CNI News
၂၀၂၅ ခုနှစ်၊ မေလ ၈

ရုရှားဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှတို့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့ပြင် နစကဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှသည် BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာဥက္ကဋ္ဌ Mrs.Anna Nesterova နှင့် မော်စကိုမြို့ရှိ ရုရှားဖက်ဒရယ်ကောင်စီရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ သည်။

ဒေါ်ကြူကြူလှသည် BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာဥက္ကဋ္ဌ Mrs.Anna Nesterova ကို တွေ့ရစဉ်

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဖြစ်သူတို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားသမ္မတပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည်။

အဆိုပါ ခရီးစဉ်အတွင်းမှာ မေလ ၉ ရက်တွင် ကျင်းပမည့် ၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်။