CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်က ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခဲ့သည်။
အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ မတ်လ ၃၀ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းထံ လွှဲပြောင်းပေးအပ် ခဲ့သည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်မှ ကယ်ဆယ်ရေးအဖွဲ့သည် ကူညီကယ်ဆယ်ရေး လိုအပ်နေသည့် နေရာများသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။