CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
မြန်မာနိုင်ငံမှာ ၇ ဒသမ ၇ အဆင့်ရှိ အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်အထိ (၇)ရက်အား နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ကြောင်း နစက-က မတ်လ ၃၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်အား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခု မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေတွင် လူပေါင်း ၁၇၀၀ ကျော် သေဆုံးပြီး ၃၄၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ဟိုတယ်များ၊ အစိုးရရုံးများနှင့် တခြားသော အဆောက်အအုံပေါင်း ထောင်နှင့်ချီ ပြိုကျပျက်စီးဆုံးရှုံးခဲ့သည်။
ထို့နောက် ပြိုကျသော အဆောက်အအုံများအောက်တွင် ပိတ်မိနေသူများရှိနေသေးသည့်အတွက် ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို အရှိမြှင့် ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများကို အိန္ဒိယ၊ ရုရှား၊ ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင် စသည့် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ လာရောက်၍ ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။