CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက် လှုပ်ခတ်သွားသည့် ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ရှိ လူနေအိမ်များနှင့် ဘာသာရေး အဆောက်အအုံများ ပြိုကျပျက်စီးသွားခဲ့သည်။
သို့သော် ပျဉ်းမနားမြို့သို့ ကူညီကယ်ဆယ်ရေးများ အရောက်အပေါက် နည်းလှသည်ဟု ဒေသခံများက ပြောသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသများ မှာ လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများနှင့် အဆောက်အအုံများ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် လမ်းတံတားများလည်း ပြိုကျပျက်စီး၍ သွားလာရေး ခက်ခဲပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေသည်။