- By CNI
- Category: နည်းပညာ
- Hits: 1682
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာတိုးတက်လာသည်ကို တွေ့ရှိရသည်ဟု ဝန်ကြီးချုပ် ဦးညိုစောက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်က ပြောသည်။
နေပြည်တော်မှာ ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၆၂) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ဦးညိုစောက “ ၁၉၆၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ခဲ့သည့် အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် သက်တမ်း အရှည်ကြာဆုံး နိုင်ငံတကာ စွမ်းဆောင်ရည်မြှင့်တင်မှု အစီအ စဉ်သည် သက်တမ်းအရှည်ကြာဆုံး နိုင်ငံတကာ စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များအနက် တစ်ခုဖြစ် ကြောင်း၊ မိတ်ဖက်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ ဆောင်ရွက် ခဲ့ရာတွင် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာတိုးတက်လာသည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပါသည့် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများပါရှိသည်ကိုလည်း တွေ့ရှိရသောကြောင့် လူ့စွမ်းအား အရင်းအမြစ်တိုးတက်ရေးအတွက် များစွာအထောက်အကူပြုခဲ့ပါသည်”ဟု ပြောသည်။

မိမိတို့ နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား စီးပွားရေး၊ ခရီးသွားလာရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များသာ မက နှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်စေရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်၊ ၂၀၂၅ ခုနှစ်တို့တွင် မြန်မာနိုင်ငံ၌ သဘာဝဘေးဒဏ် ထိခိုက်ခံစားခဲ့ ရသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ခဲ့ခြင်းများအပေါ် များစွာကျေးဇူးတင် ကြောင်း ဝန်ကြီးချုပ်ဦးညိုစောက ပြောသည်။
၂၀၂၅ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၆၂) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ဝန်ကြီးချုပ်ဦးညိုစော၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် စစ်သံမှူးတို့ တက်ရောက်ခဲ့သည်။
- By CNI
- Category: နည်းပညာ
- Hits: 2039
CNI News
၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၅
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ဟာပင်းမြို့တွင် နျူကလီးယားနှင့် အာကာသနည်းပညာကို သွားရောက်လေ့လာခဲ့ကြောင်း နေပြည်တော်ဘက်က သတင်းထုတ်ပြန်ထား သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄ ရက်က ဟာပင်းမြို့ရှိ Harbin Institute of Technology သို့ သွားရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တက္ကသိုလ်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာကာသ ပြခန်းအတွင်း၌ ခင်းကျင်း ပြသထားသော နိုင်ငံတော်ကာကွယ်ရေးအတွက် နျူကလီးယားဗုံးနှင့် ဟိုက်ဒရိုဂျင်ဗုံးများ စမ်းသပ်တီထွင် အောင်မြင်ခဲ့မှုများကို လေ့လာသလို အာကာသပိုင်းဆိုင်ရာ အောင်မြင်မှုများ၊ မစ်ဇိုင်းများ ထုတ်လုပ်ခဲ့မှု၊ ဒုံးပျံများ ဂြိုလ်တုများ သုတေသနပြု တီထွင်ထုတ်လုပ်ခဲ့မှုများကို