CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁

မြန်မာနိုင်ငံမှာ ကြီးမားသည့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူလူထုများကို ကူညီကယ် ဆယ်ရေးအတွက် အလှူငွေပေးအပ်ပွဲ လုပ်ခဲ့ရာ စုစုပေါင်း ကျပ် ၁၁၆ ဒသမ ၈၄ ဘီလျံ အလှူငွေ ကောက်ခံရရှိခဲ့ ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်က ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်ဘက်-အရပ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် အလှူရှင်များက ငွေသား ကျပ် ၁၀၄ ဒသမ ၄၄ ဘီလျံနှင့် အလှူပစ္စည်း ကျပ် ၁၂ ဒသမ ၄ ဘီလျံ  စုစုပေါင်း ကျပ် ၁၁၆ ဒသမ ၈၄ ဘီလျံအား လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးပြီး ၄၀၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့ပြင် ဟိုတယ်များ၊ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ လမ်းတံတားများ ပြိုကျပျက်စီးခဲ့သည်။