- By CNI
- Category: Watch TV
- Hits: 654
- By CNI
- Category: Watch TV
- Hits: 839
- By CNI
- Category: Watch TV
- Hits: 742
- By CNI
- Category: Watch TV
- Hits: 733
- By CNI
- Category: Watch TV
- Hits: 694
- By CNI
- Category: Watch TV
- Hits: 767
- By CNI News
- Category: အားကစား
- Hits: 1331
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉
လီဗာပူးလ် ပရိသတ်တွေဟာ မနက်ဖြန်မနက်ပိုင်း အန်ဖီးလ်မှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရော်နယ်ဒိုကို အားပေးမှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားကြပါတယ်။
ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ဟာ သူတို့ရဲ့ အမြွှာကလေး ၂ ဦးထဲက သားဖြစ်သူကို ဆုံးရှုံးခဲ့ရလို့ ဝမ်းနည်း ကြေကွဲနေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လီဗာပူးလ် ပရိသတ်တွေဟာ ရော်နယ်ဒိုအတွက် ပွဲချိန် ၇ မိနစ်မှာ ၁ မိနစ်ကြာ လက်ခုပ်တီး အားပေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။
လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ ခါးသီးတဲ့ ပြိုင်ဘက်တွေ ဖြစ်ပေမယ့် လီဗာပူးလ် ပရိသတ်တွေရဲ့ လုပ်ရပ်ကတော့ လေးစားဖွယ်ရာ အဖြစ်ရှိနေတာလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းကလည်း ရော်နယ်ဒိုဟာ လီဗာပူးလ်နဲ့ ကစားမယ့်ပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ အတည်ပြု ထုတ်ပြန်ထားပါတယ်။
Source: SPORTbible
- By CNI News
- Category: အားကစား
- Hits: 1437
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇
ရော်နယ်ဒိုဟာ နော်ဝစ်ခ်ျ အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဟတ်ထရစ်ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ်။
ဒီပွဲအပြီးမှာတော့ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိလာတုန်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ အချက် အလက်အရ အပိုဆု ကြေး ပေါင်(၈)သိန်းခွဲ ရရှိသွားတာပါ။ ရော်နယ်ဒိုဟာ နော်ဝစ်ခ်ျနဲ့ပွဲက ဟတ်ထရစ်ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် တစ်ရာသီသွင်းဂိုး ၂၁ ဂိုးအထိ ရှိလာခဲ့ပါတယ်။
စာချုပ်အရ ရော်နယ်ဒိုဟာ တစ်ရာသီအတွင်း သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်မယ်ဆိုရင် အပိုဆုကြေး ပေါင် ၇ သိန်းခွဲ ရရှိမှာပါ။ ဒီသွင်းဂိုး ပမာဏကို ကျော်လွန်းပြီး သွင်းတဲ့သွင်းဂိုးတိုင်းကို ပေါင် ၁ သိန်း ရရှိမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ပေါင် ၈ သိန်းခွဲအထိ ရရှိခဲ့တာပါ။
ရော်နယ်ဒို ဂိုးသွင်းပြီး အောင်ပွဲခံနေစဉ်(Twitter)
