CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၇

ချယ်လ်ဆီး အသင်း ပရိသတ်တွေဟာ လိုင်လီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမတိုင်ခင်မှာ လိုင်လီမှာရှိတဲ့ ရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် မတွေ့ဆုံခင် အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ နာမည်ကို သီကြွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ဝင်တွေဟာ ရထားဘူတာရုံအနီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာ အဓိက ရုဏ်း နှိမ်နင်းရေးပစ္စည်း အပြည့်အစုံကို အသုံးပြုခဲ့တာပါ။ ဒီပွဲမစတင်ခင်(၂)နာရီခွဲ အလိုမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ Les3 ဘရာ့ဆက်ဘားကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်း ပရိသတ်တွေဟာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ နာမည်ကို သီကြွေးပြီး ဗြိတိန်အစိုးရကို ဖီဆန်ခဲ့ကြ တာပါ။

ဗြိတိန်အစိုးရဟာ သူတို့ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ အေဘရာမိုဗစ်ချ်ရဲ့ နာမည်ကို သီကြွေးပြီး ထောက်ခံခြင်း ပြုလုပ်တာကို ရပ်တန့်ဖို့ ပြောထားတာ ဖြစ်ပါတယ်။

ချယ်လ်ဆီး ပရိသတ်တွေဟာ ပြင်သစ်ရဲတပ်ဖွဲ့တွေကို ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ပြင်သစ်ရဲတပ်ဖွဲ့တွေကလည်း လူအုပ် ထဲကို မျက်ရည်ယို ဗုံးနဲ့ပစ်ခဲ့တာပါ။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေဟာ လူအုပ်ထဲကို ဝိုင်းအုံပြီး ထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြ သလို ခေါင်းဆောင်ပိုင်းတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းသားများ(GETTY IMAGES)

သောင်းကျန်းခဲ့ကြတဲ့သူတွေ အများစုကတော့ အရက်မူးနေခဲ့ကြတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ အကြမ်းဖက်မှုတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေတာ ကြောင့် လမ်းတွေကို ပိတ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒီပွဲမှာတော့ ချယ်လ်ဆီး အသင်းဟာ လိုင်လီအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပထမအကျော့အဖြစ် ကစားခဲ့တုန်းကလည်း ၂ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၁ ဂိုးနဲ့ ချယ်လ်ဆီးအသင်း ကွာတားဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့ဒဏ်ခတ်ပြီး ကတည်းက ကစားခဲ့တဲ့ (၃)ပွဲလုံးကို နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ချယ်လ်ဆီး အသင်းကို ဗြိတိန်အစိုးရက ရောင်းချဖို့ လုပ်ဆောင်နေပြီး ဝယ်ယူဖို့ စိတ်ဝင်စားတဲ့သူတွေ အများအပြား ရှိနေတာ ဖြစ်ပါတယ်။

Source: The Sun