CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

အခုနှစ် အကုန်ပိုင်းမှာ ကျင်းပမယ့် အမေရိကန်အိုးပန်း တင်းနစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ယှဉ်ပြိုင် ခွင့် ပြုသွားမယ်လို့ အမေရိကန် တင်းနစ်အဖွဲ့က ပြောလိုက်ပါတယ်။

ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲကတော့ အဆိုပါနှစ်နိုင်ငံက ကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပေမယ့် အမေရိကန် အိုးပန်း ကတော့ ဒါကိုဆန့်ကျင်ပြီး ယှဉ်ပြိုင်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေဟာ ရာသီကုန်နောက်ဆုံး ဂရမ်းဆလမ်းပြိုင်ပွဲမှာ ကြားနေ အလံအောက်ကနေသာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အမျိုးသားကမ္ဘာ့နံပတ်တစ် ကစားသမားဖြစ်တဲ့ မက်ဗီဒက်ဗ်ဟာ နယူးယော့ခ်မှာ ချန်ပီယံဆုကို ကာကွယ်နိုင် တော့မှာပါ။

အမေရိကန် တင်းနစ်အသင်းက “ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားရဲ့လုပ်ရပ်ကို ဆက်လက် ရှုတ်ချနေမှာပါ။ ဒါပေမယ့် ၂၀၂၂ အမေရိကန်အိုးပန်း ပြိုင်ပွဲမှာတော့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံက အားကစားသမားတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြု မှာပါ။ ကြားနေ အလံအောက်ကနေသာ ယှဉ်ပြိုင်ခွင့်ပြုမယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အိုးပန်းပြိုင်ပွဲ

ရုရှားနဲ့ ဘယ်လာရုစ် တို့ကို နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်နဲ့ ကမ္ဘာ့တစ်ဝှမ်းရှိ အားကစားပြိုင်ပွဲ အများအပြားက ပိတ်ပင်ထား တာပါ။

ဝင်ဘယ်လ်ဒန်ပြိုင်ပွဲရဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ကတည်းက အဆိုပါနှစ်နိုင်ငံက ကစားသမားတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲတင် မဟုတ်ဘဲ နိုင်ငံအတွင်း ကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲတွေ အားလုံးကနေ ပိတ်ပင်ခဲ့တာပါ။

အမျိုးသားနဲ့ အမျိုးသမီး ပရော်ဖက်ရှင်နယ် တင်းနစ် အဖွဲ့အစည်းတွေကတော့ ဒါဟာ မျှတမှုမရှိတဲ့ လုပ်ရပ်လို့ ပြောထား ပါတယ်။

အခုနှစ် တင်းနစ်ပြိုင်ပွဲရဲ့ တတိယမြောက် ဂရမ်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲကို ဇွန်လ ၂၇ ရက်မှာ စတင် ကျင်းပတော့မှာပါ။

ဒီပြိုင်ပွဲကို နာမည်ကြီး တင်းနစ် ကစားသမားတွေ အားလုံးနီးပါး ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲရဲ့ အမျိုးသားပြိုင်ပွဲမှာ ဂျိုကိုဗစ်နဲ့ အမျိုးသမီးပြိုင်ပွဲမှာ အက်ရှ်လေဘာတီ တို့ ချန်ပီယံ ဖြစ်ခဲ့ကြပါတယ်။

Source: BBC