CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃

ပေါ်တူဂီက စည်းမျဉ်းအသစ်ကို မိတ်ဆက်ပြီးနောက် စပို့တင်းလစ္စဘွန်းနဲ့ ဘင်ဖီကာတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးဖြစ်သူက အဖြူရောင်ကတ်ကို ပြသသွားခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးပရိသတ်တွေဟာ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို အပြစ်ပေး အရေးယူတာမှာ အဝါကတ်နဲ့ အနီကတ်ပြသတာကို မြင်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ပေါ်တူဂီပရိသတ်တွေကတော့ စပို့တင်းလစ္စဘွန်းနဲ့ ဘင်ဖီကာအသင်းတို့ရဲ့ အမျိုးသမီးဖလား ပွဲစဉ်မှာ ကတ်အသစ် ပြသတာကို မြင်တွေ့ခဲ့ရတာပါ။ ဘင်ဖီကာအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာ အရန်ခုံတန်းပေါ်မှာရှိ တဲ့ တစ်စုံတစ်ဦးဟာ နေမကောင်း ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ၂ သင်းစလုံးရဲ့ ဆေးအဖွဲ့ဝင်တွေဟာ အဆိုပါ လူကို အမြန်ဆုံး အကူအညီပေးဖို့ ရောက်ရှိသွားခဲ့တာပါ။

ဒီလို လုပ်ဆောင်ခဲ့တဲ့ ဆေးအဖွဲ့ဝင်တွေကို ကွင်းလယ်ဒိုင်လူကြီးက အဖြူရောင်ကတ် ထုတ်ပြသွားခဲ့တာ ဖြစ်ပါ တယ်။ ပရိသတ်တွေကလည်း ဒီအဖြစ်အပျက်ကို မြင်တွေ့ပြီးနောက် လက်ခုပ်တီးပြီး တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ကြ တာပါ။

အမျိုးသမီးအသင်းကိုတွေ့ရစဉ်

အဖြူရောင်ကတ်ဟာ ပေါ်တူဂီမှာ စတင်လုပ်ဆောင်နေတဲ့ စည်းမျဉ်းအသစ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

အဝါကတ်နဲ့ အနီကတ်ဟာ အပြစ်ပေးတာမှာ အသုံးပြုပေမယ့် အဖြူရောင်ကတ်ကတော့ မျှတတဲ့ ကစားပွဲအတွက် အသင်းတွေကို အသိအမှတ်ပြု ချီးကျူးတဲ့ အနေနဲ့ အသုံးပြုတာပါ။

ဒီစိတ်ကူးဟာ အားကစားမှာ ကျင့်ဝတ် တန်ဖိုးထားတဲ့ သူတွေကို အားပေးဖို့ စတင်ခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။

အဖြူရောင်ကတ်ကို ကျယ်ပြန့်စွာ အသုံးမပြုသေးပေမယ့် ဒါဟာ ဘောလုံးလောကရဲ့ နောက်ဆုံးထွက်ရှိတဲ့ စည်းမျဉ်းအသစ်အဖြစ် ရှိလာခဲ့တာ ဖြစ်ပါတယ်။

Source:The Sun