CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၂

ချယ်လ်ဆီး အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အောင်ပွဲခံခဲ့တဲ့အပေါ် အသင်းဟောင်းအနေနဲ့ သူ့ကို နားလည်ပေးဖို့ မျှော်လင့်ကြောင်း အဲဗာတန် အသင်းနည်းပြ လမ်းပတ် က ပြောလိုက်ပါတယ်။

အဲဗာတန် အသင်းဟာ တန်းဆင်းဇုန်က လွတ်ဖို့ အရေးပါတဲ့ပွဲမှာ ချယ်လ်ဆီး အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့တာပါ။ချယ်လ်ဆီး အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာ ရဲ့ အမှားကနေ ရစ်ချာလီဆန် က အဲဗာတန် အသင်းအတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲဗာတန် အသင်းဟာ ပရီးမီးယားလိဂ် အမှတ် ပေးဇယား အဆင့် (၁၈)နေရာမှာ ရပ်တည်နေပေမယ့် ဒီနိုင်ပွဲကြောင့် တန်းဆင်းဇုန် အထက်က အသင်းတွေဖြစ်တဲ့ လိဒ်စ်၊ဘန်လေ တို့နဲ့ (၂)မှတ်သာကွာဟတော့တာပါ။

လမ်းပတ် ဟာ ချယ်လ်ဆီး အသင်းမှာ (၁၃)ရာသီကြာ ကစားပြီး စံချိန်တင်(၂၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို နည်းပြအဖြစ်လည်း ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အင်္ဂလန်ကစားသမားဟောင်းဟာ ပွဲအပြီးမှာ သူ့ရဲ့ အောင်ပွဲခံမှုကို မရပ်တန့်နိုင်ခဲ့တာပါ။

သူနဲ့ အသင်းဟောင်းတို့ရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး မေးခဲ့တာမှာ လမ်းပတ် က “ချယ်လီးအသင်းနဲ့ ပရိသတ် တွေကို ကျနော်အလွန်လေးစားပါတယ်။ဒါကြောင့်လည်း ဒီနိုင်ပွဲအတွက် စိတ်လှုပ်ရှားနေတယ်ဆိုတာကို နားလည် ပေးဖို့ မျှော်လင့်ပါတယ်။ဒီနေ့မှာ ကျနော်တို့က သူတို့ထက် ပိုပြီးလိုအပ်ပါတယ်။ ကျနော်ရိုးသားရပါမယ်။ ကျနော့် အတွက်တော့ ဒီနေ့ဟာ အဲဗာတန်အကြောင်းပါပဲ။ဒီ(၃)မှတ်က ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့ပါတယ်။

လမ်းပတ်ဟာ ဂွတ်ဒီဆင်ပါ့ခ် မှာ အဲဗာတန် အသင်းကို ကိုင်တွယ်ခဲ့တဲ့ (၉)ပွဲမှာ (၆)ပွဲအနိုင်ရထားတာကြောင့် ဒီ ပုံစံကို ဆက်ထိန်းဖို့နဲ့ တန်းဆင်းဇုန်က လွတ်မြောက်ဖို့အတွက် အိမ်ကွင်းပရိသတ်တွေရဲ့ ပံ့ပိုးမှုက အရေးကြီး တယ်လို့ ယုံကြည်နေတာပါ။

လမ်းပတ်က “ပရိသတ်တွေက ဘယ်လိုအဓိပ္ပါယ်ရှိလဲဆိုတာကို ကစားသမားတွေက မြင်ခွင့်ရတဲ့အတွက် ကျေနပ် မိပါတယ်။ပရိသတ်တွေက ကျနော်တို့နောက်ကိုလိုက်လာပြီး ဒီနေရာက လာရခက်တဲ့နေရာဖြစ်နေရပါမယ်။ ကျနော်မရောက်လာခင်ကတည်းက ဒီနေရာဟာ ရလဒ်တွေကောင်းခဲ့ပြီး ဒါကို ဆက်ထိန်းရပါမယ်။ကျနော်တို့ဟာ အမှတ်တွေအတွက် တိုက်ပွဲဝင်ရပါမယ်။ကျနော်တို့ဟာ တန်းဆင်းဇုန်ထဲမှာ ရှိနေတာကြောင့် ပွဲတိုင်းကို တူညီတဲ့ စိတ်ဓါတ်နဲ့သွားရပါမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

Source:Goal