CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၃၁

ငလျင်ဘေးကြောင့် အကူအညီလိုအပ်နေသော မြန်မာပြည်သူများကို ကူညီကယ်ဆယ်ရန်အတွက် ဗီယက်နမ်နိုင်ငံ သည် စစ်တပ်နှင့်ရဲ ပါဝင်သော ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀၆ ဦးကို စေလွှတ်ခဲ့ရာ မြန်မာနိုင်ငံသို့ မတ်လ ၃၀ ရက်မှာ ‌ရောက်ရှိခဲ့သည်။ 

ဗီယက်နမ် ရဲတပ်ဖွဲ့နှင့် စစ်တပ်ပါဝင်သည့် ငလျင်ဘေးကယ်ဆယ်ရေးအဖွဲ့သည် ကယ်ဆယ်ရေးခွေးများနှင့်အတူ ရန်ကုန်မြို့သို့ မတ်လ ၃၀ ရက်က ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့သည် ဆေးနှင့် ဆေးပစ္စည်းများ၊ ရိက္ခာများ အပါအဝင် ကယ်ဆယ်ရေး လုပ်ငန်းသုံး ကုန်တန်ချိန် (၆၀)ကျော်တို့ကို တစ်ပါတည်း သယ်ဆောင်လာခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဗီယက်နမ်၊ အိန္ဒိယ၊ ရုရှား၊ တရုတ်၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်တို့မှ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေသည်။