ရော်နယ်ဒို အနေနဲ့ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့မယ်ဆိုရင် အပိုဆုကြေး ပေါင် ၁ သန်း ထပ်မံရရှိမှာဖြစ်ပြီး ရရှိဖို့လည်း သေချာနေတာ ဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ နောက်ထပ် ၉ ဂိုး သွင်း ယူပြီး တစ်ရာသီသွင်းဂိုး ၃၀ ပြည့်ခဲ့မယ်ဆိုရင် အပိုဆုကြေး စုစုပေါင်း ပေါင် ၂.၇၅ သန်းကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ဟတ်ထရစ်ဂိုး ရယူနိုင်ခဲ့တာဖြစ်ပြီး ကစားသမားဘဝ အကြိမ်(၆၀)မြောက် ဟတ်ထရစ်လည်း ဖြစ်ပါတယ်။
Source: Metro
- By CNI News
- Category: အားကစား
- Hits: 1290
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၆
မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ တက်စ်လာ စီအီးအို အီလွန်မတ်စ်ကို ဂလေဇာမိသားစု ဆီကနေ အသင်းကို ဝယ်ယူဖို့ တောင်းဆိုမှု ပြုလုပ်လိုက်ပါတယ်။
အီလွန်မတ်စ်ဟာ တွစ်တာကို ဝယ်ယူဖို့ ပြင်ဆင်နေသူ ဖြစ်တာကြောင့် တွစ်တာ ကို ဝယ်မယ့်အစား ယူနိုက်တက်ကိုသာ ဝယ်ဖို့ အသင်းပရိသတ်တွေက တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။
အီလွန်မတ်စ်ဟာ ဆိုရှယ်မီဒီယာရဲ့ နာမည်ကြီး ပလက်ဖောင်းတစ်ခုဖြစ်တဲ့ တွစ်တာကို လွှဲပြောင်းရယူဖို့ ဒေါ်လာ ၄၃ ဘီလီယံ နဲ့ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ခဲ့တာပါ။ အီလွန်မတ်စ်ဟာ တွစ်တာမှာ ရှယ်ယာ ၉.၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထား သူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ အသင်းပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုအပေါ် စိတ်ပျက်နေတာကြောင့် အီလွန်မတ်စ်ကို တွစ်တာထက် ယူနိုက်တက်ကို ဝယ်ဖို့သာ အာရုံစိုက် စေချင်နေကြတာ ဖြစ်ပါတယ်။
ယူနိုက်တက် ပရိသတ်တစ်ဦးက "အီလွန်မတ်စ် အနေနဲ့ ယူနိုက်တက်ကို ဝယ်ယူလိုက်ပါ။ ပြီးရင် ကမ္ဘာပေါ်မှာရှိတဲ့ အကောင်း ဆုံး လူငယ်ကစားသမားတွေကို ဝယ်ယူဖို့ ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြုပ်နှံလိုက်ပါ။ ကျနော်တို့ကို ယုံလိုက်ပါ သိပ်မကြာခင်မှာ ခင်ဗျားငွေတွေ ပြန်ရပြီး တွစ်တာမှာ ဆူညံနေပါလိမ့်မယ်။ တွစ်တာကို မဝယ်ပါနဲ့"လို့ ရေးသားခဲ့ပါတယ်။
နောက်တစ်ဦးက "အီလွန်မတ်စ် အနေနဲ့ ဘောလုံးအသင်း တစ်သင်းကို မပိုင်ဆိုင်ချင်ဘူးလား၊ မန်ချက်စတာယူနိုက်တက် ရှိတယ်"လို့ ရေးသားခဲ့သလို တခြားပရိသတ်တွေကလည်း ယူနိုက်တက်ကို ဝယ်ယူဖို့ အီလွန်မတ်စ်ကို ဆိုရှယ်မီဒီယာပေါ်မှာ စာရေးသားပြီး တောင်းဆိုခဲ့ကြတာပါ။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဖလားလက်မဲ့ရာသီ တစ်ရာသီပြီး တစ်ရာသီ ဖြတ်သန်းနေရသလို ဂလေဇာ မိသားစုရဲ့ အသင်းအပေါ် ရင်းနှီးမြုပ်နှံမှုတွေကို ပရိသတ်တွေက စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။
Source: SPORTbible
- By CNI News
- Category: အားကစား
- Hits: 1382
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၄
