CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၉
မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် လူပေါင်း ၁၆၄၄ ဦးသေဆုံးပြီး ၃၄၀၈ ဦး ဒဏ်ရာရရှိကာ ၁၃၉ ဦး ပျောက်ဆုံးနေကြောင်း နစက-က သတင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ စာရင်းသည် မတ်လ ၂၉ ရက်နေ့ ည ၈ နာရီ ၅၅ မိနစ်တွင် နောက်ဆုံးရရှိထားသော စာရင်းဖြစ်သည်။
ထို့နောက် အသေးစိတ် စာရင်းများအား ဆက်လက် ကောက်ယူလျက်ရှိကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။