CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀

အာဆီယံချန်ပီယံရှစ် အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာလ ၂၁ ရက်က မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ ကစားခဲ့တာမှာ မလေးရှားအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်းမှာ ၂ သင်းစလုံးဟာ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု ကြီးကြီးမားမား မလုပ်နိုင်တာကြောင့် ဂိုးမရှိသရေနဲ့ ပြီးဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဂိုးရဖို့ ဖွင့်ကစားခဲ့တာကြောင့် ပွဲကအကြိတ်အနယ် ရှိလာခဲ့ပြီး မလေးရှားအသင်းက ပွဲချိန် ၅၂ မိနစ်မှာ ဟာလင်မ်က ဦးဆောင်ဂိုး စတင်သွင်းယူခဲ့တာပါ။

အဲ့ဒီနောက်ပိုင်းမှာ မြန်မာအသင်းဟာ ချေပဂိုးရဖို့ ဆက်တိုက်ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မလေးရှားဂိုးသမားနဲ့ နောက်ခံလူတွေ ဖျက်ထုတ်ကာကွယ်နေလို့ ဂိုးရဖို့ ခက်ခဲနေခဲ့တာပါ။မြန်မာအသင်းဟာ အဝေးကန်ချက်တွေနဲ့သာ မလေးရှားဘက်ကို ခြိမ်းခြောက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန်မိနစ် ၉၀ မှာ မြန်မာအသင်း ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပါတယ်။

ဒီပင်နယ်တီကို ဝင်းနိုင်ထွန်း ကန်သွင်းခဲ့ပေမယ့် မလေးရှားဂိုးသမား ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပွဲအပြီးမှာ မလေးရှားအသင်းက မြန်မာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။