လေ့လာခဲ့သည်။ထို့နောက်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံနှင့် Harbin Institute of Technology(HIT) အကြား အာကာသ ဆိုင်ရာ နည်းပညာများ မျှဝေနိုင်မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Harbin Electric Corporation သို့ သွားရောက်ခဲ့ပြီး ရေအား လျှပ်စစ်သုံး ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ လေအား လျှပ်စစ်သုံး ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ နေရောင် ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း လေ့လာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်မှာ နည်းပညာသွားရောက် လေ့လာနေစဉ်
ထို့ပြင် ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် လိုအပ်သည့် ဂျင်နရေတာများနှင့် ဆက်စပ် ပစ္စည်းကိရိယာများ ထုတ်လုပ်လျက်ရှိမှု၊ Green Power Energy ထုတ်လုပ်ခြင်း များဖြစ်အောင် ဆောင်ရွက်လျက်ရှိမှု၊ အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက် လျက် ရှိမှုများအား လေ့လာခဲ့သေးသည်။
တခြားတစ်ဖက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှု တွင် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအား ဆွေးနွေးခဲ့သည်။
ထို့နောက် စက်ရုံအတွင်း Ai စနစ်အသုံးပြု၍ စက်ပစ္စည်း ကိရိယာများ ထုတ်လုပ်နေမှု အခြေအနေများကိုလည်း လေ့လာခဲ့သည်။
- By CNI
- Category: နည်းပညာ
- Hits: 1566
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁
ဂြိုလ်တုနည်းပညာ ကူညီဆောင်ရေးပေးရန် တရုတ်နိုင်ငံ၊ ဝူဟန်တက္ကသိုလ်၏ ဒုတိယအဓိပတိ ပါမောက္ခ Prof. Gong Wei နှင့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့ရှိ Tangla Hotel ၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲက တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် ဂြိုလ်တုနည်းပညာဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက် နည်းပညာတတ်ကျွမ်းသည့် လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဝူဟန်တက္ကသိုလ်မှ ကူညီဆောင်ရွက်ပေးနိုင်သည့် အခြေအနေများ၊ ဝူဟန် တက္ကသိုလ်၏ သမိုင်းကြောင်းနှင့် နိုင်ငံတကာမှ ကျောင်းသား/သူများ ပညာသင်ကြားလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု နေပြည်တော် ဘက်မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် မြန်မာဘက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကော်မရှင်အတွင်းရေး မှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တရုတ်ဘက်က ဝူဟန် တက္ကသိုလ်၏ ဒုတိယအဓိပတိ ပါမောက္ခ Prof. Gong Wai နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စစ်မာကျားတို့ တက်ရောက်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဩဂုတ် ၃၀ ရက်က စတင် ရောက်ရှိနေခြင်းဖြစ်သည်။
ထို့နောက် တရုတ်နိုင်ငံ၊ ထျန်းကျင်း(တီယန်ကျင်း)မြို့တွင် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်ထိ ကျင်းပနေ သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organisation - SCO SUMMIT 2025) ထိပ်သီးအစည်းအဝေးကို တက်ရောက်လျက်ရှိသည်။
