကလည်း ခြေစွမ်းပိုင်းကျဆင်းနေ တာကြောင့် အင်္ဂလန်အသင်းခေါင်းဆောင်ဟာ တိုက်စစ်ပိုင်းကို ပိုပြီးတာဝန်ယူနေရတာဖြစ်ပါတယ်။ ဒဏ်ရာ ကြောင့် အနားယူနေရတဲ့ ကူလူဆက်ဗ်စကီးဟာ အာဆင်နယ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်နိုင်မယ်လို့ ကွန်တီက ပြောခဲ့တာပါ။

ကွန်တီက “ကူလူဆက်ဗ်စကီးဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ကျနော်တို့နဲ့အတူ လေ့ကျင့်ရေးအစီအစဉ်ရှိခဲ့ပါ တယ်။သူကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ရစ်ချာလီဆန်နဲ့ ဘန်တန်ကာတို့လည်း အခြေအနေ တိုးတက်လာပါပြီ။ကျနော်တို့ဘက်က စိတ်ရှည်ဖို့ အရေးကြီးပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

စပါးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၈ ပွဲကစားထားပြီး ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

Share
Tweet
Share
Share
powered by social2s
အောင်လအန်ဆန်းကို တွေ့ရစဉ်

ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးကြပါလို့ အောင်လအန်ဆန်းပြော

By CNI
CNI
Category: အားကစား
Hits: 938

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄

မြန်မာပြည်ဖွား MMA တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ ထိုင်းမှာ ထိုးသတ်ခဲ့တဲ့ ONE Fight Night 6 ပွဲစဉ်မှာ ဘရာဇီးလ်ဖိုက်တာ ဂျီဘာတိုဂယ်လ်ဗိုကို အနိုင်ရပြီးနောက် ငြိမ်းချမ်းရေးအတွက် အားလုံး ဆုတောင်းပေး ဖို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

အောင်လအန်ဆန်းက “မြန်မာပရိသတ်တွေကို ကျနော်အမြဲတမ်း အရမ်းကျေးဇူးတင်တယ်။ အားလုံးကို အရမ်း ချစ်တယ်။ ဒီအရင်၂ နှစ်က ကျနော့်အတွက် အရမ်းခက်ခဲတယ်၊ စိတ်လည်း အရမ်းကျတယ်။ ဒါပေမယ့် ပြောချင်တာက အားလုံး စိတ်ကိုတင်းတင်းထားပါ။ ငြိမ်းချမ်းရေးက ကျနော်တို့အတွက် အရေးကြီးဆုံးပဲ။ ကျနော့်ရဲ့ အသက်တာထဲမှာ ငြိမ်းချမ်းရေးပေးတာ ဘုရားတစ်ဦးပဲ ပေးတယ်။ အဲ့ဒါကြောင့် အားလုံးဆက်ပြီးတော့ ဆုတောင်း ပါ။ ငြိမ်းချမ်းရေးအတွက် အားလုံးဆုတောင်းပေးပါလို့ တိုက်တွန်းချင်ကြောင်း” ပြောသွားခဲ့ပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းက ထိုးသတ်ခဲ့တဲ့ ဒီပွဲမှာ အောင်လအန်ဆန်းက သူ့ရဲ့ အားပါတဲ့ လက်သီးချက် တွေနဲ့ ပြိုင်ဘက်ကို တရစပ်ထိုးပြီး ဒိုင်ပွဲရပ်နဲ့ ပွဲသိမ်းခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်းနဲ့ ဂျီဘာတိုဂယ်လ်ဗို ထိုးသတ်နေစဉ်

အောင်လအန်ဆန်းဟာ ဂျီဘာတိုဂယ်လ်ဗိုကို ပထမအချီ ၁ မိနစ် ၂၉ စက္ကန့်နဲ့ အနိုင်ရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ထိုးသတ်ခဲ့တဲ့ ပွဲမှာလည်း အောင်လအန်ဆန်းဟာ အနိုင်ရထားတာကြောင့် ၂ ပွဲဆက် အနိုင်နဲ့ မစ်ဒယ်ဝိတ် ချန်ပီယံဆုကို ပြန်လည်ရယူဖို့ စိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။

