CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁

ယူကရိန်းတင်းနစ်မယ် မာတာကာစကျု့ဟာ ရုရှားရဲ့ ကျူးကျော်မှုတွေကြောင့် အခုအချိန်မှာ သူမဘဝအတွက် ရည်စူးထားတဲ့ အားကစားကိုတောင် အာရုံစိုက်ဖို့ ခက်ခဲနေတယ်လို့ ပြောလိုက်ပါတယ်။

ကိယက်ဗ်မှာ မွေးဖွားခဲ့တဲ့ ၁၉ နှစ်အရွယ်ရှိ မာတာကာစကျု့ဟာ ဒီလိုဖြစ်ရပ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေနဲ့ နာကျင်မှုတွေ ရှိနေတာပါ။

“အခုအချိန်မှာ မဖော်ပြနိုင်လောက်တဲ့ အရာတစ်ခုကို ပြောပြချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တင်းနစ်ကစားသမားတစ်ဦးရဲ့ မိဘက သေဆုံးသွားလို့ပါ။ တင်းနစ်ကစားသမားတစ်ဦးရဲ့ အိမ်ကလည်း လုံးဝကို ပျက်ဆီးသွားပြီလို့” မာတာကာစကျု့က CNN Sport ကို ပြောခဲ့တာ ဖြစ်ပါတယ်။
သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်ခဲ့တာပါ။

မာတာကာစကျု့က “ပထမပတ် ဒါမှမဟုတ် နှစ်ပတ်လောက် က အလွန်ခက်ခဲခဲ့ပါတယ်။ ကျမကိုယ် ကျမ အနည်းငယ် လမ်းပြဖို့ ကြိုးစားနေပါတယ်။ ကျမရောက်တဲ့ နေရာကို ကြည့်ဖို့ လည်း ကြိုးစားနေပါတယ်။ ကိုယ့်ကိုယ်ကို ခံစားပြီး အဖြေရှာ ဖို့လည်း ကြိုးစားနေပါတယ်။ ယူကရိန်းတင်းနစ်မယ်ဟာ သူမရဲ့ ခံစားချက်တွေကို စီမံခန့်ခွဲဖို့ ကြိုးစားခြင်းရဲ့ အရေးကြီးပုံကို သိတာကြောင့် စိတ်ပညာရှင်တစ်ဦးနဲ့ အလုပ်လုပ်နေတယ်”လို့လည်း ပြောခဲ့တာပါ။

မာတာကာစကျု့ကိုတွေ့ရစဉ်(Sports)

“လွန်ခဲ့တဲ့ ရက်သတ္တပတ် (၂)ပတ်လောက်က စတင်ခဲ့တာပါ။ ဒါက ကျမကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ရောက်လာတဲ့ အတွေးတွေက ကြောက်စရာကောင်းတဲ့ အတိုင်းအတာအထိကို ရောက်ရှိသွားခဲ့ပါ တယ်။ ကျမ ဘာအတွက် အသက်ရှင်နေတာလဲဆိုတာတွေပါ ဖြစ်လာတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ရည်ရွယ်ချက်က ယူကရိန်းစစ်ပွဲအကြောင်းကို လူတွေကို ပညာပေးဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း ထပ်မံ ပြောခဲ့ ပါတယ်။
မာတာကာစကျု့က “လူတိုင်းကတော့ ဒီလိုလုပ်နေကြတာပါပဲ။ ဒါပေမယ့် ကျမရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ဒီအချိန် မှာ ထိခိုက်နစ်နာတဲ့ သူတစ်ဦးလို ခံစားနေဖို့ မဟုတ်ပါဘူး။ ထိခိုက်နစ်နာတဲ့ သူမဟုတ်ဘူးဆိုတဲ့ အတွေးအခေါ်ကို ပြောင်း လိုက်တာနဲ့ ဒါက ကျမအတွက် အလှည့်အပြောင်းပါပဲ။ ကျမဟာ တင်းနစ် ကစားသမား ဖြစ်နေတုန်းပါပဲ။ ပြိုင်ပွဲတွေ ယှဉ်ပြိုင် ချင်ပြီး ဒဏ်ရာတွေမလိုချင်ပါဘူး။ဒီအချိန်မှာတော့ တင်းနစ်မကစားနိုင်သလို ဘာမှလည်းလုပ်လို့မရပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မာတာကာစကျု့ဟာ လက်ရှိ အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့် ၅၅ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး နှစ်ယောက်တွဲမှာ တော့ ကမ္ဘာ့အဆင့် ၇၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Edition