အလားတူ စက်တင်ဘာ ၃ ရက်တွင် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကိုလည်း တက်ရောက်မည်ဖြစ်သည်။
- By CNI
- Category: နည်းပညာ
- Hits: 1791
တိုင်ပေ၊ ဩဂုတ် ၇
ထိုင်ဝမ်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့် TSMC ကုမ္ပဏီ၏ ကုန်သွယ်ရေး လျှို့ဝှက်ချက်များကို ခိုးယူသည်ဟု သံသယရှိခံရသော လူ ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
သံသယရှိသူများကို အမျိုးသားလုံခြုံရေး ချိုးဖောက်မှု ရှိ၊မရှိ စုံစမ်းစစ်ဆေးနေကြောင်း ထိုင်ဝမ်အစိုးရ ရှေ့နေများ က ပြောကြားခဲ့သည်။
အမေရိကန်နည်းပညာကုမ္ပဏီဖြစ်သည့် Nvidia(အင်ဗစ်ဒီယား) ကုမ္ပဏီအတွက် ချစ်ပ်ပြားများ ထုတ်လုပ်ပေးနေ သည့် TSMC ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် သံသယရှိသူများတွင် ဝန်ထမ်း ခေါင်းဆောင် ၁ ဦးနှင့် လက်ရှိ ဝန်ထမ်း ၅ ဦး ပါဝင်ကြောင်း ဖော်ပြခဲ့သည်။
၎င်းတို့သည် ကုမ္ပဏီ၏ အဓိက နည်းပညာများကို တရားမဝင် ရယူခဲ့သည်ဟု အာဏာပိုင်များက သံသယ ရှိနေသည်။

TSMC ကုမ္ပဏီကို တွေ့ရစဉ်
ဖမ်းဆီးခံရသူများအနက် ၂ ဦးသည် အာမခံ ရရှိခဲ့ပြီး ၁ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ထိုင်ဝမ်အစိုးရရှေ့နေချုပ်ရုံး ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန် နီယာ (John Nieh) က ပြောကြားခဲ့သည်။
အစိုးရရှေ့နေများသည် ဇူလိုင် ၂၅ ရက်မှ ဇူလိုင် ၂၈ ရက်ကြား TSMC ကုမ္ပဏီ ဝန်ထမ်းအချို့၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ပြီး လက်ရှိတွင် အချက်အလက်များသည် ပြင်ပသို့ ပေါက်ကြားမှု ရှိ၊မရှိကို စုံစမ်းစစ်ဆေး နေသည်။
TSMC ကုမ္ပဏီသည် ကမ္ဘာ့ခေတ်အမီဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး Nvidia (အင်ဗစ်ဒီယား) AI မှအစ Apple ၏ iPhone processer များကို ရောင်းချပေးနေသည်။
TSMC ကုမ္ပဏီသည် နည်းပညာ ခိုးယူရန် ကြိုးပမ်းသည်ဟု သံသယရှိခံရသည့် ဝန်ထမ်းအချို့ကို အလုပ်မှ ထုတ်ခဲ့ကြောင်း ဩဂုတ် ၅ ရက်တွင် Nikkei Asia မှ ဖော်ပြခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နည်းပညာ
- Hits: 1749
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၄
SpaceX ကုမ္ပဏီသည် ဩဂုတ် ၂ ရက်က အာကာသယာဉ်မှူး ၄ ဦးကို နိုင်ငံတကာ အာကာသစခန်းသို့ ၁၅ နာရီ အတွင်း လျှင်မြန်စွာ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်၊ ရုရှားနှင့် ဂျပန် အာကာသယာဉ်မှူးများသည် အမေရိကန်အမျိုးသားလေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေးအဖွဲ့ (နာဆာ) ၏ ကနေဒီအာကာသစင်တာ (Kennedy Space Center) မှ SpaceX အာကာသ ယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ထိုအာကာသ ယာဉ်မှူးများသည် အာကာသစခန်းတွင် ၆ လကြာ နေထိုင်မည်ဖြစ်ပြီး မတ်လက ပို့ဆောင်ခဲ့သည့် အာကာသစခန်းမှ အာကာသယာဉ်မှူးများနှင့် တာဝန်ချင်း လဲလှယ်မည်ဖြစ်သည်။
ထို့ကြောင့် အာကာသစခန်းတွင် မတ်လကတည်းက ရှိနေသည့် အာကာသယာဉ်မှူး ၄ ဦးသည် ဩဂုတ် ၆ ရက် တွင် SpaceX အာကာသယာဉ်ဖြင့် ကမ္ဘာပေါ်သို့ ပြန်လည် ဆင်းသက်လာမည်ဖြစ်သည်။
