CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ 

မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်နိုင်ရေးအတွက် စေလွှတ်လိုက်သော မလေးရှား နိုင်ငံမှ SMART Team MAS-01 အထူးကယ်ဆယ်ရေးတပ်ဖွဲ့သည် စစ်ကိုင်းမြို့သို့ မတ်လ ၃၁ ရက်တွင် ရောက်ရှိ လာပြီဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့သို့ ရောက်ရှိသည်နှင့် ချက်ချင်း ကယ်ဆယ်ရေး အခြေခံစခန်းများ တည်ဆောက်ခဲ့သလို ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် အရေးပေါ် အကူအညီပေးရေး စီမံခန့်ခွဲမှုဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ လူမှုကူညီရေး အသင်းအဖွဲ့များနှင့်တွေ့ဆုံ၍  ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မလေးရှားအဖွဲ့ MAS -01 သည် ငလျင်ဘေးသင့် စစ်ကိုင်းမြို့ ပထမဆုံးရောက်ရှိလာသည့် နိုင်ငံတကာ ကယ်ဆယ် ရေးအဖွဲ့ဖြစ်သည်။

လက်ရှိတွင် မြန်မာ့ငလျင်ဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်နိုင်ရေးအတွက် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ စင်္ကာပူ၊ မလေးရှား၊ ဟောင်ကောင်များက ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပေးလျက်ရှိသည်။