CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁

လမ်ပန်ဝါရီယာ အသင်းဟာ ထိုင်းလိဂ်(၂) နောက်ဆုံးပွဲစဉ်အဖြစ် ကဆတ်ဆာဒ့် အသင်းနဲ့ ကစားခဲ့ရာ ၃ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရ ပြီး အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လမ်ပန်ဝါရီယာ အသင်းဟာ ဒီပွဲမတိုင်ခင်ကတည်းက ထိုင်းလိဂ်(၁)ကို တန်းတက်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးပွဲမှာ အနိုင် ကစားကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ မောင်မောင်လွင် ကတော့  ပြည်ပထွက် ကစားတဲ့ ပထမဆုံး ရာသီမှာပဲ အမှတ် ပေး ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းလိဂ်(၂) ချန်ပီယံဆုရ လမ်ပန်ဝါရီယာအသင်း(Lamphun Warriors)

မောင်မောင်လွင်ဟာ ထိုင်းလိဂ်(၂)ကနေ အမှတ်ပေး ချန်ပီယံဆုကို ရယူပြီး ထိုင်းလိဂ်(၁)ကို တက်နိုင်ခဲ့တဲ့ ပထမဆုံး မြန်မာ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ လမ်ပန်ဝါရီယာအသင်း ချန်ပီယံဖြစ်တာမှာ အဓိက ခြေစွမ်းပြသနိုင်ခဲ့တဲ့ မောင်မောင် လွင်ဟာ အသင်းအတွက် ၄ ဂိုးသွင်းပြီး ၇ ဂိုး ဖန်တီးနိုင်ခဲ့တာပါ။

လမ်ပန်ဝါရီယာ အသင်းဟာ ပြီးခဲ့တဲ့ နှစ်ကမှ ထိုင်းလိဂ်(၃)ကနေ ထိုင်းလိဂ်(၂)ကို တန်းတက်နိုင်ခဲ့တာဖြစ်ပြီး တစ်ရာသီ အကြာမှာပဲ ထိုင်းလိဂ်(၁)ကို တန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းလိဂ်(၂) ချန်ပီယံဆုရ လမ်ပန်ဝါရီယာအသင်း(Lamphun Warriors)

အခုနှစ်ရာသီ ထိုင်းလိဂ်(၁) ပြိုင်ပွဲမှာ အောင်သူ ပါဝင်တဲ့ ဘူရီယမ်အသင်းက ချန်ပီယံဆု ရယူနိုင်ခဲ့တာကြောင့် မြန်မာ ကစားသမားတွေဟာ ထိုင်းလိဂ်တွေမှာ အောင်မြင်မှု မှတ်တမ်းတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။