အသလက်တီကို အသင်းနဲ့ မန်စီးတီး အသင်းတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ အသလက်တီကို ကစားသမားတွေဟာ ကွင်းထဲမှာတင်မဟုတ်ဘဲ ဥမင်လှိုဏ်ခေါင်းထဲထိပါ မန်စီးတီး ကစားသမားတွေကို ရန်ရှာခဲ့ကြပါတယ်။
ဒီပွဲမှာတော့ နှစ်ဖက် ဂိုးမရှိ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၁ ဂိုး-ဂိုး မရှိနဲ့ မန်စီးတီးအသင်း အကြိုဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။ ဒီပွဲစဉ်ရဲ့ ပွဲပြီးဆုံးခါနီးမှာ အသလက်တီကို နောက်ခံလူ ဖိလစ်ပီက မန်စီးတီး ကစားသမား ဖိုဒန်ကို ဖျက် ထုတ်ခဲ့တာကနေ ပြဿနာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဖျက်ထုတ်ခဲ့တဲ့ ဖိလစ်ပီလည်း နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
ဒီအချိန်မှာ ဆာဗစ်က ဖိုဒန်ကို ဆွဲထူခဲ့တာမှာ နှစ်ဖက် ကစားသမားတွေ ဝိုင်းအုံလာကြပြီးနောက် ရန်ပွဲဖြစ်ခဲ့ပါတယ်။ ဆာဗစ် က စတာလင်ရဲ့ခေါင်းကို တိုက်ခဲ့သလို ဂရီလစ်ရှ်ရဲ့ ဆံပင်ကိုပါ ဆွဲခဲ့တာပါ။ ကွင်းလယ်ဒိုင်လူကြီးကတော့ အသလက်တီကိုနဲ့ မန်စီးတီး ကစားသမားတချို့ကို အဝါကတ်ပြပြီး ပွဲကို ထိန်းချုပ်ခဲ့ပါတယ်။
အသလက်တီကိုနဲ့မန်စီးတီးပွဲ အချင်းများနေစဉ်(SPORTBIBLE)
ဒီရန်ပွဲဟာ ကွင်းထဲမှာတင် မကဘဲ ပွဲအပြီး ဥမင်လှိုဏ်ခေါင်းထဲ ဝင်တဲ့လမ်းတလျှောက်မှာပါ ထပ်ပြီး ဖြစ်ပွားခဲ့တာပါ။ ဆာဗစ် ဟာ ဂရီလစ်ရှ်ကို ထပ်ပြီး စိန်ခေါ်ခဲ့သလို ဗာဆယ်ကိုကလည်း လာပေါ်တေးကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ပြီး မန်စီးတီး တစ်သင်းလုံးကို စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
ဗာဆယ်ကိုဟာ တံတွေးနဲ့ပါ ထွေးခဲ့တာတွေ လုပ်ခဲ့ပြီး သူ့ကို မနည်းထိန်းချုပ်ခဲ့ရပုံတွေကို ရုပ်သံ မှတ်တမ်းတွေအရ တွေ့ရှိ ခဲ့ရပါတယ်။
စပိန်ရဲတပ်ဖွဲ့တွေက ဥမင်လှိုဏ်ခေါင်းထဲကို ရောက်ရှိလာခဲ့ပြီး ကစားသမားတွေကို လူစုခွဲကာ ရန်ပွဲကို ထိန်းပေးခဲ့ရတာ ဖြစ် ပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် အသလက်တီကို အသင်းဟာ ယူအီးအက်ဖ်အေရဲ့ အရေးယူမှုကို ခံရဖွယ် ရှိနေတာ ဖြစ်ပါ တယ်။
Source: Sportbible
- By CNI News
- Category: အားကစား
- Hits: 990
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃
မလေးရှားစူပါလိဂ်ဟာ တစ်ပတ်အကောင်းဆုံး အသင်းမှာ ပါဝင်တဲ့ ကစားသမားတွေကို ထုတ်ပြန်ခဲ့တာမှာ ဆီလန်ဂေါ အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင် ကစားသမား ဟိန်းထက်အောင် ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။
ဆီလန်ဂေါ အသင်းက ကီဒတ်ရှ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဟိန်းထက်အောင်ဟာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ခြေစွမ်း ပြသနိုင်ခဲ့တာပါ။ ဟိန်းထက်အောင်ဟာ ဒီပွဲမှာ ဂိုးသွင်း ယူနိုင်ခြင်းနဲ့ ဂိုးဖန်တီးနိုင်ခြင်း မရှိခဲ့ပေမယ့် ဆီလန်ဂေါ အသင်း နောက်ဆုံးသွင်းယူခဲ့တဲ့ ဂိုးမှာ သူ့ရဲ့ အားထုတ်မှုကြောင့် ရခဲ့တာ ဖြစ်ပါတယ်။
