CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့သော ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများ အတွက် ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့က ဧပြီ ၁ ရက်က လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့သည်။
ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့က မြန်မာနိုင်ငံကို ပေးအပ်သော လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ထိုင်းဘုရင့်လေတပ်က ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် လေဆိပ်သို့ ရောက်ရှိ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးကြည်ထံသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက ပေးအပ်လှူဒန်းခဲ့သည်။
အဆိုပါ လူသားချင်းစာနာထောက်ထားမှု အကူအညီများမှာ ဆေးဝါးအိတ်များ၊ ယာယီတဲများ၊ အသင့်စား ခေါက်ဆွဲ ခြောက်၊ ဆန်ပြုတ်ဘူး၊ ငါးသေတ္တာ၊ ဓာတ်မီး၊ မီးစက်နှင့် အခြား လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများ ပါဝင် သည်။