ဩဂုတ် ၂ ရက်က ထွက်ခွာသွားခဲ့သည့် အာကာသယာဉ်မှူးများတွင် နာဆာ၏ အာကာသယာဉ်မှူး ၂ ဦးဖြစ်သည့် ဇီနာ ကာ့ဒ်မန် (Zena Cardman) နှင့် မိုက်ဖင့်ခ် (Mike Fincke) ၊ ဂျပန်အာကာသယာဉ်မှူး ကီမီယာ ယူအီ (Kimiya Yui) နှင့် ရုရှားအာကာသယာဉ်မှူး အိုလက် ပလာတိုနော့ဗ် (Oleg Platonov) တို့ ဖြစ်သည်။

အာကာသယာဉ်မှူး ၁၁ ဦးကို တွေ့ရစဉ်
၎င်းတို့ လိုက်ပါသွားသည့် အာကာသယာဉ်သည် တောင်ပစိဖိတ် သမုဒ္ဒရာပေးတွင် အာကာသစခန်းနှင့် ချိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ၄ ဦး ရောက်ရှိသွားချိန်တွင် အာကာသစခန်းအတွင်း အာကာသယာဉ်မှူး ၁၁ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
“အာကာသစခန်းကနေ မြင်တွေ့ရတဲ့ ရှုခင်းတွေက မယုံနိုင်လောက်အောင် လှပါပါတယ်”ဟု ကာ့ဒ်မန်က ပြောကြားခဲ့သည်။
၎င်းတို့ လိုက်ပါလာသည့် အာကာသယာဉ်၏ အမြန်နှုန်းသည် အမေရိကန်၏ စံချိန်စံညွှန်းဖြင့် ပျံသန်းခဲ့ခြင်းဖြစ်ပြီး ကမ္ဘာမှ အာကာသစခန်းသို့ ရောက်ရှိသည့် အမြန်ဆုံး စံချိန်တင်သွားခဲ့သည်။
Source: အေပီ
- By CNI
- Category: နည်းပညာ
- Hits: 4378
CNI International News
အစ္စလာမ်မာဘက်၊ ဇွန်လ ၆
ပါကစ္စတန်၏ စွမ်းအင်အကူးအပြောင်းကာလတွင် တရုတ်အနေဖြင့် ဦးဆောင်သည့် နေရာမှ ပါဝင်ရန် ပါကစ္စတန်ကျွမ်းကျင်ပညာရှင်အဖွဲ့က တိုက်တွန်းခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ဆိုလာစွမ်းအင်များကို ကြီးမားသည့် စက်ရုံများဖြင့် အသုံးပြုခြင်းထက် အသုံးပြုမည့် နေရာအနီးတွင် အသေးစား စက်ရုံများဖြင့် ဆိုလာပြားများ တပ်ဆင်အသုံးပြုမှု မြင့်တက်လာချိန်တွင် တရုတ်သည် ကမ္ဘာ့တောင်ခြမ်းဒေသ၌ အခြားနိုင်ငံများအတွက် စံပြနိုင်ငံတစ်ခု ဖြစ်လာသည်ဟု ပါကစ္စတန်၏ Renewables First အမည်ရှိ ကျွမ်းကျင်ပညာရှင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
သို့သော် တရုတ်စွမ်းအင်ပညာရှင် တစ်ဦးကမူ ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် ငွေကြေးအများအပြား ကုန်ကျမည် ဟုတ်၊ မဟုတ်ကို မေးခွန်းထုတ်နေသည်။
“တရုတ်ရဲ့ ဆိုလာပြားတွေဟာ တရုတ်ရဲ့ သမားရိုးကျ စွမ်းအင်စက်ရုံတွေကို ကျော်တက်သွားပါပြီ” ဟု Renewables First အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သော မိုဟာမက် (Muhammad Basit Ghauri) က ပြောကြားခဲ့သည်။
တရုတ်အနေဖြင့် ပါကစ္စတန်တွင် ငွေကြေး ထောက်ပံ့ပေးခဲ့သည့် ကျောက်မီးသွေး လောင်စာသုံး စွမ်းအင်စက်ရုံ များနှင့် ပါကစ္စတန်ကို ရောင်းချခဲ့သည့် ဆိုလာပြားများကြား စွမ်းအင် ၂ မျိုးအနက် ၁ မျိုးကို ရွေးချယ်ရမည် ဟုလည်း ထိုအဖွဲ့က အကြံပြုထားသည်။

လျှပ်စစ်ပန်ကာတွေကို တွေ့ရစဉ်
သန့်ရှင်းသည့် စွမ်းအင်ဖြစ်သော ဆိုလာစွမ်းအင်ကို အားပေး ထောက်ခံခြင်းဖြင့် တရုတ်သည် ကမ္ဘာ့တောင်ခြမ်း ဒေသတွင် စံပြနိုင်ငံ တစ်ခုအဖြစ် ရပ်တည်ရန် အခွင့်အလမ်းရှိကြောင်း မိုဟာမက်က ပြောကြားခဲ့သည်။
အထူးသဖြင့် အမေရိကန်သည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု တားဆီးရေး သံတမန် လုပ်ငန်းစဉ်များမှ နုတ်ထွက်သွားမှုသည် တရုတ်အတွက် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် အကူးအပြောင်းကာလတွင် ဦးဆောင်သူ နေရာသို့ ရောက်ရှိရန် လမ်းပွင့်သွားစေခဲ့သည်ဟု Renewables First အဖွဲ့က ထုတ်ပြန်ခဲ့သည်။