ဟိန်းထက်အောင်ဟာ ရာသီအစပွဲတွေမှာ ဆီလန်ဂေါ အသင်းကြီးအတွက် မပါဝင်ခဲ့ရပေမယ့် ပါဝင်ခွင့်ရခဲ့တဲ့ ကီဒတ်ရှ်နဲ့ ပွဲမှာတော့ ပရိသတ် သဘောကျမယ့် စွမ်းဆောင်ရည်ကို ပြသခဲ့တာပါ။ အဲ့ဒါကြောင့်လည်း မလေးရှားစူပါလိဂ်ရဲ့ တစ်ပတ်တာ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံရတာ ဖြစ်ပါတယ်။
ဟိန်းထက်အောင်ဟာ ကီဒတ်ရှ်နဲ့ပွဲက စွမ်းဆောင်ရည်ကြောင့် မလေးရှားဘောလုံးမဂ္ဂဇင်းရဲ့ တစ်ပတ်တာ အကောင်းဆုံး အသင်းမှာလည်း ပါဝင်ခဲ့တာပါ။ ဟိန်းထက်အောင်ဟာ မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီယူနိုက်တက် ကနေ ထွက်ခွာပြီး ၂၀၂၁ မှာ ဆီလန်ဂေါ အရန်အသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဟိန်းထက်အောင်ဟာ ဆီလန်ဂေါ အသင်းကြီးအတွက် ပါဝင် ကစားခွင့် ရနေခဲ့တာလည်း ဖြစ်ပါတယ်။
- By CNI News
- Category: အားကစား
- Hits: 1458
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃
ရီးရယ်လ် အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် မိုဒရစ်ကတော့ ချယ်လ်ဆီးကို ရှုံးခဲ့ပေမယ့် ချန်ပီယံလိဂ်အကြို ဗိုလ်လုပွဲ တက်ခဲ့ ပြီးနောက် ဒါဟာ အလွန်ချိုမြိန်တဲ့ ရှုံးနိမ့်မှုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ချယ်လ်ဆီးနဲ့ ရီးရယ်လ် အသင်းတို့ဟာ ဧပြီ ၁၃ ရက် မနက်ပိုင်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ကစားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီး အသင်းက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ရီးရယ်လ် အသင်းက ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး ဘန်ဇီမာက ရီးရယ်လ်အတွက် နောက်ထပ် သွင်းယူခဲ့တာပါ။ ချယ်လ်ဆီး အသင်းက နောက်ထပ် သွင်းဂိုးတွေ ထပ်မံရယူဖို့ ကြိုးစားခဲ့ပေမယ့် မသွင်းနိုင်တော့တဲ့အတွက် ရီးရယ်လ် အသင်းက နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး- ၄ ဂိုးနဲ့ အကြိုဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မိုဒရစ်က "နည်းပြ အန်ဆယ်လော့တီက ကောင်းမွန်တဲ့ အပြောင်းအလဲတွေ လုပ်ခဲ့ပြီး သူ့ရဲ့ လူစားလဲမှုတွေက တကယ်ကို ကောင်းမွန်ခဲ့တာပါ။ သူတို့ဟာ ပွဲအပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဒီပွဲဟာ အလွန်ချိုမြိန်တဲ့ ရှုံးနိမ့်မှုပါ"လို့ ပြောခဲ့တာပါ။
မိုဒရစ်ဟာ ချယ်လ်ဆီး အသင်းကိုလည်း ချီးကျုးသွားခဲ့ပြီး သူတို့ဟာ ရင်ဆိုင်ရခက်ခဲတဲ့အသင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
