CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃

နော်ဝေအသင်းက ဆွီဒင်အသင်းကို အနိုင်ရခဲ့တဲ့နေးရှင်းလိဂ်ပွဲစဉ်မှာ ဟာလန်းဟာ ခြေစွမ်းပြပြီးသွင်းဂိုးတွေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နော်ဝေအသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ဒီပွဲမှာ ဟာလန်းက ၂ ဂိုးသွင်းယူခဲ့တာပါ။မန်စီးတီးတိုက်စစ်မှူးသစ်ဟာ ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့အပြင် အသင်းဖော် ဆိုလော့သွင်းတဲ့ဂိုးကိုလည်း ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာလန်း ဟာ နော်ဝေအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၁၃ ဂိုးအထိသွင်းယူထားတာပါ။ အဲဒါကြောင့် ဟာလန်းဟာ နော်ဝေအသင်းအတွက် ၂၁ ပွဲကစားထားအပြီးမှာ ဂိုး ၂၀ အထိသွင်းယူထားတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိကစားသမားအနေနဲ့ နောက်ထပ် ၁၄ ဂိုးသွင်းတာနဲ့ နော်ဝေအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်မှာလည်း ဖြစ်ပါတယ်။လက်ရှိနော်ဝေအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစား သမားကတော့ ဂျော်ဂျန်ဂျုဗီဖြစ်ပြီး ၃၃ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ဟာလန်းအနေနဲ့ လက်ရှိ ဂိုးသွင်းနှုန်းကို ဆက်ထိန်းထားမယ်ဆိုရင် ဒီစံချိန်ကို သေချာပေါက်တင်နိုင်မှာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

ဟာလန်းက “ရိုးရိုးသားသားပြောရရင် ပြောစရာစကားမရှိပါဘူး။နွေရာသီရဲ့ နောက်ဆုံးပွဲမှာ ဆွီဒင်ကို အနိုင်ရ ခဲ့တာက အလွန်ကောင်းပါတယ်။အခုတော့ အေးအေးဆေးဆေး အနားယူဖို့အချိန်ကျပြီ”လို့ ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းဟာ နွေရာသီအနားယူပြီးတာနဲ့ အသင်းသစ်ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ပူးပေါင်းရတော့မှာပါ။ ဒီဘရိုင်း ကတော့ ဟာလန်းအနေနဲ့ မန်စီးတီးအသင်းအတွက် အနည်းဆုံး ၂၅ ဂိုးသွင်းပြီး သက်သေပြရမယ်လို့ ပြောထား ခဲ့တာဖြစ်ပါတယ်။ဒီဘရိုင်းက “လူတိုင်းက အများကြီးမျှော်လင့်ထားပါတယ်။ သူတို့က နံပတ် ၉ နေရာမှာကစားတဲ့ တိုက်စစ်မှူးကို အမြဲတမ်းရှာဖွေနေကြပါတယ်။တစ်ရာသီ ၂၀ ကနေ ၂၅ ဂိုးအထိ သွင်းနိုင်တဲ့ တိုက်စစ်မှူးမျိုး အသင်းမှာရှိတာ ပိုကောင်းပါတယ်”လို့ ပြောခဲ့တာပါ။

ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ကစားခဲ့တဲ့ ၂ ရာသီခွဲအတွင်းမှာ ပြိုင်ပွဲစုံ ၈၉ ပွဲပါဝင်ကစားပြီး ၈၆ ဂိုး သွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:The Sun