“တရုတ်နဲ့ ပါကစ္စတန်ဟာ ပြည်တွင်းလုပ် သန့်စင်တဲ့ စွမ်းအင် ဆန်းသစ်တီထွင်တဲ့ ဂေဟစနစ်ကို ပူးတွဲဖန်တီးသူ တွေအဖြစ် ဆက်ဆံရေးတွေကို နောက်တစ်ဆင့်တက်ဖို့ လိုအပ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တရုတ်၏ စျေးပေါသည့် ဆိုလာပြားများ အများအပြား ဝင်ရောက်လာမှုနှင့်အတူ ပါကစ္စတန်သည် ကျောက်မီးသွေး စွမ်းအင်သုံး စက်ရုံများဖြင့် ထုတ်လုပ်သည့် စွမ်းအင်အပေါ် မှီခိုမှုလျှော့ချခဲ့ပြီး ဆိုလာစွမ်းအင်အတွက် တရုတ်၏ အကူအညီကို ရယူနေကြောင်း Renewables First အဖွဲ့က ထုတ်ပြန်ခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နည်းပညာ
- Hits: 2033
CNI International News
ရီးယာ့ဒ် ၊ မေလ ၁၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် အရှေ့အလယ်ပိုင်းရှိ ရေနံပေါကြွယ်ဝ သည့် နိုင်ငံနှစ်နိုင်ငံဖြစ်သည့် ဆော်ဒီနှင့် ယူအေအီးနိုင်ငံတို့အပေါ် ထားရှိခဲ့သည့် AI နည်းပညာမူဝါဒကို ပြောင်းလဲခဲ့ သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ဆော်ဒီနှင့် ယူအေအီးတို့သည် Nvidia နှင့် Advanced Micro Devices ကုမ္ပဏီတို့က ထုတ်လုပ်သည့် နောက်ဆုံးပေါ် ချစ်ပ်ပြားများကို ဝယ်ယူခွင့် ရရှိတော့မည်ဖြစ်သည်။
ယခင်က အမေရိကန်သည် အမေရိကန်လုပ် AI နှင့် ဆက်နွှယ်သည့် နည်းပညာများ ပျံ့နှံ့မည့်အရေးကို တားဆီးရန် ကြိုးပမ်းမှုအဖြစ် အရှေ့အလယ်ပိုင်းဒေသသို့ ခေတ်မီနည်းပညာများ ရောင်းချမှုကို တားမြစ်ကန့်သတ်ခဲ့သည်။
အမျိုးသားလုံခြုံရေး စိုးရိမ်စရာကိစ္စများ၊ နည်းပညာများ တရုတ်လက်ထဲသို့ ရောက်ရှိသွားမည့်အရေး အစရှိသည့် စိုးရိမ်ပူပန်မှုများကြောင့် တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မေလ ၁၃ ရက်တွင်မူ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ယခင်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်က AI နှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။

ချစ်ပ်ပြားကို တွေ့ရစဉ်
ထိုပယ်ဖျက်မှုသည် မေလ ၁၅ ရက်တွင် စတင် အကျုံးဝင် သက်ရောက်ခဲ့သည်။
ထရမ့်အစိုးရအဖွဲ့သည် AI နည်းပညာနှင့်ပတ်သက်ပြီး ချဉ်းကပ်လုပ်ဆောင်မှု ပုံစံအသစ်များကို မူကြမ်း ရေးဆွဲနေသည်ဟု ထိုကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာပေါ်က မည်သည့် နေရာတွင်မဆို တရုတ်၏ Huawei Technologies ကုမ္ပဏီက ထုတ်လုပ်ထားသည့် AI ချစ်ပ်ပြားများကို အသုံးပြုခြင်းသည် အမေရိကန်အစိုးရ၏ ပို့ကုန်ထိန်းချုပ်မှုများကို ချိုးဖောက်ရာရောက်ကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ဆော်ဒီနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် Humain အမည်ရှိ ကုမ္ပဏီတစ်ခုကို ထူထောင်က အမေရိကန်၏ ချစ်ပ်ပြားများနှင့်အတူ AI အခြေခံ အဆောက်အအုံများ တည်ဆောက်သွားမည်ဖြစ်သည်။
ယူအေအီးနိုင်ငံသည်လည်း ယခုနှစ်မှစပြီး ၂၀၂၇ ခုနှစ်ကြား တစ်နှစ်ကို အမေရိကန်၏ ချစ်ပ်ပြား ၅၀၀,၀၀၀ စီ ဝယ်ယူသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
Source: CAN
- By CNI