"ချယ်လ်ဆီး အသင်းဖြစ်တဲ့ အတွက် ပထမပွဲပြီးကတည်းက ခက်ခဲမယ်ဆိုတာကို သိပါတယ်။ သူတို့ဟာ ကျနော်ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေမှာ အခက်အခဲဆုံး အသင်းပါ။ သူတို့ကစားပုံက မာကျောပြီး ကြံ့ခိုင်မှုကောင်းသလို ကျစ်လစ်မှုရှိတဲ့ အသင်းပါ။ ဒါကြောင့် ခက်ခဲမှုရှိမယ်ဆိုတာကို သိပါတယ်"လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီး အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်ပေမယ့် ချန်ပီယံဆုကို မကာကွယ်နိုင်တော့ဘဲ ကွာတားဖိုင် နယ်ကနေပဲ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1603
CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီ ၇
ရီးရယ်လ် အသင်းခေါင်းဆောင် ဘန်ဇီမာ ဟာ ရမ်ဇာန်ဥပုသ်လဖြစ်နေတာကြောင့် အစာရှောင်နေရပေမယ့် ချယ်လ်ဆီး အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဟတ်ထရစ်ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။
ဘန်ဇီမာ ဟာ မူဆလင်ဘာသာ ယုံကြည်မှုရဲ့ အစိတ်အပိုင်းအဖြစ် ရာမ်ဇာန်ဥပုသ်စောင့်ထိန်းနေတာပါ။ ပြင်သစ် တိုက်စစ်မှူး ဟာ အစာရှောင်နေပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ကို ထိခိုက်ခဲ့ခြင်းမရှိဘဲ ဟတ်ထရစ်သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။
ဘန်ဇီမာ ဟာ ပြီးခဲ့တဲ့ ပီအက်စ်ဂျီ အသင်းနဲ့ ချန်ပီယံလိဂ်(၁၆)သင်း အဆင့် ဒုတိယအကျော့ပွဲစဉ်မှာလည်း ဟတ်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ အဲဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ(၂)ပွဲဆက် ဟတ်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘန်ဇီမာ က “ဒါက ကျနော့်အပေါ်မှာ သက်ရောက်မှုမရှိပါဘူး။ ရမ်ဇာန်ဟာ ကျနော့်ဘဝရဲ့ အစိတ်အပိုင်းဖြစ်ပြီး ကျနော့်ရဲ့ဘာသာတရားဟာ ရမ်ဇာန်ဥပုသ်ကို တာဝန်တစ်ခုအဖြစ် သတ်မှတ်ပေးပါတယ်။ ဒါဟာ ကျနော့်အတွက် အလွန်အရေးကြီးပြီး အစာရှောင်နေတဲ့အချိန်မှာ နေလို့ထိုင်လို့ကောင်းပါတယ်။ ကျန်းမာရေး ကောင်းနေလို့လည်း ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့တာပါ။
ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရီယိုဖာဒီနန် က ချယ်လ်ဆီးနဲ့ပွဲမှာ ဟတ်ထရစ်ဂိုးသွင်းယူ ခဲ့တဲ့ ဘန်ဇီမာကို လာမယ့် ဘော်လွန်းဒီအောပိုင်ရှင်အဖြစ် ပြောသွားခဲ့ပါသေးတယ်။ “တကယ်လို့ ဘောလွန်းဒီ အောမှာ ဘန်ဇီမာရဲ့နာမည်ရေးမထိုးထားရင်တော့ ကျနော် အံသြမိမှာပါ။ သူက မှော်ဆန်ပါတယ်။ နောက်ဆုံး ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း သူဟာ ဟတ်ထရစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဒီပွဲမှာလည်း အလားတူ နောက်ထပ် ဟတ်ထရစ်ဂိုးကို သွင်းယူသွားခဲ့ပြန်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဘန်ဇီမာ ဟာ ဒီရာသီမှာ ရီးရယ်လ် အသင်းအတွက် (၃၆)ပွဲ ကစားထားပြီး (၃၇)ဂိုး သွင်းယူထားတာပါ။ ဒီထဲမှာ ချန်ပီယံလိဂ်သွင်းဂိုး(၁၁)ဂိုးအထိ ပါဝင်နေတာလည်းဖြစ်ပါတယ်။
Page 79 of 81
