CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၇

အာဆင်နယ် အသင်းနည်းပြ အာတီတာ က ပရီးမီးယားလိဂ်ပွဲစဉ်ဇယား ရေးဆွဲမှုဟာ သူတို့အတွက် မျှတမှု မရှိသလို ခံစားရတာကြောင့် ပွဲစဉ်ဇယားရေးတဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ မတ်လ(၁၇)ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ် အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ အာဆင်နယ် အသင်းဟာ စနေနေ့မှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန် ဗီလာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် (၆)ရက်အတွင်း ပွဲစဉ်(၃)ပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ လာမယ့်လမှာလည်း ချယ်လ်ဆီး ၊ မန်ချက်စတာယူနိုက်တက် အသင်းတို့ကို (၃)ရက်ခြားပြီး ထပ်မံ ယှဉ်ပြိုင်ရမှာပါ။

အဲဒါကြောင့် အာတီတာက ပရီးမီးယားလိဂ် ပွဲစဉ်ဇယားအပေါ်မှာလည်း စိတ်ပျက်နေတာဖြစ်ပါတယ်။ လီဗာပူးလ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အာတီတာ က “ဒီလိုလုပ်ဆောင်ပေးတဲ့အတွက် ပရီးမီးယားလိဂ်ကို ကျေးဇူးတင်ပါ တယ်။ ချယ်လ်ဆီး၊ယူနိုက်တက်တို့နဲ့ ကစားရမယ့်အချိန်မှာလည်း သူတို့ဒီလိုပဲ ပြန်ပြီးလုပ်ကြပါတယ်။ အဲဒါ ကြောင့် သူတို့ကို ပြောချင်တာက ဒီလိုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်ဆိုတာပါပဲ။ ပရီးမီးယားလိဂ်က အချိန်ဇယားကို ပြောင်းလဲပေးမှာမဟုတ်ပါဘူး။ ဒါကို သက်ရောက်တာက အာဆင်နယ်ဖြစ်တဲ့အတွက် ဒါဟာ မျှတမှုမရှိပါဘူးလို့"ပြောခဲ့တာပါ။

ဒီလို ပွဲစဉ်တွေကျပ်နေပေမယ့် အာတီတာ က သူ့ရဲ့ ကစားသမားတွေဟာ ဗီလာနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေ ပြီလို့လည်း ပြောခဲ့ပါတယ်။ “စနေနေ့အတွက် ကစားသမားတွေစွမ်းအင်ရှိနေမှာကို စိတ်မပူပါနဲ့။ သူတို့တွေ စားကြ မယ်၊ကောင်းမွန်စွာအိပ်ကြပါလိမ့်မယ်။ ဒီလိုပွဲတွေ ကျင်းပပေးတဲ့ ပရီးမီးယားလိဂ်ကိုတော့ အလွန်ကျေးဇူးတင်ပါ တယ်” လို့ ပြောခဲ့တာပါ။

အာဆင်နယ် အသင်းဟာ လီဗာပူးလ်ကို အရေးနိမ့်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းထက် (၁)မှတ် အသာနဲ့ အဆင့်(၄)နေရာမှာ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ ပွဲကစား ဖို့ (၂)ပွဲကျန်ရှိနေတာပါ။ နိုင်ပွဲရခဲ့တဲ့ လီဗာပူးလ် အသင်းကတော့ ထိပ်ဆုံးနေရာက မန်စီးတီး အသင်းကို (၁)မှတ်အ ကွာနဲ့ အဆင့်(၂)နေရာကနေ ဖိအားဆက်လက်ပေးနေတာဖြစ်ပါတယ်။

Source:Goal