- Category: နည်းပညာ
- Hits: 2886
CNI International News
ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁
Facebook ၊ Instagram၊ Threads၊ နှင့် WhatsApp လူမှုမီဒီယာများ၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta ကုမ္ပဏီက ထိုလူမှုမီဒီယာများပေါ်တွင် အချက်အလက် မှန်၊ မမှန် စစ်ဆေးသည့် ပရိုဂရမ် (fact-checking program) ကို ဖျက်သိမ်းခဲ့သည့် ဆုံးဖြတ်ချက်သည် အာရှဒေသအပေါ် ဂယက်ရိုက်ခတ်စေနိုင်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့ သည်။
ထိုဆုံးဖြတ်ချက်သည် အာရှဒေသတွင် သတင်းအမှားများ ပိုမိုပျံ့နှံ့လာနိုင်ပြီး လူမှုရေး မတည်မငြိမ်မှုများ ဖြစ်လာနိုင်သည်အထိ အန္တရာယ်ကြီးမားကြောင်း ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။
အချက်အလက် မှန်/မမှန် စစ်ဆေးသည့် အစီအစဉ်ကို ၂၀၁၆ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုပရိုဂရမ် သည် သတင်းအမှားများကို တိုက်ဖျက်သည့် Meta ကုမ္ပဏီ၏ အောင်မြင်သော မဟာဗျူဟာတစ်ခုအဖြစ် မှတ်ကျောက်တင်ခံခဲ့ရသည်။
လွတ်လပ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ထိုပရိုဂရမ်သည် လူမှုမီဒီယာ ပလက်ဖောင်းများ ပေါ်တွင် သတင်းအမှားများကို ခွဲခြားစိစစ်ဖော်ထုတ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဖေ့စ်ဘွတ်ခ်သုံးနေသူ တစ်ဦးကိုတွေ့ရစဉ်
သို့သော် မကြာသေးမီက Meta ကုမ္ပဏီသည် ထိုပရိုဂရမ်ကို ရပ်တန့်ကြောင်း ကြေညာခဲ့ပြီး လူမှုမီဒီယာ အသုံးပြု သူများအကြား ပို့စ်များတွင် ဆက်စပ်အကြောင်းအရာများ ထည့်သွင်းနိုင်သည့် Community Notes အမည်ရှိ ပရိုဂရမ်ကို ထည့်သွင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ထိုပရိုဂရမ်နှင့်ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန် ခဲ့ခြင်း မရှိပေ။
Meta စီအီးအို မာ့ခ် ဇူကာဘာ့ချ် (Mark Zuckerberg) ကမူ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိုမိုကျယ်ပြန့်စေရန် အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။
မည်သို့ပင်ဆိုစေ အချက်အလက် မှန်/မမှန် စစ်ဆေးသည့် အဖွဲ့များနှင့် ကျွမ်းကျင်သူများကမူ Meta ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို အာရှကဲ့သို့ နေရာဒေသများတွင် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
ကွင်းစ်လန်း နည်းပညာတက္ကသိုလ်၏ ဆက်သွယ်ရေး သင်တန်းကျောင်း (Queensland University of Technology’s School of Communication) ၏ တွဲဖက်ပါမောက္ခဖြစ်သည့် မီရှဲလ် ရီဒလင်ဂါ (Michelle Riedlinger) ကမူ အချက်အလက် မှန်/မမှန် စစ်ဆေးသည့် ပရိုဂရမ်ကို ရပ်တန့်လိုက်ခြင်းသည် အမုန်းစကားများ၊ သတင်းအမှားများ ပျံ့နှံ့မှုကို တိုက်ဖျက်သည့် အားထုတ်ကြိုးပမ်းမှုများအား လျော့နည်းသွားစေနိုင်ကြောင်း ပြောကြားခဲ့သည်။
ထိုတက္ကသိုလ်မှ ပါရဂူဘွဲ့ဆိုင်ရာ သုတေသနပညာရှင် နက် ဝတ် (Ned Watt) ကလည်း Meta ကုမ္ပဏီ၏ ဆုံးဖြတ်ချက်သည် အခြားလူမှုမီဒီယာ ကုမ္ပဏီများ၏ သတင်းအမှား တိုက်ဖျက်သည့် လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
Source: Nikkei Asia