အောင်လအန်ဆန်းက ဒီပွဲအပြီးမှာ ဘယ်ပြိုင်ဘက်မဆို ထိုးသတ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ပြောသွားခဲ့ တာပါ။ ဒီနိုင်ပွဲဟာ အောင်လအန်ဆန်းအတွက် MMA ကစားသမားဘဝ ထိုးသတ်ခဲ့တဲ့ ပွဲပေါင်း ၄၃ ပွဲမှာ ၂၉ ပွဲ မြောက် အနိုင်ရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီပွဲဟာ အောင်လအန်ဆန်းအတွက် ပထမအချီနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့ ပွဲ ၂၀ မြောက်ပွဲလည်း ဖြစ်လာခဲ့ တာပါ။

အောင်လအန်ဆန်းဟာ ONE Championship ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆု ၂ ခုကို ရယူ ထားနိုင်ခဲ့တဲ့သူဖြစ်ပြီး ၂၀၂၀ နဲ့ ၂၀၂၁ မှာ ရိုင်နီယာကို အရေးနိမ့်ပြီး ချန်ပီယံခါးပတ်တွေကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

ယူနိုက်တက်က ဆုဖလားအာမခံချက်မရှိလို့ ထိပ်တန်းကစားသမားတွေ မလာဘူး

By CNI
CNI
Category: အားကစား
Hits: 843

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃

အသင်းဟောင်း ယူနိုက်တက်ဟာ ဆုဖလားတွေရယူနိုင်ဖို့ အာမခံချက် မရှိတာကြောင့် ထိပ်တန်းကစားသမားတွေ အသင်းထံ လာမှာမဟုတ်ဘူးလို့ အဲရစ်ကန်တိုနာက သတိပေးလိုက်ပါတယ်။

အဲရစ်ကန်တိုနာက “ဖာဂူဆန် လက်ထက်တုန်းကဆိုရင် သူသာလိုချင်ရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားလည်း ယူနိုက်တက်ဆီ လာတာပါပဲ။ ဘာလို့လဲဆိုရင် ယူနိုက်တက်က အင်္ဂလန်နဲ့ ဥရောပမှာ အောင်ပွဲတွေ ရယူနေလို့ပါ။ ယူနိုက်တက်က ကမ္ဘာ့အကြီးမားဆုံး အသင်းဖြစ်ပြီး ဘယ်လို ကစားသမားမဆိုဝယ်ဖို့ ငွေလည်းရှိပါတယ်။ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေက အနိုင်ရချင်တဲ့ အသင်းမှာပဲ ကစားချင်တာကြောင့် အခုဆိုရင် ကွာခြားသွားပါ ပြီ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဆုဖလားလက်မဲ့ ရာသီကို ၅ ရာသီလောက် ဖြတ်သန်းခဲ့တဲ့အပြင် ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း ကြိုးစားနေတဲ့ အခြေအနေတွေကြောင့် နာမည်ကျော် ကစားသမားတွေကို မဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ကန်တိုနာကိုတွေ့ရစဉ်

အဲ့ဒါကြောင့် အောင်မြင်မှုတွေနဲ့ ဝေးကွာနေပြီး ဒီရာသီနည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ အသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်စ ပြုနေတာပါ။

အဲရစ်ကန်တိုနာ ယူနိုက်တက်အနေနဲ့ လီဗာပူးလ်ရဲ့ နည်းလမ်းတွေကို ကူးယူပြီး အရည်အချင်းရှိတဲ့ ကစားသမား တွေကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် ပြုစုပျိုးထောင်သင့်တယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်ကန်တိုနာက “ လီဗာပူးလ်လို လိမ္မာပါးနပ်ရပါမယ်။ သူတို့ဟာ မာနေးနဲ့ ဆာလတ်ကို ခေါ်ယူခဲ့တယ်။ ဒါက ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ဟာ ကြီးကျယ်တဲ့အသင်း၊ ကောင်းမွန်တဲ့ အားပေးမှုတွေနဲ့ သူတို့ဟာ အရာရာကို အနိုင်ရယူခဲ့ပါတယ်။ ပြီးတော့ မာနေးနဲ့ ဆာလတ်က ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါက ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ စံနမူနာပါပဲ”လို့ ပြောခဲ့ တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲရနေပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၄၊ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေရဲ့ လမ်းကြောင်းတွေပေါ်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

မက်ဆီရှိရင် ပီအက်စ်ဂျီအတွက် အခွင့်အရေးတွေက အာမခံချက်ရှိတယ်လို့ နည်းပြပြော

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s

ဆောက်သမ်တန်နဲ့ ပွဲကလိုမျိုး မန်ချက်စတာဒါဘီမှာ အခွင့်အရေးရှိမှာမဟုတ်ဘူး

By CNI
CNI
Category: Watch TV
Hits: 584

Share
Tweet
Share
Share
powered by social2s
ကာဗာနီကို ဒိုင်လူကြီး ဆီဘတ်က အဝါကတ်ပြသနေစဉ်

