CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၅

ပြီးခဲ့တဲ့ နွေရာသီက ကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နှလုံးရပ်သွားခဲ့တဲ့ အဲရစ်ဆင်ဟာ အဲ့ဒီလိုဖြစ်ပြီး နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဒိန်းမတ်လက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ ဖင်လန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ နှလုံးရပ်ပြီး လဲကျသွားခဲ့တာကြောင့် နှလုံးခုန်နှုန်းထိန်းစက် (ICD)ကို တပ်ဆင်ထားရသူပါ။

ဒီနောက်မှာတော့ အဲရစ်ဆင်ဟာ အင်တာမီလန် အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီက ပရီးမီးယားလိဂ်ကလပ် ဘရန်ဖို့ဒ်အသင်းကို အလွတ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ် အသင်းဟာ မတ်လ ၂၆ ရက် မှာ နယ်သာလန်၊ နောက်(၃)ရက်အကြာမှာ ဆားဘီးယား အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ရမှာပါ။

အဲရစ်ဆင်ဟာ ဒီခြေစမ်းပွဲ (၂)ပွဲ မကစားခင် စပိန်မှာ လေ့ကျင့်ခန်းဆင်းဖို့ လက်ရွေးစင် အသင်းဖော်တွေနဲ့ ပူးပေါင်းမှာ ဖြစ်ပါ တယ်။
ဘရန်ဖို့ဒ် အသင်းကို (၆)လစာချုပ်နဲ့ ရောက်ရှိလာတဲ့ အဲရစ်ဆင်ဟာ ဖေဖော်ဝါရီ ၂၆ ရက်က နယူးကာဆယ် အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။

အဲရစ်ဆင်ကို တွေ့ရစဉ်(TALKSPORT)

အဲရစ်ဆင်ဟာ နော်ဝစ်ချ်နဲ့ ဘန်လေ အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ဘရန်ဖို့ဒ် အသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ ဘန်လေအသင်းကို အနိုင်ရတဲ့ပွဲမှာ တိုနေး သွင်းယူခဲ့တဲ့ ဂိုးကို အဲရစ်ဆင်က ဖန်တီးပေးခဲ့တာ ပါ။

အဲရစ်ဆင်ဟာဆိုရင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒိန်းမတ်လက်ရွေးစင် အသင်းနဲ့ ပါဝင်ကစားခွင့်ရဖို့က သူ့ရဲ့ အိမ်မက်ဖြစ် တယ်လို့ အင်တာဗျူးတွေမှာ ပြောထားပါတယ်။ ဒါကြောင့် သူ့ရဲ့ အိမ်မက်တွေ ပြည့်ဝဖို့ နီးစပ်လာပြီလည်း ဖြစ်ပါတယ်။

ဒိန်းမတ် အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စု အဆင့်မှာ ၁၀ ပွဲကစားပြီး ရမှတ် ၂၇ မှတ်နဲ့ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင် ထားတာပါ။
၂၀၁၀ ကတည်းက ဒိန်းမတ် လက်ရွေးစင် အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ အဲရစ်ဆင်ဟာ ပွဲပေါင်း ၁၀၉ ပွဲ ပါဝင် ကစားထား ပြီး ၃၆ ဂိုး သွင်းယူထားပါတယ်။

Source: BBC