CNI Entertainment News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂
 
မင်းသားကြီး ဝီလ်စမစ်ဟာ အော်စကာဆုပေးပွဲညက ခရစ္စရော့ခ်ကို ပါးရိုက်ပြီးနောက် ရုပ်ရှင် အကယ်ဒမီကနေ မနေ့က(ဧပြီ ၁ ရက်) နုတ်ထွက်သွားခဲ့ပါတယ်။ 

ဒါ့အပြင် အဖွဲ့အစည်းက ချမှတ်ထားတဲ့ နောက်ထပ် ပြစ်ဒဏ်တွေကိုပါ လက်ခံသွားမယ်လို့ ပြောကြား ခဲ့တာပါ။ 

သောကြာနေ့မွန်းလွဲပိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ စမစ် က “ကျနော့်ရဲ့ အပြုအမူအတွက် အကျိုးဆက်အားလုံးကို အပြည့်အဝ လက်ခံမှာပါ။ (၉၄) ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ မိတ်ဆက်ပွဲ မှာ ကျနော့်ရဲ့ လုပ်ရပ်တွေက ထိတ်လန့်တုန်လှုပ်စရာ၊ နာကျင်စရာ၊ ခွင့်လွှတ်လို့ မရပါဘူး”လို့ ပြောကြား ခဲ့ပါတယ်။
 
ရုပ်ရှင်အကယ်ဒမီ ဥက္ကဋ္ဌ ဒေးဗစ်ရူဘင်ကတော့ စမစ်ရဲ့နုတ်ထွက်စာကို လက်ခံကြောင်း ပြောကြား ခဲ့ပါတယ်။

"ကျနော်တို့ဟာ အကယ်ဒမီရဲ့ ကျင့်ဝတ်စံနှုန်း‌တွေကို ချိုးဖောက်မှုအတွက် မစ္စတာ စမစ်ကို စည်းကမ်း ပိုင်းဆိုင်ရာ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားပါမယ်" လို့ ဥက္ကဋ္ဌ ဒေးဗစ်ရူဘင်က ပြောခဲ့ ပါတယ်။

အစီစဉ်တင်ဆက်သူဖြစ်တဲ့ ခရစ်စ်ရော့ခ်ဟာ ဝီလ်စမစ်ရဲ့ ဇနီးဖြစ်သူ ကတုံးဆံပင်ပုံစံကို ဟာသလုပ် ပြောဆိုခဲ့ပြီး မင်းသမီး ဒယ်မီမိုး ကတုံးဆံပင်နဲ့ ရိုက်ခဲ့တဲ့ G.I. Jane ရုပ်ရှင်မျိုး နောက်တကား ရိုက်ရင် ပါဝင်သရုပ်ဆောင်လို့ရပြီလို့ ဆိုတာကြောင့် ဝီလ်စမစ်က စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့တာဖြစ်ပါတယ်။

Source-AP News