VAR မော်နီတာကြောင့် အရေးယူခဲ့မယ်ဆိုရင် ဒိုင်လူကြီးကို ထောင်ထဲပို့ဖို့ ကာဗာနီပြော

By CNI
CNI
Category: အားကစား
Hits: 812

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂

ဥရုဂွေးတိုက်စစ်မှူး ကာဗာနီက VAR မော်နီတာကို တွန်းထိုးခဲ့လို့ အရေးယူခံရမယ်ဆိုရင် ဒိုင်လူကြီးဖြစ်သူ ဆီဘတ်ကိုလည်း ထောင်ထဲပို့ဖို့ ပြောလိုက်ပါတယ်။

ကာဗာနီက “ကျနော့်ကို VAR တွန်းထိုးခဲ့လို့ အရေးယူရင် ဒိုင်လူကြီးကို သူ့အမှားအတွက် ထောင်ဒဏ် ချမှတ်သင့် ပါတယ်။ VAR ကင်မရာတွေနဲ့ နောက်ကွယ်မှာရှိတဲ့ ဒိုင်လူကြီးတွေ မလုပ်သင့်တဲ့ အမှားတွေ ရှိပါတယ်။ အမှန် အတိုင်း ပြုမူနေထိုင် ရမယ်ဆိုပေမယ့် ကျနော်တို့ဟာ လူသားတွေဖြစ်ပြီး ကွင်းထဲမှာ အကြိမ်ပေါင်းများစွာ ဖြစ်ပျက်နေတာပါ။ ကျနော်တို့ဟာ စိတ်အားထက်သန်ပြီး အလုပ်ကို ကြိုးစားလုပ်နေတဲ့ အချိန်မှာ ဒီလိုမျိုးတော့ ကြုံတွေ့ရမှာပါ။ ဒါကို ရင်ဆိုင်ရတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး”လို့ El Pais ကို ပြောခဲ့ပါတယ်။

ဥရုဂွေးအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုတွင်း ၄ မှတ် ရခဲ့ပေမယ့် တောင်ကိုရီးယားနဲ့ ဂိုးကွာခြား ချက်ကြောင့် အုပ်စုကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဥရုဂွေးနဲ့ ဂါနာတို့ ကစားခဲ့တဲ့ နောက်ဆုံးပွဲအပြီးမှာ ကာဗာနီ အပါအဝင် ဥရုဂွေးကစားသမားတွေဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်ပြီး ဝိုင်းဝန်း စောဒက တက်ခဲ့ကြတာပါ။

 VAR ကို တွန်းထိုးလိုက်တဲ့ ကာဗာနီကိုတွေ့ရစဉ်

ကာဗာနီဆိုရင် ဥမင်ထဲသွားရာ လမ်းမှာရှိတဲ့ VAR မော်နီတာကို တွန်းထိုးပစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဖီဖာက ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်နဲ့ ကစားသမား ၄ ဦးကို အရေးယူဖို့ လုပ်ဆောင်နေပါတယ်။

ဥရုဂွေး ကစားသမားတွေဖြစ်တဲ့ ကာဗာနီ၊ ဂျီမီနတ်ဇ်၊ မူဆလီယာနဲ့ ဂိုဒင်တို့ဟာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖို့နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကာဗာနီက သူ့ကို အရေးယူရင် ဒိုင်လူကြီးကိုပါ ထောင်ထဲပို့ဖို့ ပြောလာခဲ့တာပါ။

ကာဗာနီဟာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမယ်ဆိုရင် ကလပ်အသင်း ပွဲစဉ်တွေကိုပါ ထိခိုက်လာနိုင်တယ်လို့ သတင်း မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အသက် ၃၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကာဗာနီဟာ လက်ရှိအချိန်မှာ စပိန်ကလပ် ဗလင်စီယာအသင်းမှာ ကစားနေတာဖြစ်ပြီး ၉ ပွဲ ပါဝင်ထားတာမှာ ၅ ဂိုး သွင်းယူထားပါတယ်။

ကာဗာနီဟာ ဥရုဂွေးလက်ရွေးစင်အသင်း အတွက်တော့ ၁၃၆ ပွဲ ပါဝင်ကစားထားပြီး ၅၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
တင်းနစ်မယ်ဟောင်း အိုဆာကာကိုတွေ့ရစဉ်

ကိုယ်ဝန်ရှိနေပြီလို့ ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ်ဟောင်း အိုဆာကာ ကြေညာ

By CNI
CNI
Category: အားကစား
Hits: 1175

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂

ဂရမ်းဆလမ်း ချန်ပီယံဆုကို ၄ ကြိမ် ရရှိထားတဲ့ ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ်ဟောင်း ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာက သူမမှာ ကိုယ်ဝန်ရှိနေ ပြီလို့ ကြေညာခဲ့ပါတယ်။

အိုဆာကာက “၂၀၂၃ ဟာ ကျမအတွက် သင်ခန်းစာတွေ အပြည့်ရမယ့် နှစ်ပါပဲ။ အနာဂတ်မှာ စောင့်မျှော်ရမယ့် အရာတွေ အများကြီးရှိတယ် ဆိုတာကို သိပါတယ်။ ကျမ မျှော်လင့်နေတဲ့ အရာတစ်ခုကတော့ ကျမရဲ့ ကလေးက ကျမရဲ့ ပွဲတစ်ပွဲကိုကြည့်ပြီး ဒါဟာ ငါ့ရဲ့အမေဆိုပြီး တစ်စုံတစ်ယောက်ကို ပြောဖို့ပါ”လို့ ဆိုရှယ်မီဒီယာမှာ အာလ်ထရာဆောင်း ရိုက်ထားတဲ့ ပုံနဲ့အတူ ရေးသားခဲ့တာပါ။

စက်တင်ဘာလ ကတည်းက ပွဲတွေ မကစားခဲ့တဲ့ အိုဆာကာဟာ အခု ရက်သတ္တပတ် အစောပိုင်းကမှ သြစတြေးလျ အိုးပန်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

အိုဆာကာဟာ ရရှိထားတဲ့ ဂရမ်းဆလမ်း ၄ ခုထဲက နောက်ဆုံး ၁ ခုကို ၂၀၂၁ ခုနှစ်က ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ရရှိခဲ့တာပါ။

တင်းနစ်မယ်ဟောင်း အိုဆာကာကိုတွေ့ရစဉ်

ဒီဆုဖလား ရပြီးနောက် ဂျပန်တင်းနစ်မယ်ဟာ သူရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ မတ်လမှာတော့ အိုဆာကာဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ်ရှိ အိုဆာကာဟာ စိတ်ကျရောဂါကို အကြာကြီး တွေ့ကြုံခံစားခဲ့ရတယ်လို့ ပြောခဲ့ပြီးနောက် တင်းနစ်လောကကနေ ၅ လကြာ အနားယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ နောက်ပိုင်းမှာ သူမဟာ ပြိုင်ပွဲတွေ ပြန်ကစားခဲ့ပေမယ့် ရလဒ်ကောင်းတွေ မရတော့ဘဲ ကမ္ဘာ့အဆင့် ရပ်တည် မှု ၄၇ အထိ ကျဆင်းသွားခဲ့တာပါ။

အိုဆာကာက “လွန်ခဲ့တဲ့ နှစ်အနည်းငယ် အနည်းဆုံး ပြောပြဖို့ စိတ်ဝင်စားစရာ ကောင်းခဲ့တဲ့ အရာတွေတော့ ရှိပါတယ်။ ဒါဟာ ဘဝရဲ့ အခက်အခဲဆုံး အချိန်တွေလို့ ကျမထင်ခဲ့ပေမယ့် အပျော်ရွှင်ဆုံးလည်း ဖြစ်နိုင်ခဲ့ပါတယ်။ အားကစားနဲ့ ဝေးကွာနေတဲ့ အချိန်မှာ အချစ်အသစ်တွေ ပေးခဲ့သလို၊ ကျမဘဝအတွက် ရှိခဲ့တဲ့ အားကစား အတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာတော့ မျှော်လင့်စရာ အရာတွေ အများကြီး ရှိတော့မှာပါ”လို့ ပြောခဲ့ပါတယ်။

အိုဆာကာဟာ ၂၀၂၄ မှာတော့ တင်းနစ်လောကထဲ ပြန်လည် ဝင်ရောက်နိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုနဲ့ စာချုပ်မှာ ကမ္ဘာ့ဖလားအကြောင်း မပါဝင်ဘူးလို့ အယ်လ်နာဆာ ငြင်း

By CNI
CNI
Category: Watch TV
Hits: 616

Share
Tweet
Share
Share
powered by social2s
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20

Page 16 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar